← Chapters

ဘယ်တော့မှမသေဘူး

Vol. 76 Ch. 1507

ဘယ်တော့မှမသေဘူး

Vol. 76 Ch. 1507

အန္တရာယ်လား။ ပေထင်းဟွမ်အတွက် ထိုအရာသည် အဓိပ္ပာယ်မရှိပေ။

ပေထင်းဟွမ်သည် ကျို့ရှို့အား ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်လေ သည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့လူမျိုးရှိသလားဆိုသည်ကို မသိပေ “အန္တရာယ် ဟုတ်လား၊ အမှောင်နတ်မိစ္ဆာဘုံမှာ ပြန်ဝင်စားပြီးမှ အန္တရာယ်ကိုကြောက်နေ တုန်းလား”

ကျို့ရှို့သည် စကားမပြောပေ။ သူသည် မည်သို့ပြန်ဖြေရမည်ကို တကယ် မသိပေ။ ကံကောင်းစွာပင် ပေထင်းဟွမ်သည် ထိုအကြောင်းအရာကို ဆက်မပြောဘဲ မေးလေသည် “မင်းက အမှောင်နတ်မိစ္ဘာဘုံရဲ့ သခင်လေးလား”

ကျို့ရှို့သည် လေးနက်စွာ ခေါင်းညိတ်လေသည်။ တစ်ခြားတစ်ယောက် သာဆိုလျှင် သူသည် သူ၏သရုပ်မှန်ကိုဖုံးကွယ်ကောင်းဖုံးကွယ်လိမ့်မည်။ သို့သော် ပေထင်းဟွမ်နှင့် ရင်ဆိုင်ရသောအခါ ဤလူငယ်၏အစွမ်းအစကို ကောင်းစွာသိလာခဲ့သည်။ သူမသည် သူ၏သရုပ်မှန်ကို ခန့်မှန်းမိပြီးသားဖြစ် သည်။ သူမကဲ့သို့လူမျိုးသည် မျက်စိရှေ့တွင် တခြားလူများ လှည့်စားမည်ကို ကြည့်ချင်သူများမဟုတ်ကြပေ။

“ဒါဆိုလည်းဟုတ်ပြီလေ” ပေထင်းဟွမ်သည် အနည်းငယ်ပျော်ရွှင်သွားပုံ ရသည်။ သူမသည် တောင်ကိုငုံ့ကြည့်လိုက်သည် “ငါက မင်းအသက်ကိုကယ်ခဲ့ မှတော့ အသက်ကယ်ကြေး တန်ရာတန်ကြေးပြန်တောင်းရမယ်၊ အမှောင် နတ်မိစ္ဆာဘုံသခင်လေးရဲ့အသက်က တော်တော်တန်ဖိုးရှိမယ်လို့ယုံတယ်၊ ငါ့ကို ဘယ်လိုပြန်ဆပ်ဖို့အစီအစဉ်ရှိလဲ”

ကျို့ရှို့သည် အနောက်မှကျောက်တုံးကြီးပေါ်သို့ ရုန်းကန်ထိုင်လိုက်၏။ သူသည် ပေထင်းဟွမ်၏မတူသလိုနှိမ်သည့် စကားပြောပုံကို အသားမကျပေ။ သို့သော် သူ့အတွက်တော့ အနည်းငယ်လှုပ်ရှားဖို့ပင် ခက်ခဲသည်။ နူးညံ့သော ခွန်အားသည် သူ့ကိုထောက်ပံ့ကာ ကျောက်တုံးပေါ်သို့ နေရာချပေးလေသည်။

ကျို့ရှို့သည် သက်ပြင်းချကာ ပေထင်းဟွမ်အား ကျေးဇူးတင်သည့် အကြည့်ဖြင့်ကြည့်လေသည် “အမှောင်နတ်မိစ္ဆာဘုံမှာ မှော်အရင်းအမြစ်သတ္တု တွင်းတွေအများကြီးရှိပါတယ်၊ ဒါပေမဲ့ မင်း စိတ်ပျက်သွားမှာစိုးတယ်၊ ငါ့ အသက်က တန်ဖိုးမရှိဘူး”

“အမှန်ပဲ” ပေထင်းဟွမ်သည် တခြားကျောက်တုံးအစွန်တွင် ထိုင်ချကာ ကျို့ရှို့အား အနည်းငယ်အထင်သေးစွာဖြင့် ငုံ့ကြည့်လေသည် “မင်းရဲ့ ခြေထောက်တွေက မပြောင်းလဲဘူး၊ ပြီးတော့ မကျင့်ကြံနိုင်ဘူး၊ အဲဒါက တကယ်ပဲ ဘာမှမတန်သင့်ဘူး၊ ပြီဂတော့ ငါလည်းပဲ အမှောင်နတ်မိစ္ဆာဘုံက မှော်အရင်းအမြစ်ကျောက်တုံး ဘယ်လောက်လိုချင်တာမို့လို့လဲ၊ ငါသာ မှော် အရင်းအမြစ်ကျောက်တုံးတွေလိုချင်ရင် သွားလုမှာပေါ့”

ပေထင်းဟွမ်သည် ပြောင်တင်းစွာနှင့် 'လုမည်' ဆိုသည့်စကားကိုကြား ပြီးနောက် ကျို့ရှို့သည် ပါးစပ်မပိတ်နိုင်လောက်အောင် အံ့ဩနေလေသည်။ သူသည် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်သည်။ သူ၏မျက်နှာသည် အကျည်းတန်ပုံပေါက်နေသည်။ သူသည် ခေါင်းသည် ခပ်ကြမ်းကြမ်းခါယမ်း လိုက်သည် “မင်း ငါ့ကိုသတ်လို့ရတယ်၊ ဒါပေမဲ့ မှော်အရင်းအမြစ်ကျောက်တုံး ဂိုဒေါင်ရှိတဲ့နေရာကို မပြောပြနိုင်ဘူး”

ဤကဲ့သိုလူမျိုးနှင့် ပြောဆိုဆက်ဆံရသည်မှာ ခက်ခဲသည်ဟု ပေထင်းဟွမ် ခံစားရသည်။ သူသည် အချိန်ကုန်ခံစကားပြောမနေတော့ဘဲ ပြောလိုက်သည် “ထားလိုက်ပါတော့၊ ဘုရား ၇ ဆင့်တည်တာထက် အသက် တစ်ချောင်းကယ်တာက ပိုကောင်းပါတယ်၊ ကိုယ့်လူက အဆိပ်မိနေတုန်းပဲ၊ ငါ ကလည်းအမှောင်နတ်မိစ္ဆာဘုံကိုသွားမှာပဲဆိုတော့ နောက်ဆုံးတော့ ကယ်ခဲ့တဲ့ လူတွေနဲ့အတူခေါ်သွားပေးမယ်”

“လူတွေဟုတ်လား” ကျို့ရှို့သည် တိုက်ခတ်လာသော လေကြောင့် ရှုပ်ပွ လျက်ရှိသည်။ သူသည် ကြောက်လန့်တကြားအော်မိလေသည်။ ထို့နောက် နှုတ်ခမ်းကို တင်းကြပ်စွာစေ့ပြီး စကားမပြောတော့ပေ။ သို့သော် သူ၏စိတ်ထဲ တွင် တွေးနေတုန်းပင်။ ဤလူငယ်သည် သန်မာသောလည်း သူမ၏စကားများ သည် ကိုးရိုးကားယားနိုင်လှပြီး စည်းမရှိပေ။ ဤလူငယ်သည် မည်သို့သောလူ ဖြစ်သည်ကို မသိတော့ပေ။

ပေထင်းဟွမ်သည် ဝံပုလွေအုပ်ကိုခေါ်ပြီး ကျို့ရှို့အား သယ်ချလေသည်။ သူမသည် ကျို့ရှို့အား သယ်ရတော့သည်။ သူမ အနားကပ်သွားချိန်တွင် ကျို့ရှို့ သည် ပုန်းအောင်းရန်ကြိုးစားသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်လူ သည် ယောက်ျားသားဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် လှုပ်ရှားမှုလုပ်ရန် ဆန္ဒမရှိပေ။

ကျို့ရှို့ တောင်ခြေရှိဂူသို့ရောက်သောအခါ ဂူထဲတွင် နေထိုင်သော ရွာသားများကိုတွေ့လိုက်ရသည်။ ပေထင်းဟွမ်သည် မိတ်ဆက်ပေးပြီးနောက် သူ့ကိုမေးလေသည် “ငါက မှော်အရင်းအမြစ်ကျောက်တုံးကိုမလိုချင်ပါဘူး၊ ငါက မင်းအသက်ကိုကယ်ခဲ့တယ်၊ မင်းအသက်ကိုကယ်ခဲ့တဲ့အတွက် ဒီရွာသား တွေကို အခြေချဖို့အတွက် ပြန်ကူညီပေးပါ”

ပေထင်းဟွမ်သည် ပွင့်လင်းစွာပြောလိုက်ရာ ရွာသားများသည် သူမအား ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်လေသည်။ တကယ်တော့ ယခုအချိန်ထိ အသက်ကယ်ခဲ့သည့်ကျေးဇူးကို ဤကဲ့သို့ပြန်ဆပ်ခိုင်းသည့်နည်းကို မည်သူမှ မမြင်ဖူးပေ။

သို့သော် ဤလူငယ်သည် သူတို့ကို လွန်စွာဂရုစိုက်သည်။

All Chapters