← Chapters

အဆုံးသတ်သူ

Vol. 76 Ch. 1506

အဆုံးသတ်သူ

Vol. 76 Ch. 1506

“အာ”

ဒုတိယမြောက်သည် အော်ဟစ်ပြီးနောက် လက်ထဲမှဓားကြီးကိုမြှောက် ကာ ပေထင်းဟွမ်အား ခုတ်လေသည်။ သူတို့လေးယောက်သည် အမှောင် နတ် မိစ္ဆာဘုံတွင် ပြစ်မှုများအားလုံး ကျူးလွန်ပြီးသားဖြစ်သည်။ မရေတွက်နိုင်သော သတ္တဝါများကို သတ်ဖြတ်ခဲ့သည်။ သူတို့၏စိတ်သည် နိုင်ထက်စီးနင်းပြုမူ တတ်သည်။ သွေးထွက်သံယိုကိစ္စများ ပြုလုပ်ခဲ့သည်။ သူတို့အစ်ကိုကြီး၏ အသက်နှင့် ခဏတာပေါ်လာသောအသက်ကိုလဲလှယ်ရမည့်အစား သူတို့ပါ လိုက်သေလိုက်သည်က ပိုကောင်းသည်။

တတိယမြောက်နှင့် စတုတ္ထမြောက်တို့သည် ဒုတိယမြောက်ကို မတားကြ ပေ။ ညီအစ်ကိုများသည် တစ်စိတ်တည်းတစ်ဝမ်းတည်းပင်။ သူတို့သည် အကြီးဆုံးကို ထိုအတိုင်း မသေစေချင်ပေ။ သူတို့သေလျှင်တောင် လေးယောက် လုံးအတူသေရမည်။

အားကောင်းသောလေသုံးခုသည် ကောင်းကင်တစ်ခုလုံးကို ခွဲရန်လုံလောက်သည်။ ညီအစ်ကိုသုံးယောက်၏ခွန်အားသည် အထင်မသေး နိုင်လောက်အောင် အမှန်တကယ်ပင် အားကောင်းသည်။ ထိုအချိန်တွင် အကြီးဆုံးသည် လက်ဆန့်ထုတ်ကာ လျှပ်စီးကဲ့သို့လျင်မြန်သောအရှိန်ဖြင့် ပေထင်းဟွမ်အား ဆွဲကာ သူနှင့်အတူအသေခံတော့မည်။

ထိုမြင်ကွင်းသည် ပေထင်းဟွမ်အား ဒေါသထွက်စေသည်။ သူတို့သည် သန်မာသောလူလေးယောက်ဖြစ်သော်လည်း အရင်လိုမကျင့်ကြံနိုင်တော့ဘဲ မသန်စွမ်းတော့သည့် သာမန်လူတစ်ယောက်ကို ရယ်စရာတစ်ခုလိုဆက်ဆံခဲ့ ကာ ယခုအခါ သူတို့သည် သူမ၏အသက်ကိုလိုချင်နေပြန်သည်။

ထိပ်ပြောင်၏အရှိန်သည် အလွန်ပင်မြန်ဆန်လှသည်။ သူသည် ပေထင်းဟွမ်နှင့် ၃ ပေပင်မဝေးတော့ပေ။ ပေထင်းဟွမ်သည် ရုတ်တရက် ပေါက်ကွဲကာ ၎င်း၏အရှိန်သည် စကားလုံးများဖြင့်ပင် ဖော်ပြ၍မရပေ။ ပုံရိပ် သည် ကောင်းကင်ဆီသို့ တည့်တည့်ပျံတက်သွားကာ နောက်တွင် ပြင်းထန်စွာ ပြုတ်ကျပြီး စူးရှစွာလှည့်လိုက်သည်။ ခြေထောက်တစ်ဖက်မြှောက်ကာ ထိပ်ပြောင်၏ရင်ဘတ်ဆီသို့ ကန်ချလိုက်သည်။ ထိုလူ၏ကိုယ်လုံးသည် ဇောက်ထိုးကျသွားကာ သူ့နောက်သို့လိုက်လာသည့် ညီအစ်ကိုသုံးယောက်နှင့် ပြင်းထန်စွာ တိုက်မိလေသည်။

လုပ်ဆောင်ချက်အတွဲလိုက်သည် အသက်တစ်ရှိုက်တစ်ဝက်အတွင်း၌ ပြီးမြောက်သွားရာ မြန်ဆန်လွန်းသဖြင့် ထိုလူများသည် မတုံ့ပြန်နိုင်လိုက်ပေ။ အားကောင်းသော လေသုံးချက်သည် ပေထင်းဟွမ်ဆီသို့ ပျံလာပြီး ထိပ်ပြောင် ၏ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်ဆေးသည် စတင်တဖျပ်ဖျပ်လှုပ်ရှားလာသည်။ ထိုအရာကိုကြည့်ပြီး ညီအစ်ကိုသုံးယောက်သည် ခေတ္တမျှတုံ့ဆိုင်သွားကာ လှည့်ပြေးထွက်တော့မည်ပြုသည်။

ထိုအချိန်တွင် ညီအစ်ကိုရင်းနှီးမှုမှာ နက်ရှိုင်းကာ အစ်ကိုကြီးဖြစ်သူနှင့် သေအတူရှင်မကွာအတူရှိရန် အဆင်သင့်ဖြစ်လျှင်တောင် သေခြင်းတရား ရောက်လာချိန်တွင် သူတို့သုံးယောက်သည် နောက်ဆုတ်မိတုန်းပင်။

သူတို့၏အစ်ကိုကြီးကြောင့် မည်သူမှ မသေချင်ကြပေ။

ဘုန်း..

သူတို့သုံးယောက်သည် ခြေတစ်လှမ်းနောက်ကျသွား၏။ ကြီးမားသော လေလှိုင်းသည် မီးပန်းများကိုသယ်ဆောင်ကာ သူတို့သုံးယောက်၏ နောက်ကျောကို ရိုက်ချလေသည်။ အရှင်အဆင့်ကျွမ်းကျင်သူ၏ စိတ်ဝိညာဉ် ဆေးပေါက်ကွဲသည်နှင့် ဖြစ်ပေါ်လာသော စွမ်းအင်လှုံ့ဆော်မှုသည် ပေထင်းဟွမ်ပင် တဆတ်ဆတ်တုန်ယင်မိလေသည်။

လေလှိုင်းသည် ပေထင်းဟွမ်အား ကျော်တက်သွားရာ ပေထင်းဟွမ်သည် လှည့်ပြေးလေသည်။

ညီအစ်ကိုသုံးယောက်နှင့် ထိပ်ပြောင်တို့အကြားမှ အကွာအဝေးသည် ၁၀ ပေပင်မဝေးတော့ပေ။ ကြီးမားသောလှိုင်းသည် သူတို့သုံးယောက်အား ထိမှန် ကာ ပေါက်ကွဲလေသည်။ သူတို့သည် ပထမဆုံးစတေးရမည့်သူဖြစ်သည်။ ရှောင်ရန်နည်းလမ်းမရှိတော့ပေ။ သွေးနှင့်အသားများ လွင့်ပျံသွားကာ လှိုင်းသည် သူတို့သုံးယောက်၏ခန္ဓာကိုယ်မှ ထွက်လာသော စိတ်ဝိညာဉ်ဆေး ကိုပင် အလွတ်မပေးဘဲ အပိုင်းပိုင်းဖြတ်လေသည်။

ကျို့ရှို့သည် ငေးကြောင်နေသည်။ သူသည် မြင်လိုက်ရသည်ကိုပင် မယုံ နိုင်ပေ။ အမှောင်နတ်မိစ္ဆာဘုံတွင် တခြားနတ်ဆိုးနယ်မြေမှ အစောင့်အကြပ် လေးဦး၏ ရက်စက်မှုကို မည်သူမသိဘဲနေသနည်း။ သူတို့၏ တစ်ဦးချင်းစီ ခွန်အားသည် ထိပ်ဆုံးရောက်ရုံသာမကဘဲ သူတို့လေးယောက်သည် အတူ ကျင့်ကြံပြီး အဆင့်တက်ခဲ့သည်။ သူတို့သည် လေးမြွှာပူးလည်းဖြစ်သည်။ တစ် ယောက်နှင့်တစ်ယောက် ချိတ်ဆက်နေကြသည်။ ခွန်အားသည် ထပ်နေကာ အရှင်ထိပ်ဆုံးအဆင့်ပင်လျှင် ၎င်း၏အစွန်ကို ရှောင်ရသည်။

သို့သော် ယခုအချိန်တွင် ထိုလေးယောက်သည် ဤလူငယ်၏လက်ထဲ တွင် အဆုံးသတ်သွားချေပြီ။ ဤသတင်းသည် အမှောင်နတ်မိစ္ဆာဘုံတွင် မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည်ကိုမသိတော့ပေ။

ပေထင်းဟွမ်သည် စစ်မြေပြင်မှ ထွက်ပြေးတော့မလိုဖြစ်ခဲ့သည်။ သူမ တွင် လှိုင်းကြီးအား ခုခံရန် ခွန်အားမရှိခြင်းကြောင့်မဟုတ်ဘဲ ကိုယ့်ဘာသာ ဖောက်ခွဲရန် ခွန်အားလုံလောက်သည်။ ပြီးပြည့်စုံရန် ပိုလျှံနေခြင်းသာဖြစ်၏။

တောင်ထိပ်ကို နောက်ခံထားပြီး ပေထင်းဟွမ်သည် ခန္ဓာကိုယ်ပေါ်မှ မရှိ သည့်ဖုန်မှုန့်များကို ခါချကာ ပေါက်ကွဲသည့်နေရာအားကြည့်ပြီးနောက် ကျို့ရှို့ အား ကြည့်လေသည်။

ကျို့ရှို့သည် ကျောက်တုံးကို အားနည်းစွာဖြင့် မှီနေသည်။ သူ၏မျက်လုံး များတွင် ကြောက်လန့်သည့်အကြည့်ရှိနေဆဲဖြစ်ကာ စစ်မြေပြင်မှ အကြည့်မခွာနိုင်ဖြစ်နေသည် “အန္တရာယ်များလိုက်တာ”

All Chapters