← Chapters

ယန်ယဲ့ ကျွန်မ တော်တော်များများကိုမှတ်မိပြီ

Vol. 76 Ch. 1514

ယန်ယဲ့ ကျွန်မ တော်တော်များများကိုမှတ်မိပြီ

Vol. 76 Ch. 1514

ပေထင်းဟွမ်သည် အေးအေးလူလူပင် နိုးထလာသည်။ ရုန်းရင်းဆန်ခတ် ဖြစ်မနေပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုမှတ်ဉာဏ်များသည် သူမ၏မူလ မှတ်ဉာဏ်များဖြစ်ကာ စိတ်ထဲတွင်အမြစ်ဆွဲနေပြီး သူမစိတ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

“ငါ စိတ်ဝိညာဉ်အဆင့်ကိုတက်တာနဲ့ တော်တော်များများကို မှတ်မိနိုင် မယ်လို့ မင်ပြောခဲ့တယ်၊ တကယ်ပါလား”

မျက်ရည်စီးကြောင်းနှစ်ခုသည် ပေထင်းဟွမ်၏မျက်လုံးထောင့်များမှ တဖြည်းဖြည်းစီးကျလာသည်။ ထိုအချိန်တွင် ယန်ယဲ့၏ စိတ်ပူပန်သော အသံ သည် သူမ၏အသိစိတ်ပင်လယ်ထဲတွင် ထပ်မံပေါ်ထွက်လာသည်။ ပေထင်းဟွမ်သည် နာကျင်သောခံစားချက်များကို ဖိနှိပ်ရန် အသက်ပြင်းပြင်းရှူ လိုက်ကာ ပိုနူးညံ့သည့်အသံအဖြစ်ပြောင်းလဲလိုက်သည် “ယန်ယဲ့ ကျွန်မ အဆင်ပြေတယ် စိတ်မပူနဲ့ အဆင်ပြေတယ်”

“ဟွမ်အာ” တစ်ချိန်လုံး ရုန်းကန်နေခဲ့သောယန်ယဲ့သည် ပေထင်းဟွမ်၏ အသံကိုကြားသောအခါ စိတ်အေးသွားရလေသည်။ သူသည် အားနည်းစွာဖြင့် ထိုင်ချကာ လျှောက်လဲသောအသံဖြင့်ပြောလေသည် “ဟွမ်အာ ကိုယ့်ကို ကတိပေးပါ၊ ဒီလိုမျိုးစွန့်စားမှုတွေမလုပ်တော့ပါဘူးလို့”

ပေထင်းဟွမ်သည် စကားမပြောပေ။ နတ်အကျဉ်းထောင်တစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေသည်။ အသံတစ်သံမှထွက်လာခြင်းမရှိရာ ပို၍ အနည်းငယ်စိတ်ဓာတ်ကျစရာပင်။

ယန်ယဲ့သည် ခက်ခက်ခဲခဲနှင့် လေမှုတ်ထုတ်လိုက်သည် “ဟွမ်အာ ဒီ တောင်းဆိုချက်က အကျိုးအကြောင်းမသင့်တာ သိပါတယ်၊ ဒါပေမဲ့ ကိုယ် အခု ဘာမှမမြင်ရဘူး၊ မင်းကလည်းစကားမပြောဘူးဆိုရင် ကိုယ် ဘာမှမကြားရဘူး၊ မင်းဘာတွေဖြစ်နေတာလဲ ကိုယ်မသိဘူး၊ မင်းက ကိုယ်အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်ပဲ၊ မင်းရှိနေသရွေ့ စီဖုန်းနတ်ဘုရားအကျဉ်းထောင်က ကိုယ့်ကို ပိတ်လှောင်မထားနိုင်ဘူး၊ ဒါပေမဲ့ မင်းတစ်ခုခုဖြစ်ရင် ကိုယ်အရင်ဆုံး လဲပြိုမှာပဲ”

ရပေထင်းဟွမ်၏ လက်များသည် ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ယန်ယဲ့၏တောင်းဆိုချက်ကို သူမ မလိုက်လျောချင်၍မဟုတ်ဘဲ သူမ၏ မှတ်ဉာဏ်များပြန်ရလိုက်ခြင်းသည် လွန်စွာ မသက်မသာဖြစ်စေသည်။

“ယန်ယဲ့ ကျွန်မ တော်တော်များများကို မှတ်မိနေပြီ၊ ရှင် ကလေးတုန်းက ပုံကိုမှတ်မိတယ်၊ နှင်းလွှမ်းနေတဲ့ ချယ်ရီပန်းပင်အောက်က ရှင့်ကိုမှတ်မိတယ်၊ ရှင့်မျက်လုံးတွေကလှတယ်လို့ ကျွန်မပြောခဲ့တယ်၊ အဲဒါတွေကိုလည်း ပေးဖို့ တောင်းခဲ့တယ်၊ ရှင် ကတိပေးခဲ့တယ်လေ” ပေထင်းဟွမ်၏အသံမှာ တဖြည်းဖြည်းတုန်ယင်လာပြီး ငိုတော့သည် “ရှင် ထုံရှန့်က သံသစ်သားအိမ်ထဲ မှာ ကျွန်မကိုလာတွေ့တာလည်းမှတ်မိတယ်၊ ကျွန်မတို့စကားမပြောတော့ ရှင် အရမ်းဝမ်းနည်းခဲ့တာလေ...”

“ဟွမ်အာ”

“ယန်ယဲ့ ဟွမ်ကျို့က သူမနှလုံးသားထဲမှာ မြှုပ်နှံခဲ့တဲ့စကားတစ်ခုရှိတယ်၊ သူမက မသေခင်အထိ လုံးဝမပြောခဲ့ဘူး၊ နတ်ဘုရားက အဲဒီမှတ်ဉာဏ်တွေ အကုန် ကျွန်မကို ပြန်ပေးခဲ့တယ်၊ ဟွမ်ကျို့ ဘာပြောချင်လဲဆိုတာ သူ သိစေ ချင်တာထင်တယ်”

“ဟွမ်အာ...”

“အဲဒါက ကျွန်မရဲ့အရင်ဘဝရဲ့အရင်ဘဝပဲ၊ ခန္ဓာကိုယ်မတူဘူးဆိုပေမဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ကတော့အတူတူပဲ” ပေထင်းဟွမ်သည် အသက် အနည်းငယ်ရှူလိုက်သည်နှင့် အသံနေအသံထားသည် တည်ငြိမ်သွားသည် “အဲဒါတွေက ကျွန်မမှတ်ဉာဏ်တွေပဲ၊ အခုကစပြီး ကျွန်မက ဟွမ်ကျို့ပဲ၊ ဟွမ်ကျို့က ကျွန်ပဲ”

“ဟွမ်အာ ကို့ယ်စိတ်ထဲမှာ မင်းဟုတ်တာမဟုတ်တာ ကိစ္စမရှိပါဘူး” ယန်ယဲ့၏နှလုံးသားကို ဓားတစ်ချောင်းနှင့် မွှန်းလိုက်သလိုပင်။ သူတို့အတွက် လွန်ခဲ့သည့်နှစ်တစ်သောင်းက ဘဝသည် ပျော်ရွှင်ရသည်ထက် ဝမ်းနည်းဖွယ် ရာများအပြည့်နှင့်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ချစ်ကြ သော်လည်း ကွဲကွာခဲ့ရသည်။

“ကျွန်မမှတ်ဉာဏ်တွေကို ပြန်ရလိုက်ပြီ၊ အဲဒီခံစားချက်နဲ့ အတွေ့အကြုံ တွေက ကျွန်မစိတ်ထဲမှာ ကမ္ဗည်းထိုးပြီးသားဖြစ်နေတာ” ပေထင်းဟွမ်သည် မျက်ရည်ထပ်မံကျလာပြန်သည်။ သို့သော် သူမ၏အသံမှာ အတက်အကျမရှိ ပေ “ကျွန်မ အနီရောင်မင်္ဂလာဝတ်စုံဝတ်ပြီး ထုံရှန်းကနေ သွေးလနန်းတော်ကို လာတာကိုလည်းတွေ့ခဲ့တယ်၊ ရှင် ကျွန်မကို ဘယ်တုန်းကစောင့်တေနာလဲ၊ ရှင် ခရမ်းရောင်မင်္ဂလာဝတ်ရုံဝတ်ထားပြီး ပုံမှန်ထက်ကြည့်ကောင်းနေတာကို လည်း တွေ့ခဲ့တယ်၊ အဲတုန်းက ကျွန်မ ခင်ပွန်းဖြစ်တော့မှာဆိုပြီး အရမ်းဂုဏ်ယူခဲ့တာ”

“ယန်ယဲ့ ရှင့်ကို အကြောင်းအရင်းမပြောပြလို့ အပြစ်မတင်ပါနဲ့၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကမဟုတ်ဘဲ ဒီဘဝမှာတောင် ရှင်က ကျွန်မအတွက် သွေးစာချုပ်ဖောက်ဖျက်ဖို့ နတ်ဘုရားရဲ့အပြစ်ပေးမှုကိုခံစားရမှာမဟုတ်ဘူး”

“ဟွမ်အာ မပြောနဲ့တော့ ကိုယ်အပြင်ထွက်လာတဲ့အထိပဲစောင့်ပေး လိမ္မာတယ် ကိုယ်ထွက်လာတာစောင့်ပေးပါ” ယန်ယဲ့သည် မျက်လုံးများကို တဖြည်းဖြည်းမှိတ်လိုက်သည်။ သူ၏မျက်လုံးများသည် စိုစွတ်နေပြီဖြစ်သည်။ သို့သော် သူသည် မငိုတတ်ပေ။

All Chapters