← Chapters

မင်းအတွက်မင်း အခေါင်းပြင်လိုက်

Vol. 76 Ch. 1504

မင်းအတွက်မင်း အခေါင်းပြင်လိုက်

Vol. 76 Ch. 1504

ဘုန်း

ကောင်းကင်ပေါ်တွင် အလင်းပျောက်ကွယ်သွားပြီး မီးပန်းများကဲ့သို့လက် ကာ စွမ်းအင်လခြမ်းဓားသွားလေးခုကို တစ်ခုချင်းစီရိုက်ချလေသည်။ ထို့နောက် ထိုဓားသွားများသည် လေနဂါးကြောင့် ပြိုကွဲသွားလေသည်။

ထိုကဲ့သို့အဖြစ်မျိုး အရင်ကမဖြစ်ဖူးပေ။ လခြမ်းဓားသွားလေးခုသည် မပူးပေါင်းထားသော်လည်း ၎င်းတို့တွင်ပါဝင်သည့် အားကောင်းသော စွမ်းအင် သည် ထိုးထွင်းအဆင့်ဦးပိုင်းရောက်နေသော သန်မာသောလူများမှစုစည်းထား ခြင်းဖြစ်ကာ ထိန်းချုပ်ထားသည်။

ထိပ်ပြောင်နှင့်တခြားသူများ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများဖြစ် ပေါ်နေကြသည်။ ကံကောင်းစွာပင် သူတို့အားလုံးသည် အတွေ့အကြုံရင့်သော တိုက်ခိုက်သူများဖြစ်သည်။ ဤအချိန်တွင် ပျာယာခတ်သွားပါက အသတ်ခံရ မည်ကိုသိကြသည်။ မြူခိုးမည်းသည် ထိပ်ပြောင်၏ခန္ဓာကိုယ်တွင် လက်လာပြီး ကြီးမားသောသားရဲ၏ပုံရိပ်သည် သူ့အနောက်တွင်ဖြစ်ပေါ်လာသည်။ ၎င်းသည် သားရဲ၏ စိတ်ဝိညာဉ်ဖြစ်သည်။

ထိုအချိန်တွင် ထိပ်ပြောင်သည် တိုက်ပွဲတွင် ခုခံရန် အားအကောင်းသော သားရဲစိတ်ဝိညာဉ်များကို ပြတ်သားစွာ ဆင့်ခေါ်လိုက်ကြသည်။ တခြား သုံးယောက်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့လေးယောက်သည် အရှင် အဆင့်ကျွမ်းကျင်သူများဖြစ်ကာ ဆင့်ခေါ်လိုက်သည့်သားရဲစိတ်ဝိညာဉ်များ သည်လည်း ထူးခြားသောခွန်အားရှိသည်။ သူတို့အားလုံးသည် အရှင်အဆင့် သားရဲစိတ်ဝိညာဉ်များဖြစ်ကြသည်။

“ကျန်းသောင့် တံစဉ်”

သူတို့လေးယောက်သည် ရှေ့တိုးလိုက်ကာ ဓားကြီးလေးခုသည် တစ်ခုနှင့် တစ်ခုထပ်သွားသည်။ လူလေးယောက်၏ အော်သံနောက်တွင် တံစဉ် ကဲ့သို့စွမ်းအားဓားသွားသည် ဓားထိပ်တွင်ဖြစ်ပေါ်လာသည်။ ထိုတံစဉ်သည် သံမဏိဖြင့်ပြုလုပ်ထားပုံပေါ်ပြီး အေးစက်သောသတ္တုအလင်းလက်သွားပြီး မှေးမှိန်သောလသည် ၎င်းပေါ်တွင်ရောင်ပြန်ဟပ်နေသည်။

၎င်းသည် အစောင့်အကြပ်လေးဦး၏ နာမည်ကျော်ကြားသော ဓား အရည်အချင်းဖြစ်သည်။ ဤအကွက်နှင့်ဆိုလျှင် သူတို့သည် ကစဥ့်ကလျားဘုံ အရှင်ကဲ့သို့သန်မာရုံမက ထိုးထွင်းဘုံနော်ကဆုံးအဆင့်အရှင်ကိုပင် ထိပ်တိုက် တွေ့ရဲကာ ခေါင်းဖြတ်ရဲသည်။

ညီအစ်ကိုလေးယောက်သား ပူးပေါင်း၍ထိုအကွက်ထုတ်လိုက်ခြင်း၍ သတင်းသည် အဝေးထိပျံ့သွားသည်။

တံစဉ်သည် မုန်တိုင်းနဂါးဆီသို့ ပြိုင်ဘက်ကင်းသောအဟုန်ဖြင့် တိုးဝင် သွားပြီး လေထဲတွင် ပြင်းထန်စွာတိုက်မိရာ 'ချွင်း' ဆိုသည့်အသံထွက်ပေါ်လာ ပြီးနောက် အေးစက်သောမီးများပွင့်ထွက်လာသည်။

မုန်တိုင်းနဂါး၏ဝမ်းဗိုက်သည် တံစဉ်ကြောင့် ပွင့်သွားဟန်တူသည်။ မြူခိုး မည်းများ ၎င်းထံမှထွက်လာသည်။ ပြင်းထန်သောဒဏ်ရာအောက်တွင် မုန်တိုင်းနဂါးသည် မခံမရပ်နိုင်သောနာကျင်မှုခံစားလိုက်ရပုံနှင့် ကြီးမားသော နဂါး၏မာန်ဖီသံသည် အားလုံး၏နားစည်ကို လှုပ်ခါသွားစေသည်။ မုန်တိုင်း နဂါးသည် တံစဉ်ဆီမှ ဖောက်ထွက်လေသည်။ ၎င်း၏အားကောင်းသော အမြီးသည် တံစဉ်အား ပြင်းထန်စွာရိုက်ချလေသည်။

ဘုန်း...

တိုက်မိသည့်အဟုန်သည် ပိုပြင်းထန်ကာ ကောင်းကင်ပြိုကျမတတ်ပင်။

တိုက်မိသည့်နေရာမှ ကြီးမားသောစွမ်းအင်လှိုင်းထွက်လာပြီး မျက်လုံး နှင့် အတိုင်းသားမြင်ရသော စွမ်းအင်လှိုင်းသည် အားကောင်းလွန်းသဖြင့် ကောင်းကင်ကိုပင် နှစ်ပိုင်းခွဲနိုင်လေသည်။ တောင်ထိပ်သည် မြေပြင်သို့ပြိုကျ ပြီး မရေတွက်နိုင်သောသစ်ပင်များသည် အလယ်မှပိုင်းပြတ်သွားကာ သားရဲ များ ပြေးလွှားကြသည်မှာ မမြင်ရက်စရာမြင်ကွင်းပင်။

ဤအားကောင်းသော တိုက်မှုသည် နောက်ဆုံးတွင် မုန်တိုင်းနဂါး၏အရှုံး နှင့်အဆုံးသတ်သွားသည်။ အစောင့်အကြပ်လေးယောက် အတူစတေးလိုက် သည့် သေမင်းတံစဉ်သည် အလွန်အားကောင်းလှသည်။ မုန်တိုင်းနဂါး၏ နဂါး အမြီးသည် တံစဉ်ကြောင့်ပြတ်သွားကာ ကောင်းကင်နှင့်မြေကြီးအကြားမှ နဂါး စွမ်းအားသည် ပျောက်ကွယ်သွားသည်။ သို့သော် ထိုတံစဉ်သည် ပေထင်းဟွမ် အားသတ်ရန် လုံလောက်တုန်းပင်။

အစောင့်အကြပ်ကြီးလေးဦး၏လှုပ်ရှားမှုသည် ပေထင်းဟွမ် ပြသသော သားရဲထိန်းချုပ်ပညာကဲ့သို့ စွမ်းအင်ကို ထပ်စေပြီး အစောကကဲ့သို့ သဘာဝလွန်စွမ်းအားကို ဖြစ်စေသည်။

ပေထင်းဟွမ်သည် သေမင်းတံစဉ် သူမဆီသို့လာနေသည်ကိုမြင်သည်နှင့် မျက်လုံးကိုအသာမှိတ်ကာ မျက်နှာချင်းဆိုင်တွင်ရှိသော အစောင့်အကြပ်လေး ဦးကို ကြည့်လိုက်သည်။ ပြိုင်ဘက်၏မျက်နှာသည် ဖြူဖျော့ပြီး ကူကယ်ရာမဲ့နေ သည်ကို သူမ မြင်နိုင်သည်။ ဤလှည့်ကွက်ကိုသုံးပြီးနောက် ညှာတာရမည်ဟု ထင်နေသည်လားမသိပေ။

သေမင်းတံစဉ်သည် အဟုန်ဖြင့်လာနေသည်။ မုန်တိုင်းနဂါးကို အနိုင် တိုက်ပြီးနောက် ကျန်ရှိသည့်စွမ်းအင်သည် တောင်တစ်လုံးကို ထောက်ပံ့နိုင် တုန်းပင်။ သို့သော် ဤကဲ့သို့စွမ်းအင်သည်.... ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက် သည် “ဒီလိုမျိုး အစွမ်းအစနည်းနည်းရှိရင်လည်း တိုက်ကွက်မထုတ်ခင် ကိုယ့် အတွက် အခေါင်းပြင်ထားသင့်တယ်”

All Chapters