← Chapters

အဲလောက်သေချင်နေတာလား

Vol. 76 Ch. 1501

အဲလောက်သေချင်နေတာလား

Vol. 76 Ch. 1501

“ညီလေး သူတို့လိုချင်တဲ့လူက ငါပါ၊ ဒီကိုလာခိုင်းလိုက်ပါ” ကျို့ရှို့သည် ကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်သည်။ သူ၏အသက်သည် ဤမျှပြင်းလိမ့်မည်ဟု ထင်မထားပေ။ ဤမျှမြင့်သောအမြင့်မှ ပြုတ်ကျသော်လည်း မသေပေ။

ဤအသက်သည် တစ်ခါသေပြီးသားဖြစ်သဖြင့် ကျို့ရှို့သည် သေရမည်ကို မကြောက်ပေ။ သူသည် ဤလူငယ်အား ဝင်မပတ်သက်စေချင်ပေ။

ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားကာ ကျို့ရှို့အား ငုံ့ကြည့်လိုက် သည်။ သူမ၏ အေးစက်သောမျက်လုံးများထဲတွင် ငေါ့သည့်အငွေ့အသက်နှင့် အထင်သေးမှုများရှိနေသည်။ သူမသည် မိုလီကဲ့သို့ မိမိကိုယ်ကိုယ်လေးစားပြီး ချစ်တတ်သူနှင့်တွေ့သည်ဟုထင်ထားသော်လည်း မထင်မှတ်စွာပင် ဤလူငယ် သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သူဖြစ်နေသည်။

“သေရမှာကိုမကြောက်တဲ့သူနဲ့ တစ်ခါတွေ့ဖူးတယ်၊ ဒါပေမဲ့ တစ်ဖက်လူ ရဲ့လက်ထဲကို ကိုယ့်အသက်ကိုယ်ထည့်တဲ့လူနဲ့တော့ မတွေ့ဖူးဘူး၊ အဲလောက် တောင်သေချင်နေတာလား” ပေထင်းဟွမ်သည် တောင်ကမ်းပါးဆီသို့ မေးမော့ လိုက်သည် “ကိုယ့်ဘာသာ တက်သွားလေ၊ အဲဒီကနေကျရင်တော့ သေဖို့ လုံလောက်တဲ့အမြင့်ရှိပါတယ်”

ပေထင်းဟွမ်၏ဆိုလိုရင်းကို ကျို့ရှို့ နားမလည်ရမည့်အလှည့်ဖြစ်သည်။ သူ၏မျက်လုံးနှင့် မျက်ခုံးများသည် အလွန်ပင်ချောမွတ်ကာ နှာတံသည် ဝါးတစ် လုံးအလားပင်။ သွေးစွန်းနေသော နှုတ်ခမ်းများသည် အနည်းငယ်ဖြူဖျော့နေ သည်။ မျက်ခုံးများသည် ဖြောင့်တန်းပြီး မျက်နှာတွင် သူရဲကောင်းဆန်သော အရိပ်အယောင်ရှိသည်။

ကျို့ရှို့သည် ခေတ္တမျှငေးကြောင်သွားသည်။ ထို့နောက် ပြုံးကာ ခေါင်းခါ လိုက်သည်။ သေဆုံးခြင်းသည် ဤမျှကြောက်ဖို့ကောင်းသည်ဟု မခံစားရပေ “ညီလေးက တော်တော်အရည်အချင်းရှိတာပဲ၊ ငါက မသန်စွမ်းပါ အဲတော့ ငါ့ အတွက်နဲ့ အသက်ပေးစရာမလိုပါဘူး၊ သူတို့က နတ်ဆိုးစိတ်ဝိညာဉ်တွေပဲ၊ နယ်ပယ်ရဲ့အစောင့်အရှောက်လေးယောက်က သေမင်းလို့ လူသိများတယ်၊ ငါက သေရမှာကိုမကြောက်ပါဘူး ဒါပေမဲ့ ငါ့အတွက်နဲ့ လူတွေထပ်သေတာကို မလိုချင်တာ”

“ဟား ဟား ဟား”

ပေထင်းဟွမ် စကားမပြောနိုင်ခင်မှာပင် မျက်နှာချင်းဆိုင်တောင်မှ ထိပ်ပြောင်သည် ရယ်မောလိုက်ရာ ပေထင်းဟွမ် မျက်မှောင်ကြုတ်မိလေ၏။ ထိပ်ပြောင်၏အသံသည် တောင်ကြားကိုဖြတ်၍ရောက်လာသည် “သခင်လေး ဝါးစာအုပ်က လူသိများပါတယ်၊ ဒီညီလေးကို ငါတို့နဲ့တိုက်ခိုက်ရာကနေ ကယ်နိုင်မယ်လို့တွေးတယ်ဆိုလည်းကောင်းပါတယ်”

နယ်ခြားနတ်ဆိုးမြေမှလူများသည် ဆုံးဖြတ်ချက်ချရာတွင် အလွန် ကောင်းသည်။ ကျို့ရှို့၏ 'ညီလေး' ဟုခေါ်လိုက်သံသည် ပေထင်းဟွမ်နှင့် ဆက်ဆံရေးကို အမည်တပ်ပြီးသားဖြစ်ကာ ပေထင်းဟွမ်သည် စိတ်ပျော့သွားပြီး ကာကွယ်ပေးချင်သည့် စိတ်ကိုမွေးဖွားပေးလိုက်သည်။ ထိပ်ပြောင်နှင့်တခြားသူများသည်လည်း ပေထင်းဟွမ်အား ညီလေးဟု လိုက်ခေါ်နေကြသည်။

သေချာပေါက်ပင် ပေထင်းဟွမ်သည် ထိုအတွေးများကို အာရုံမစိုက်ပေ။ သူမသည် နှုတ်ခမ်းထောင့်ကိုကွေးလိုက်ကာ ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြီး ကျောက်တုံးပေါ်မှရပ်ကာ လက်နောက်ပစ်ရင်း နယ်ခြားနတ်ဆိုးမြေမှလူများ ကို မျက်နှာချင်းဆိုင်လိုက်သည် “အဲလိုလုပ်တာလည်း မဆိုးဘူးပဲ၊ ငါလည်း တိုက်ခိုက်ဖို့လူရှာနေတာ၊ မင်းတို့လေးယောက် အတူလာလို့ရတယ် ငါ့ကိုနိုင် မယ်ဆိုရင် သူ့ကိုခေါ်သွားလိုက်တော့ ရှုံးတယ်ဆိုရင်တော့ တပ်ပြန်ခေါက်လိုက် တော့”

၎င်းသည် ပေါ်တင်ရန်စလိုက်ခြင်းပင်။ ပေထင်းဟွမ် ထိုသို့ပြောလိုက် သည်နှင့် သူတို့လေးယောက်၏မျက်နှာများသည် ချက်ချင်းပင် မှောင်မိုက်သွား လေသည်။ ကံကောင်းစွာပင် အလင်းသည် မလုံလောက်သဖြင့် ပေထင်းဟွမ် သည် ရှင်းရှင်းလင်းလင်းမမြင်ရပေ။

ခဏကြာပြီးနောက် ထိပ်ပြောင်၏အသံသည် မျက်နှာချင်းဆိုင်တောင်မှ ထွက်ပေါ်လာသည် “မင်းရဲ့မျိုးရိုးနာမည်ကိုမေးလို့ရမလား၊ နယ်ခြားနတ်ဆိုး မြေကအစောင့်အရှောက်လေးယောက်က မလှုပ်ရှားခင်၊ လူမသတ်ခင် နာမည် မသိဘဲ လုံးဝမပြိုင်ဘူး”

ပေထင်းဟွမ် ဆတ်ဆော့မည်ကိုစိုးသဖြင့် ကျို့ရှီု့သည် အနည်းငယ် ပူပန်လာကာ အလျင်အမြန်ပင်ပြောလေသည် “ညီလေး သူတို့က ထိုးထွင်းဘုံရဲ့ အစောပိုင်းအဆင့်ရောက်နေတဲ့ သန်မာတဲ့လူတွေပဲ၊ သူတို့က ညီအစ်ကိုလေး ယောက် ပြီးတော့ အမြဲတမ်းရန်သူကို အတူတိုက်ခိုက်လေ့ရှိတယ်၊ သူကျီပြော သလိုပဲ ငါ့ကို သူတို့လက်ထဲထည့်လိုက်ပါ”

ပေထင်းဟွမ်သည် ထိုလူအား နောက်ပြန်လှည့်ကြည့်လိုက်သည် “မင်းက ငါမဟုတ်ဘူး ဘာလို့ တခြားလူလက်ထဲထည့်ရမှာလဲ၊ အစကတည်းက သေချင်နေရင်လည်း ကိုယ့်ဘာသာသွားလေ”

ကျို့ရှို့သည် လမ်းမလျှောက်နိုင်ပေ။ ဘီးတပ်ကုလားထိုင်မှာလည်း ကျိုးကြေသွားလေပြီ။ သူသည် ပေထင်းဟွမ်၏စကားများကို ကြားပြီးနောက် စကားဆက်မပြောတော့ပေ။ သူသည် အလကားလူဖြစ်သည်။ ပြောရလျှင် သူ၏ကိုယ်ပိုင် သေရေးရှင်ရေးကိုပင် မထိန်းချုပ်နိုင်ပေ။

All Chapters