← Chapters

ဦးလေးမင်က ငါတို့မြင်နိုင်တဲ့အရာမဟုတ်ဘူး

Vol. 76 Ch. 1519

ဦးလေးမင်က ငါတို့မြင်နိုင်တဲ့အရာမဟုတ်ဘူး

Vol. 76 Ch. 1519

ပေထင်းဟွမ်သည် သူ အဆင့် ၂ ကျွမ်းကျင်သူဖြစ်ကြောင်း မြင်နိုင်လိမ့် မည်ဟု ကျို့ရှို့ထင်မထားပေ။ ဆိုလိုသည်မှာ ပေထင်းဟွမ်သည် သူ့ကို ဂရုစိုက် သေးသည်ဆို သက်သေပြနေသည်မဟုတ်ပါလား။

ကျို့ရှို့သည် နှင်းဝံပုလွေပေါ်တွင်ထိုင်ပြီး အနည်းငယ် စိတ်လှုပ်ရှားလျက် ရှိသည်။ အရင်က သေချင်ခဲ့သည့် ကျို့ရှို့နှင့်ယှဉ်လျှင် ယခုအခါတွင် သူသည် လုံးဝမတူညီသည့်လူဖြစ်သွားလေပြီ.

နှင်းဝံပုလွေသည် သူ၏ရည်ရွယ်ချက်များကို မြင်နိုင်သည်။ ဤလူသည် တမင်ပင် အရှိန်လျှော့ကာ အနောက်တွင်ချန်နေခဲ့လေသည်။ သူသည် သတိ ပေးသည့်အသံဖြင့်ပြောလေသည် “ကောင်လေး ငါ့သခင်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့အတွေးတွေ မတွေးနဲ့၊ ငါ့သခင်က အရှင်အဆင့်ဖြစ်နေပြီ၊ မင်းရဲ့ ခွန်အားကိုကြည့်လိုက်၊ ၃ နှစ်သားကလေးလိုပဲ အများကြီးမတွေးနဲ့”

“အာ” ကျို့ရှို့သည် အနည်းငယ် ပျာယာခတ်သွားသည် “ငါ ဘာမှမတွေး ပါဘူး၊ သူက မင်းသခင်ဆိုတော့ ငါ့သခင်မဟုတ်ဘူးလား”

“သိရင်ကောင်းတာပဲ” နှင်းဝံပုလွေသည် ကျို့ရှို့ထက် ပေထင်းဟွမ်ဘေး တွင် နှစ်ရက်စောရောက်ခဲ့ကာ ပေထင်းဟွမ်နှင့် စာချုပ်ကို မှီခိုသည်။ သူသည် နည်းလမ်းဟောင်းများကို ပြောနေတုန်းပင် “သခင့်ဘေးမှာက ပိုသန်မာတယ် သခင်မင်နဲ့ သခင်အဂူးတို့က ငါတို့ကို လက်ချောင်းတစ်ချောင်းနဲ့တင် သေအောင်လုပ်နိုင်တယ်၊ သခင့်အပေါ် မကောင်းတဲ့အတွေးတွေးရဲရင်တော့ မင်းကို လက်ချောင်းတစ်ချောင်းနဲ့သတ်နိုင်တယ်”

ကျို့ရှို့သည် ပေထင်းဟွမ်အား သခင်တစ်ယောက်လို သတ်မှတ်ပြီးဖြစ် သဖြင့် ပေထင်းဟွမ်အကြောင်း ပိုသိချင်သည်။ ထို့ကြောင့် နှင်းဝံပုလွေဆီမှ ပေထင်းဟွမ်၏အတွေးများကို သိချင်လာသည် “ညီအစ်ကိုဝံပုလွေ ငါတို့က သခင့်လူတွေပဲ၊ ဘယ်လိုလုပ် သခင့်အပေါ်မှာ မလေးမစာအတွေးတွေရှိမှာလဲ၊ ငါက သခင်အဂူးအကြောင်းတော့သိတယ် ဒါပေမဲ့ သခင်မင်ဆိုတာက ဘယ်သူလဲ”

'ညီအစ်ကိုဝံပုလွေ' ဟုခေါ်သံသည် နှင်းဝံပုလွေအား ကျေနပ်သွားစေ သည်။

သိသည့်အတိုင်းပင် သူတို့အားလုံးသည် မိုအောင်၏တပ်သားများဖြစ်ရာ ပေထင်းဟွမ်၏တခြား သားရဲများနှင့် ကွဲပြားသည်။ ရှောင်ထန်းသည် နတ်ဘုရားအဆင့်သားရဲဖြစ်သော်လည်း သူမသည် ပေထင်းဟွမ်၏တိုက်ရိုက် ပိုင်ဆိုင်မှုဖြစ်သည်။ သို့သော် နှင်းဝံပုလွေနှင့် တခြားသူများသည် မိုအောင်၏ အမိန့်ကိုနာခံရသည်။ မူလက သူတို့သည် နှိမ့်ချမှုရှိသော်လည်း ကျို့ရှို့ရှေ့တွင် ဩဇာပြနေသည်။

“ဦးလေးမင်လား ဦးလေးမင်က ငါတို့မြင်နိုင်တဲ့အရာမဟုတ်ဘူး” ပေထင်းဟွမ်၏ အလွန်အားကောင်းသောဝမ်းတွင်းပါသားရဲအကြောင်း ကြား ထားသည့် နှင်းဝံပုလွေသည် လေးစားအမှုအပြည့်ပါသောအသံဖြင့်ပြောလေ သည် “အတိုချုပ်ပြောရရင် တစ်ခုပဲမှတ်ထားဖို့လိုတယ်၊ သခင့်နောက်လိုက်ရင် လုံးဝအရှုံးမရှိဘူး”

“သေချာပေါက်ပဲပေါ့” ချိုမြိန်မှုကိုအရသာခံပြီးသွားသည့် ကျို့ရှို့သည် ထိုအရာကိုမငြင်းဆန်ပေ။

လူတစ်ယောက်နှင့် နှင်းဝံပုလွေတစ်ကောင်တို့သည် လူတန်း၏အဆုံးမှ စကားပြောရင်း လျှောက်ရင်းလိုက်လာရာ မိတ်ဆွေများဖြစ်သွားကြသည်။ သူတို့ အမှောင်နတ်မိစ္ဆာလွင်ပြင်သို့ဖြတ်ပြီး မြို့ကြီးဆီသို့လျှောက်သွားသည်နှင့် လူတစ်စုသည် ကဆုန်ပေါက်ပြေးလာကာ သူတို့၏လမ်းကိုပိတ်ပင်လေသည်။

ထိုအဖွဲ့ထဲတွင် လူတစ်ရာခန့်ပါဝင်ကာ ကြီးမားသောအဖွဲ့ဖြစ်သည်။ အားလုံးသည် တူညီသော ငွေရောင်ဦးချိုမြင်းများကို စီးလာကာ ချပ်ဝတ်တန် ဆာများဝတ်ဆင်ထားပြီး လက်ထဲတွင် လက်နက်များကိုင်ဆောင်ကာ ပေထင်းဟွမ်တို့ကို တွေ့သည်နှင့် ဝိုင်းလိုက်ကြသည်။

“ရပ်လိုက် မင်းတို့က ဘယ်သူတွေလဲ”

အဖွဲ့အလယ်တွင် လမ်းပေါ်လာပြီး 'ဟီ ဟီ ဟီ' ဆိုသည့်အသံပေါ်လာ သည်နှင့် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ခေါင်းဆောင်လျှောက် လာသည်။ သူသည် ချောမောသောမျက်နှာပိုင်ရှင်ဖြစ်ကာ လက်ထဲတွင် ဓားရှည်ကိုင်ဆောင်ထားပြီး ပေထင်းဟွမ်နှင့်အနောက်မှအဖွဲ့အား အနည်းငယ် ခက်ထန်သောအကြည့်ဖြင့်ကြည့်လေသည်။

“အစ်မ” ကျို့ရှို့သည် အနည်းငယ်အံ့ဩသွားကာ ထိုလူအားမြင်လိုက်ချိန် တွင် အနည်းငယ်ပျော်ရွှင်သွားလေသည်။ သူ၏အစ်မဖြစ်သူသည် သူ၏မတော်တဆမှုကိုကြားပြီးနောက် လူတစ်ယောက်ကိုလွှတ်လိုက်ပုံပင်။ သူသည် နှင်းဝံပုလွေကို အမြန်နှင်ပြီး ရှေ့လျှောက်လာကာ အော်လိုက်သည် “အစ်မ”

“အစ်မ ငါ ဒီမှာ”

ကျို့ရှို့သည် အဖွဲ့အနောက်မှရှေ့သို့ အမြန်ပြေးလာပြီး ယောက်ျားလေး တစ်ယောက်ကဲ့သို့ ဝတ်စားထားသော ခေါင်းဆောင်အား လက်ဝေ့ပြလေသည်။ ကျန်လူများသည် ထိုအသံကိုကြားသောအခါ အံ့ဩသွားပြီး လာနေသည့်လူကို မြင်သောအခါ ကျို့ရှို့ကဲ့သို့ ပျော်ရွှင်သွားခြင်းမရှိပေ။ ထိုအစား တအံ့တဩဖြင့် မေးလေသည် “မင်း မသေသေးဘူးလား”

All Chapters