သူက မိုးကြိုးပစ်ခံရမှာမကြောက်ဘူးလား
Vol. 76 Ch. 1511
မကြာမီတွင် ဒယ်စောက်မှ အက်ကွဲသံထွဥ◌်ပေါ်လာကာ ဒယ်စောက် အထက်ရှိ အပေါက် ၁၈ ပေါက်မှ ရနံ့ခပ်သင်းသင်းထွက်ပေါ်လာသည်။ အနံ့မှာ ခပ်ပါးပါးသာဖြစ်သော်လည်း ဂူထဲမှလူများကို ခေတ္တမျှလန်းဆန်းသွားအောင် ပြုလုပ်နိုင်လေသည်။
တချို့သောသက်ကြီးရွယ်အိုများသည် ပျောက်ဆုံးနေသည်မှာကြာပြီဖြစ် သော အသက်သွေးကြောကိုပင်ခံစားမိကြလေသည်။
စိတ်လှုပ်ရှားဆုံးဖြစ်နေသူမှာ ကျို့ရှို့ဖြစ်သည်။ ရနံ့ခပ်သင်းသင်းသည် သူ၏နှာခေါင်းထဲသို့တိုးဝင်လာသည်။ ချက်ချင်းပင် အားကောင်းသော စွမ်းအင် သည် သူ၏သွေးကြောထဲသို့စိမ့်ဝင်ကာ အထိအတွေ့မခံစားရဘဲ တောင့်တင်း နေသော ခန္ဓာကိုယ်အစိတ်အပိုင်းကပင် အနည်းငယ်လှုပ်ရှားလာသလိုပင်။
ကျို့ရှို့သည် ဒယ်စောက်အား တောက်လောင်သောမျက်လုံးများဖြင့် စိုက် ကြည့်နေပြီး ပေထင်းဟွမ် ဒယ်စောက်ကို ကျွမ်းကျင်စွာမ,လိုက်သည်နှင့် ရွှေရောင်ဆေးသည် ဒယ်စောက်မှထွက်လာပြီး ဂူထဲမှပျံထွက်လာသည်ကို စောင့်ကြည့်နေခဲ့သည်။
“အာ..”
လင်းဖုန်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ မြေပေါ်မှထခုန်လေ သည်။ ကလေးသည် အနည်းငယ်စိတ်မရှည်ပေ။ ဆေးလွင့်ပျံသွားသည်ကိုမြင် လိုက်ရချိန်တွင် သူ ထိတ်လန့်ဿွားလေသည်။
မိခင်ဖြစ်သူ၏မျက်လုံးများသည် ပေထင်းဟွမ်အား အာရုံစိုက်ထားပြီး သူမသည် တစ်စုံတစ်ခုကို ချုပ်တည်းရန်ကြိုးစားနေသည့်အလား အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါက်သည်။ နောက်ဆုံးတွင် သူမသည် သက်ပြင်းလေးလံစွာ ချလိုက်ကာ ဂူနံရ့ကို အားလျော့စွာဖြင့် မှီလိုက်သည်။
ပေထင်းဟွမ်သည် ထိုအရာကိုမမြင်ပေ။ သူမသည် လက်ကိုလှုပ်ရှား လိုက်သည်နှင့် ကိုးရောင်အလင်းသည် ဆေးကို ပိုက်ကွန်သဖွယ်လွှမ်းကာ နောက်ပြန်ဆွဲလေသည်။ သူမ လက်ဖြန့်လိုက်သည်နှင့် ရွှေရောင်ဆေးသုံးလုံး သည် လက်ထဲတွင် လည်နေလေသည်။
ဘုန်း...
ဂူအပြင်တွင် မြေကြီးကွဲသွားစေလောက်သည့် မိုးကြိုးသံထွက်ပေါ်လာပြီး ကောင်းကင်တွင် လျှပ်စီးများပြင်းထန်စွာလက်လျက်ရှိသည်။ တောင်သည် ခေတ္တမျှလှုပ်ခါသွားပြီး ခေါင်းအထက်တွင် ကျောက်တုံးများလိမ့်ကျလာသည်။
“မိုးနတ်မင်းရေ ဒီဆေးက အဆင့်ဘယ်လောက်လဲ” ဂူထဲရှိ ပေထင်းဟွမ် အသစ်သိမ်းသွင်းထားည့် ဝံပုလွေဘုရင်မိုအောင်သည် လျှာသပ်ကာ ဆေးရှိရာ သို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားမတတ်ပင်။
“အရှင်အဆင့်ရတနာဆေး”
အချိန်တိုအတွင်းတွင် ပေထင်းဟွမ်သည် မိုးကြိုးကို ဆွဲဆောင်နိုင်သည့် အရှင်အဆင့်ဆေးကို သန့်စင်နိုင်လိမ့်မည်ဟု မည်သူမှထင်မထားပေ။ ပေထင်းဟွမ်၏လက်ဖဝါးထဲတွင် ဆေးမိုးကြိုးအလင်းလက်နေကာ ထိုမိုးကြိုး အလင်းသည် ကောင်းကင်ဆီသို့တက်သွားပြီး ဂူတစ်ခုလုံးကို ထိုငွေရောင် အလင်းဖြင့် လွှမ်းမိုးလေသည်။
အားလုံးသည် မျက်လုံးများ အလိုလိုမှိတ်မိကြလေသည်။ သူတို့၏မျက်လုံးများ ထပ်မံဖွင့်လိုက်ချိန်တွင် မျက်စိရှေ့မှပေထင်းဟွမ် မရှိတော့ပေ။ ကျို့ရှို့သည် သူ၏ခြေထောက်များအဆင်မပြေဖြစ်သည်ကို ပထမဆုံးအကြိမ်ခံစားရခြင်းဖြစ်သည်။ မဟုတ်လျှင် သူ ထခုန်မိမည်ဖြစ်သည် “သခင်လေး ဘယ်ရောက်သွားတာလဲ သခင်လေးဘယ်မှာလဲ”
လုံထျန်းနှင့်တခြားသူများမေးကြလေသည်။ ထိုအချိန်တွင် အပြင်ဘက် တွင် မိုးကြိုးနှင့်လျှပ်စီးများရှိနေပြီး အရှင်အဆင့်ရတနာဆေးကြောင့် ဖြစ်ပေါ် လာသော မိုးကြိုးဘေးဒုက္ခသည် ဆေးအား မပစ်ရလျှင် မရပ်တန့်မည့်အတိုင်း ပင်။ ပေထင်းဟွမ်သည် ဂူထဲတွင်မရှိနေသည်မှာ အပြင်သို့ ထွက်ပြေးသွားသည် လား။
သူ မိုးကြိုးပစ်ခံရမှာ ကြောက်နေတာလား။
ပေထင်းဟွမ်သည် မိုးကြိုးရှာနေခြင်းပင်။ ခန္ဓာကိုယ်ထဲမှ 'ကစဥ့်ကလျား နတ်ဘုရားပညာ' သည် နည်းလမ်းအမျိုးမျိုးဖြင့် မိတ်ဆက်ပေးပြီးသားဖြစ် သည်။ ပေထင်းဟွမ် ကျို့ယန်နှင့် ကင်းကောင်တို့အား မိုးကြိုးဘေးဒုက္ခမှ ကယ်တင်ပြီးနောက် ၎င်းတို့သည် မိုးကြိုးခန္ဓာကိုယ်အခြေခံသို့ရောက်ရှိပြီးလေ သည်။ မိုးကြိုးပစ်လာချိန်တွင် ဘာကြောင့် ပေထင်းဟွမ် လက်လျော့ရမည် နည်း။
မိုးကြိုးဆာလောင်နေသည့်ခန္ဓာကိုယ်သည် အသန်မာဆုံးခုခံမှုရှိကာ လျှပ်စီးဆာလောင်သည့်စွမ်းအင်သည် အားအကောင်းဆုံး ထိုးနှက်ချက်ရှိသည်။
တောင်ထိပ်တွင် ပေထင်းဟွမ်သည် ကောင်းကင်ကိုကြည့်နေသည်။ တိမ်တိုက်မည်းများလွှမ်းနေသည့် ကောင်းကင်မှာ နိမ့်လာသလိုပင်။ လေးလံ သော ဖိအားထွက်ပေါ်လာပြီး လူများသည် ကြက်သီးထလောက်စရာ ဖိအားကို ခံစားရလေသည်။ တိမ်တိုက်များအလယ်တွင် ခရမ်းရောင်မိုးကြိုးသွား အစပျိုး နေကာ ထိုမိုးကြိုးသွားသည် ထိုစဉ်ကကျို့ယန်နှင့်ကင်းကောင်တို့ ကြုံခဲ့ရသည့် မိုးကြိုးထက်ပင် ပိုအားကောင်းသည်။
ပေထင်းဟွမ် သန့်စင်လိုက်သည့် အရှင်အဆင့်ဆေးသည် တန့်ကာမြို့ တွင် သူမ သန့်စင်ခဲ့သည့် ဆေးထက်အဆင့်မြင့်သည်မှာ ထင်ရှားလှသည်။