← Chapters

တော်ဝင်ပညာရှင်လီလက်ခံပြီ! တစ်ရက်တည်းပြီး သဘောကျသွား!

Vol. 43 Ch. 640

တော်ဝင်ပညာရှင်လီလက်ခံပြီ! တစ်ရက်တည်းပြီး သဘောကျသွား!

Vol. 43 Ch. 640

သွမ့်မုရွေ့ရန်စကားကြောင့် ထန်ရှိုးဝမ်ကရှင်းပြသည်_

"ကျွန်မတို့အပန်းဖြေစံအိမ်ရဲ့ငါးကုထုံးက တခြားနေရာတွေနဲ့မတူပါဘူး... တော်ဝင်ပညာရှင်လီ စိတ်ပျက်မှာမဟုတ်ဘူးလို့ ကျွန်မယုံတယ်''

သွမ့်မုရွေ့ရန်က သူ့ဘာသာသက်ပြင်းချလိုက်တော့သည်။

ကျန်းမာရေးစင်တာတွေက ပြောတဲ့အတိုင်းပဲ။

သူတို့အားလုံးက ယုံကြည်ချက်အပြည့်နဲ့၊ သူတို့ငါးကုထုံးကိုအံ့ဩစရာလို့ထင်နေကြတယ်။

ငါးကုထုံးက သာမန်လူတွေမှာသက်သာစေတဲ့အာနိသင်ရှိရင်ရှိမယ်။ ဒါပေမဲ့ တော်ဝင်ပညာရှင်လီလိုလူနာတွေမှာ လုံးဝအလုပ်မဖြစ်ဘူး။

နောက်ပြီး ရေထဲအကြာကြီးနေတာ လူကြီးတွေအတွက်မကောင်း။

ဒါပေမဲ့ သူတို့ပိုင်နက်ထဲမှာ သတိပေးထားပြီးပြီ။ သူ့အကြံကိုနားမထောင်ရင်တော့ မတတ်နိုင်။ သူတို့နဲ့အငြင်းအခုံမလုပ်ချင်။

ထန်ရှိုးဝမ်ကဖုန်းထုတ်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်သည်_

"ယောင်ယောင်... ရေပူစမ်းငါးကုထုံးလုပ်ဖို့ လူစီစဉ်ပေးပါဦး... နှစ်ယောက်ဆိုရင်ရော? ပါမောက္ခရန်ကိုပါအတူတူလုပ်ခိုင်းလိုက်မယ်''

ကောင်းယောင်ယောင်မှာ ဝန်ဆောင်မှုဌာနမန်နေဂျာဖြစ်ပြီး အပန်းဖြေစံအိမ်မှာ ကြီးကြပ်သူ သို့မဟုတ် မန်နေဂျာရာထူးမရှိသေး။ သာမန်ဝန်ဆောင်မှုပေးသူနှင့်အလုပ်သမားခေါင်းများသာရှိသည်။ နောက်ပြီး ရာထူးနှင့်အဆင့်အတန်းကိုတစ်ဆင့်မြှင့်ပေးထားသည်။

တစ်နည်းဆိုရသော် သာမန်ဝန်ဆောင်မှုပေးသူက အလုပ်သမားခေါင်းဖြစ်ပြီး အလုပ်သမားခေါင်းကကြီးကြပ်ဖြစ်သည်။

ကောင်းယောင်ယောင်မှာ ချင်းလင်စံအိမ်ဝန်ဆောင်မှုမန်နေဂျာအဖြစ်ရာထူးတိုးပြီးနောက် လုပ်ဆောင်ချက်ကောင်း၍ အပန်းဖြေစံအိမ်ဝန်ဆောင်မှုပေးသူများကို စီမံခွင့်ပြုထားသည်။

ချင်းလင်မွေးမြူရေးခြံတွင် အတွေ့အကြုံပိုရှိသောဝန်ဆောင်မှုမန်နေဂျာခန့်ထားသော်လည်း ကျောက်မိုချင်းက ကောင်းယောင်ယောင်ကိုလူဟောင်းလိုခံစားရသည်။ သူမကအလုပ်သေချာလုပ်နေသဖြင့် သူမကိုအခွင့်အရေးပိုပေးချင်သည်။

ငါးကုထုံးမှာ အပန်းဖြေစံအိမ်၏ပုံမှန်ဝန်ဆောင်မှုတစ်ခုလည်းဖြစ်သည်။ အပန်းဖြေစံအိမ်တွင် တစ်နေ့နှစ်ကြိမ်ဆောင်ရွက်ပေးပြီး ငါးကုထုံးခံယူခြင်း၊မခံယူခြင်းက ဧည့်သည်၏ဆန္ဒအပေါ်မူတည်သည်။

ထန်ရှိုးဝမ်ကဖုန်းချပြီး ဆေးခန်းအပြင်ထွက်လာသည်။ သူမက တော်ဝင်ပညာရှင်လီအခန်းထဲသွားလိုက်သည်။

သူမကိုကြည့်ရင်း သွမ့်မုရွေ့ရန်မှာလိုက်လာရုံမှတပါး...

တော်ဝင်ပညာရှင်လီအခန်းနားရောက်သောအခါ တံခါးဖွင့်ထားသည်။ ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီစကားပြောနေသည်ကိုကြားရသည်။ ပါမောက္ခရန်က စာရင်းသွင်းပြီးပြီးချင်း အလည်ရောက်နေပုံပင်။

"တော်ဝင်ပညာရှင်လီ... ဒီရောက်လာမှတော့ ကောင်းကောင်းသာအနားယူပါ... လက်ဖက်ရည်သောက်ရတာကြိုက်လား? ပြီးရင် သူဌေးချင်ကိုလက်ဖက်ခြောက်နည်းနည်းတောင်းလိုက်မယ်... ဒီလိုလက်ဖက်ရည်မျိုး ခင်ဗျားအရင်ကသောက်ဖူးမှာမဟုတ်ဘူး''

"သူဌေးချင်က လက်ဖက်ရည်လုပ်ရတာရောကြိုက်လား? ဒါပေမဲ့ ပါမောက္ခရန်... မင်းကမြှောက်လွန်းနေပြီ... ငါရုံးချုပ်သစ်ပင်နှစ်ပင်က တဟုန်ပေါင်တောင်သောက်ခဲ့သေးတယ်''

"ဝန်ကြီးလုနဲ့ကျွန်တော် သူဌေးချင်ဆီမှာသောက်တာက အူလုံလက်ဖက်ခြောက်တစ်မျိုးပဲ... တော်ဝင်ပညာရှင်လီမြည်းကြည့်ရအောင် နည်းနည်းတောင်းလိုက်မယ်''

ထန်ရှိုးဝမ်နှင့်သွမ့်မုရွေ့ရန်လျှောက်ဝင်လာသည်။

တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်နေကြသည်။ ဧည့်ခန်းက အလွန်ကျယ်သည်။ မည်သို့ဆိုစေ အပန်းဖြေစံအိမ်အခန်းတိုင်းတွင် သီးသန့်ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်းနှင့် အပန်းဖြေခန်းရှိသည်။

"ဒေါက်တာထန်... ရှေ့လျှောက် တော်ဝင်ပညာရှင်လီကိုစစ်ဆေးဖို့ ခင်ဗျားကိုဒုက္ခပေးရတော့မှာပဲ''

ပါမောက္ခရန်ကပြုံးပြီး ထန်ရှိုးဝမ်ကိုနှုတ်ဆက်သည်။ တော်ဝင်ပညာရှင်လီနှင့်လည်း မိတ်ဆက်ပေးလိုက်သည်_

"တော်ဝင်ပညာရှင်လီ... ဒေါက်တာထန်က ပါမောက္ခလီခိုင်ရဲ့မိန်းကလေးပါ... သူ့အကြောင်းကြားဖူးမှာပေါ့''

တော်ဝင်ပညာရှင်လီကစိတ်ဝင်စားသွားပြီး တအံ့တဩနှင့်_

"ပါမောက္ခလီခိုင်နဲ့ ဒိုနာစီမြက်ရင်းရဲ့အမျိုးသမီးဇာတ်ဆောင်ဒေါက်တာထန်တို့ အချစ်ဇာတ်လမ်းကိုကြားဖူးတာပေါ့''

ထန်ရှိုးဝမ်မှာ လီခိုင်နှင့်တွဲတာကြာပြီး ခဏခဏအတူနေဖူးသော်လည်း သူများပြောသံကြားလျှင် ရှက်နေဆဲပင်။

သို့ရာတွင် သူမလာရင်းကိစ္စကိုသတိရသဖြင့် ရှင်းပြလိုက်သည်_

"တော်ဝင်ပညာရှင်လီ ပါမောက္ခရန်... ကျွန်မတို့အပန်းဖြေစံအိမ်မှာ ပုံမှန်ငါးကုထုံးရှိပါတယ်... မောပန်းတာသက်သာပြီး အာရုံကြောစနစ်ထိန်းညှိပေးတဲ့နေရာမှာ အာနိသင်အရမ်းကောင်းပါတယ်... ဇီဝဖြစ်ပျက်မှုကိုမြှင့်တင်ပေးပြီး အိပ်မပျော်တာ ထုံထိုင်းတာတွေလည်းသက်သာပါတယ်... လူကြီးမင်းတို့နှစ်ယောက်အတွက်စီစဉ်ထားလို့ စမ်းကြည့်နိုင်ပါတယ်''

ထိုအကြောင်းကြားလျှင် တော်ဝင်ပညာရှင်လီကမျက်မှောင်ကြုတ်ပြီး_

"ဒေါက်တာထန်... ငါးကုထုံးမလုပ်လို့ရလား? ကျုပ်နေရာအများကြီးရောက်ဖူးတယ်... ရေထဲမှာအဲဒုက္ခခံရတိုင်း မအီမသာဖြစ်တယ်''

သွမ့်မုရွေ့ရန်က ထိုစကားနားထောင်ရင်း ခေါင်းခါလိုက်သည်။

ဒီလ်ုဖြစ်မယ်မှန်း သူသိသားပဲ။

တစ်ဖက်တွင် ပါမောက္ခရန်က အလွန်စိတ်ဝင်စားသွားပြီး_

"တော်ဝင်ပညာရှင်လီ... သူဌေးချင်ရဲ့ဆေးက မတူဘူး... အာနိသင်က အပြင်မှာထက်စွမ်းတတ်တယ်... ဒေါက်တာထန်ကစီစဉ်ပေးမှတော့ အာနိသင်ရှိမှာသေချာတယ်... စမ်းကြည့်လို့ အကျိုးမယုတ်ပါဘူး''

ပါမောက္ခရန်စကားကြောင့် တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး_

"ဒါဆိုရင် ဒေါက်တာထန်ကိုစီစဉ်ခိုင်းရတော့မှာပဲ''

ထန်ရှိုးဝမ်က အချိန်ဖြုန်းမနေ။ ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီကို ရေပူစမ်းငါးကုထုံးနေရာခေါ်သွားလိုက်သည်။

အပန်းဖြေစံအိမ်ရေပူစမ်းမှာ အစကတည်းကပါသော်လည်း ငါးကုထုံးလုပ်ငန်းထပ်ဖြည့်ပြီးနောက် ရေပူစမ်းလုပ်ငန်းမှ ရေပူစမ်းငါးကုထုံးဟူ၍ပြောင်းလဲသွားသည်။

နောက်ပြီး ရေပူစမ်းကို ဘယ်နှင့်ညာ ကျား၊မနေရာခွဲထားသည်။ ဒါလုံးဝခွဲထားရမည်။

တခြားမကောင်းသောအငွေ့အသက်နှင့်နေရာများလို ကျားမရောထားလို့မဖြစ်။ အထူးကျွမ်းကျင်သူအမျိုးသမီးတချို့တောင်ရှာပြီး ရေပူစမ်းမှာအချိန်ပြည့်ထားသည်။

ရေပူစမ်းနေရာရောက်သောအခါ ကောင်းယောင်ယောင်က ဝန်ဆောင်မှုပေးသူတစ်ဦးနှင့် အသင့်စောင့်နေသည်။ ထန်ရှိုးဝမ်ကိုမြင်လျှင် ရှေ့ရောက်လာပြီး_

"အစ်မရှိုးဝမ်... ကျွန်မ ရေပူစမ်းနှစ်ကန်ပြင်ထားပါတယ်''

ထန်ရှိုးဝမ်ကခေါင်းညိမ့်ပြီး ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီကို ငါးကုထုံးခန်းထဲခေါ်သွားသည်။

အထဲတွင် ငါးကုထုံးအထူးဝတ်စုံလဲနိုင်သော အဝတ်လဲခန်းရှိသည်။

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက အဝတ်လဲခန်းထဲဝင်ပြီး ဝန်ဆောင်မှုပေးသူညွှန်ကြားသည့်အတိုင်း ငါးကုထုံးအထူးဝတ်စုံလဲလိုက်သည်။

ရေပူစမ်းနှစ်ကန်ရှေ့ရောက်သောအခါ ကန်ထဲတွင်အနမ်းငါးများအုံခဲပြီး ဖျတ်ဖျတ်လတ်လတ်ကူးခတ်နေကြသည်။

တော်ဝင်ပညာရှင်လီက ရေအပူချိန်ကိုစမ်းကြည့်ပြီး တအံ့တဩနှင့်_

"စိတ်ဝင်စားစရာပဲ''

ရေအပူချိန်က ၄၀° ကျော်နေပြီ။ ဒီငါးတွေက ဖျတ်လတ်နေတုန်း။ အပူချိန်အခံနိုင်ဆုံးငါးတောင် ဒီအပူချိန်လောက်ဆို နည်းနည်းညိုးနေလောက်ပြီမလား?

"ဒီငါးတွေက အရမ်းအပူခံနိုင်တာပဲ''

ပါမောက္ခရန်လည်း ခေါင်းညိမ့်လိုက်သည်။

သူတို့နှစ်ဦးက ကျွမ်းကျင်သူအကူအညီနှင့် ရေပူစမ်းထဲစိမ်လိုက်သည်။

လူကြီးများဖြစ်၍ သူတို့ခန္ဓာကိုယ်ပေါ်တွင် ဆဲလ်အသေအများကြီးရှိနေသည်။ သူတို့နှစ်ဦးစိမ်စိမ်ချင်း အနမ်းငါးအုပ်စုက သွေးနံ့ရသောငါးမန်းများလိုကူးခတ်လာပြီး သူတို့နှစ်ဦးကိုထိုးဆိတ်တော့သည်။



All Chapters