ထရပ်လိုက်တာလား
Vol. 76 Ch. 1517
ကျို့ရှို့သည် အဂူး၏လက်ဖဝါးဆီသို့ လက်ဆန့်ထုတ်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ချင်းရှန့်ရွာသားများရှေ့၌ပင် သူသည် ဘယ်ဘက်ရင်အုံပေါ်သို့ ညာဘက်လက်တင်ကာ တုန်ယင်သောအသံဖြင့် ပြောလေသည် “ကျုပ် ကျို့ရှို့က ဒီဘဝမှာ ဒီအရှင်လေးနောက်ကိုလိုက်ပါမည် ဟု ကျိန်ဆိုပါတယ်၊ ကျုပ်အသက်က သူ့အပိုင်ပါပဲ၊ ကျုပ် မနာခံရင် ဒီကမ္ဘာမှာ တစ်သက်လုံး သေဆုံးရပါ၏”
ကျို့ရှို့၏အသံဆုံးသည်နှင့် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျလာပြီး သူနှင့် ပေထင်းဟွမ်အား လွှမ်းမိုးလေသည်။ ကျို့ရှို့ သစ္စာဆိုချိန်တွင် သူ၏ မျက်လုံးထဲတွင် ပေထင်းဟွမ် တစ်ယောက်သာရှိသည်။ သူသည် ပေထင်းဟွမ် ၏ နာမည်ကိုမသိသော်လည်း ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် ဖြစ်တည် နေတုန်းပင်။
အဂူးသည် ကျို့ရှို့အား လေးနက်စွာကြည့်ပြီးနောက် သူ၏ရင်ထဲမှ 'အမှိုက်' ဆိုသည့်လူနှင့် ကျေနပ်သွားလေသည်။ သို့သော် ကျို့ရှို့သည် သူ၏ သခင်နှင့်တွေ့ရခြင်းမှာ ကံကောင်းသည်ဟု သူပြောချင်သည်။ ထို့နောက် သခင် မှ ထပ်မံ မျက်နှာပေးပြန်သည်။
“အဂူး သူ့ကို ဆေးပေးလိုက် ငါတို့မြန်မြန်သွားရမယ်” ပေထင်းဟွမ်သည် လျစ်လျူရှုစွာပြောလိုက်သည်။ သူမတွင် လူမနည်းလှပေ။ အဂူးနှင့်တခြားသူ များသည် လူသားမဟုတ်ဘဲသားရဲများဖြစ်သော်လည်း သူတို့၏ ခွန်အားသည် လူသားအတော်အများထက်ပင် သန်မာသေးသည်။ သူတို့သည် သူမအပေါ်တွင် လူသားများထက်မလျော့ဘဲ သစ္စာရှိကြသည်။
သို့သော် ကျို့ရှို့ လိုက်ချင်သဖြင့် လိုက်ခွင့်ပေးလိုက်သည်။
ဆေးသောက်ပြီးနောက် နာကျင်သည့်လုပ်ငန်းစဉ်သည် အလွန်ရှည်လျား သည်။ ဂူထဲတွင် မျက်လုံးများအားလုံးသည် ကျို့ရှို့ပေါ်သို့ကျရောက်နေသည်။ သူ ဘေးနားရှိကျောက်တုံးနှစ်တုံးကို လက်ဖြင့်ဆုပ်ကိုင်ထားပြီး မြေကြီးပေါ်၌ လူးလိမ့်နေသည်ကို ကြည့်နေကြသည်။ သူ၏နှဖူးမှ ပဲစေ့အရွယ်ရှိ ချွေးသီးများ ကျလာပြီး အဝတ်အစားများသည် စိုစွတ်ကုန်ကြသည်။ သူသည် မခံနိုင်သဖြင့် အော်ဟစ်လေသည်။
စိတ်နုသူများသည် မခံနိုင်ကြပေ။ ပေထင်းဟွမ်သည်လည်း ခေါင်း အနည်းငယ်လွှဲကာ ကျို့ရှို့အား အာရုံမထားတော့ပေ။
ဤမျှနာကျင်မှုကို ဇွဲနပဲဖြင့်အံကြိတ်ခံနေသည်ကိုကြည့်ပြီး ဤလူငယ် အပေါ်ရှိ ပေထင်းဟွမ်၏အမြင်လည်း ပြောင်းလဲသွားသည်။ ဤရတနာဆေးကို သူမ သန့်စင်ထားခြင်းဖြစ်ရာ ဆေးသက်ရောက်မှု မည်မျှအားကောင်းသည်၊ အားကောင်းသောစွမ်းအင် မည်မျှပါဝင်သည်ကို တခြားသူများထက် ပိုသိသည်။
ရတာဆေးသည် ကျို့ရှို့၏ခန္ဓာကိုယ်မှ သွေးကြောများကို ချဲ့သည်။ ခြေထောက်နှစ်ဖက်လုံး ရပ်နိုင်ရန် ထောက်ပံ့ပေးသည်သာမက ရိုးတွင်းခြင်ဆီ သန့်ရှင်းပေးခြင်း၊ အမွှေးအမြင်များဖြတ်တောက်သည့် အကျိုးကိုလည်း သက်ရောက်စေသည်။
ထို့ကြောင့် ကျို့ရှို့သည် ညှဉ်းပန်းနှိပ်စက်မှုခံရပြီးနောက် မြေပြင်ပေါ်မှ ထလိုက်သည်။ သူ၏တစ်ကိုယ်လုံးမှာ ရွှံ့ရုပ်တစ်ရုပ်ကဲ့သို့ အနံ့များလှိုင်လျက်ရှိ သည်။
ဤကဲ့သို့နာကျင်မှုတွင် သူ ရှင်သန်နိုင်လိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။ သူမ ငယ်စဉ်ကတည်းကပင် ခန္ဓာကိုယ်မှသွေးကြောများကို အညစ်အကြေးများဖြင့် ပိတ်ခံထားရသဖြင့် ဆေးအာနိသင်ဖြင့် အားလုံးကို ရှင်းထုတ်ရသည့်ခံစားချက်ကို မေ့မရပေ။ ပေထင်းဟွမ်သည် ထိုနာကျင်မှုကို စဉ်းစားမိသည်နှင့် ကြက်သီးထမိသည်။
ကျို့ရှို့သည် နာကျင်မှုကိုဖြတ်ကျော်ပြီးသည့်တိုင် မြေပြင်ပေါ်မှထနိုင် သည်။ သူသည် နာကျင်မှုအရိပ်ကြောင့် ယိုင်နှဲ့သွားခြင်းမရှိပေ။ သူ မည်သည့် နေရာတွင်ရောက်ရှိနေသည်ကိုပင် မသိပေ။
ဂူတစ်ခုလုံးတွင် လေထုသည် အနည်းငယ်ထိုင်းမှိုင်းနေသည်။ ကျို့ရှို့ မေ့လျော့နေသည်သာမက ရွာသားများပင် ငေးကြောင်နေသည်။
ဒါ ဟုတ်ရဲ့လား။ အဲဒီလူငယ်ကို ကွေးတွန့်နိုင်အောင်လုပ်နိုင်တဲ့ ဆေး သောက်ပြီးတာတောင် မျက်နှာမှာ သွေးတစ်ပေါက်မရှိဘဲ ထရပ်နိုင်တာလား။
အားလုံးသည် အိပ်မက်မက်နေသယောင် အံ့ဩနေကြသည်။
“အာ.. နံလိုက်တာ” လင်းဖုန်းသည် ကလေးဖြစ်သဖြင့် အနံ့ကိုမခံနိုင်ပေ။
ဟူး
အားလုံးသည် လေးလံစွာလေမှုတ်ထုတ်လိုက်ကြကာ ထိတ်လန့်မှုမှ နိုးထ လာသည်။ သို့သော် သတိဝင်လာသူများသည် သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ကြပေ။ သူတို့သည် နှာခေါင်းပွတ်ကာ ကျို့ရှို့အား ပျာယာခတ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ကျို့ရှို့သည် ခေါင်းငုံ့ကာ တစ်ကိုယ်လုံးကို ငုံ့ကြည့်လိုက်သည်။ သူသည် အိမ်သာမှတက်လာသည့်အတိုင်းပင်။ လက်မောင်းကိုမြှောက်ကာ အနံ့ရှူကြည့် လိုက်ပြီးနောက် 'အာ' ဟု အမှတ်တမဲ့ပြောပြီး ပြေးထွက်သွားလေသည်။