တခြားသူက အကြွေးတင်နေတာမကြိုက်ဘူး
Vol. 76 Ch. 1509
အလွန်ရက်စက်သော အမှောင်နတ်မိစ္ဆာဘုံကဲ့သို့နေရာတွင် ကျို့ရှို့သည် အမှောင်နတ်မိစ္ဆာဘုံအရှင်၏ တန်ဖိုးထားခြင်းမခံရပါက အသက်ရှင်နိုင်မည် မဟုတ်ပေ။ သူ့အား သတ်လိုက်ခြင်းနှင့် မည်သို့ခြားနားမည်နည်း။
ကျို့ရှို့၏မျက်လုံးထဲတွင် နာကျင်မှုအရိပ်အယောင်ရှိနေကာ လက်ကို ဝေ့ယမ်းပြလေသည် “မဟုတ်ဘူး မဟုတ်ဘူး ငါ့အဖေက ငါ့အပေါ်အရမ်း ကောင်းတယ်၊ ဒီတစ်ခေါက်က ငါကိုက အတင်းထွက်လာတာ၊ သူက ငါ့ကို ကာကွယ်ဖို့ လူတွေအများကြီးလွှတ်ပေးတယ်၊ နတ်ဆိုးဘုံက အစောင့်အကြပ် လေးယောက်လက်ထဲမှာသေသွားကြတာ”
“မင်းက ဒီလိုပုံဖြစ်နေပြီ၊ မင်းက ဘယ်လာတာလဲ” ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ မိသားစု၏သခင်လေးများသည် အမှန်တကယ်ပင် ခေါင်းမာကြသည်။ သည်တစ်ခေါက်တွင် သူမနှင့်သာမတွေ့ပါက ကျို့ရှို့၏ အသက်ကိုးသက်ကို ပေးလိုက်ရမည်ပင်။
ကျို့ရှို့သည် အပြစ်တင်စိတ်ဖြင့်ခေါင်းငုံ့လိုက်သည် “ငါလည်း အပြင်ထွက်မလာသင့်တာသိပါတယ်၊ ဒါပေမဲ့ ငါက အမှောင်နတ်မိစ္ဆာဘုံမှာ ၁၈ နှစ်နေလာပြီးပြီ ဘာအခွင့်အရေးမှမရှိခဲ့ဘူး၊ ငါ ဒီအတိုင်းထပ်မနေချင်တော့ဘူး”
ထိုအခါမှသာ ကျို့ရှို့၏ရည်ရွယ်ချက်ကို ပေထင်းဟွမ် နားလည်သွား သည်။ သူသာ မည်သည့်အခွင့်အရေးကိုမှမတွေ့ရလျှင် သေရန်ရွေးချယ်လိမ့် မည်။ ထို့ကြောင့်ပင် ပေထင်းဟွမ် အစောင့်အကြပ်လေးယောက်နှင့် မတိုက်ခိုက်ခင် သူ့အား ထည့်ပေးရန်ပြောနေခြင်းပင်။
“ငါ့မှာ အဖေတူမအေကွဲအစ်မလည်းရှိတယ်၊ သူမက အရမ်း အရည်အချင်းရှိတယ်၊ သူမက အမှောင်နတ်မိစ္ဆာဘုံမှာ နှစ်တစ်ထောင်မှပေါ် လာတဲ့ ပါရမီရှင်ပဲ၊ သူမက အသက် ၂၀ မှာပဲ ကောင်းကင်အဆင့်ကို ချိုးဖောက် နိုင်နေပြီ၊ နောက် ၁၀ နှစ်မပြည့်ခင်မှာပဲ နတ်ဘုရားအဆင့်ဖြစ်လာမှာပဲ၊ သူမက အမှောင်နတ်မိစ္ဆာဘုံရဲ့ သခင်မလေးဖြစ်လာနိုင်တယ်လို့ အကြီးအကဲတွေက မျှော်လင့်နေကြတာ၊ ပြီးတော့ သူမက နောက်ဆိုရင် ဝိညာဉ်ဘုံနဲ့နတ်ဆိုးဘုံကို အောင်နိုင်ဖို့ အမှောင်နတ်မိစ္ဆာဘုံကို ဦးဆောင်လိမ့်မယ်”
ပေထင်းဟွမ်သည် ကျို့ရှို့အား အထင်သေးစွာကြည့်လိုက်သည် “ဘာလို့ မင်းအဖေက ဝိညာဉ်ဘုံနဲ့နတ်ဆိုးဘုံတို့ကို အောင်နိုင်ဖို့ ဦးမဆောင်တာလဲ၊ မင်း အဖေတောင်မှ ဘာမှမလုပ်နိုင်တာ ကောင်းကင်အဆင့်ပဲရှိသေးတဲ့ မင်းအစ်မက ဘာလုပ်နိုင်မှာလဲ”
“သူမလုပ်နိုင်မယ်လို့ ငါလည်းမျှော်လင့်တယ်၊ သူမ လုပ်နိုင်သရွေ့၊ ဒီ အခွင့်အရေးရဖို့ ငါ့အသက်ကိုပေးနိုင်တယ်” ကျို့ရှို့သည် လေးနက်စွာပြောလေ သည်။
ပေထင်းဟွမ်သည်ခေတ္တမျှ မှင်တက်မိသည် “ဒါပေမဲ့ လူတွေက မျှော်လင့်ချက်နဲ့အသက်မရှင်နိုင်ဘူး၊ နေနိုင်တယ်ဆိုရင်တောင်မှ တခြားသူကို မျှော်လင့်ချက်ထားပြီး အသက်မရှင်နိုင်ဘူး၊ ငါ့မှာလည်း မင်းလိုမျိုး သူငယ်ချင်း တစ်ယောက်ရှိခဲ့တဲ့၊ ငါက ခွန်အားရဲ့အကျိုးအမြတ်ကို ဘယ်တုန်းကမှ မစမ်းသပ်ခဲ့ဘူး၊ ငါ့သူငယ်ချင်းက ခြေထောက်မတော်တဆမှုမဖြစ်ခင် ကောင်းကင်အဆင့်ထိပ်ဆုံးရောက်နေပြီ၊ သူက တခြားသူကိုကယ်ဖို့အတွက် စွန့်လွှတ်ခဲ့တာ၊ ဒါပေမဲ့ ဘယ်တော့မှ သူ့ကိုယ်သူ အပြစ်မတင်ဘူး၊ လက်မလျှော့ဘဲ ရပ်တည်ပြီး မျှော်လင့်ချက်တည်ဆောက်ခဲ့တယ်”
ဂူထဲတွင် အလုံးစုံတိတ်ဆိတ်နေသည်။ တခြားသူများသည် မည်သို့ပြောရ တော့မည်ကိုမသိတော့ပေ။ နောက်ဆုံးတွင် ရွာအကြီးအကဲသည် မတ်တပ်ရပ် လိုက်သည်။ သူသည် တုတ်ကောက်ဖြင့် ပေထင်းဟွမ်ဆီသို့လျှောက်သွားပြီး အရိုအသေပြုလိုက်သည် “သခင်လေး ကျုပ်တို့ကို အမှောင်နတ်မိစ္ဆာဘုံရဲ့ နယ်နိမိတ်ကိုခေါ်သွားလို့ရပါတယ်၊ ကြင်နာမှုက တောင်တစ်လုံးလို လေးလံလှ ပါတယ်၊ အဲတော့ ကျုပ်တို့အတွက်နဲ့ ဒီသခင်လေးကို ဖျောင်းဖျဖို့မလိုပါဘူး”
ပေထင်းဟွမ်သည် ကျို့ရှို့အားကြည့်လိုက်သည်။ ထို့နောက် ချင်းရှန့်ရွာ သားများကိုကြည့်ကာ ခေါင်းခါပြီးပြောလိုက်သည် “ကောင်းနိုင်စရာမရှိဘူး၊ သူ့ကို မဖျောင်းဖျရင် သူ့အသက်ကိုကယ်တာ အလကားဖြစ်သွားမှာပေါ့ ကျွန်တော့်အပေါ် တခြားသူအကြွေးရှိတာကို မကြိုက်ဘူး”
ဤကဲ့သို့လူမျိုးလည်းရှိသေးသည်။
မူလက သူသည် ပေထင်းဟွမ်အား ကျေးဇူးတင်သည့်အရိပ်အယောင်ရှိ သေးသည်။ သို့သော် လက်ရှိတွင် သူ၏မျက်နှာသည် အကျည်းတန်နေချေပြီ။ ပြီးခဲ့သည့် ပေထင်းဟွမ်နှင့် အစောင့်အကြပ်လေးဦးကြားမှ တိုက်ပွဲအတွင်းတွင် ဖြစ်ပေါ်ခဲ့သော စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုများကို ခွေးအစာကျွေးလိုက်သလို ခံစားလိုက်ရသည်။
ကျို့ရှို့သည် ကူကယ်ရာမဲ့သွားသည်။ သူသည် လက်ဖြန့်ကာ နှာမှုတ်ပြီး ပြောလိုက်သည် “သခင်လေး ငါ့မှာ ဘာများတန်ဖိုးရှိတာရှိလို့လဲ၊ ရှိရင် ယူသွား လိုက်ပါ”
ဆိုလိုသည်မှာ အသက်ကယ်ရသည့်ကျေးဇူးကို ပြန်ဆပ်ချင်သော်လည်း ပေးစရာဘာမှမရှိသဖြင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဤအသက် ကိုသာယူချေ။
ထိုအခိုက်တွင် ချင်းရှန့်ရွာသားများသာမက ပေထင်းဟွမ်၏သားရဲများ လည်းမျက်နှာပူမိကြသည်။ ပြိုင်ဘက်သည် အားကောင်းသောသခင်တစ်ဦးဖြစ် ပါက စိုးရိမ်စရာမရှိပေ။ သို့သော် ကျို့ရှို့သည် အမှိုက်တစ်စသာဖြစ်ကာ ဤကဲ့သို့ အမှိုက်ကိုဂရုစိုက်ရမည်မှာဆိုးလှသည်။