← Chapters

တော်တော်ဆိုးရွားတာပဲ

Vol. 76 Ch. 1512

တော်တော်ဆိုးရွားတာပဲ

Vol. 76 Ch. 1512

“လာလေ ဒါ ငါလိုချင်တာပဲ”

ပေထင်းဟွမ်သည် လက်ထဲမှဆေးကိုမြှောက်လိုက်သည်နှင့် ရုတ်တရက် ကောင်းကင်သည် ရန်ဆွနေသည့်လူသားများကို ဒေါသထွက်သွားသည့်ပုံပင်။

ခပ်ထိုင်းထိုင်း မိုးကြိုးပစ်သံမြည်ဟီးလာပြီး လူလက်မောင်းအရွယ်အစား ခန့်ရှိသော မိုးကြိုးသွားသည် ပေထင်းဟွမ်ဆီသို့ ညှာတာမှုကင်းစွာ ပစ်ချလေ သည်။

သူမသည် တောင်ထိပ်ကိုရုတ်တရက် ခြေဖျားထောက်လိုက်သည်နှင့် ခန္ဓာကိုယ်သည် ခရမ်းရောင်လျှပ်စီးမိုးကြိုးသွားမျှင်ဆီသို့ ပြေးဝင်လေသည်။ သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် စတင်၍ ရူးသွပ် စွာ လည်ပတ်လေသည်။ သူမ၏လက်မောင်းသည် မိုးကြိုးနှင့်လျှပ်စီးထိမိလိုက် သည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးကို မခံမရပ်နိုင်စွာနှင့် လောင်ကျွမ်းသော အပူကိုခံစားမိရာ အလိုလိုပင် ညည်းညူမိလေသည်။

မိုးကြိုးနှင့်လျှပ်စီးစွမ်းအား၊ ခရမ်းရောင်မိုးကြိုးနှင့်လျှပ်စီး၊ မိုးကြိုးနတ် ဘုရား ၁၂ ပါးတို့၏စွမ်းအားများမှာ တစ်ခုပြီးတစ်ခုကျလာသည်။ အားလုံးပေါင်း မိုးကြိုးသွား ၉ စင်းတို့သည် ပေထင်းဟွမ်၏ခြေလက်များနှင့် သွေးကြောများဆီ သို့ ထပ်ခါထပ်ခါပစ်နေသည်မှာ အကြောထဲသို့စူးဝင်မတတ်ပင်။ ထိုအားကောင်းသော မိုးကြိုးနှင့်လျှပ်စီးစွမ်းအားတို့ကို စုပ်ယူရန်ကူညီသည့် ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့်သာမဟုတ်လျှင် ပေထင်းဟွမ်သည် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

“သခင်”

ပေထင်းဟွမ်၏ စိတ်ဝိညာဉ်အတွင်းနက်ထဲမှ တုန်ယင်မှုကိုခံစားရသဖြင့် အဂူးသည် ဂူထဲမှပြေးထွက်ကာ ပေထင်းဟွမ်ဘေးတွင်ရပ်လေသည်။

ထိုအချိန်တွင် အနီးအနားရှိကျောက်တုံးပေါ်မှ ခိုရိုင်းအရွယ်အစားရှိ ခြေသုံးချောင်း ကိုယ်ထည်မည်းနက်နေသော ငှက်တစ်ကောင်သည် ဘေးနား တွင် အေးအေးလူလူလာရပ်လေသည်။ ဤလူသည် မိုးကြိုးသွားကိုဆွဲဆောင်ခဲ့ သည်။ အစက ဤနေရာတွင် အဆင့်တက်သည့် သန့်စင်သောသွေးသား သားရဲ ကြောင့်ဟုတ်ထင်ထားခဲ့သော်လည်း ပေထင်းဟွမ်ကြောင့်ဖြစ်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

“ကျွတ် ကျွတ် ကျွတ် ကျွတ်” သူသည် အတန်ကြာသည်အထိ စိုက်ကြည့် ပြီးနောက် အော်လေသည် “ဟေး ဒီလူ.. သူက တကယ်ပဲ.. နတ်ဘုရား အဲတော့ ဒီလိုမျိုးပေါ့”

ပေထင်းဟွမ်သည် မိုးကြိုးပစ်ခံရသော်လည်း ဘာကြောင့် မသေရသည် ကို ငှက်ပြာသည် ရှင်းရှင်းလင်းလင်းကြည့်ချင်သဖြင့် လျှပ်စီးဆီသို့တိုးသွားလေ သည်။ ကမ္ဘာပေါ်တွင် ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ရင်ဆိုင်နိုင်သည့် အရာမှာ တစ်ခုတည်းသာရှိသည်။ ထိုစွမ်းအားသည် ကမ္ဘာကြီးကိုဖန်တီးခဲ့ သည့် ကစဥ့်ကလျားအရင်းအမြစ်ပင်ဖြစ်သည်။

“သူ့ဆီမှာ ကစဥ့်ကလျားအရင်းအမြစ်ရှိနေတာပဲ၊ ကြည့်ရတာ ဒီလူက ယောက်ျားလေးပုံနဲ့မိန်းကလေးပဲ၊ ဟုတ်တယ်၊ ဝိညာဉ်သူခိုးရဲ့ဆက်ခံသူတွေက တစ်ကမ္ဘာလုံးမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ရှာနေကြတာ၊ သူက ဒီလို ပုံစံသာဝတ်စားမထားရင် သေသွားတာကြာလောက်ပြီ” ငှက်ပြာသည် ရေရွတ် နေသည်။

“အဲဒါကြောင့် ဒီလူ့မှာ ဘိုးဘေးကျောက်တုံးရှိနေတာပဲ၊ ငါ အရင်ကတည်းက စဉ်းစားမိသင့်တယ်”

ထိုအချိန်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်၌ လျှပ်စီးစွမ်းအားလက်သွားကာ ထိုးဝင်သွားပြီး ခန္ဓာကိုယ်အား လျှပ်စီးစွမ်းအားဖြင့်ရစ်ပတ်ထားသည်ကိုကြည့် ခြင်းအားဖြင့် သူမ၏ခန္ဓာကိုယ်သည် အနာဂတ်တွင် မည်မျှသန်မာလာမည်ကို ခန့်မှန်း၍ရနေသည်။ သူမ၏ ကာကွယ်ရေးခွန်အားသည် ကောင်းကင်ကို ဆန့်ကျင်လိမ့်မည်။

အားလုံးပေါင်း မိုးကြိုးသွား ၉ စင်းပင်။ ပေထင်းဟွမ် အားလုံကို ခံယူပြီး နောက် ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိသည့်တိုင် သေလုနီးပါးဖြစ်သွားခဲ့ သည်။ ပေထင်းဟွမ်သည် သူမဆီသို့ပြေးလာနေသော အဂူးကို အားပျော့စွာဖြင့် ကြည့်ပြီး လက်ထဲမှ ဆေးကိုထည့်ပေးကာ မျက်လုံးမှိတ်လိုက်သည်။

“သခင် သခင်” ပေထင်းဟွမ် မသေသေးသည်ကို အဂူးသိသော်လည်း မခံမရပ်နိုင်ဖြင့် ခါးသက်စွာငိုမိသည်။ သူသည် ခွန်အားအတွက် စိတ်အားထက်သန်သူမျိုးကို မမြင်ဖူးပေ။ ပေထင်းဟွမ်၏ မူလရည်ရွယ်ချက် သည် ဤဆုံးဖြတ်ချက်ကို ချစေသည်ကို သူရှင်းလင်းစွာသိသည်။ သူမသည် သန်မာလာပြီး ဆွေမျိုးများ၊ တွဲဖက်များနှင့် ချစ်ရသူကိုကာကွယ်ချင်သည်။

ထိုအချိန်တွင် စီဖုန်းနတ်ဘုရားအကျဉ်းထောင်တွင်ထိုင်နေသည့် ယန်ယဲ့ သည် ဂနာမငြိမ်ဖြစ်လာသည်။ သူသည် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို ထပ်ခါထပ်ခါ ချိုးဖောက်ချင်သည်။ သို့သော် ယခုအချိန်တွင် သူ့တွင်ခွန်အားမရှိ ပေ။

မိုးကြိုးနှင့်လျှပ်စီးသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ဖောက်ခွဲခဲ့ကာ မွေးပွလုံးမှတစ်ဆင့် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကိုထပ်ခါထပ်ခါပစ်ခတ်ခဲ့ သည်။ စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် လှုပ်ခါသွားခဲ့ကာ ခိုင်မြဲခဲ့သော ကောင်းကင်နှင့် မြေကြီးစွမ်းအားသည် ပျက်စီးသွားလေပြီ။ စီဖုန်းနတ်ဘုရား အကျဉ်းထောင်ကို သန့်စင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

သို့သော် ယန်ယဲ့လုံးဝဂရုမစိုက်ပေ။ သူသည် အနည်းငယ်စိတ်တိုနေလေ ပြီ။ ဒီကောင်မလေးက မိုးကြိုးအပစ်ခံရတာကို အသားကျနေပြီလား။ စွဲလမ်းနေ တာလား။ သူ ပိတ်လှောင်ခံရသည့်အချိန်တိုင်းတွင် သူမသည် မိုးကြိုးပစ်ခံခဲ့ သည်။

All Chapters