← Chapters

ငါ့နားမှာ အရိုးနုမရှိဘူး

Vol. 76 Ch. 1518

ငါ့နားမှာ အရိုးနုမရှိဘူး

Vol. 76 Ch. 1518

ခြေနှစ်လှမ်းမျှပြေးပြီးနောက် ကျို့ရှို့သည် တစ်စုံတစ်ခုကို သတိရသွား ဟန်တူသည်။ သူ ရပ်ကာ ပေထင်းဟွမ်အားလှည့်ကြည့်လေသည်။ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှု၊ ကျေးဇူးတရားနှင့် အသက်ပေးလိုစိတ်များ အစရှိသဖြင့် ရှုပ်ထွေးသောခံစားချက်များပြည့်နှက်နေသည်။ ထို့ကြောင့် သူသည် ရုတ်တရက် ခြေလှမ်းမကြွနိုင်တော့ပေ။

သူ၏ခြေထောက်များသည် အနည်းငယ်ပျော့ခွေသွားကာ ပေထင်းဟွမ် ဆီသို့ ဒူးထောက်တော့မည်ဟန်ပြုလေသည်။ နူးညံ့သောခွန်အားတစ်ခုသည် သူ့အား ထောက်ပံ့ပေးကာ လှုပ်မရအောင် ပြုလုပ်လေသည်။

“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး၊ မင်းအသက်က ငါ့အပိုင်ဖြစ်တုန်းပဲ၊ နောက်ဆိုရင် ငါ မင်းကိုအများကြီးလုပ်ခိုင်းဦးမှာ၊ ယောက်ျားတစ်ယောက်ရဲ့ ဒူး ကရွှေပဲ၊ ဒါပေမဲ့ ငါ့နားမှာတော့ အရိုးနုဆိုတာမရှိဘူး” ပေထင်းဟွမ်သည် နာကျင်စွာပြောလိုက်သည်။

“ဟုတ်ပြီ” ကျို့ရှို့သည် ပေထင်းဟွမ်အား လက်အောက်ငယ်သား တစ်ယောက်သဖွယ်အရိုအသေပြုပြီးနောက် ဂူအပြင်သို့ပြေးထွက်သွားလေ သည်။

ဂူအပြင်တွင်ရပ်ရင်း သူသည် အဝေးရှိ အရုဏ်တက်အလင်းကိုကြည့်နေ ကာ ကောင်းကင်မည်မျှမြင့်သည်၊ မြေကြီးမည်မျှကျယ်သည်ကို ခံစားနေသည်။ သူသည် တစ်ခါမှမတ်တပ်ရပ်၍ ကမ္ဘာကြီးကိုမကြည့်ဖူးပေ။ သူမြင်ရသည့် ကမ္ဘာသည် ကွဲပြားခဲ့သည်။ ကမ္ဘာမြေကြီးသည် သူ၏ခြေထောက်အောက်တွင် ရောက်နေသည်။ သူသည် တစ်လှမ်းခြင်းတိုင်းတာကြည့်ချင်သည်။ သူ၏စိတ် ထဲတွင် သန်မာသောခံစားချက်မြင့်တက်လာသည်။

သူသည် သန်မာချင်လာသည်။ ယခုအချိန်မှစပြီး သူသည် တခြားသူများ နှင့်တန်းတူညီမျှပင်။ သူ့တွင် ခြေထောက်နှစ်ချောင်းရှိသည်။ သေချာပေါက်ပင် သူသည် တခြားသူများထက် အားမနည်းပေ။

ကျို့ရှို့သည် အသက်ကိုအားပါပါရှူပြီး ကောင်းကင်နှင့်မြေကြီး အကြားမှ နတ်ဆိုးစွမ်းအင်နှင့်ရောင်ဝါကိုခံစားသည်။ သန်မာသောနတ်ဆိုးစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ပြေးဝင်လာပြီး သွေးကြောထဲတွင် လည်ပတ်ကာ အကြောထဲသို့ဝင်သွားသည်။ ဆေးသက်ရောက်မှုလက်ကျန်သည် စွမ်းအင် အဖြစ်သိုလှောင်ထားပြီး သူ့အား ဒုတိယခွန်အားအဖြစ်ပြောင်းလဲပေးသည်။

“လူတွေအကုန်လုံးက သေကြတယ်ဆိုပေမဲ့ အဲဒါကလည်း ကံတရားပဲ ဖြစ်မှာ၊ ငါက ငါ့ဘဝမှာ မြင့်မြတ်တဲ့လူပဲ၊ သူက ကြမ်းတမ်းတဲ့ပုံပေါက်ပေမဲ့ ဆိုးယုတ်တဲ့လူမဟုတ်ရင် ရပြီ” ကျို့ရှို့သည် ကျေးဇူးတင်မိလေသည်။

ကျို့ရှို့ ရေမိုးချိုးသန့်စင်ပြီးနောက် ပြန်လာချိန်တွင် ရွာသားများ မနက်စာ စားနေပြီဖြစ်သည်။ ဂူထဲတွင် ပင်လယ်နက်ရှိုင်းရနံ့ဖြင့် ပြည့်လျက်ရှိသည်။

အစပိုင်း ပေထင်းဟွမ် ပင်မတိုက်ကြီးမှထွက်လာချိန်က ဆရာနန်လင်း သည် သူမအတွက် ပေါင်မုန့်နှင့်ဝိုင်အပြည့်ကို ပြင်ဆင်ပေးခဲ့သည်။ ထိုအချိန်က ပေထင်းဟွမ်သည် မကျေနပ်ခဲ့ပေ။ ဆရာနန်လင်းသည် သူမအား ကလေးတစ် ယောက်လိုဆက်ဆံခဲ့ပြီး အပြင်တွင် အစားအသောက်နှင့် အဝတ်အစား မလုံလောက်မည်ကို စိုးရိမ်ခဲ့သည်။ ထိုပေါင်မုန့်နှင့်ဝိုင်သည် ယခုအချိန်တွင် အသုံးဝင်လိမ့်မည်ဟု မည်သူမှမထင်ခဲ့ပေ။

၎င်းတို့သည် အရသာရှိပြီး ဝမ်းဝသည်ဟု အားလုံးထင်ကြသည်။

လင်းဖုန်း၏မိခင်ပင် ဝါးကာ သေချာအရသာခံနေသည်။ တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမ၏မျက်လုံးထဲတွင် မျက်ရည်များပြည့်လာသည်။

ချောက်ကိုဖြတ်ကျော်နိုင်လျှင် အမှောင်နတ်မိစ္ဆာဘုံရောက်သည်။ ရွာသားများသည် ကျို့ရှို့ကို တစ်ချိန်လုံး စိတ်ပူခဲ့ကြသည်။ သို့သော် သူတို့သည် စိတ်အေးသွားကာ ပျော်ရွှင်သွားကြပုံပင်။

ပေထင်းဟွမ်သည် ကျို့ရှို့အား နှင်းဝံပုလွေစီးရန်ပြောသော်လည်း ကျို့ရှို့ သည် သူ့ဘာသာသူသွားသည်။ ကံကောင်းစွာပင် နှင်းဝံပုလွေများသည် မလော ပေ။ ကျို့ရှို့သည် ပြေးလွှားရင်းလိုက်ပါလာသည်။ သူသည် ပြေးလွှားနေခြင်း ကြောင့် ချွေးများထွက်နေသော်လည်း ပျော်ရွှင်မိသည်။

“နောက်မှ မင်းခြေထောက်တွေရဲ့ နောက်ဆက်တွဲကို မခံစားစေချင်ဘူး၊ အရင်ဆုံးနားဖို့ အကြံပေးချင်တယ်” ပေထင်းဟွမ်သည် နှင်းဝံပုလွေဘုရင်ပေါ် တွင်ထိုင်ပြီး ရှေ့မှလျှောက်သွားသည်။ သူမသည် ကျို့ရှို့အားလှည့်ပြီးပြော လိုက်သည် “မင်းခြေထောက်တွေကို အရင်ကမသုံးဖူးတဲ့ပုံပဲ၊ မင်းက အခုမှ ပြန်ကောင်းလာတာ၊ မင်းရဲ့သွေးကြောတွေကို အားကောင်းအောင် ငါလုပ်ပေး နိုင်ပေမဲ့ ရုတ်တရက်ကြီး အားတက်သရော် သုံးရင်တော့ ငါ မတားနိုင်ဘူး”

ကျို့ရှို့သည် မှင်တက်သွားသည်။ သို့သော် စဉ်းစားကြည့်ရာ အဓိပ္ပာယ်ရှိ နေသည်။ အရာအားလုံးကို တစ်ဆင့်ချင်းစီ သွားသင့်သည်။ သူသည် ဤခြေထောက်များကို အားသွန်ခွန်စိုက်မသုံးသင့်ပေ။

“တစ်နေ့ကို နှစ်နာရီထက်ပိုမလျှောက်တာကောင်းမယ်၊ ရက်နည်းနည်း ကြာရင် မင်းရဲ့ခန္ဓာကိုယ်အခြေအနေနဲ့လိုက်ပြီး ဆေးပမာဏတိုးပေးမယ်” ပေထင်းဟွမ် သတိပေးလိုက်သည်။ “မင်း အဆင့် ၃ ကျွမ်းကျင်သူအဖြစ် တိုးပြီးရင် သာမန်လူလိုဖြစ်လာလိမ့်မယ်”

All Chapters