← Chapters

သူ့ကိုယ်သူဖောက်ခွဲတော့မှာ

Vol. 76 Ch. 1505

သူ့ကိုယ်သူဖောက်ခွဲတော့မှာ

Vol. 76 Ch. 1505

ပေထင်းဟွမ်၏အသံဆုံးသည်နှင့် သူမ၏ခန္ဓာကိုယ်သည် အမြင့်သို့ ခုန် တက်လေသည်။ သူမ၏လက်ထဲမှဓားပျော့သည် ကြာပွတ်သဖွယ် ကြီးမား သော စွမ်းအင်ဖြင့်ရစ်ပတ်ကာ သေမင်းတံစဉ်ဆီသို့ ရိုက်ချလေသည်။

တစ်ချက်...

အစိုင်အခဲကိုယ်ထည်အဖြစ် စုစည်းထားသည့် သေမင်းတံစဉ်သည် ပေထင်းဟွမ်၏ရိုက်ချက်အောက်တွင် ပျောက်ကွယ်သွားလေသည်။ ထိုအထဲ တွင် မိုးကြိုးသွားရောင်ဝါလည်း မှေးမှိန်သွားသည်။ ထိုကြာပွတ်၏စွမ်းအား သည် အမှန်တကယ်ပင် ကောင်းလွန်းသည်။ သေမင်းတံစဉ်ဆီမှထွက်လာသော တုံ့ပြန်မှုသည် အစောင့်အကြပ်လေးယောက်ဆီသို့ရောက်သွားကာ ထိုလေး ယောက်မှာ နောက်ပြန်လဲကျကြလေသည်။ စွမ်းအင်နှင့်သွေးများ ဆူတက်လာ သည်။ ရင်ဘတ်ကိုဆုပ်ကိုင်ရင်းနှင့်ပင် ပါးစပ်အပြည့်သွေးများပြန်အန်ထွက် လေသည်။

ဤကောင်လေး၏ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

နောက်ဆုံးတွင် ကျို့ရှို့သည် သက်ပြင်းချလိုက်သည်။ လူငယ် သူ့ကို မည်မျှပင် ကယ်တင်ချင်သည်ဖြစ်စေ သို့မဟုတ် ပထမဆုံးအကြိမ်မြင်သည်နှင့် ရင်ထဲမှ နားလည်ရခက်သည့်မေတ္တာကြောင့်ဖြစ်စေ ကျို့ရှို့သည် သူ့အား မထိခိုက်စေလိုပေ။

လူငယ်သည် လေထဲတွင်ရပ်တန့်နေပြီး လက်ထဲမှဓားပျော့ကို ယမ်းကာ မျက်နှာချင်းဆိုင်မှလူလေးယောက်ကို အပြုံးသဲ့သဲ့ဖြင့်ကြည့်လေသည်။ တစ်ဖက်လူ၏မျက်နှာမှာ ဖြူဖျော့နေပြီဖြစ်ကာ လရောင်ခပ်မှိန်မှိန် ကျနေသည့် ညအမှောင်ထဲမှာပင် ကြက်သီးတဖြန်းဖြန်းထလောက်စေသည်။

အစောပိုင်းက ရင့်သီးသောစကားများပြောခဲ့မိလျှင် ကျိန်းသေပေါက် သေခြင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်တွင် ပေထင်းဟွမ် ၏ခွန်အားသည် သူတို့ထက် သေချာပေါက်မြင့်သည်။ ထိပ်ပြောင်တို့သည် စိတ် ထဲတွင် ကြောက်စိတ်ဝင်လာသည်။ ဤအချိန်သည် ထွက်ပြေးရန်အကောင်း ဆုံးဖြစ်သည်။

အသက်ကိုကယ်ခြင်းသည် တခြားအရာများထက် ပို၍အရေးကြီးသည်။

“ထွက်ပြေးချင်တာလား”

လူလေးယောက်၏မျက်လုံးများ ဘယ်ညာရှောင်တိမ်းနေသည်ကိုကြည့် ပြီး ပေထင်းဟွမ်သည် သူတို့၏အတွေးများကိုမြင်နိုင်သဖြင့် နှာမှုတ်လေသည် “သူက လှုပ်ရှားမှတော့ လက်ဗလာနဲ့မပြန်သင့်ဘူးလို့ သခင်ပြောတယ်၊ ပြီးတော့ ထွက်ပြေးဖို့က မဖြစ်နိုင်ဘူး”

ပေထင်းဟွမ်၏မျက်လုံးများမှ လူသတ်မည့်ရည်ရွယ်ချက်သည် ဩချ လောက်စရာဖြစ်ကာ ထိပ်ပြောင်၏စိတ်ထဲတွင် ကြောက်ရွံ့မှုများထိုးတက်လာ သည်။ တစ်နေကုန်ဘဲငန်းကို အမဲလိုက်ရင်းနှင့် ယနေ့ ဘဲငန်းကြောင့် ကန်းလုမတတ်ပင်။ သူ သေသွားလျှင် တော်သေးသည်။ သို့သော် သူသည် ဤ လူငယ်၏လက်ထဲတွင် ညီသုံးယောက်ကို အသေမခံနိုင်ပေ။

“ငါ သေမှဖြစ်မယ်ဆိုမှတော့ မင်းကိုလည်း ငါနဲ့အတူတူမြှုပ်တာပေါ့”

ထိပ်ပြောင်သည် ပေထင်းဟွမ်ဆီသို့ ကြယ်တစ်စင်းကြွေသည့်အရှိန်ဖြင့် ပြေးလာလေသည်။ သူ၏ခန္ဓာကိုယ်မှ မြူခိုးမည်းအလွှာထွက်လာပြီး အရည် မပျော်နိုင်သည့် ထူထဲသည့်မြူခိုးလိုပင်။ ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏ညီသုံး ယောက်တို့သည် ရင်နာစွာဖြင့် တညီတညွှတ်တည်းအော်ကြလေသည် “အစ်ကိုကြီး”

သူတို့သည် ထိပ်ပြောင်ကြီး လုပ်မည့်အရာကို နားလည်ကြသည်။ သူသည် ပေထင်းဟွမ်နှင့်အတူ အသေခံချင်နေသည်။

ထိပ်ပြောင်သည် ခက်ထန်သည့်နတ်ဘုရားတစ်ပါးအလား မျက်လုံးများ ရဲတွတ်နေကာ တစ်ကိုယ်လုံးမှ မှော်စွမ်းအားများ တက်လာပြီး သူမဆီသို့ အမြောက်ဆန်ကဲ့သို့ တိုးဝင်လာသည်။ ဤလူ မည်သို့လုပ်မည်ကို ပေထင်းဟွမ် လည်း အကြမ်းဖျင်းနားလည်သည်။ သူမနဲ့အတူ သေချင်တာလား။ ပေထင်းဟွမ် နှာမှုတ်လိုက်သည်။ သူ အရည်အချင်းရှိလားလို့ ကြည့်တာပေါ့။

“သူ့ကိုယ်သူ ဖောက်ခွဲမလို့ပဲ”

မျက်နှာချင်းဆိုင်တောင်ပေါ်တွင် ကျို့ရှို့သည် ရုတ်တရက်ရင်ခုန်လာ သည်။ ထိပ်ပြောင်သည် အပြင်းအထန်ဒဏ်ရာရထားပြီး အရှင်အဆင့် ကျွမ်းကျင်သူတစ်ယောက် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်းသည် တောင်တစ်လုံး ကို ဖြိုချနိုင်လောက်သည်။ သူသည် ပေထင်းဟွမ်နှင့်အတူ အသေခံကာ ပေထင်းဟွမ်အား ငရဲသို့ဆွဲခေါ်ရန် အသေခံဖောက်ခွဲမည်ဖြစ်သည်။

သူသည် သူဒဏ်ရာရလျှင်တောင် ပေထင်းဟွမ် သေသည်ကိုမမြင်ချင်ပေ။

သို့သော် လက်ရှိတွင် ကျို့ရှို့သည် သူ့ကိုယ်သူပင် မလှုပ်နိုင်ပေ။ ထို့ကြောင့် ပေထင်းဟွမ်အား သတိပေးရန်မျှော်လင့်ချက်နှင့် အားကုန်သုံးကာ အော်လိုက်သည်။

သူ၏အော်သံကိုကြားပြီးနောက် ထိပ်ပြောင်ကြီး၏ညီသုံးယောက်သည် သူရှိရာဘက်သို့ကြည့်လေသည်။ အားလုံးသည် ဒေါသထွက်ကာ ပေထင်းဟွမ် နှင့် ကျို့ရှို့တို့အား အရိုးထဲထိမုန်းမိလေသည်။ ညီအစ်ကိုလေးယောက်သည် လေးမြွှာပူးအဖြစ်မွေးဖွားလာခဲ့ကာ ငယ်စဉ်ကတည်းကပင် အရေးမပေးခံခဲ့ရ ပေ။ ထိပ်ပြောင်ကြီးသည် သူတို့အား အမြဲတမ်းဂရုစိုက်ပေးခဲ့ကာ ကျင့်ကြံခြင်း လမ်းသို့ဦးဆောင်ပေးခဲ့သဖြင့် ယနေ့ခွန်အားကိုရရှိခြင်းဖြစ်သည်။

အမှောင်နတ်မိစ္ဆာဘုံထဲတွင် သူတို့တွေ နယ်ပယ်သခင်ကို မတိုက်ခိုက် သရွေ့ ဘာမှမဖြစ်နိုင်ဟု ထင်ခဲ့သည်။ ဤကလေးသည် တစ်နေရာမှပေါ်ထွက် လာကာ အမှိုက်တစ်ယောက်အတွက်နှင့် သူတို့အားတိုက်ခိုက်ပြီး သူတို့၏ အစ်ကိုကြီးကို သူတို့အသက်ကယ်ရန်အတွက်နှင့် သူ့ကိုယ်သူ ဖောက်ခွဲရန် ဖိအားပေးလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

All Chapters