← Chapters

မင်းဘယ်သူလဲဆိုတာ မသိချင်ဘူး

Vol. 76 Ch. 1520

မင်းဘယ်သူလဲဆိုတာ မသိချင်ဘူး

Vol. 76 Ch. 1520

ကျို့ရှို့သည် အစ်မဖြစ်သူဆီသို့ လက်ဆန့်ထုတ်ပြီးနောက် တဖြည်းဖြည်း နှင့် ပြန်ရုတ်လိုက်သည်။ ထင်ရှားစွာပင် အစ်မဖြစ်သူ၏မျက်လုံးထဲမှ မယုံကြည် နိုင်မှုများကိုမြင်နေရသလို ဖုံးဖိမရသည့် စိတ်ပျက်မှုများကိုလည်း မြင်နေရ သည်။

သူ မသေခဲ့ပေ။ ထိုအရာကို အစ်မဖြစ်သူသည် အလွန်စိတ်ပျက်လက် ပျက်ဖြစ်နေသည်။ မိခင်ဖြစ်သူလည်း စိတ်ပျက်သွားနိုင်သည်။

ခြေလက်မသန်စွမ်းသည့်သားဖြစ်သူကို မွေးဖွားလိုက်ခြင်းသည် မိခင် အတွက် အရှက်ရစရာပင်။

“ဖျတ်”

ပေထင်းဟွမ် ရှေ့တိုးလာပြီး ကျို့ရှို့၏ပခုံးကိုပုတ်လိုက်သည်။ နှင်းဝံပုလွေသည် အလိုက်တသိပင် ကျို့ရှို့အား တင်ခေါ်သွားကာ နောက်သို့ နှစ်လှမ်းဆုတ်ကာ ကျို့ရှို့အား စိတ်ဝိညာဉ်ကူးပြောင်း၍ နှစ်သိမ့်ပေးလေသည် “ဝမ်းမနည်းပါနဲ့ သခင်က မင်းကိုကူညီပေးမှာပါ၊ အပေါ်မှာပဲနေ”

ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ ထိုအသံမှာကျယ်လွန်းသဖြင့် လူအများကြားနေရသည်။ ကျို့ရှို့၏အစ်မသည် အလွန်ဒေါသထွက်သွားသည်။ အထူးသဖြင့် အသုံးမကျသည့်မောင်ဖြစ်သူသည် ဤလူ၏စကားကို နာခံနေ သည်။ သူမသည် ပို၍ဒေါသထွက်သွားကာ မြင်းကုန်းနှီဂကိုဆုပ်ကိုင်ပြီး ကျို့ရှို့ ရှိရာသို့လှည့်လိုက်သည် “မင်းက အသက်ရှင်သေးမှတော့ ကိုယ့်ဘာသာ ပြန်လာလေ၊ အဖေ ဘယ်လောက်စိတ်ပူနေလဲသိလား”

မှန်သည်။ သူ့ကိုစိတ်ပူမည့်သူမှာ ဖခင်တစ်ယောက်သာရှိသည်။

ကျို့ရှို့၏မျက်လုံးများ ရဲတက်လာသည်။ သူသေဆုံးသည့် သတင်းထွက် လာချိန်တွင် ဖခင်သည် စိတ်ဂယောက်ဂယက်ဖြစ်ခဲ့သည်။ ကျို့ရှို့သည် ပါရမီရှင်ဖြစ်စေ၊ အမှိုက်ဖြစ်စေ သူ၏သားဖြစ်သည်ဟု ဖခင်ကပြောခဲ့သည်။ ရင်ထဲတွင် ခိုင်မာသောယုံကြည်ချက်ရှိနေသရွေ့ နတ်ဘုရားမြင်လိမ့်မည်ဟု ဖခင်အမြဲတမ်းပြောလေ့ရှိသည်။

ကျို့ရှို့သည် ခံစားချက်များလွန်ကဲကာ အစ်မဖြစ်သူကျို့ဟွာ၏ ကြာပွတ် သံကိုပင် သတိမထားမိပေ။

သူသည် သူမ၏ အသုံးမကျသောမောင်လေးပင်။

ကျို့ဟွာသည် တခြားသူများရှေ့တွင် ကျို့ရှို့အား ကြာပွတ်နှင့်ရွယ်ခဲ့ သည်။ သူမသည် သူ့အား ပိုမုန်းတီးသည်။ ထိုကြာပွတ်သည် ကျို့ရှို့အား သေစေနိုင်သည်ကို သူမ သတိမထားမိတော့ပေ။

ကျို့ရှို့ခေါ်လာသည့်အဖွဲ့မှ လူအားလုံးသည် ထိုအချိန်တွင် ပါးစပ် အဟောင်းသားဖြစ်နေသည်။ တချို့လူများသည် တားချင်သော်လည်း နောက်ကျသွားလေပြီ။

သူသည် အမှောင်နတ်မိစ္ဆာဘုံ၏ သခင်လေးဖြစ်သည်။ အကြီးဆုံးသခင် မလေးသည် မောင်ဖြစ်သူကို သဘောမကျလျှင်တောင် အလွယ်တကူ မတိုက်ခိုက်သင့်ပေ။

ထိုအချိန်တွင် ချင်းရှန့်ရွာသားများနှင့် နှင်းဝံပုလွေများအားလုံးသည် ဒေါသထွက်ကြသည်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့အစ်မမျိုးရှိသေးသည်။ သူမ၏ ကိုယ်ပိုင်ခွန်အားကို မှီခိုကာ မောင်ဖြစ်သူအပေါ်တွင် ရက်စက်သည်။

ကြာပွတ်သည် ကျို့ရှို့ဆီသို့ရောက်သွားသည်နှင့် လက်တစ်ဖက်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည့်အလား ကြာပွတ်အား လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်သည်။

လှုပ်ရှားမှုတားမြစ်ခံလိုက်ရကာ ကျို့ဟွာသည် လက်နောက်သို့လိုက် ကြည့်ရာ လှပသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ လူငယ်သည် ကျောက်စိမ်းကဲ့သို့လှပပြီး သူရဲကောင်းဆန်သောမျက်လုံးများဖြင့် သူမအား တည်ငြိမ်စွာကြည့်နေသည်။ ကျို့ရှို့ သူမအားကြည့်ချိန်တွင် လူငယ်သည် လက်တွင်အားထည့်လိုက်သည်နှင့် ကျို့ဟွာသည် ချက်ချင်းပင် ထောင့်မှပါသွား ကာ မြေကြီးပေါ်သို့ကျလေသည်။

ကျို့ဟွာသည် ကောင်းကင်အဆင့်ဖြစ်ကာ သူမ၏ခွန်အားပေါ်တွင် အမြဲတမ်းမှီခိုလေ့ရှိသည်။ သူမ၏အရည်အချင်းသည် အမှောင်နတ်မိစ္ဆာဘုံတွင် အကောင်းဆုံးဖြစ်သည်။ အသက် ၂၀ တွင် သူမသည် ကောင်းကင်အဆင့်ကို ကျော်ဖြတ်ကာ ကေင်းကင်ပညာရှင်ဖြစ်ခဲ့သည်။ သူမသည် ပင်မတိုက်ကြီးမှ ကြယ်တာရာဝိညာဉ်သခင်များနှင့် အဆင့်တူညီသည်။ သူမသည် အမှောင် နတ် မိစ္ဆာဘုံမှ လူအားလုံး၏ ချီးကျူးခြင်းကိုခံရသည့် ပါရမီရှင်ဖြစ်သည်။

သူမထက် ငယ်ရွယ်သည့် ဤလူငယ်သည် သူမအားဆွဲလိုက်သည်နှင့် ဤကဲ့သို့ပါသွားလိမ့်မည်ဟု ထင်မထားပေ။ အားလုံးရှေ့တွင် ခွေးတစ်ကောင် ကဲ့သို့အဆွဲခံလိုက်ရသဖြင့် ဆင်ခြင်တုံးတရားပျောက်သွားသည်။

“အာ ဟေ့ကောင် ငါ့ကိုဒီလိုမျိုးဆက်ဆံရဲတယ်ပေါ့၊ ဒီသခင်မလေးက ဘယ်သူလဲဆိုတာသိရဲ့လား” ကျို့ဟွာသည် မတွေးတောဘဲနှင့် မြေကြီးပေါ်မှ ထကာ လက်ထဲမှဓားရှည်ကိုဆွဲထုတ်ပြီး ပေထင်းဟွမ်၏မျက်နှာကို ချိန်ရွယ် လိုက်သည်။

“မင်း ဘယ်သူလဲဆိုတာမသိချင်ဘူး” ပေထင်းဟွမ် ခနဲ့လိုက်သည် “ကျို့ရှို့ ဒါက မင်းပြောခဲ့တဲ့ မင်းအစ်မလား၊ မင်းသေသွားရင် သူမက အမှောင် နတ်မိစ္ဆာဘုံကိုဦးဆောင်ပြီး ဝိညာဉ်ဘုံနဲ့နတ်ဆိုးဘုံတို့ကို အနိုင်တိုက်နိုင်မှာဆို၊ ပါရမီရှင်အစ်မလား၊ ဒါဆို မင်းက တကယ့်ကမ္ဘာအစစ်ကိုမမြင်ဖူးသေးတာပဲ၊ ဒါကမှ ပါရမီရှင်ပဲ”

All Chapters