← Chapters

မလေ့လာနိုင်တဲ့ဆေးပြုတ်ရည်!

Vol. 43 Ch. 634

မလေ့လာနိုင်တဲ့ဆေးပြုတ်ရည်!

Vol. 43 Ch. 634

မင်မြို့တော်_

လျိုယီလည်း သူ့ရုံးခန်းထဲတွင် ချင်လင်၏ပြန်စာကိုရသည်။ ၅ နေရာမြန်မြန်ဆန်ဆန်ပြည့်သွားသောကြောင့် နောက်ကျသွားပြီဟူ၍ သက်ပြင်းသာချလိုက်ရသည်။

ရဲတိုက်လောက်ရှိတဲ့သုံးထပ်အဆောက်အဦးမှာ လူအများကြီးတည်းခိုနိုင်မည်မှန်းသူသိသော်လည်း ၅ နေရာတည်းသတ်မှတ်ထားတာ သူတို့ယူဆချက်နှင့်သူတို့ရှိလိမ့်မည်။

သူနဲ့သူဌေးချင်ရဲ့ဆက်ဆံရေးက တစ်နေရာချန်ခိုင်းရလောက်တဲ့အထိ မရင်းနှီး။

ထို့ကြောင့် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကို နည်းနည်းအားကျမိသည်။

သူတို့နှစ်ယောက်က ကံကောင်းသည်။ ချင်းလင်ဓာတ်ခွဲခန်းရှယ်ယာ ၁၀% ဟုတောင်ဆိုနိုင်သည်။ သူတို့သာမရင်းနှီးရင် ဒီလိုအခွင့်အရေးမျိုးရမှာမဟုတ်။

အမှန်အတိုင်းဆိုရလျှင် ချင်းလင်ဓာတ်ခွဲခန်းလုပ်ဆောင်ချက်တချို့ကြောင့် အလားအလာကအဆုံးမရှိမှန်း သူအတပ်သိသည်။ သူလည်းရှယ်ယာရှင်ဖြစ်ချင်သည်။ ၁၀% မလို။ ၅% ဒါမှမဟုတ် ၃% လောက်ဆို အလုပ်ဖြစ်ပြီ။

ထိုအကြောင်းတွေးရင်း လျိုယီကစားပွဲပေါ်မှဖရဲသီးပန်းကန်ကိုစောင်းငဲ့ကြည့်လိုက်သည်။

ဒါသူ့အတွင်းရေးမှုး သူ့အတွက်ယူလာတဲ့ချင်းလင်ဖရဲသီး။

လက်ရှိ ချင်းလင်ဖရဲသီးက စျေးကွက်ရှိနေပြီ။

ထိုချင်းလင်ဖရဲသီးသက်သက်တင် ၅၀၀ ဂရမ်ကို ယွမ် ၃၀ စျေးနှင့်ရောင်းနေသည်။

ချင်းလင်ဖရဲသီးကို နေရာတကာဝယ်လို့မရ။



ဒီချင်းလင်ဖရဲသီးက အထူးထုတ်ကုန်ဖြစ်၍ လက်ရှိဖရဲသီးစျေးကွက်တွင် အတော်လေးနာမည်ကြီးနေသည်။

ဒီတစ်ခုတည်းနှင့်တင် ချင်းလင်ဓာတ်ခွဲခန်း၏အမြတ်က အတော်များသည်။

ဖြစ်ချင်တော့...

……

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က လျိုယီကိုစာပြန်ပြီး ဝန်ကြီးလုကိုပြန်ဖြေလိုက်သည်_

"ဝန်ကြီးလု... နှစ်နေရာရှိပါသေးတယ်... app မှာ အချက်အလက်ဖြည့်ပေးပါ... ကျွန်တော်ထောက်ခံလိုက်မယ်''

ချင်းလင်အပန်းဖြေစံအိမ်မှာ ဧည့်သည် ၅ ယောက်မက လက်ခံနိုင်သည်။ သူသတ်မှတ်ထားသောအတွင်းပိုင်းအပြင် ဖွင့်လှစ်ပေးနိုင်သောအခန်း ၁၅ ခန်းရှိသည်။ တစ်ခန်းတစ်ခန်းကို အိပ်ခန်းသုံးခန်းနှင့်ဧည့်ခန်းတစ်ခန်းပါသော သာမန်မိသားစုအိမ်တစ်ဝက်လောက်ကျယ်သည်။

သို့ရာတွင် အပန်းဖြေစံအိမ်မှာ လည်ပတ်ခါစဖြစ်၍ အတွေ့အကြုံမရှိဘဲ အလွန်အကြူးမဖွင့်ရဲ။

၅ နေရာဆိုတော်ပြီ။

နောင် အတည်တကျဖြစ်သွားရင် ၁၀ နေရာဖွင့်ပေးပြီး ၅ နေရာကိုလိုလိုမည်မည်ချန်ထားမည်။

သို့ရာတွင် ၅ နေရာဟုသတ်မှတ်ထား၍ အစကတည်းက တခြားသူများကိုခြွင်းချက်ထား၍မရ။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လိုမိတ်ဟောင်းဆွေဟောင်းတွေဆိုရင် နောက်ကျမှလျှောက်လည်း ခြွင်းချက်ထားပေးနိုင်သည်။



လျိုယီက နည်းနည်းစိမ်းနေသည်။

သူနှင့်ဆက်ဆံရေးက သိပ်မရင်းနှီးသေး။ အလွန်ဆုံး သုံးလေးကြိမ်ဆုံဖူးသောပုံမှန်ဖောက်သည်တစ်ဦးဟုသာ ဆိုနိုင်မည်။

နောက်တစ်ခါခွဲတမ်းကျရင် သူ့ကိုအရင်ဆုံးပေးမည်။ မင်မြို့တော်မှလူတစ်ချမ်းသာတစ်ဦးဆိုရင်တောင် သူ့ကိုခြွင်းချက်မပေးနိုင်သေး။

"ဟုတ်ပြီ... ဖြည့်ခိုင်းလိုက်မယ်!''

ထို့နောက် ဝန်ကြီးလုဖုန်းချသွားသည်။

ချင်းလင်ဓာတ်ခွဲခန်း၌_

ဝန်ကြီးလုဖုန်းချသည်နှင့် ပါမောက္ခရန်က_

"ဝန်ကြီးလု... ကျုပ်ကိုထားလိုက်... သူများကိုအရင်ပေးလိုက်ပါ''

ဝန်ကြီးလုက အတတ်နိုင်ဆုံးနားချသည်_

"ပါမောက္ခရန်... ခင်ဗျားပြောလည်းအပိုပဲ... ဒါခင်ဗျားအတွက်ဆုလာဘ်လို့ပြောပြီးပြီလေ''

"ပြီးတော့ ကျုပ်မြို့တော်ပြန်တော့မှာ... ဒီကကိစ္စတွေ ခင်ဗျားကြည့်ပေးဖို့လိုတယ်... အထက်က အစောင့်တချို့လွှတ်ပေးလိမ့်မယ်... ရှေ့လျှောက် ခင်ဗျားအလုပ်များတော့မှာ... အလုပ်သဘောအရ အနားယူတယ်သဘောထားလိုက်ပေါ့''

"အဓိကက တော်ဝင်ပညာရှင်လီကိုအဖော်ပြုပြီး စကားပြောပေးဖို့ပေါ့... သူအတော်အားစိုက်ထုတ်ထားရတာ... ဒါပေမဲ့ လက်ရှိသူ့အခြေအနေကို ကျုပ်တို့ဘာမှမလုပ်ပေးနိုင်ဘူးလေ... သူဌေးချင်ဆီပို့ပြီး အားဖြည့်ခိုင်းရုံပေါ့''

"သူဌေးချင်က တရုတ်ဆေးပညာမှာဗဟုသုတရှိမှန်း ကျုပ်တို့အားလုံးအသိပဲ... အားဖြည့်နိုင်တဲ့အာနိသင်ကကောင်းတယ်ဆိုရင် တရုတ်သိပ္ပံအကယ်ဒမီအတွက် အမြဲတမ်းနှစ်နေရာယူထားလို့ရတယ်''

ပါမောက္ခရန်ဘာမှမပြောနိုင်တော့။

တရုတ်သိပ္ပံအကယ်ဒမီမှာ အသက်အရွယ်အတော်ရနေပြီး အင်တိုက်အားတိုက်လုပ်သော သုတေသနသမားတွေ အများကြီးရှိသည်။ နှစ်တိုင်း တရုတ်သိပ္ပံအကယ်ဒမီက လူတချို့ခန္ဓာကိုယ်အခြေအနေအားပြန်ဖြည့်ရန်အတွက် အချိန်တစ်ခုသတ်မှတ်စီစဉ်ပေးသည်။



အားပြန်ဖြည့်သောနေရာတချို့က နိုင်ငံထဲမှအထူးစင်တာများဖြစ်ပြီး တချို့က အပြင်မှထိပ်တန်းစင်တာများဖြစ်သည်။ တော်ဝင်ပညာရှင်ဆန္ဒရှိတဲ့အတိုင်း သို့မဟုတ် စီစဉ်တဲ့အတိုင်းသွားသည်။

တစ်ဖက်တွင် တော်ဝင်ပညာရှင်လီ၏အခြေအနေက အတော်ဆိုးနေသည်။ အဓိကက အရွယ်ရနေပြီဖြစ်၍ ခွဲစိတ်မှုဒဏ် သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးများကို ခံနိုင်ရည်မရှိပေ။ တိုင်းရင်းကုသမှုကိုသာခံယူနိုင်သည်။

သူဌေးချင်က တရုတ်တိုင်းရင်းဆေးမှာ ဗဟုသုတကြွယ်ဝပြီး ဆေးပြုတ်ရည်လည်းရှိမှန်းသိထားသောကြောင့် သူအားပြန်ဖြည့်ဖို့ ဆေးပြုတ်ရည်သောက်ကြည့်နိုင်သည်။

သူဌေးချင်ရဲ့အာနိသင်သာ တော်ဝင်ပညာရှင်လီအတွက်တကယ်ထိရောက်ရင် ဆေးရုံက သူဌေးချင်ဆီလာဖို့ အပြိုင်အဆိုင်ဖြစ်ကုန်လိမ့်မည်။

ဝန်ကြီးလုလည်း laptop ထုတ်ပြီး တရုတ်သိပ္ပံအကယ်ဒမီဝဘ်ဆိုဒ်ထဲဝင်လိုက်သည်။

သူ့အတွင်းရေးအကောင့်နှင့်ဝင်ပြီး ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီအတွက် ချင်းလင်စံအိမ်တွင်အချက်အလက်ဖြည့်ကာ တည်းခိုခွင့်လျှောက်ပေးရန် email ပို့လိုက်သည်။

ဒီကိစ္စသူလုပ်နိုင်သော်လည်း အထူးလျှောက်ထားချက်နှင့်ရံပုံငွေခွဲငွေလျာထားချက်အတွက် လုပ်ပေးမည့်သူလိုသေးသည်။ နောက်ပြီး ချင်းလင်အပန်းဖြေစံအိမ်သို့လွှဲအပ်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှတဆင့် အကောင့်ကြေညာဖို့လည်းလိုသောကြောင့် သူမထိ။

ဒါသူဖောက်ဖျက်မရသော စည်းမျဉ်းဖြစ်သည်။

ဖုန်းချပြီးနောက် ဝန်ကြီးလုက ပါမောက္ခရန်အား_

"ပါမောက္ခရန်... အားဖြည့်ဆေးရည်နဲ့အူမကြီးကင်ဆာဆေးမှုန့်အကြောင်းဖြေရှင်းဖို့ ခင်ဗျားကိုဒုက္ခပေးရဦးမယ်... ကျုပ်ပေကျင်းပြန်ရောက်ရင် အစီရင်ခံရမှာ''

"အင်း!"

ပါမောက္ခရန်ခေါင်းညိမ့်လိုက်သည်။

…

ချင်းလင်အပန်းဖြေစံအိမ်_

မကြာမီ တရုတ်သိပ္ပံအကယ်ဒမီမှလျှောက်လွှာနှစ်စောင်ကို ချင်လင်ရလိုက်သည်။ တရုတ်သိပ္ပံအကယ်ဒမီတံဆိပ်တုံးထုထားသော တရားဝင်လျှောက်လွှာပင်။

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီလာပြီး အားဖြည့်ကြမည်။

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီ၏အချက်အလက်ပို့ထားသောလျှောက်လွှာမှာ လိုင်းပေါ်မှလျှောက်လွှာများနှင့်မတူဘဲ ရုံးစာဆန်ဆန်ဖြစ်သည်။

ပါမောက္ခရန်နှင့်သိကျွမ်းပြီးဖြစ်၍ အချက်အလက်ကြည့်စရာမလို။

သို့သော် တော်ဝင်ပညာရှင်လီအကြောင်း သူသိချင်သည်။ သူကအချက်အလက်ဖွင့်ပြီး အင်တာနက်ပေါ်တွင်ရှာကြည့်လိုက်သည်။ ထို့နောက် သူအံ့အားသင့်မိလေသည်။



All Chapters