အရည်အသွေး ၂ လိပ်နှင့် အရည်အသွေး ၂ ငါးပုတ်သင်၏အာနိသင်! ၂
Vol. 43 Ch. 643
…
နေ့လယ်_
အပန်းဖြေစံအိမ်စားဖိုဆောင်ထဲ၌ ချင်လင်မှာ အရည်အသွေး ၂ ငါးပုတ်သင်အဝါကြီးဆေးစွပ်ပြုတ်အိုးရှေ့တွင် အလုပ်များနေသည်။
သူ့ဘေးတွင် ဆရာလင်းလည်း အိုးကူကြည့်ပေးနေသည်။ ဆေးဖက်ဝင်လိပ်စွပ်ပြုတ်အိုးပင်။ လိပ်ကလည်း အရည်အသွေး ၂ လိပ်။
စားဖိုဆောင်တစ်ခုလုံးတွင် ဆေးစွပ်ပြုတ်နှစ်မျိုး၏ဆေးနံ့မှာ ထောင်းခနဲ၊ထောင်းခနဲထနေသည်။
ဒီဆေးနံ့နှင့်တင် ဆရာလင်း၏မျက်နှာမှာ လေးစားအားကျမှုအပြည့်နှင့်။
သူဌေးက ဆေးစွပ်ပြုတ်လုပ်နည်းသင်ပေးသော်လည်း ဒီအထူးဆေးနံ့ရအောင် သူမလုပ်နိုင်။
နောက်ပြီး သူဌေးလုပ်တဲ့အဆင့်တိုင်း၊အစဉ်တိုင်းကိုကြည့်ပြီး တစ်ထပ်တည်းကျလုနီးပါးလိုက်လုပ်သော်လည်း ဟင်းပွဲအရသာက ကွာခြားလွန်းသည်။
အပူချိန်ထိန်းညှိပုံနှင့်ပါဝင်ပစ္စည်းအချိုးအစားတွင် ပြဿနာရှိနေသည်ဟု သူထင်သည်။ သူဌေးလိုပြီးပြည့်စုံအောင်မလုပ်နိုင်သောကြောင့် အရသာကွာခြားချက်က ကြီးလွန်းသည်။
ဘာပဲဖြစ်ဖြစ် အပူချိန်ထိန်းညှိပုံနှင့်ပါဝင်ပစ္စည်းအချိုးအစားက အရသာကွဲပြားစေတတ်သည်။
ဒီအပိုင်းမှာ သူနဲ့သူဌေးရဲ့ကွာခြားချက်က အတော်ကြီးတာပဲ။
ခဏအကြာ_
ငါးပုတ်သင်အဝါကြီးစွပ်ပြုတ်နှင့်လိပ်စွပ်ပြုတ်အသင့်ရလာသည်။
ထိုဆေးစွပ်ပြုတ်တွင် စားကောင်းခြင်း +၂ နှင့်အရသာ +၂ အရည်အသွေးများရှိသည်။
ငါးမျိုးနှင့်အခွံမာမျိုးချက်နည်းကြောင့် နှစ်မျိုးလုံးတွင် အရသာ +၁၊ စားကောင်းခြင်း +၁၊ အနံ့ +၁၊ နှုတ်မြိန်ခြင်း +၁၊ လျှာပေါ်စွဲကျန်ခြင်း +၁ အရည်အသွေးများရှိသည်။
တစ်နည်းဆိုသော် အရည်အသွေးအားလုံးတူပြီး စားကောင်းခြင်း +၃ နှင့်အသား +၃ ရှိသည်။
နောက်ပြီး ဆေးစွပ်ပြုတ်ဖြစ်၍ အထူးအရသာ +၁၊ အထူးဆေးနံ့ +၁၊ ကျန်းမာရေးနှင့်ခန္ဓာကိုယ်အားကောင်းစေခြင်း +၁၊ ဩဇာဓာတ်၊ချီနှင့်စိတ်ဝိဉာဉ်အားဖြည့်ပေးခြင်း +၁၊ သွေးနှင့်ချီဓာတ်အားဖြည့်ပေးခြင်း +၁ နှင့် ကိုယ်ခံအားကောင်းစေခြင်း +၁ လည်းရှိသည်။
ဒီလိုအရည်အသွေးမျိုး ကမ္ဘာမှာဘယ်သူမှမဖန်တီးနိုင်။
နောက်ပြီး ပါဝင်ပစ္စည်း၏အရည်အသွေးနှစ်မျိုးရှိသေးသည်။ ကင်ဆာကာကွယ်ခြင်း၊ ကင်ဆာဖိနှိပ်ခြင်းနှင့်ကာကွယ်ခြင်းအရည်အသွေးက ကောင်းကင်ဘုံကိုအံတုနိုင်လိမ့်မည်။
ချင်လင်၏စားသောက်ဆိုင်မှာသာ ဒီလိုဆေးဖက်ဝင်ဟင်းပွဲမျိုးရနိုင်သည်။ ချင်လင်မချက်ချင်ရင် ဘယ်လောက်ချမ်းသာတဲ့သူဖြစ်ဖြစ် စားနိုင်မည်မဟုတ်။
လျှပ်တပြတ်အတွင်း_
ဆေးစွပ်ပြုတ်နှစ်မျိုးပြီးသွားသည်။
"နောက်ထပ်အရံဟင်းပွဲ ငါးနဲ့ပုစွန်လုပ်လိုက်ပါဦး''
ချင်လင်က ဆရာလင်းကိုပြောလိုက်သည်_
"ပြီးတော့... လင်းလျိုတို့ကို ငါးပုတ်သင်အဝါကြီးတည်ခင်းပေးလိုက်ပါ''
ငါးပုတ်သင်အဝါကြီးမှာ ကတ်တီ ၃၀ ကျော်အချိန်စီးသည်။ သုံးရက်ခွဲချက်ရင် တစ်နေ့ ၁၀ ကတ်တီ။ လိပ်ပါပေါင်းလိုက်ရင် တော်ဝင်ပညာရှင်လီဗိုက်ပြည့်အောင်စားရင်တောင် ကုန်မည်မဟုတ်ပေ။
တော်ဝင်ပညာရှင်လီအတွက်လုပ်မှတော့ ပါမောက္ခရန်ကို ရပ်ပြီးကြည့်ခိုင်းလို့မဖြစ်။ ထို့ကြောင့် ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့ဇနီးများကို မျက်နှာသာမပေးလို့မရတော့။
သို့ရာတွင် အရည်အသွေး ၂ လိပ်မှာ သွေးသန့်စေခြင်းနှင့်သွေးခဲဖယ်ရှားခြင်း +၂ အာနိသင်ရှိသောကြောင့် ကိုယ်ဝန်ဆောင်များသောက်၍မဖြစ်ပေ။ မဟုတ်ရင် ဘေးဖြစ်လိမ့်မည်။
ဆရာလင်းကခေါင်းညိမ့်ပြီး ငါးပုတ်သင်ဝါကြီးအိုးကိုစကိုင်သည်။
…
အပန်းဖြေစံအိမ်ပထမထပ်စားသောက်ခန်းမှာ အလွန်လှပြီးခမ်းနားသည်။ စားပွဲများများစားစားမရှိ။ မည်သို့ဆိုစေ အပန်းဖြေစံအိမ်တွင် ဧည့်သည်လည်း များများမရှိပေ။
ဧည့်သည်များက သူတို့အခန်းမှာဖြစ်ဖြစ်၊ စားသောက်ခန်းမှာဖြစ်ဖြစ် စားနိုင်သည်။
သို့ရာတွင် တော်ဝင်ပညာရှင်လီ၊ပါမောက္ခရန်နှင့်လင်းလျိုတို့က စားပွဲနှစ်ဝိုင်းမှာထိုင်နေကြသည်။ သူတို့အားလုံးမှာအဖော်ရှိသောကြောင့် စားသောက်ခန်းထဲစားဖို့သာရွေးချယ်ကြသည်။
သွမ့်မုရွေ့ရန်လည်း တော်ဝင်ပညာရှင်လီဘေးတွင်ထိုင်သည်။ တော်ဝင်ပညာရှင်လီ၏ပြုစုစောင့်ရှောက်သူအနေနှင့် တစ်ခုကောင်းသည်က တော်ဝင်ပညာရှင်လီနှင့်အတူစားနိုင်၊နေနိုင်ခြင်းပင်။
"တော်ဝင်ပညာရှင်လီ... သူဌေးချင်ရဲ့လက်ရာက အရမ်းမြင့်တယ်''
ပါမောက္ခရန်က တော်ဝင်ပညာရှင်လီကိုမိတ်ဆက်ပေးဖို့မမေ့_
"စံအိမ်စားသောက်ဆိုင်ရဲ့ Lazda က အနောက်တိုင်းရဲ့ထိပ်တန်းစားဖိုမှူးဖြစ်ခဲ့တယ်ထင်တယ်... သူ ချင်းလင်စံအိမ်မှာစားဖိုမှူးခေါင်းဖြစ်လာတာ သူဌေးချင်ကိုမနိုင်လို့လေ''
တော်ဝင်ပညာရှင်လီက သက်ပြင်းချပြီး_
"ငါ့အစာအိမ်က သူဌေးချင်ရဲ့လက်ရာမတိုးမှာစိုးတယ်... အခု ဘယ်လောက်အရသာရှိတဲ့အစားအစာပဲ ငါ့ရှေ့ရောက်လာရောက်လာ ငါမစားနိုင်ဘူး''
ထိုအချိန်တွင် စားပွဲထိုးနှစ်ယောက်က အစားအစာလှည်းတွန်းပြီး ဆေးစွပ်ပြုတ်နှစ်ပွဲကို သူတို့စားပွဲပေါ်လာတင်သည်။
ဆေးနံ့ကချက်ချင်း စားပွဲဝိုင်းတစ်ခုလုံးပျံ့နှံ့သွားသည်။
အမျိုးသမီးသုံးဦးကချက်ချင်း ငါးပုတ်သင်အဝါကြီးစွပ်ပြုတ်ကိုတစ်ပန်းကန်စီခပ်ပြီး စားလိုက်သည်။ သူတို့အားလုံး ချင်လင်လက်ရာအကြောင်းသိပြီး ချင်လင်ကိုယ်တိုင်ချက်ပေးမည်မှန်းသိ၍ အစောကတည်းကစောင့်မျှော်နေကြသည်။
ငါးပုတ်သင်အဝါကြီးစွပ်ပြုတ်ကို သုံးလေးဇွန်းသောက်ကြည့်ပြီးနောက် အမျိုးသမီးသုံးဦးက တအံ့တဩနှင့်_
"ချင်လင်လက်ရာလို့မပြောရဘူး... အရသာရှိလိုက်တာ''
"အင်း... ဒီဆေးစွပ်ပြုတ်က ဘဲဥထမင်းကြော်နဲ့ငါးစားသောက်ပွဲထက်တောင် အရသာပိုရှိသေးတယ်''
"ဟုတ်ပါ့!"
ပါမောက္ခရန်လည်း လိပ်စွပ်ပြုတ်တစ်ပန်းကန်ခပ်လိုက်သည်။ နှစ်ဇွန်းသုံးဇွန်းသောက်ပြီးနောက် အရသာနှင့်အသားကိုလုံးဝစွဲသွားပြီး သူနောင်တရမိသည်။
အရင်တစ်ခါ လိပ်စွပ်ပြုတ်သောက်ဖို့သူဌေးချင်ဖိတ်တုန်းက သူနဲ့ဝန်ကြီးလုမသွားခဲ့ရ။ ဒီလိုအရသာရှိတဲ့အစားအစာမျိုးကိုလွတ်ရလေခြင်း။
သွမ့်မုရွေ့ရန်မျက်နှာမှာလည်း အံ့ဩမှုအပြည့်နှင့်။ အရင်က စားကောင်းသောက်ဖွယ်များစွာစားဖူးသော်လည်း ဒီဆေးစွပ်ပြုတ်ကိုမည်သို့ဖော်ပြရမည်မသိချေ။
ဒီလိုအရသာရှိတဲ့အစားအစာမျိုးကိုလုပ်နိုင်တဲ့သူ တကယ်ရှိတာလား?
အအံ့ဩဆုံးသူက တော်ဝင်ပညာရှင်လီပင်။ သူ့မှာ အစာအိမ်ကင်ဆာရှိသောကြောင့် စားချင်စိတ်သိပ်မရှိ။ ဘယ်လောက်အရသာရှိတဲ့အစားအစာဖြစ်ဖြစ် ပျို့ချင်ပျို့နိုင်သည်။
သို့ရာတွင် သူဌေးချင်၏ဆေးစွပ်ပြုတ်သောက်ပြီး လုံးဝမပျို့။ တကယ်တော့ နည်းနည်းစားချင်စိတ်တောင်ဖြစ်သေးသည်။
သူအံ့ဩမိသည်။
တစ်ခုခုကိုစားချင်စိတ်မဖြစ်တာ ကြာခဲ့ပြီ။
သို့သော် လိပ်စွပ်ပြုတ်တစ်ပန်းကန်သောက်ပြီး ခဏအကြာ သူ့အစာအိမ်တွင် ပြောမတတ်သောခံစားချက်မျိုးဖြစ်လာသည်။
သာမန်လူအဖို့ လိပ်စွပ်ပြုတ်အာနိသင်က မသိသာသော်လည်း တော်ဝင်ပညာရှင်လီလိုအစာအိမ်ကင်ဆာရှိသူတွင်မူ အစာအိမ်ကင်ဆာကာကွယ်ကုသနိုင်ခြင်း +၂ အာနိသင်က အလွန်သိသာသည်။
ဆေးစွပ်ပြုတ်ပန်းကန်ကြီးသောက်ပြီးနောက်တွင် ထိုအာနိသင်က အစွမ်းပြနေသည်။ သူ့အစာအိမ်ထဲတွင် ပူနွေးပြီးသက်သောင့်သက်သာရှိသောခံစားချက်မျိုးသာဖြစ်ပေါ်သည်။