လောက မြင်ကွင်း
Vol. 22 Ch. 316
Child of light (ကျန်းကုန်း)
Volume 11: Chapter 24 - Worldly View
“ဖေးယု.. ငါဖြေရှင်းရမယ့် ကိစ္စက အရမ်း အန္တရာယ် များလွန်းတယ်.. ငါ့နောက် မလိုက်တာ ပိုကောင်းလိမ့်မယ်..”
“ဘာအန္တရာယ်မှ ငါမကြောက်ဘူး.. ဆရာ.. ကျေးဇူးပြုပြီး နင်နဲ့ပဲ နေခွင့်ပေးပါ.. လိုက်လာတဲ့ စစ်သားတွေကို အနိုင်ယူလိုက်တာ အရမ်းကောင်းတယ်.. ဆရာ့ အသက် ဘယ်လောက်ရှိပြီလဲ..”
“ငါ့အသက် (၂၀)ရှိပြီ.. နင်က ဘာလို့ မေးတာလဲ..”
“ဆရာ.. နင့်အသက် (၂၀)နဲ့ ပေါက်မြောက်နေပြီ.. နင့်မှာ စွမ်းအားတွေ မြှင့်တင်နိုင်တဲ့ လျှို့ဝှက် နည်းလမ်း ရှိတယ် မို့လား.. ကျေးဇူးပြုပြီး သင်ပေးပါ.. နင် ငါ့ကို သူစိမ်းလို ဆက်ဆံနေတာပဲ.. အဲ့လိုဆို နင်ငါ့ကို သင်ပေးလို့ရအောင် ငါ နင့်ဇနီးလုပ်မယ်လေ.. ဘယ်လိုလဲ..”
သူ့စကားကြောင့် ကျုပ် တော်တော် လန့်သွားမိတယ်။ ချက်ရင်း လက်ကာပြပြီး..
“မဟုတ်ဘူး.. မဟုတ်ဘူး.. ဘယ်ဖြစ်မလဲ.. ငါ့မှာ မိန်းမ ရှိပြီးသား..”
မူကျီရဲ့ ပြစ်မျိုးမှည့်မထင် အလှပုံရိပ်လေး ကျုပ်မျက်ဝန်းထဲ မြင်ယောင်ရင်း နှလုံးသားထဲမှာ လွမ်းမိ သွားသေးတယ်။
“နင်လိမ်တာ.. နင်ငါ့ကို မုန်းနေတာမို့လား.. ဒါဆိုလဲ သွားချင်တဲ့နေရာသွားလိုက်.. ငါ့ကို ဂရုစိုက်စရာ မလိုဘူး.. ဟွင့်..”
စကားဆုံးတာနဲ့ စောင့်ကြောင့်လေး ထိုင်ချလိုက်တာ နှင်းဖြူလေးတောင် အမွှေးဖြူလေးတွေ လွင့်ထွက်လာ တဲ့ထိပဲ။
“ဖေးယု.. ငါနင့်ကို မမုန်းပါဘူး.. ငါလိုလူက နင်နဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာလဲ.. ငါ့မျက်နှာ နင့်ကို မြင်ခွင့်ပေးလိုက်မယ်.. ဟုတ်ပြီလား”
ဖေးယု မျက်လုံးထဲမှာ တောက်ပလာပြီး ခေါင်းမော့လာရင်း..
“ကောင်းတယ်.. မြန်မြန် ကြည့်မယ်..”
ကျုပ်ရင်ထဲမှာ သက်ပြင်းချက်ရင်း မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ချွတ်လိုက်တော့တယ်။
“အား…..”
ဖေးယု ဝမ်းပမ်းတနည်း အောရင်း နောက်နည်းနည်း ဆုတ်ပြီးမှ ရပ်သွားတော့တယ်။ သူ့မျက်လုံးထဲမှာလဲ တော်တော်ကို တုန်လှုပ်နေတဲ့ ပုံနဲ့..
“နင်… နင်.. အရမ်း ရုပ်ဆိုးတာပဲ..”
“ကဲ.. ငါ ဘာလို့ မျက်နှာဖုံး တပ်ထားလဲဆိုတာ နင်သိပြီမို့လား.. ငါ့ရုပ်ရည်ကြောင့် မျက်နှာဖုံးတပ်ထားရတာ..”
သူ့လို သာမန်လူတစ်ယောက်ကို ကျုပ် အပြစ်မမြင်မိပါဘူး။ ကျုပ် ရုပ်ကို ဘယ်သူမြင်မြင် သူ့လိုမျိုး အံ့ဩမှာပဲလေ။ မူကျီကလွဲလို့ ဘယ်သူကများ ကျုပ်နဲ့ အတူတွဲသွားချင်မှာလဲလို့။
ဖေးယု အသံတိတ်သွားပြီး ကျုပ်ကို အကြာကြီး ကြည့်နေတယ်။ ကျုပ်လဲ စိတ်ဓာတ်ကျပြီး ခေါင်းပေါ်က ခေါင်းစွပ်ပါ ဆွဲချွတ်ပစ်လိုက်တယ်။ မူကျီအတွက်တော့ ကျုပ်နှလုံးသားက အမြဲတံခါးဖွင့်ထားပေမယ့် ကျုပ်ရုပ်ကြောင့် နှလုံးသားက နာကျင်နေတုန်းပဲလေ။
“ဆရာ.. ဆရာ.. ငါ အဲလို့ မရည်ရွယ်ပါဘူး.. တောင်းပန်ပါတယ်..”
ကျုပ် ခေါင်းရမ်းပြီး မျက်နှာဖုံး ပြတ်တပ်လိုက်တယ်..
“ငါ့ရုပ်ကိုက ဆိုးနေတာကိုး။ နင် တောင်းပန်စရာ မလိုပါဘူး.. နင့် တုန့်ပြန်ပုံကလဲ ပုံမှန်ပါပဲ.. ဖေးယု.. တကယ်ဆိုရင်.. ဟမ်.. တစ်ယောက်ယောက် လာနေတယ်..”
ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ ကျုပ်တို့ဆီ လာနေတဲ့ အလင်းတန်း (၉)ခုကို မြင်လိုက်ရတယ်။ သူတို့ အရှိန်ကို ကြည့်ပြီး အဲ့(၉)ယောက် ကြယ်စင်သူရဲကောင်း အဆင့်မှာ ရှိလောက်တယ်။ ခံတပ်ထဲမှာ ကျွမ်းကျင်သူတွေ ဘယ်လောက်များ ရှိနိုင်မှာလဲ။ ဖေးယုကို ကြည့်လိုက်တော့လဲ လန့်နေတဲ့ပုံပဲ။ အဲ့လူတွေ သူ့ကြောင့် ရောက်လာတာနေမှာ။
လူ(၉)ယောက် အလင်းတန်းတစ်ခုလို ကျုပ်တို့ရှေ့ရောက်လာတယ်။ အဲ့အထဲမှာ မကြာခင်က လမ်းခွဲခဲ့တဲ့ ခယ်အာလွင်တိ ပါ ပါနေတာ တွေ့လိုက်ရလို့ အံ့ဩမိလိုက်သေးတယ်။ ဖေးယုကို တိုက်ခိုက်ချင်လို့များလား။
ခယ်အာလွင်တိ ကျုပ်ကိုကြည့်ပြီး ချက်ချင်း ထွက်လာတယ်။
“ငါထင်တဲ့အတိုင်း မင်းဖြစ်နေတာကိုး..”
“ခယ်အာလွင်တိ.. မင်း အာဏာရှင်ကို ကူညီနေမယ်လို့ ငါထင်မထားမိဘူး.. ဒီ မိန်းကလေးကို ခွင့်မလွှတ်နိုင် ဖြစ်နေတာလား..”
ဖေးယု သူ့မျက်နှာမှာ စိတ်ညစ်တဲ့ ပုံစံတွေနဲ့ မလှုပ်မယှက် ရပ်နေတယ်။
ခယ်အာ လွင်တိ ပြုံးရင်းနဲ့..
“ငါတို့က သူ့ကို လွှတ်လိုက်ရမှာလား.. သူကရော ငါတို့လွှတ်ပေးဖို့ လိုလို့လား.. မင်းသမီး.. ကျေးဇူးပြုပြီး ဒီလိုနေရာမျိုးမှာ မနေခဲ့ပါနဲ့.. ကျေးဇူးပြုပြီး ပြန်လိုက်ခဲ့ပေးပါ.. အရှင်မင်းကြီး မင်းအတွက် သေလောက်အောင် စိုးရိမ်နေပြီ..”
ကျုပ် အံ့ဩပြီး ဖေးယုကို ကြည့်လိုက်မိတယ်..
“ဟမ်.. နင့်ကို တကယ်လိုက်ရှာနေတာက နင့်အဖေ တလူဧကရာဇ်ပေါ့..”
ဖေးယု ဘာမှပြန်မဖြေဘဲ ခေါင်းငုံ့ထားတယ်။ ကျုပ် ဉာဏ်ရည်နဲ့ ဘာတွေဖြစ်နေလဲဆိုတာ ချက်ချင်း သဘောပေါက်တာပေါ့။ ဒင်းက တချိန်လုံး လိမ်ညာနေတာပဲ။
ခယ်အာလွင်တိက..
“မင်းကို ရိုးရိုးသားသား ဝန်ခံရရင် အရှင် ဧကရာဇ်က ခံတပ်ကို စစ်ဆေးဖို့ လာခဲ့တာ… စောစောကပဲ ငါခံတပ်ထဲ ရောက်ခဲ့ပြီးပြီ… သူနဲ့တွေ့တော့ ဖြစ်စဉ်တွေအားလုံး တင်ပြပြီးသွားပြီ… အရှင်ဧကရာဇ်က စစ်ရေးလေ့ကျင့်မှုမှာ စိတ်နှစ်ထားတာဆိုတော့ မင်းသမီးဖေးယု အထီးကျန်ပြီး ထွက်ပြေးသွားတာဖြစ်လိမ့်မယ်.. မင်းသမီးဆိုတာ အရှင် ဧကရာဇ်ရဲ့ အချစ်ဆုံးလေ.. သူသာ ငါတို့နဲ့ ပြန်ပါမလာရင် ငါတို့အဖြစ်က တွေးရဲစရာကို မရှိဘူး..”
အဲ့ကောင် ခေါင်းငုံ့နေတဲ့ မင်းသမီးကို လှမ်းကြည့်လိုက်တယ်။ ဒီကောင် ရုတ်တရက်ပဲ ထန်ဖုန်း စကားတွေ ပြန်တွေးမိပြီး..
“မင်းသမီး နင်ငါတို့နဲ့ ပြန်လိုက်ချင်လား..”
ဖေးယု ကျုပ်ကို ကြည့်ပြီးမှ အဲ့ကောင်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
“နင်တို့နဲ့ ပြန်လိုက်ခဲ့မယ်.. ဆရာ.. ဒီအချိန်လေးအတွင်း ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်.. နင့်ကို ဒုက္ခပေးမိတာ ငါမှားပါတယ်.. နင် အချိန်ရရင် ငါတို့ တလူနိုင်ငံကို လာပြီး အနားယူလို့ရတယ်နော်..”
သူ့လေသံမှာ မောက်မာ မော်ကြွားမှု နည်းနည်းလေးမှ မရှိပေမယ့် သူနဲ့ ကျုပ် အရမ်းဝေးသွားပြီဆိုတာ ကျုပ်ကောင်းကောင်း ခံစားနိုင်တယ်။ ကျုပ်ရုပ်ကြီး ကြောင့်ပဲပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အရာအားလုံးက လိမ်ညာထားတာ တွေကြီးပဲ။ သူကျုပ်ကို လိမ်ခဲ့တာတွေလေ။ မူကျီ ရှိနေမှတော့ တခြားသူတွေ ကျုပ်အတွက် ဘာမှ အဓိပ္ပါယ်မရှိတော့ပါဘူး။ သူ့ကို ရှင်းထုတ်လိုက်ရတာ ကျုပ်ပျော်သင့်ပေမယ့် ဘာလို့များ ခံစားချက်တွေ ကမောက်ကမ ဖြစ်နေပါလိမ့်။
“မင်းသမီး.. နောက်နောင် ဒီလိုမျိုး ရယ်စရာတွေ လျှောက်မလုပ်ဖို့ မျှော်လင့်ပါတယ်.. ညီနောင် ခယ်အာ.. ငါ့ကို သွားခွင့်ပြုပါအုံး..”
“ညီနောင် ကျန်းကုန်း.. အခွင့်အရေးရရင် မင်းနဲ့အတူ လက်တွဲပြီး တိုက်ပွဲ ဝင်ချင်ပါသေးတယ်..”
“ဖြစ်ရမှာပေါ့..”
အပြုံးနဲ့ ဖြေရင်း ကောင်းကင်ပေါ် ထိုးတက်လာလိုက်တယ်။ ခန္ဓာကိုယ်ထဲက ပေါင်းစပ်စွမ်းအားတွေ ဖြန့်ကျက်ရင်း တောင်ဘက်ကို ဦးတည်လိုက်တာပေါ့ဗျာ။ ကျုပ်အတွေးတွေ အားလုံး ရှင်းထုတ်လိုက်ပြီ။ အခု ကျုပ်လုပ်ရမှာက အလင်းနတ်ဘုရား အမွေခံဖို့က အဓိကပဲ။
......*****......
ကျုပ်ထွက်သွားတာတွေ့တော့ ခယ်အာလွင်တိ ခေါင်းညိတ်ပြီး အသိအမှတ်ပြုလိုက်တယ်။
ဖေးယု နည်းနည်း ရှေ့တိုးပြီး..
“အစ်ကို ခယ်အာ.. ပြန်ကြရအောင်..”
ကျုပ်ရဲ့ ရုပ်ဆိုးမှုက သူ့စိတ်ထဲမှာ တငွေ့ငွေ့ တောက်လောင်နေတယ် ထင်ပါတယ်။ သူ့မှာ ကျောက်တုံးကြီး တစ်တုံး အဖိခံထားရသလို ဖြစ်နေတာ။ ခယ်အာလွင်တိ မင်းသမီးချောလေးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..
“အရှင် မင်းသမီး.. နင်ဘာလို့ သူနဲ့ လိုက်မသွားတာလဲ..”
“နင်လဲ ငါနဲ့ တွေ့ရမယ် ထင်မထားဘူးမို့လား..”
“မင်းသမီး.. ဧကရာဇ်က နင် သူ့နောက်လိုက်ချင်စိတ်ရှိရင် ငါ တားစရာ မလိုဘူးတဲ့..”
============= (*^*)=============
အပိုင်း( ၃၁၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား