ဒီလူကတကယ်ကံကောင်းတာပဲ
Vol. 76 Ch. 1510
ပေထင်းဟွမ်ရယ်မောလိုက်သည်။ ကျို့ရှို့သည် ခေါင်းခါနေသည်။ ပေထင်းဟွမ်သည် အလွန်ပင်စိတ်ပေါက်လာကာ နှာမှုတ်လေသည် “ငါက မင်း အသက်ကိုကယ်ခဲ့မှတော့ နောက်ဆိုရင် ငါ့အပိုင်ဖြစ်သွားပြီ၊ ငါက မင်းကိုကယ် ခဲ့တာဆိုတော့ မင်းက သေမယ်ရှင်မယ်ဆုံးဖြတ်ပိုင်ခွင့် ဘယ်မှာရှိလဲ”
ကျို့ရှို့သည် ဒေါကန်သွားသည်။ အစောင့်အကြပ်လေးယောက် လက်ထဲ တွင် သေသွားခဲ့သင့်သည်။
ပေထင်းဟွမ်သည် အထင်သေးစွာပြုံးလိုက်သည် “ငါ့လက်ထဲမှာတော့ ဘာကိုမှ အလဟဿအဖြစ်မခံဘူး၊ ပန်းတစ်ပွင့် မြက်ပင်တစ်ပင်တောင်မှ သူ့ တန်ဖိုးနဲ့သူရှိတယ်၊ ငါက မင်းကိုသုံးချင်တယ်လို့ပြောမှတော့ မင်းမှာ တန်ဖိုး နည်းနည်းပဲရှိရင်တောင် ငါ့ကိုအပြည့်အဝပေးရမယ်”
ကျို့ရှို့၏မျက်နှာသည် ဒေါသကြောင့်နီရဲလျက်ရှိပြီ။ အံကိုတင်းတင်းကြိတ်ကာ ခေါင်းကိုခါးသက်စွာညိတ်လိုက်သည် “ဟုတ်ပြီ ကိုယ့်သခင်၊ ငါလည်း ငါ့သခင်က အသုံးမဝင်တဲ့ခန္ဓာကိုယ်ကို ဘယ်လိုမျိုး အပြည့်အဝအသုံးချမလဲဆိုတာ ကြည့်ချင်ပါတယ်”
“အဲဒါကိုစိုးရိမ်ဖို့မလိုပါဘူး” ပေထင်းဟွမ်သည် သူ့အနားကပ်သွားသည် “မင်းအဖေက မင်းကိုဂရုစိုက်တယ်လို့မပြောနဲ့၊ သူ မင်းကို ဂရုမစိုက်ရင် ဂရုစိုက် အောင်ငါလုပ်ပေးမယ်”
သူမသည် စကားပြောပြီးနောက် လက်ကိုဝေ့ယမ်းလိုက်ရာ ကျဉ်းမြောင်း သောဂူထဲတွင် ရုတ်တရက် သေးငယ်သော သုံးမြောင့်ထောက်ပေါ်လာလေ သည်။ ထိုသုံးမြောင့်ထောက်သည် မည်းနက်ရိုးရှင်းကာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲကာမထင်ရှားသော ပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ထိုသုံးမြောင့်ထောက် သည် အနည်းငယ်ထူးဆန်းသလိုထင်ရပြီး ပေထင်းဟွမ်၏ လေးချောင်း အစောင့်အရှောက်သားရဲမှလွဲ၍ ထန်းရှန့်ရွှေသားရဲသုံးမြောင့်ထောက်ဟုမြင်နိုင် သည်။ တခြားသူများအတွက် လုံထျန်းကဲ့သို့ ကောင်းကင်အဆင့်နဂါးဆိုလျှင် တောင် တိုက်ရိုက်မကြည့်ရဲပေ။
၎င်းသည် သုံးမြောင့်ထောက်ဆိုသည်ကိုသာ သိပြီး မည်သည့်နေရာတွင် သုံးသည်ကိုမသိပေ။
ပေထင်းဟွမ်သည် ရှင်းမပြတော့ဘဲ ဆေးဒယ်စောက်အား မီးညှိလိုက် သည်။ အားလုံးသည် ဖောက်ခနဲအသံကြားလိုက်ရပြီး သုံးမြောင့်ထောက် အောက်ခြေမှာ ကိုးရောင်မီးတောက်အလွှာလွှမ်းသွားလေသည်။ မကြာခင်တွင် ဒယ်စောက်အထက်မှ လေများပူနေပြီဖြစ်သည်။
ထိုအချိန်တွင် ပေထင်းဟွမ် ရေရွတ်လေသည် “စောစောကသာသိရင် အဲတုန်းက ဆေးနှစ်လုံးပိုသန့်စင်ခဲ့ပါတယ်၊ ဒါပေမဲ့ အခုတော့ အဆင့် ၅ ဆေး သန့်စင်ရတာက ခက်သွားပြီ”
သူမရေရွတ်နေသည်များကို လူများနားမလည်ပေ။ တန့်ကာမြို့တွင် အဆင့် ၅ ဆေးသန့်စင်ပြီး မိုလီနှင့် ရှီမန်ပိုင်တို့၏ ခြေထောက်များကို ကုခဲ့သည့် အကြောင်းပြောနေသည်ကို ပေထင်းဟွမ်၏ သားရဲများသာသိကြသည်။ သို့သော် ပေထင်းဟွမ်သည် အစကတည်းကပင် ဆေးနှစ်လုံးသာသန့်စင်ခဲ့ရာ မကျန်တော့ပေ။
“ဒီသခင်က ဆေးသန့်စင်ဖို့ပြင်ဆင်နေတာပဲ၊ ဒီလူက တကယ်ကံကောင်း တာပဲ” ရှောင်ထန်း၏အကျင့်သည် ပြန်မကောင်းလာသေးပေ။ နဂိုက သူမ လောက်မသန်မာသည့်သားရဲများသည် တိုးတက်နေတုန်းပင်။ သူတို့ နိုးလာချိန် တွင် သူတို့၏ခွန်အားများစွာတိုးတက်လာခဲ့ပြီး သူမသာ အောက်ခြေတွင်ရှိခဲ့ သည်။
“သခင်က ဘယ်လိုဆေးမျိုးသန့်စင်မှာလဲမသိဘူး” အားဝေ့သည် စိတ်ဝင်တစားနှင့် လေဟာနယ်တံခါးတွင်လှဲလျောင်းကာ ကြည့်လေသည်။
ဆေးဖိုသည် ရွှေသားရဲလေးကောင်ဒယ်စောက်ဖြစ်ကာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်။ ထိုအချိန်တွင် သုံးမြောင့်ထောက်သည် နွေးလာပြီဖြစ် သည်။ ပေထင်းဟွမ်၏နည်းပညာသည် ခါတိုင်းလိုပင် မမြန်ဆန်ပေ။ အမည်မသိသောဆေးပင်များကို ဒယ်စောက်ထဲသို့ တစ်ခုပြီးတစ်ခုပစ်ထည့်ရာ မွှေးရနံ့များလွင့်ပျံထွက်လာသည်။
ထိုအချိန်တွင် ပေထင်းဟွမ် လုပ်မည့်အရာကို ဂူထဲမှအားလုံးသည် ခန့်မှန်းမိကြလေသည်။ ချင်းရှန့်ရွာသားများသည် အကြည့်ပင်မလွှဲနိုင်ကြဘဲ ကျို့ရှို့၏ခြေထောက်များကို တိုက်ရိုက်ကြည့်လေသည်။ ကျို့ရှို့သည် အရင်က တစ်စုံတစ်ယောက်က သူ့ခြေထောက်များကို ပေါ်တင်စိုက်ကြည့်လျှင် ဘာမှ မပြောသော်လည်း မသက်မသာခံစားခဲ့ရသည်။ သို့သော် ယခုအချိန်တွင် ဘာကိုမှဂရုမစိုက်တော့ပေ။
ဂရုစိုက်စရာမလိုတော့သည်ဟုလည်း ခံစားရသည်။
အကြောင်းအရင်းတချို့ကြောင့် သူသည် ပေထင်းဟွမ်အား မသိတော့ ပေ။ ပေထင်းဟွမ် မည်သည့်အဂ္ဂိရတ်နည်းလမ်းများကိုသုံးမည်ကို သူမသိပေ။ သို့သော် ပေထင်းဟွမ်အား ယုံကြည်နေမိသည်။ သူမ သန့်စင်သည့် ဆေးသည် သူ့ဘဝနှင့်ကံကြမ္မာကို ပြောင်းလဲပေးမည်ဟု ခံစားနေရသည်။