← Chapters

တော်ဝင်ပညာရှင်လီလက်ခံပြီ! တစ်ရက်တည်းပြီး သဘောကျသွား! ၂

Vol. 43 Ch. 641

တော်ဝင်ပညာရှင်လီလက်ခံပြီ! တစ်ရက်တည်းပြီး သဘောကျသွား! ၂

Vol. 43 Ch. 641

ငါးများဝိုင်းအုံလာသောကြောင့် တော်ဝင်ပညာရှင်လီအံ့ဩနေသည်။

မကြာမီ သူ့ခန္ဓာကိုယ်မှာ အတော်လေးသက်သောင့်သက်သာဖြစ်သွားသည်။

သူ့တစ်ကိုယ်လုံးရှိအပ်စိုက်ကွက်များကို ထိုးဆိတ်နေသလိုပင်။ တခြားနေရာတွေမှာငါးကုထုံးခံယူစဉ်က ဒီလိုခံစားချက်မျိုးလုံးဝမခံစားမိ။

ငါးကုထုံးခံယူပြီး သူ့စိတ်ကသက်သာလာသည်။ ရေရှည်အိပ်မပျော်ခြင်းကြောင့်ဖြစ်သောပင်ပန်းနွမ်းနယ်မှုက တဖြည်းဖြည်းပျောက်သွားပြီး သူ့တစ်ကိုယ်လုံးပြေလျော့သွားသည်။

နောက်ဆုံးတော့ ပါမောက္ခရန်ပြောတဲ့ 'သူဌေးချင်ရဲ့ပစ္စည်းတွေက အပြင်ထက်ပိုကောင်းတယ်'ဆိုသောစကားကို သူနားလည်သွားပြီ။

ငါးကုထုံးမှာ ဒီလိုအာနိသင်မျိုးရှိတာ သူမယုံနိုင်။

မကြာမီ တော်ဝင်ပညာရှင်လီ၏အသက်ရှူသံကမှန်သွားပြီး မျက်စိမှိတ်ကာအနားယူလိုက်သည်။

ပါမောက္ခရန်လည်း အတူတူပင်။ စိတ်သက်သာရပြီး စိတ်လျှော့ချသောအသံတောင်ထွက်လာသည်။

ဘေးတွင်ရပ်နေသောသွမ့်မုရွေ့ရန်က တော်ဝင်ပညာရှင်လီ၏အခြေအနေကိုအကဲခတ်နေသည်။ ခဏအကြာ တော်ဝင်ပညာရှင်လီဆီမှဟောက်သံထွက်သောအခါ သူမယုံနိုင်တော့။

တော်ဝင်ပညာရှင်လီအကြောင်း သူအသိဆုံး။

အခု တော်ဝင်ပညာရှင်လီက ငါးကုထုံးခံရင်း တကယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတာလား?

နည်းနည်းတော့ ရယ်ချင်စရာပဲ။

ပြင်းပြင်းထန်ထန်အိပ်မပျော်ရောဂါရှိတဲ့သူက ရေပူစမ်းမှာ ငါးကုထုံးကြောင့် အိပ်ပျော်သွားတယ်တဲ့လား?

ချင်းလင်အပန်းဖြေစံအိမ်ရဲ့ငါးကုထုံးက တစ်ခုခုတော့တစ်ခုခုပဲ။

ဒါ တခြားနေရာကငါးကုထုံးတွေ လုံးဝမလုပ်နိုင်တဲ့အရာမျိုး။

သို့ရာတွင် လူကြီးများက ရေထဲအကြာကြီးနေလို့မဖြစ်၍ ခဏအကြာ သွမ့်မုရွေ့ရန်က တော်ဝင်ပညာရှင်လီကိုနှိုးလိုက်သည်။

"ငါအိပ်ပျော်သွားတာလား?''

တော်ဝင်ပညာရှင်လီကနိုးလာပြီး မယုံနိုင်ပုံနှင့်။

သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာလား?

အိပ်ဖို့ဒီလောက်လွယ်ရင် အိပ်မပျော်ရောဂါခံစားရမှာမဟုတ်။

အဓိကက ငါးကုထုံး၏အာနိသင်ကို သူလုံးဝခံစားမိသည်။ သူ့တစ်ကိုယ်လုံးသက်သာပြီး ပြေလျော့နေသည်။ ဒီလိုအခြေအနေမျိုးမဖြစ်တာ အတော်ကြာခဲ့ပြီ။

ပါမောက္ခရန်လည်း ရေပူစမ်းထဲမှထွက်လာပြီး ငါးကုထုံးအာနိသင်ကိုအံ့ဩနေသည်_

"သူဌေးချင်ရဲ့ပစ္စည်းတွေက တခြားနေရာတွေနဲ့မတူဘူးဆိုတာ ကျွန်တော်သိတယ်... ငါးက အရမ်းနေလို့ကောင်းတယ်''

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး ထန်ရှိုးဝမ်ကိုမေးလိုက်သည်_

"ဒေါက်တာထန်... ဒီနေ့ ငါးကုထုံးထပ်လုပ်လို့ရသေးလား? နောက် ထပ်လုပ်ပေးဦးမှာလား?''

ထိုစကားကြောင့် သွမ့်မုရွေ့ရန်က စောင်းငဲ့ကြည့်လိုက်သည်။

အရင်က တော်ဝင်ပညာရှင်လီ ငါးကုထုံးကိုနည်းနည်းတွန့်နေပြီ။ အခု သူကစပြီးမေးလို့ပါလား။ ငါးကုထုံးအာနိသင်က သူထင်ထားတာထက်ပိုကောင်းတဲ့ပုံပဲ။

ထန်ရှိုးဝမ်က ရှင်းပြသည်_

"တော်ဝင်ပညာရှင်လီက... ကျွန်မတို့အပန်းဖြေစံအိမ်က ပုံမှန်နှစ်ကြိမ်ဝန်ဆောင်မှုပေးပါတယ်... နေ့လယ်နဲ့ညပိုင်းပါ... နောက်တစ်ကြိမ်ခံယူချင်တယ်ဆိုရင် အခန်းထဲကဝန်ဆောင်မှုဘဲလ်နှိပ်ပြီး ဝန်ဆောင်မှုပေးသူကိုစီစဉ်ခိုင်းရုံပါပဲ''

"အင်း... ဒီကငါးကုထုံးက အစစ်ပဲ''

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး မချီးကျူးဘဲမနေနိုင်တော့။

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီ ရေပူစမ်းမှထွက်လာပြီးနောက် ကန်ထဲရှိငါးများမှာ စောစောကလောက်မဖျတ်လတ်တော့။ ဘာပဲဖြစ်ဖြစ် အစာဝနေရင် ငါးမပြောနှင့်၊ ဘယ်သူမှမလှုပ်ချင်။

ဝန်ဆောင်သူက အထူးငါးကန်ယူလာပြီး အနမ်းငါးများကိုထည့်လိုက်သည်။

အနမ်းငါးများကို သီးသန့်ထားရသည်။ ဧည့်သည်ကငါးကုထုံးခံယူချင်မှသာ ရေပူစမ်းထဲအသုတ်ခွဲထည့်ပေးသည်။

နောက်ပြီး လူဖန်တီးထားသောရေပူစမ်းက အမြဲတမ်းလဲလှယ်ပေးရသည်။

ညနေပိုင်းတွင် တော်ဝင်ပညာရှင်လီက အခန်းဝန်ဆောင်မှုဘဲလ်နှိပ်ပြီး ငါးကုထုံးစီစဉ်ခိုင်းသည်ကို သွမ့်မုရွေ့ရန်တွေ့ရသည်။

တော်ဝင်ပညာရှင်လီအပြင်ထွက်လာသောအခါ ငါးကုထုံးခံယူရန်ထွက်လာသောပါမောက္ခရန်ကိုလည်း တွေ့လိုက်ရသည်။

ငါးကုထုံးခံယူပြီးနောက် ထပ်လုပ်ချင်နေသည်။ တစ်နေ့နှစ်ကြိမ်ဆိုရင်တောင် အလွတ်မခံနိုင်။

သူတို့နှစ်ယောက်သား ငါးကုထုံးနေရာရောက်သောအခါ ကောင်းယောင်ယောင်က လင်းလျိုတို့သုံးယောက်ကို ငါးကုထုံးပေးပြီးသွားသည်။

သုံးယောက်လုံးကိုယ်ဝန်နှင့်ဖြစ်သောကြောင့် ဝန်ဆောင်မှုပေးသူများက အထူးဂရုစိုက်ရသည်။

လင်းလျိုတို့သုံးယောက်မှာ ပြုံးရွှင်နေ၏။ ငါးကုထုံးခံယူပြီး အတော်လေးသက်သောင့်သက်သာဖြစ်နေသည်။ သူတို့အတွက်ရော ကလေးအတွက်ပါကောင်းသည်။

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက ညပိုင်းငါးကုထုံးထပ်လုပ်ပြီး သက်သောင့်သက်သာနှင့်စိတ်ပြေလျော့မှုကိုခံစားရပြန်သည်။

သွမ့်မုရွေ့ရန်က ရေပူစမ်းမှထွက်ဖို့ခေါ်သောအခါ မထွက်ချင်သေး။

ထို့နောက် တော်ဝင်ပညာရှင်လီနှင့်သွမ့်မုရွေ့ရန်က သူတို့အခန်းထဲပြန်လာသည်။

အိပ်ခန်းအကျယ်ကြီးအပြင် နောက်အိပ်ခန်းတစ်ခန်းပါသေးသည်။ ထိုအခန်းမှာ ဆွေမျိုးမိတ်ဆွေများအလည်လာလျှင် နေထိုင်ရန်ဖြစ်သည်။ သွမ့်မုရွေ့ရန်မှာ တော်ဝင်ပညာရှင်လီကိုအထူးစောင့်ရှောက်ရသောဒေါက်တာဖြစ်၍ ဒုတိယအခန်းထဲနေသည်။

တော်ဝင်ပညာရှင်လီက အခန်းထဲပြန်လာပြီး အလုပ်နှင့်ဆိုင်သောရောဂါထလာပြန်သည်။ သူယူလာသောသုတေသနပစ္စည်းများကိုကြည့်ရင်း စိတ်အခြေအနေဆိုးလာ၏။ ထို့နောက် သူကသွမ့်မုရွေ့ရန်အား_

"ဒေါက်တာသွမ့်မု... ဆေးပေးပါဦး... အိပ်ချင်တယ်''

စိတ်အခြေအနေမကောင်းရင် အိပ်မရတာ အလွန်ခံရခက်သည်။ အခုအိပ်ပျော်ချင်သောကြောင့် အိပ်ပျော်အောင်ဆေးသုံးရဦးမည်။ သူနေ့တိုင်း ဆေးသောက်အိပ်ရသည်။

"တော်ဝင်ပညာရှင်လီ''

သွမ့်မုရွေ့ရန်က ရှင်းပြသည်_

"ဒေါက်တာထန်က အိပ်ဆေးရပ်ဖို့ပြောတယ်... သောက်တာများရင် ခန္ဓာကိုယ်အတွက်မကောင်းဘူးတဲ့''

"ဒေါက်တာထန်က အကြောင်းမသိပါဘူး''

တော်ဝင်ပညာရှင်လီက သက်ပြင်းချလိုက်ပြီး_

"အိပ်ဆေးမသောက်ရင် ငါအိပ်မပျော်ဘူး''

သွမ့်မုရွေ့ရန်က ရှင်းပြသည်_

"ဒေါက်တာထန်ကပြောတယ်... အခန်းထဲမှာ အိပ်ပျော်စေတဲ့နံ့သာဖြူတစ်မျိုးစီစဉ်ပေးထားတယ်တဲ့... ကျွန်တော်လိုင်းပေါ်မှာကြည့်ပြီးပြီ... ချင်းလင်စံအိမ်မှာ အိပ်ပျော်စေတဲ့နံ့သာဖြူရှိတယ်... အရမ်းထိရောက်တယ်ဆိုပဲ''

"နံ့သာဖြူက တကယ်အလုပ်ဖြစ်လား? မြန်မြန်.. စမ်းကြည့်ရအောင်''

တော်ဝင်ပညာရှင်လီက မေးလိုက်သည်။

အိပ်မပျော်ရောဂါခံစားရပြီးနောက်ပိုင်း သူ့မိသားစုနှင့်တရုတ်သိပ္ပံအကယ်ဒမီက အိပ်ပျော်အောင်ကူညီပေးကြသည်။ နံ့သာဖြူနံ့သာသုံးဖူးသော်လည်း သူအရင်သုံးဖူးသောနံ့သာဖြူနံ့သာက အာနိသင်လုံးဝမရှိချေ။

သို့ရာတွင် ငါးကုထုံးခံပြီးနောက် သံသယသိပ်မရှိတော့ဘဲ မျှော်လင့်စောင့်စားနေမိသည်။

နံ့သာဖြူနံ့သာက အပြင်နဲ့များကွာမလား?

သွမ့်မုရွေ့ရန်က အခန်းထဲတွင် နံ့သာဖြူနံသာသေတ္တာနှင့်နံ့သာထွန်းသောပစ္စည်းများ အမြန်ရှာလိုက်သည်။

အပန်း​ဖြေစံအိမ်တွင်ဖြည့်ဆည်းပေးသော နံ့သာဖြူနံ့သာမှာ သတို့သမီးခန်းနှင့်မတူ။ အရည်အသွေး ၂ ရှိပြီး အနံ့စုပ်ခြင်း +၂၊ အိပ်ပျော်စေခြင်း +၂ နှင့် စိတ်တည်ငြိမ်ခြင်း +၂ ရှိသည်။

သွမ့်မုရွေ့ရန်က အိပ်ခန်းထဲသွားပြီး တော်ဝင်ပညာရှင်လီအတွက် နံ့သာဖြူနံ့သာထွန်းပေးလိုက်သည်။

တစ်ခဏအတွင်း နံ့သာဖြူနံ့က အခန်းထဲပျံ့နှံ့သွားသည်။

တော်ဝင်ပညာရှင်လီက နံ့သာကိုသာမန်နံ့သာနှင့်မခြားဟုထင်​သော်လည်း အနံ့ရသောအခါ အတော်လေးစိတ်တည်ငြိမ်သွားသည်။

စိတ်ပူပန်မှု၊စိတ်ဖိအားမရှိသော အံ့ဩစရာခံစားချက်မျိုးဖြစ်သည်။

တော်ဝင်ပညာရှင်လီနည်းနည်းအံ့ဩသွားသည်။ ဒီလိုစိတ်တည်ငြိမ်မှုမျိုးမရတာကြာခဲ့ပြီ။

နံ့သာဖြူရဲ့အာနိသင်များလား?

သူတွေးတောနေစဉ် အိပ်ချင်မူးတူးဖြစ်ပြီး ငိုက်မြည်းလာ၏။

တော်ဝင်ပညာရှင်လီက ချက်ချင်းလှဲချလိုက်သည်။ ဒီလိုပြင်းပြင်းပြပြအိပ်ချင်စိတ်မျိုးမဖြစ်တာကြာခဲ့ပြီ။

အစာအိမ်ကင်ဆာဖြစ်ပြီးနောက် အိပ်ဆေးသောက်အိပ်ရင်တောင် လူးလှိမ့်ပြီးမှအိပ်နိုင်သည်။

တော်ဝင်ပညာရှင်လီကလှဲပြီးရုံရှိသေး၊ ဟောက်သံထွက်လာ၍ သွမ့်မုရွေ့ရန်အံ့ဩသွားသည်။

သူကပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေ၏။

ချင်းလင်အပန်းဖြေစံအိမ်ရဲ့နံ့သာဖြူနံ့သာက ဒီလောက်အာနိသင်ကောင်းလား?

ထိုခဏတွင် သူလည်းပင်ပန်းပြီး လှဲအိပ်ချင်လာသည်။

သို့သော် သူလုပ်စရာများရှိသေး၍ အိပ်ချင်စိတ်ကိုဖြေဖျောက်ပြီး အိပ်ခန်းထဲမှထွက်လာသည်။ သူ့လက်တော့ပ်ကိုဖွင့်၍ တော်ဝင်ပညာရှင်လီ၏အားဖြည့်မှုအခြေအနေကိုမှတ်တမ်းတင်လိုက်သည်။

……

အချိန်ရွေ့လျားပြီး မြန်မြန်ဆန်ဆန်တစ်ညကုန်လွန်သွားသည်။

နောက်တစ်နေ့_

အိပ်ခန်းကျယ်ကြီးထဲတွင် အားရပါးရသမ်းလိုက်သောအသံကိုကြားရသည်။

တော်ဝင်ပညာရှင်လီကအိပ်ရာထလာပြီး နာရီကြည့်လိုက်ရာ မယုံနိုင်အောင်ဖြစ်သွားသည်။

၇ နာရီထိုးနေပြီ။

အရင်က ဒီလိုအိပ်မကောင်းသလို အိပ်ရာထလာရင် ကြည်ကြည်လင်လင်လည်းမရှိခဲ့။

သူမယုံနိုင်။

သူဒီလိုနှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာကြာခဲ့ပြီ။

နံ့သာဖြူနံ့သာက ထူးခြားလွန်းသည်။

ဒေါက်တာသွမ့်မုနံ့သာထွန်းပြီးမကြာမီ အိပ်ငိုက်လာပြီး ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိချေ။

တော်ဝင်ပညာရှင်လီက အဝတ်အစားလဲပြီး ထွက်လာရာ မတ်တပ်ထရပ်လိုက်သောပါမောက္ခရန်ကိုတွေ့ရသည်။

"တော်ဝင်ပညာရှင်လီ... မနေ့ညက ကောင်းကောင်းအိပ်ရလား?''

ပါမောက္ခရန်က အပြုံးနှင့်မေးသည်။ သူလည်း မနေ့ညကနံ့သာဖြူနံ့သာသုံးပြီးအိပ်ကောင်းလိုက်ပုံမှာ မယုံနိုင်စရာ။

"အင်း... သူဌေးချင်ရဲ့ပစ္စည်းတွေက တကယ်ကောင်းတယ်''

တော်ဝင်ပညာရှင်လီလည်း စိတ်လှုပ်ရှားမိသည်။

တစ်ရက်တည်းနှင့် ဒီနေရာကို သူသဘောကျသွားပြီ။

နောက်ရက်တွေဆက်ပြီးအားဖြည့်နိုင်ရင် ဒီအပန်းဖြေစံအိမ်မှာအားဖြည့်ဖို့ ဝန်ကြီးလုကိုစီစဉ်ခိုင်းတာ အကြံကောင်းပင်။

သို့သော် နောက်ပိုင်း သူဘယ်နှစ်နှစ်နေရမှန်းမသိ၍ နည်းနည်းစိတ်ဓာတ်ကျမိသည်။

အစာအိမ်ကင်ဆာအစောပိုင်းအဆင့်ကို လူငယ်များတွင် ခွဲစိတ်ခြင်း၊ဓာတ်ရောင်ခြည်ပေးခြင်းဖြင့် အလွယ်တကူကုသနိုင်သည်။

သူ့အသက်အရွယ်တွင် ခန္ဓာကိုယ်အားနည်းခြင်းကြောင့် အစောပိုင်းအဆင့်မှာတင် သေနိုင်သည်။



All Chapters