အရည်အသွေး ၂ လိပ်နှင့် အရည်အသွေး ၂ ငါးပုတ်သင်၏အာနိသင်! ၃
Vol. 43 Ch. 644
အစာအိမ်ကင်ဆာမှအချဉ်ဓာတ်လည်း သိသိသာသာအားလျော့သွားပြီး တန်ဖိုးကြီးတိုင်းရင်းဆေးဝါးများထက် အာနိသင်ပိုထက်ပုံရသည်။
တော်ဝင်ပညာရှင်လီက ဆေးစွပ်ပြုတ်နောက်တစ်ပန်းကန်ထပ်သောက်နေ၍ သွမ့်မုရွေ့ရန်အံ့ဩနေသည်။
တော်ဝင်ပညာရှင်လီ ဒီလိုကောင်းကောင်းစားပုံမျိုး မမြင်ရတာကြာခဲ့ပြီ။
ဆေးစွပ်ပြုတ်သောက်ပြီးနောက် တော်ဝင်ပညာရှင်လီက ထပ်စားချင်သေးသလိုလေချဉ်တောင်တက်နေ၏။
ထူးဆန်းပေစွ။
……
နောက်တစ်နေ့_
တော်ဝင်ပညာရှင်လီက အိပ်ကောင်းကောင်းနှင့်အိပ်ပြီး အိပ်ရေးဝ၍နိုးလာသည်။
ဒီခံစားချက်က သူ့အတွက်တကယ်ကောင်းသည်။ ဒီနှစ်တွေအတောအတွင်း ဒီနှစ်ရက်က အိပ်လို့အကောင်းဆုံး။
နောက်ပြီး ဒီနေ့ထူးထူးခြားခြားခံစားမိသည်။ အစာအိမ်ကင်ဆာဖြစ်ပြီးနောက်ပိုင်း စိတ်ဓာတ်ကျနေခဲ့သော်လည်း ဒီနေ့အတော်လေးနေလို့ကောင်းသည်။
အထူးသဖြင့် အပန်းဖြေစံအိမ်ရောက်ခါစကလို အားနည်းပျော့ခွေမနေတော့။
မနေ့က သူဌေးချင်ပြင်ဆင်ပေးခဲ့သောဆေးစွပ်ပြုတ်ကို သူသတိရသွားသည်။
ဒါတွေက ဆေးစွပ်ပြုတ်ကြောင့်လား?
ဒီလိုသာဆိုရင် ဒီဆေးစွပ်ပြုတ်က အံ့ဩစရာပဲ။ ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံအကယ်ဒမီက ဆေးပညာရှင်တွေပြင်ဆင်ပေးတဲ့တိုင်းရင်းဆေးပြုတ်ရည်တောင် ဒီလိုအာနိသင်မျိုးမရှိ။
တော်ဝင်ပညာရှင်လီက သိပ်တွေးမနေတော့ဘဲ အညောင်းဆန့်ကာ အခန်းပြင်ထွက်လာသည်။ အပြင်မှာရှိသောသွမ့်မုရွေ့ရန်က တော်ဝင်ပညာရှင်လီကိုလှမ်းကြည့်ပြီး အံ့ဩနေသည်။
ဒီနေ့ တော်ဝင်ပညာရှင်လီကိုကြည့်ရတာ အခြေအနေပိုကောင်းမှန်း သူလုံးဝခံစားမိသည်။
နောက်ရက်များတွင် ချင်လင်က တော်ဝင်ပညာရှင်လီအတွက် အရည်အသွေး ၂ လိပ်နှင့်ငါးပုတ်သင်ဝါကြီးကို နေ့တိုင်းချက်ပေးသည်။
လင်းလျိုတို့တောင် အရည်အသွေး ၂ ငါးပုတ်သင်အဝါကြီးစွပ်ပြုတ်ကို နေ့တိုင်းသောက်ရသည်။
လိပ်နှင့်ငါးပုတ်သင်ဝါစွပ်ပြုတ်ကို နေ့စဉ်ဖြည့်ဆည်းပေးခြင်းကြောင့် တော်ဝင်ပညာရှင်လီ၏အသားအရေပိုကောင်းလာကြောင်း သွမ့်မုရွေ့ရန်သတိထားမိသည်။
ရက်ပိုင်းနှင့်မသိသာသော်လည်း တစ်ပတ်ကြာပြီးနောက်တွင် ထူးခြားမှုများရှိလာသည်။
"တော်ဝင်ပညာရှင်လီ... ဒီနေ့ ရုံချန်းမြို့ထဲကဆေးရုံသွားပြီး စစ်ကြည့်သင့်တယ်''
သွမ့်မုရွေ့ရန်က မနက်အစောကြီးနိုးလာပြီး တော်ဝင်ပညာရှင်လီကိုပြောသည်။
တော်ဝင်ပညာရှင်လီ၏အသက်အရွယ်နှင့်ခန္ဓာကိုယ်အခြေအနေအရ ခွဲစိတ်မှုနှင့်ဓာတ်ရောင်ခြည်ပေးခြင်းကိုခံနိုင်ရည်မရှိ။ တိုင်းရင်းဆေးကုသမှုနှင့် တစ်ပတ်တစ်ခါဆေးစစ်ခြင်းသာလုပ်နိုင်သည်။
ထိုအထဲတွင် ကင်ဆာသန္ဓေ antigen၊ ကင်ဆာ antibody CA19 -9, CA724, CA125၊ alpha-fetoprotein၊ သွေးရည်ကြည် pepnogen I၊ သွေးရည်ကြည် pepnogen II၊ သွေးရည်ကြည် beini စသည်တို့၏တန်ဖိုးများကို စစ်ဆေးဖို့လိုသည်။
တိုင်းရင်းဆေးက တော်ဝင်ပညာရှင်လီ၏ခန္ဓာကိုယ်ကိုထိန်းညှိပေးသည့်အပြင် ထိုတန်ဖိုးများဆက်လက်မြင့်တက်မလာအောင်၊ ပိုဆိုးမလာအောင်လည်းကာကွယ်ပေးသည်။
လုံးဝထိန်းချုပ်ဖို့မဖြစ်နိုင်၍ ပမာဏတက်မလာအောင်သာ အတတ်နိုင်ဆုံးကြိုးစားထိန်းချုပ်ရသည်။
ချင်းလင်အပန်းဖြေစံအိမ်တွင် ထိုစမ်းသပ်မှုများပြုလုပ်ရန် ပစ္စည်းကိရိယာမရှိသောကြောင့် တော်ဝင်ပညာရှင်လီကိုဆေးစစ်ရန် ရုံချန်းဆေးရုံပို့ရသည်။
ချင်းလင်အပန်းဖြေစံအိမ်တွင် ထိုကိရိယာများကိုဖြည်းဖြည်းချင်းဖြည့်သွားရမည်။
သို့ရာတွင် ချင်းလင်အပန်းဖြေစံအိမ်၌ အထူးကားရှိသည်။ ကုသခန်းတာဝန်ခံထန်ရှိုးဝမ်ကိုယ်တိုင် တော်ဝင်ပညာရှင်လီကိုလိုက်ပို့ပြီး စမ်းသပ်မှုတလျှောက်တွင် အဖော်ပြုပေးသည်။
သို့ရာတွင် ထိုစမ်းသပ်ချက်ကို အချိန်တိုအတွင်းအဖြေမရ။ အစောဆုံး နောက်နေ့မှရမည်။ နောက်တစ်ခေါက် ဆေးရုံပြန်လာစရာမလိုဘဲ ဆေးရုံက ချင်းလင်အပန်းဖြေစံအိမ်သို့ ရလဒ်များပို့ပေးမည်ဖြစ်သည်။
ရုံချန်းဆေးရုံက သူ့ကိုမျက်နှာသာပေးလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီက ရုံချန်းမှာအင်အားကြီးနေပြီ။
ပထမဆုံးလက်ခံရသည်က အစာအိမ်၏ PET-CT scan ဖြစ်သည်။ ပုံမှန်အားဖြင့် အစာအိမ်ကင်ဆာဟုရောဂါနာမည်မတပ်ခင် PET-CT မှာ အထောက်အကူပြုစမ်းသပ်ချက်သာဖြစ်သည်။ သို့ရာတွင် အစာအိမ်ကင်ဆာနေရာရှာတွေ့သည်နှင့် PET-CT က ပြင်းထန်အကျိတ်၏အရွယ်အစားကိုတိတိကျကျတိုင်းတာစစ်ဆေးနိုင်သည်။
သွမ့်မုရွေ့ရန်ကချက်ချင်း ကုသခန်းသွားပြီး တော်ဝင်ပညာရှင်လီ၏အစာအိမ် PET-CT ပုံကိုကြည့်လိုက်သည်။ ပုံထဲမှမည်းမည်းအရိပ်ကိုကြည့်ပြီး သူအံ့အားသင့်သွားသည်။
ပြုစုစောင့်ရှောက်သောဆရာဝန်ဖြစ်၍ တော်ဝင်ပညာရှင်လီ၏ဆေးမှတ်တမ်းကိုမကြာခဏကြည့်ထားသောကြောင့် ဘာဖြစ်နေလဲ သူချက်ချင်းသိသည်။
"မဟုတ်သေးဘူး!''
သွမ့်မုရွေ့ရန် ရေရွတ်လိုက်သည်။ သူက PET-CT ပုံကို တော်ဝင်ပညာရှင်လီအခန်းထဲအမြန်ယူသွားပြီး အိတ်ရှာလိုက်သည်။
ထိုအိတ်ထဲတွင် တော်ဝင်ပညာရှင်လီ၏နောက်ဆုံး PET-CT နှင့်ဆေးစစ်ချက်များပါသည်။ သူကချက်ချင်း အချက်အလက်များကိုနှိုင်းယှဉ်ကြည့်ပြီး မယုံနိုင်ပုံဖြစ်သွားသည်။
အသစ်ရိုက်ထားသော PET-CT ထဲတွင် ကင်ဆာအကျိတ်မည်းမည်းအရိပ်က ဆက်ပွားမလာဘဲ နည်းနည်းကျုံ့သွားသောကြောင့်ပင်။ ထင်ထင်ရှားရှားမဟုတ်သော်လည်း အချက်အလက်က ဒီအတိုင်းပြနေသည်။
ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
"မှားတာဖြစ်မယ်''
သွမ့်မုရွေ့ရန်က မယုံရဲသေး၍ ခန့်မှန်းကြည့်သည်။
ဆရာဝန်ရဲ့ကျွမ်းကျင်မှု၊ လုပ်ဆောင်ပုံအားနည်းချက်နဲ့ စက်ပစ္စည်းချို့ယွင်းချက်တွေက အနည်းနဲ့အများတော့ PET-CT ပုံကိုသက်ရောက်မှုရှိလိမ့်မယ်။ ဒီတော့ နောက်ဆုံး တခြားစမ်းသပ်ချက်တွေကို ကြည့်ရဦးမှာပေါ့။
ဘာပဲဖြစ်ဖြစ် အစာအိမ်ကင်ဆာလိုပြင်းထန်အကျိတ်မျိုးကို မပွားအောင်လုပ်ဖို့ခက်သည်။ လောလောဆယ် ခွဲစိတ်တာ၊ဓာတ်ရောင်ခြည်ပေးတာမျိုးမရှိဘဲ နည်းနည်းလေးဆိုရင်တောင် အကြောင်းအရင်းမရှိကျုံ့သွားဖို့မဖြစ်နိုင်။