← Chapters

ကိုယ်ကြိုးစားမယ်

Vol. 76 Ch. 1515

ကိုယ်ကြိုးစားမယ်

Vol. 76 Ch. 1515

ပေထင်းဟွမ် ထိုသို့ပြောခြင်းမှာ ယန်ယဲ့၏နှလုံးသားထဲတွင် နာကျင်နေပြီ ဖြစ်သည်။ သူသည် ဤအခိုက်အတန့်တွင်ဖြစ်နေသော ပေထင်းဟွမ်၏သောက နာကျင်မှုနှင့် နောင်တကို ခံစားမိသည်။ သို့သော် သူမအား မနှစ်သိမ့်ပေးနိုင်ပေ။

“ယန်ယဲ့ ရှင်က ကောင်းပါတယ်၊ ကျွန်မက ဘယ်လိုလုပ် ရှင့်ကို မချစ်ဘဲ နေနိုင်မှာလဲ၊ ရှင်က ကျွန်မအတွက်နဲ့ သွေးသစ္စာပြုလိမ့်မယ်လို့ထင်မထားရုံ တင်ပါ၊ ကျွန်မ သေသွားပြီးတော့ ရှင်က နာကျင်မှုကို နှစ်တစ်သောင်းကြာ အောင်ခံစားခဲ့တယ်” ပေထင်းဟွမ်သည် သက်ပြင်းကိုလေးလံစွာချလိုက်သည်။ သူမသည် နှစ်တစ်ရာပန်းပွင့်သည့်အလား နှုတ်ခမ်းကို တဖြည်းဖြည်းကွေးပြီး ပြုံးလိုက်သည် “အဲလိုနောက်တစ်ခါ ထပ်ဖြစ်တော့မှာမဟုတ်ဘူး၊ ကျွန်မတို့ တွေ ကောင်းကောင်းနေမယ်၊ ရှင်ကြိုးစားရမယ်၊ ရှင်ထွက်လာတာကို ကျွန်မ စောင့်မယ်၊ ရှင် မကြာခင်ထွက်လာနိုင်မှာပါ”

ယန်ယဲ့သည် အပြင်ထွက်ချင်သည်။ သူသည် စီဖုန်းနတ်ဘုရားအကျဉ်း ထောင်ကိုကြည့်ပြီး ထွက်ချင်စိတ်မှာ ပိုပိုပြီးလောကြီးလာသည်။ သူ ထွက်လာ ပြီး ချစ်ရသည့်မိန်းကလေးကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ချင်သည်။ သူမအား မိန်းကလေးဆိုသည့်ဂုဏ်ကို ပြန်ယူပေးကာ ယောက်ျားလေးလို နေထိုင်ခွင့်မပြု တော့ပေ။ သူသည် သူမအား အခမ်းနားဆုံးမင်္ဂလာပွဲပေးပြီး သူ၏ဧကရီဖြစ်ခိုင်း မည်။ သူသည် နှဏ်ပေါင်းတစ်ထောင်ကြာသည့် မင်္ဂလာဖယောင်းတိုင်လိုချင် သည်။ သူမအား ဂုဏ်သက္ခာယူလာပေးမည်။

“ဟုတ်ပြီ ဟွမ်အာ ကိုယ်ကြိုးစားပါ့မယ်”

ပေထင်းဟွမ်အား ကတိပေးရသည်မှာ ယန်ယဲ့အတွက် စဉ်းစားစရာပင် မလိုအပ်သော အရိုးရှင်းဆုံးကိစ္စဖြစ်သည်။ စီဖုန်းနတ်ဘုရားအကျဉ်းထောင်၏ အုတ်မြစ်ကိုခံစားကြည့်ရာ ခရမ်းရောင်မိုးကြိုး ကိုးလွှာ၏ ထိုးနှက်မှုအောက် တွင် အနည်းငယ် မတည်ငြိမ်တော့သည့်ပုံပင်။ ယန်ယဲ့ ပျော်သွားသည်။ မကြာခင်တွင် သန့်စင်သည့်အခြေအနေသို့ စတင်ဝင်နိုင်တော့မည်။

ပေထင်းဟွမ် သတိမေ့မျောပြီးနောက် အဂူးသည် သူမအား ချီကာ ကျောက်တုံးပေါ်သို့တင်လိုက်သည်။ ပေထင်းဟွမ် နိုးလာသည်။ အဂူးသည် ကျို့ရှို့အား ဆေးပို့ဆောင်ရန် အချိန်ပင်မရလိုက်ပေ။

“သခင်” ပေထင်းဟွမ် နိုးလာသည်ကိုမြင်သောအခါ အဂူးသည် သက်ပြင်း ချမိသည်။ သူသည် အစောက လန့်၍သေသွားနိုင်သည်.

ပေထင်းဟွမ်၏နေရာထဲမှ သားရဲများအားလုံးလည်း မြက်ခင်းပေါ်သို့ ခြေထောက်များပျော့ခွေကျသွားသည်။ သို့သော် သူတို့ လဲမကျခင်တွင် ခွန်အား တစ်ခုသည် သူတို့အားဆွဲသွားသည်။ ကောင်းကင်မှ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းကျလာကာ သူတို့အားလွှမ်းခြုံပြီး ကြီးမားသောစွမ်းအင်သည် သူတို့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လေသည်။

ထိုမြင်ကွင်းသည် ထိုဧရိယာရှိ သားရဲများအားလုံးကို မှင်တက်သွားစေ သည်။ နှစ်ပေါင်းများစွာနေလာခဲ့ပြီး ကမ္ဘာပေါင်းများစွာကိုမြင်လာခဲ့သော ငှက်ပြာပင်လျှင် ကြက်သေသေနေသည်။ ၎င်းသည် အတောင်ပံခတ်ကာ ခပ်ဝေးဝေးသို့ပျံသွားလိုက်သည်။ ကောင်းကင်ကြီးမှာ ကြီးမားသောသားရဲ တစ် ကောင် ပါးစပ်ဟနေသလိုပင်။

“မိုးနတ်မင်းရေ ကြောက်ဖို့မကောင်းလွန်းဘူးလား၊ သားရဲတွေအများကြီး ပဲ အဲဒါအကုန်လုံးက သွေးသားသားရဲတွေလား” ချင်းညောင်သည် အသံထွက် ရန်ပင် အတန်ကြာအရှိန်ယူရသည်။ သူသည် တောင်ပခံခတ်ကာ ပါးစပ်အား ရိုက်လိုက်သည် “ငါ ဘာလို့မေ့နေတာလဲ၊ ဒီကောင့်မှာ ကစဥ့်ကလျားနတ် အရင်းအမြစ်ရှိနေတာပဲ”

ထိုအချိန်တွင် ရွာသားများနှင့်အတူရှိနေသော နှင်းဝံပုလွေဘုရင်နှင့်အဖွဲ့ နှင်းဝံပုလွေများသည် ကောင်းကင်နှင့်မြေကြီးဥပဒေအလင်းထဲတွင် ပိတ်ဖုံးနေ ခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များကို ကြီးမားသောစွမ်းအားက ပင့်မထားသည်။ အလင်းများစတင်မှေးမှိန်သွားချိန်တွင် ထိုသားရဲများသည် ပျော်ရွှင်စွာ ထခုန် လေသည်။

“ဟား ဟား ငါတကယ်ကြီး နတ်ဘုရားအဆင့်သားရဲဖြစ်သွားပြီ”

“ငါရောပဲ ငါလည်း နတ်ဘုရားအဆင့်သားရဲပဲ”

“သခင်က နတ်ဘုရားအဆင့်သားရဲဖြစ်သွားပြီ မကြာခင် အရှင်အဆင့်ဖြစ် လိမ့်မယ်”

ဂူတစ်ခုလုံးတွင် အော်သံများညံသွားသည်။ မူလက ကျို့ရှို့အား စိုးရိမ်နေ ခဲ့ကြသည့် ချင်းရှန့်ရွာသားများသည် နောက်ဆုံးတွင် သက်ပြင်းချမိကြသည်။ သူတို့သည် ပေထင်းဟွမ်ကိုသာ စိုးရိမ်မိကြတော့သည်။ နှင်းဝံပုလွေများသည် ပေထင်းဟွမ်၏သားရဲများဖြစ်သည်ကို မေ့လျော့နေခဲ့ကြသည်။ ပေထင်းဟွမ် သာတစ်ခုခုဖြစ်လျှင် ထိုနှင်းဝံပုလွေများလည်း အသီးသီး ရှုပ်ထွေးငြိတွယ်ကြ မည်ပင်။

တောင်တစ်ခုလုံးတွင် ပေထင်းဟွမ်၏သားရဲများဖြင့် ပြည့်နေပြီး အဆင့် တက်ကြသော သားရဲများထွက်လာကာ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းမှ ပံ့ပိုးသော စွမ်းအားကိုလက်ခံကြလေသည်။ ပေထင်းဟွမ်သည် အရှင်အဆင့် အဖြစ်အောင်မြင်စွာ အဆင့်တက်သွားပြီး နတ်ဘုရားအဆင့်မှ စိတ်ဝိညာဉ် အဆင့်တက်သွားသဖြင့် သားရဲများအတွက် များစွာအကျိုးအမြတ်ရှိလေသည်။

All Chapters