← Chapters

ငှက်ကျိုး

Vol. 76 Ch. 1516

ငှက်ကျိုး

Vol. 76 Ch. 1516

စွမ်းအားသည်ကြီးမားသော်လည်း ရှောင်ထန်းမှလွဲ၍ ပေထင်းဟွမ်၏ လက်ရှိသားရဲများအားလုံးနီးပါးသည် ရှေးဟောင်းသွေးသား သားရဲများဖြစ်ကြ သည်။ တစ်ယောက်ချင်းစီ အဆင့်တက်ရန်လိုအပ်သည့် စွမ်းအားသည် အလွန် ပင် အားကောင်းရမည်။ ဖန်ချန်း၊ အဂူးနှင့် ကျိန်စာသင့်မြေမှ ထွက်လာသည့် သားရဲတို့ မည်မျှ အကျိုးရှိမည်ကို ပေထင်းဟွမ် မသိပေ။

မိုးကြိုးသွားနှင့်တခြားသူများသည် အိပ်မောကျဆဲပင်။ နိုးလာပြီးနောက် သူ မည်သည့်အဆင့်သို့တက်သွားသည်ကို ပေထင်းဟွမ် မခန့်မှန်းနိုင်ပေ။

ကံကောင်းစွာပင် ရှောင်ထန်းသည် အဆင့်တက်သွားသည်။ သူသည် နတ်သားရဲမှ အဆင့်မြင့်နတ်သားရဲအဖြစ် တိုးတက်သွားသည်ကို ပေထင်းဟွမ် မြင်ရသည်။ နတ်ဘုရားအဆင့်အပင်သားရဲသည် အလွန်ပင် ကြောက်စရာပင်။

အားကောင်းသော အစွမ်းအစရလိုက်သဖြင့် ရှောင်ထန်းသည် ပေထင်းဟွမ်အား ပီတရွှင်စွာဖြင့် သတင်းပို့လေသည် “သခင် သခင် ငါ့အဆိပ် က အဆင့်တက်ပြီး စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သွားပြီ၊ နောက်ဆို ရင် အဲဒီစိတ်ဝိညာဉ်အဆင့်လူတွေကို ငါ့အဆိပ်သုံးပြီး ဖြေရှင်းလို့ရသွားပြီ”

“ကောင်းတယ်” ရှောင်ထန်းတွင် ထိုကဲ့သို့ အစွမ်းအစရှိနေလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် အဆိပ်မှာ ကောင်းကင်ကို အံတုနိုင်သည့်အရာပင်။

“နောက်ဆိုရင် ရှောင်ထန်းက ဝူရှီထန်းလိုမျိုး အားကောင်းတဲ့သတ္တဝါ အဖြစ် တိုးတက်ရင်တိုးတက်လာမှာ” ဖန်ချန်းနှင့်တခြားသူများသည် ရှောင်ထန်း အတွက်ပျော်ပေးကြသည်။

ပေထင်းဟွမ်လည်း အလွန်ပျော်ရွှင်မိသည်။ သူမ ကြာရှည်စွာစောင့်ဆိုင်း လာခဲ့ရသည့် အဆင့်တက်မှုသည် နောက်ဆုံးတွင် ရောက်လာချေပြီ။ ၎င်းသည် များစွာသောသားရဲများကို အိပ်မောကျအောင်လုပ်နိုင်သော်လည်း ကံကောင်း စွာပင် အဂူးကဲ့သို့ သူမနောက်သို့ လွန်ခဲ့သည့်နှစ်တစ်ထောင်က လိုက်လာခဲ့ သောသားရဲများရှိနေသေးသည်။ သူတို့၏ခန္ဓာကိုယ်ကိုလည်း ပြုပြင်ပြီးဖြစ်လေ သည်။ သူတို့သည် ကျိန်စာနှင့် နတ်ဆိုးဝိညာဉ် စွမ်းအားများကို ရှင်းထုတ်ပြီး နောက်တွင် သူတို့၏ခွန်အားသည် ပေထင်းဟွမ်အတွက် အကြီးမားဆုံး အထောက်အပံ့ဖြစ်လာခဲ့သည်။

“ငှက်စုတ် မင်းက သေမှာကိုမကြောက်ဘဲ ဒီမှာပွဲလာကြည့်နေတာပေါ့” ပေထင်းဟွမ်သည် သူမဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် ငှက်ပြာကို စိတ်ဆိုးဆိုးဖြင့်ကြည့်လိုက်သည်။ သူမသည် စင်မြင့်အမြင့်ကိုမကြောက်ပေ။ အစောပိုင်းက သူမ မိုးကြိုးအပစ်ခံရသည်ကို မြင်လိုက်ရခြင်းကြောင့်လားမသိ ပေ ကျီးကန်းသည် ဘေးတွင် အလွန်စိတ်အားထက်သန်နေပုံပေါက်သည်။

“ငှက်ကျိုး ငှက်စုတ်” ဖြစ်ရသဖြင့် သခင်ချင်းညောင်သည် ဒေါသကြောင့် သေလုမတတ်ပင်။ ၎င်းသည် ပေထင်းဟွမ်၏ အကြောကို ကြောက်လန့်တကြားကြည့်လိုက်သည်။ ထိုနေရာတွင် ဘိုးဘေးကျောက်တုံးရှိ သည်။ ထိုဘိုးဘေးကျောက်တုံးကို သူ အကောင်ပေါက်ဘဝကတည်းက အရိုးထဲမှမုန်းတီးကာ ၎င်းတွင် နတ်ဆိုးဝိညာဉ်များ စိမ့်ဝင်နေခဲ့သည်။ သူသာ ပေထင်းဟွမ်အား ထပ်မံတိုက်ခိုက်ရဲပါက ထိုဘိုးဘေးကျောက်တုံးသည် သူ့အား အလွတ်ပေးမည်မဟုတ်ပေ။

ငှက်ပြာသည် အေးစက်စွာနှာမှုတ်ကာ ပေထင်းဟွမ်အား မျက်စောင်းထိုး ပြီး မျက်နှာလွှဲသွားလေသည်။ ၎င်းသည် တောင်ပံခတ်ကာ သတ်ဖြတ်ဝိညာဉ် တောင်၏အတွင်းနက်ပိုင်းဆီသို့ ပျံထွက်သွားလေသည်။

ပေထင်းဟွမ်သည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းစွမ်းအားမှပေးသော စွမ်းအင်များရရှိခဲ့သည့် သားရဲများအားလုံးကို နေရာထဲသို့ပြန်ထည့်ကာ တောင်မှပျံဆင်းလာခဲ့သည်။

မင်သည် တစ်ချိန်လုံး အိပ်မောကျနေပုံပင်။ သူသည် ပေထင်းဟွမ်၏ သားရဲနေရာထဲတွင်ရှိကာ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း၏ စွမ်းအားကို လက်ခံရန်ထွက်လာဖို့မလိုပေ။ ပေထင်းဟွမ်သည်လည်း သူ့ကိုမနှောင့်ယှက် ပေ။ တကယ်တော့ မင် မည်မှအကျိုးအမြတ်ရသွားကြောင်းကို သူမ တကယ် သိချင်သည်။

“သူ တကယ်စိတ်လှုပ်ရှားနေလောက်တယ်၊ နဂါးဇာမဏီတောင်ကြား ထဲမှာ သူ့ရန်သူတွေရှိသေးတယ်၊ ငါတို့ ၃၃ ကောင်းကင်ဘုံကိုသွားရင်တော့ ခွန်အားလုံလောက်ဖို့မျှော်လင့်ပါတယ်”

ထိုအချိန်တွင် ကောင်းကင်သည် လင်းလာပြီဖြစ်၏။ ချောက်ကမ်းပါးကို ဖြတ်ပြီးနောက် ကွင်းပြင်ဧရိယာကိုဝင်လာပြီဖြစ်သည်။

အဂူးသည် အရင်ခြေချလိုက်သည်။ အားလုံး၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူသည် ကျို့ရှို့အား ဆေးပစ်ပေးလိုက်သည်။

၎င်းသည် ကျို့ရှို့အတန်ကြာအောင် စောင့်ဆိုင်းနေသည့်အရာဖြစ်သည်။

စစ်မှန်သော အရှင်အဆင့်ဆေးသည် ပေထင်းဟွမ် တန့်ကာမြို့တွင် သန့်စင်ခဲ့သည့်ဆေးနှင့်ယှဉ်လျှင် အဆင့်၊ အသွင်အပြင်နှင့် ဆေးအာနိသင် တို့မှာ ပိုမြင့်မားသည်။ အဂူး၏လက်ဖဝါးထဲမှ ဆေးသည် အလင်းတန်း တောက်ပနေကာ ကြွယ်ဝသောရနံ့ထွက်ပေါ်လာရာ ၎င်း၏ အကျိုးသက်ရောက်မှုမှာ သံသယဝင်စရာမရှိပေ။

ကျို့ရှို့၏မျက်လုံးများသည် ဂနာမငြိမ်ဖြစ်ကာ တံတွေးကိုခက်ခက်ခဲခဲ မျိုချနေရသည်။ ဤဆေးသာ သူ၏ခြေထောက်ကို ကုသနိုင်ပါက ဤကောင်လေးနောက်ကို ဘာကြောင့် မလိုက်နိုင်ရမည်နည်း။

All Chapters