မင်းရဲ့ဈာပနာကို သတင်းပို့ဖို့ ဒီသခင်လေးမှာ အချိန်မရှိဘူး
Vol. 76 Ch. 1502
မျက်နှာချင်းဆိုင်မှ လူလေးယောက်သည် ပေထင်းဟွမ်၏အဖြေကို စောင့်ဆိုင်းနေတုန်းပင်။ ပေထင်းဟွမ်သည် လက်နောက်ပစ်ကာ တင်စီးသည့် အပြုအမူနှင့် ကမ္ဘာကြီးကို ငုံ့ကြည့်နေရာ ထိပ်ပြောင်နှင့်တခြားသူများသည် အလိုလိုပင် နောက်ဆုတ်မိလေသည်။ ဤလူငယ်သည် သူတို့အား ဖိနှိပ်နေ သည်မှာ ဘုရင်တစ်ပါး၏ခမ်းနားမှုနှင့် ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်သည့် ဘုရင် ရောင်ဝါရှိသည်ဟု သူတို့ခံစားရလေသည်။
“အဲလိုပြောတော့ ငါ့ကိုသတိပေးလိုက်သလိုပဲ၊ နောက်ဆိုရင် ငါ လူသတ် မယ်ဆို စည်းမျဉ်းတစ်ခုချရတော့မယ်” ပေထင်းဟွမ်၏နှုတ်ခမ်းများသည် အသာတွန့်တက်သွားကာ သူမ၏မျက်နှာထားများသည် ပိုပို၍အထင်သေးလာ သည် “ဒါဆို မင်းတို့လေးယောက်က စတာပေါ့”
တိုးညင်းသောအသံတွင် တောင်ကဲ့သို့ လေးလံသောဖိနှိပ်မှုနှင့်အတူ လူ လေးယောက်၏ ရင်ကိုဖိလိုက်ရာ အသက်ရှူမရလောက်အောင်ဖြစ်စေလေ သည်။ သို့သော် သည်လိုဖြစ်လာလျှင် ဤကောင်လေးနှင့် တိုက်ခိုက်ရုံသာရှိ တော့သည်ကို လေးယောက်လုံးသိကြသည်။
“အဘိုးကြီး မင်းရဲ့နာမည်ကိုငါတို့မသိသေးဘူး၊ မင်းနာမည်ကိုအရင်ပြော လိုက်တာ ပိုကောင်းမယ်၊ မင်းဒီမှာသေသွားရင် မင်းရဲ့မျိုးဆက်တွေ လာပြီး အလောင်းကောက်လို့ရတာပေါ့” ထိပ်ပြောင်သည် ယဉ်ကျေးပုံပေါက်သည်။ သို့သော် သူ၏အသံနေအသံထားမှာ အလောကြီးပြီး ရန်စသံပါသည်။
ရှေ့တိုးရန်ဆုံးဖြတ်ထားပြီးဖြစ်ရာ ယဉ်ကျေးနေရန်မလိုပေ။
တစ်ဖက်လူသည် ပေထင်းဟွမ်အား 'အဘိုးကြီး' ဟုခေါ်သံကြားလိုက်ရ သည်။ ပေထင်းဟွမ်၏လက်ပတ်နေရာထဲရှိ သားရဲအုပ်တစ်စုသည် မှင်တက် သွားပြီးနောက် လူးလှိမ့်ရယ်မောကြလေသည်။ အမြဲတစေ ကြော့ရှင်း အေးစက် ပြီး အဆင့်မြင့်မြင့် နေတတ်သော အားဝေ့ပင်လျှင် ဗိုက်ကိုနှိပ်ကာ ရုပ်ပျက် ဆင်းပျက် အော်ဟစ်လေသည် “ဟေး ဟေး ငါ့မှာရယ်လိုက်ရတာ၊ အဘိုးကြီး သခင်က အသက်ဘယ်လောက်ကြီးနေတာလဲ၊ သူက အဘိုးကြီးလား”
“ဟုတ်တယ်၊ နှစ်ပေါင်းရာချီနေလာတြ့လူတွေကိုကြည့်လိုက်ပါဦး သူတို့ ကို ဘိုးတော်တွေလို့ခေါ်ရမှာလား” ယောင်ယောင်သည်လည်း ခေါင်းခါလိုက် ကာ အူနာနေသည့်ဗိုက်ကို ပွတ်သပ်နေသည်။
ပေထင်းဟွမ်သည် နှာမှုတ်ကာ ခါးကိုအသာပုတ်လိုက်သည် “ဟုတ်ပြီ မင်းတို့က နတ်ဆိုးဘုံကဆိုတာကိုသိတယ်၊ ဒါပေမဲ့ မင်းတို့ဈာပနကို သတင်းပို့ ဖို့ အချိန်မရှိဘူး”
“ဟွန်း”
အေးစက်သောနှာမှုတ်သံနှင့်တူ ထိပ်ပြောင်နှင့်တခြားလေးယောက်တို့ သည် လေထဲသို့မြောက်သွားလေသည်။ ပေထင်းဟွမ်သည် သူတို့ရောက်လာ သည်ကိုပင် မစောင့်နိုင်တော့ဘဲ တောင်ထိပ်တွင် ခြေဖျားကိုထောက်ကာ မျက်နှာချင်းဆိုင်တောင်သို့ ပြေးသွားလိုက်သည်။
ထိုအရာကိုမြင်ပြီး ထိပ်ပြောင်ကြီးသည် အလွန်ဒေါသထွက်သွားသည်။ သူတို့သည် အခွင့်အရေးကိုအရယူကာ ပေထင်းဟွမ်အားလက်နက်သဖွယ် အသုံးပြုပြီး တောင်ထိပ်မှ ကျို့ရှို့အားသတ်မည်။ ထိုအချိန်မှပင် ပေထင်းဟွမ် အားအပြစ်ပုံချမည်။ ဤလူငယ်သည် ငယ်ရွယ်ပုံပေါက်ပြီး လွတ်လမ်းဖောက် ရန်နည်းနည်းမှ အခွင့်အရေးမပေးလိမ့်မည်ဟု ထင်မထားပေ။
သည်လိုနှင့်... ထိပ်ပြောင်ကြီးသည် ညီအစ်ကိုများကို ကြည့်လိုက်သည်။ အဓိပ္ပာယ်မှာ ရှင်းလင်းသည်။ ပေထင်းဟွမ်ကို အရင်သတ်ရန်ဖြစ်သည်။
ညီအစ်ကိုလေးယောက်သည် လက်နက်များ အသီးသီးထုတ်လိုက်သည်။ တစ်ယောက်ချင်းစီမှာ ဓားကြီးတစ်ချောင်းစီဖြစ်သည်။ နှင်းဖြူရောင်ဓားသွား သည် ကောင်းကင်ထက်ရှိ လရောင်ခပ်မှိန်မှိန်နှင့်အတူ ရောင်ပြန်ဟပ်သွား သည်။ ထိုလေးယောက်သည် ခန္ဓာကိုယ်ထဲမှ နတ်မိစ္ဆာစွမ်းအင်ကိုလှုံ့ဆော်ကာ ချက်ချင်းပင် မြူခိုးမည်းသည် ဓားတွင်ပြည့်နှက်လာပြီး ပေထင်းဟွမ်အား ဖိနှိပ် လေသည်။
“မင်းက အသက်ကဖြင့်အိုနေပြီကို ဘာလို့ငယ်ချင်ယောင်ဆောင်နေတာ လဲ၊ မင်းက သူများကိစ္စကိုဝင်ပါချင်မှတော့ ငရဲသွားပါလိုက်တော့” ထိပ်ပြောင် သည် ပေထင်းဟွမ်ဆီသို့အရင်ပြေးလာပြီး လက်ထဲမှဓားကိုမြှောက်ကာ ပေထင်းဟွမ်အား ခုတ်လေသည်။ စွမ်းအင်သည် ကြီးမားသောလေဓားသွား အဖြစ်ပြောင်းသွားပြီး ပေထင်းဟွမ်ဆီသို့ ကောင်းကင်အားခုတ်သည့်ရောင်ဝါ နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးသည့်ရောင်ဝါတို့နှင့်အတူ ပေထင်းဟွမ်ဆီသို့ ရောက်လာသည်။
တခြားညီအစ်ကိုသုံးယောက်သည် ကြီးမားသောလဓားသွားကို ထိန်းချုပ် လေသည်။ သူတို့၏ခွန်အားသည် ထိပ်ပြောင်ကြီးထက်မလျော့ပေ။
“ကျန်းသူ လသေဆုံးခြင်း”
ပေထင်းဟွမ်အနောက်ရှိ တောင်ထိပ်တွင် ကျို့ရှို့သည် ပေထင်းဟွမ်၏ ဆေးကိုစားပြီးနောက် ခန္ဓာကိုယ်သည် ပြန်အားပြည့်လာသည်။ သူသည် ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲလှည့်ပြီး ပေထင်းဟွမ်အား ကြည့်လိုက်သည်။ အစောင့်အရှောက်လေးယောက်၏ ခုခံမှုကိုကြည့်ပြီး သူသည် တစ်ကိုယ်လုံး တုန်ယင်သွားလောက်အောင် ကြောက်မိလေသည်။