နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ခြင်း
Vol. 22 Ch. 317
Child of light (ကျန်းကုန်း)
Volume 11: Chapter 25 - Entering the God Rended Canyon
“ဘာလို့လဲ.. အဲ့လို မဖြစ်သင့်ဘူးလေ.. အဖေက ငါ့ကို မလိုချင်တော့လို့လား..”
“မဟုတ်ဘူး.. အဲ့လိုမဟုတ်ဘူး.. အရှင်ဧကရာဇ်ဆုံးဖြတ်လိုက်တာက သူ့နောက်ခံကြောင့် ဖြစ်လိမ့်မယ်..”
ကျုပ် ထွက်သွားတဲ့ ဘက်ကို ကြည့်ရင်း ထန်ဖုန်း ဘာကြောင့် ဆုံးဖြတ်မှန်း မသိဘူးဖြစ်နေတာ။
“သူ့ နောက်ခံကြောင့်လား.. သူ့နောက်ခံက ဘာမို့လို့လဲ..”
“အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရင် ပြန်မရနိုင်တော့ဘူး.. အဲ့ဒါ မင်းသမီးကိုယ်တိုင် လေးစားလွန်းနေတဲ့ နတ်ဘုရား တမန်တော်ပေါ့။ အလင်းရဲ့ သားတော် ကျန်းကုန်းဝေ။ တားမြစ်မန္တန်တွေ သုံးပြီး တိုက်ခိုက်နိုင်တဲ့ တစ်ဦးတည်းသော အသက်အငယ်ဆုံး အလင်းမှော်သခင်ကြီးလေ။ ငါတို့နောက်က ပင်လယ်ကြီးက သူနဲ့ သူ့သူငယ်ချင်းတွေ ဖန်တီးထားတာ..”
ဖေးယု မျက်နှာ ချက်ချင်း ရဲတက်သွားပြီး..
“နင်.. နင်.. လိမ်နေတာ.. သူ့ရုပ်ကြီးနဲ့ ဘယ်လိုလုပ် အလင်းရဲ့ သားတော် ဖြစ်နိုင်မှာလဲ..”
“မင်းသမီး.. ငါဘာလို့ နင့်ကို လိမ်ရမှာလဲ.. သူ့စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာ ငါကိုယ်တိုင် မြင်ဖူးတယ်.. အခု သူရုပ်ဆိုးနေပေမယ့် အရင်က တော်တော်ချောတယ်လို့ ကြားထားတယ်.. နတ်ဆိုး ဧကရာဇ်နဲ့ တိုက်ခိုက်တုန်းက ဒီလိုဖြစ်သွားတာတဲ့.. အမှောင်ဒြပ်စင်တွေ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားလို့ အခုလို ရုပ်မျိုး ဖြစ်သွားတာ..”
“မဟုတ်ဘူး.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ငါသူ့ကို သွားရှာမယ်..”
ပြောရင်းနဲ့ ကျုပ်ထွက်လာတဲ့ လမ်းအတိုင်း ကမူးရှူးထိုး နဲ့ အရူးတစ်ယောက်လို ပြေးလိုက်တော့တာပဲ။
ခယ်အာလွင်တိ ခေါင်းယမ်းပြီး သူ့ခန္ဓာကိုယ်ကနေ မီးခိုးရောင်ထွက်လာပြီး ဖေးယုလည်ပင်းနောက် အသာလေးထိသွားတာ ပျော့ခွေကျသွားရော။ ခယ်အာလွင်တိ ဖေးယုကို သယ်လာရင်း..
“ရုပ်ရည်က အရေးကြီးလို့လား.. လူတစ်ယောက်ရဲ့ အလှတရားဆိုတာ၊ ရုပ်ရည်နဲ့ ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ.. မင်းသမီး.. ဒီလောက် အဖိုးတန်တဲ့ အခွင့်အရေးတစ်ခု လက်လွှတ်သွားမိယုံပါပဲ..”
လူ(၉)ယောက် အလင်းတန်း တစ်ခုလို ခံတပ်ဆီ ကောင်းကင်ကနေ ပျံသန်းသွားလေရဲ့။
.....*****.......
ကောင်းကင်မှာ လေအေးတွေ တိုက်ခိုက်နေတာမြင်တော့ ကျုပ်ခန္ဓာကိုယ်ကို ကာကွယ်ထားတဲ့ စွမ်းအားတွေကို ရည်ရွယ်ချက်ရှိရှိ ဖယ်ပစ်လိုက်တယ်။ လေးအေးအေးတွေ ကျုပ်ခန္ဓာကိုယ်ကို ဖြတ်သွားတော့ ကျုပ်အဝတ်အစားတွေတောင် တွန့်ရွသွားတော့တယ်။ ခန္ဓာကိုယ်ကိုရော ဆံပင်တွေကိုပါ လန်းဆန်းအေးမြမှုတွေ ဖြတ်သန်းသွားတယ်။ ချောပွတ်နေပေမယ့် ဆိုးလွန်းတဲ့ ရုပ်ကြီးကို အသာပွတ်ကြည့် နေမိလိုက်တယ်။ ကျုပ်စိတ်တွေ တဖြည်းဖြည်း ဝေဝါးသွားမိတယ်။ ရုပ်ဆိုးတာ ကျုပ်အပြစ်မဟုတ်ပေမယ့် လူတွေကို မကြောက်စေချင်ဘူးလေ။ ဖြစ်ပြီးသားတွေလိုမျိုး ထပ်မဖြစ်အောင် မျက်နှာဖုံး မဖယ်တော့မှာ သေချာတယ်။
ကျုပ်အတွေးတွေ ဝေဝါးနေတုန်း ရင်ဘတ်ထဲက သန့်ရှင်းသောဓားက ရုတ်တရက် အသက်ဝင်လာလို့ လေထဲမှာပဲ ခနရပ်လိုက်တယ်။ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ အရပ်ရပ်ကို ဆက်တိုက် ပြန့်နှံ့ရင်း ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပြန်ပြည့်သွားစေတယ်။ နွေးထွေးပြီး သက်တောင့်သက်တာရှိတဲ့ ခံစားချက် တစ်ခုပဲ။ ဒီအချိန် ကျုပ်အတွေးတွေ အားလုံး ပျောက်သွားပြီ။ သန့်ရှင်းသောဓားရဲ့ နွေးထွေးမှုအောက်မှာ လုံးလုံး ပျော်ဝင်သွားမိတော့တယ်။ မိဘရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲ နေရသလိုကို ခံစားလိုက်ရတယ်။
နွေးထွေးမှုအောက်မှာ ခနလေး ကြည်နူးမိပြီး ရုတ်တရက် သတိပြန်ဝင်လာတော့တယ်။ အလင်းနတ်ဘုရား၊ တိုက်ပွဲနတ်သမီး မီကျားလီရဲ့ စွမ်းအားကြောင့် သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ မလွှတ်တာဖြစ်မယ်။ ရှာတွေ့ဖို့ ဒီလောက် လွယ်လိမ့်မယ်ကို မထင်မိခဲ့ဘူး။
အောက်က နယ်မြေ အနေအထားကို စစ်ဆေးကြည့်လိုက်တော့ နတ်ဆိုးမျိုးနွယ် နယ်မြေရဲ့ ပြန့်ပြူးပြူး ကုန်းမြေတစ်ခုပေါ်မှာ ကျဉ်းမြောင်းတဲ့ အပေါက်တစ်ခု တွေ့လိုက်ရတယ်။ အခေါင်းပေါက်က တော်တော် နက်တာပဲ။ ဒါ နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်း ဖြစ်လောက်တယ်။ ကျုပ် အပျော်တွေ မျိုသိပ်ပြီး အောက်ဘက်ကို စွမ်းအားတွေ ထုတ်လွှတ်လိုက်တယ်။ ရွှေရောင်အလင်းတန်းတွေ လင်းလက်ရင်း ကျုပ်ခန္ဓာကိုယ်က ကြယ်မြှားတစ်ချောင်းလို ချောက်ထဲကို ဦးတည်သွားလိုက်တယ်။
ကျုပ် ကုန်းပြင်မြေပေါ် ခြေချပြီးတာနဲ့ ချောက်ထဲကို ချက်ချင်း ထိုးဆင်းလိုက်တယ်။ မမြင်နိုင်ဘဲ နူးညံ့သိမ်မွေ့တဲ့ စွမ်းအားတစ်ခုက ဆင်းလာတဲ့ ကျုပ်ခန္ဓာကိုယ်ကို ရုတ်တရက် ပိတ်ဆို့ပြီး ကောင်းကင်ပေါ် ပြန်တက်သွားတယ်။ မွေ့ယာကြီး တစ်ခုပေါ် ပစ်ကျသွားသလိုမျိုးပေါ့ဗျာ။ ကျုပ်ကိုတော့ အထိအခိုက် လုံးဝကို မရှိတာ။ အံ့ဩသွားရင်း ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းလိုက်တယ်။ နည်းနည်း စဉ်းစားပြီး နတ်ဘုရား သစ်တောတုန်းက အကာအကွယ် ဒိုင်းကာတစ်ခုလိုပဲ ဆိုတာ နားလည်သွားတယ်။ သန့်ရှင်းသောဓားရှာဖို့ သွားတုန်းက နတ်ဘုရားဘုရင် စီစဉ်ထားတဲ့ ဝင်္ကပါလိုမျိုးပေါ့။
ပျံသွားပြီး ဝင်္ကပါရှေ့မှာ ခနရပ်ပြီး စဉ်းစားလိုက်တယ်။ မျက်လုံးတွေ မှိတ်ပြီး သန့်ရှင်းသောဓားကိုပဲ လုံးဝ အာရုံစိုက်ထားလိုက်တာပေါ့။ ငြင်သာတဲ့ အော်သံတစ်ခုနဲ့ ဝင်္ကပါကို စွမ်းအားတွေ ပေးပို့ရင်း နွေးထွေးလွန်းတဲ့ စွမ်းအားပင်လယ်ကြီးနဲ့ ရောထွေးသွားပါလေရော။
ကျုပ်ဆီက ထွက်သွားတဲ့ အဖြူရေင် အလင်းတန်းက ဝင်္ကပါနဲ့ ထိလိုက်တော့ အစပိုင်း ကျုပ်စွမ်းအားတွေကို တွန်းကန်နေသေးပေမယ့် သန့်ရှင်းသောဓားကနေ စွမ်းအားတွေ ဆက်တိုက်ထုတ်လွှတ်လိုက်တော့ ဝင်္ကပါ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ ခန္ဓာကိုယ်ကို ရွှေ့ကြည့်လိုက်တော့ ဝင်္ကပါက ကျုပ်ကို တွန်းမထုတ်တော့ဘူးဆိုတာ တွေ့လိုက်ရတော့ ဝမ်းသာသွားမိသေးတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေနဲ့ ဝင်္ကပါထဲကို တဖြည်းဖြည်း ဝင်လာခဲ့လိုက်တော့တယ်။
ကျုပ်အထဲရောက်တာနဲ့ ဝင်္ကပါရဲ့ စွမ်းအားတွေကို ကျုပ်ကောင်းကောင်း နားလည်လာတယ်။ အနည်းဆုံး (၁၀)မီတာလောက် ထူမှာဗျ။ ဝင်္ကပါထဲမှာ သန့်ရှင်းသောဓားရဲ့ စွမ်အားနဲ့ ကျုပ်ကို ဖုံးထားပေမယ့် တဖြည်းဖြည်းချင်းပဲ ရှေ့ကို တိုးသွားနိုင်တယ်ဗျို့။
နောက်ဆုံးတော့ ဖိအားတွေ လုံးဝပျောက်သွားတယ်။ ခန္ဓာကိုယ်က ပေါ့ပါးပြီး လေကောင်းလေသန့် အပြည့်နဲ့ ကမ္ဘာကြီးတစ်ခုကို ရောက်သွားသလိုပဲ။
ချောက်ထဲမှာ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ရှားမှု အပြည့်နဲ့ဆိုတာ သိလိုက်ရတယ်။ ပိုးမွှားတွေ၊ ငှက်အော်သံတွေ နေရာအနှံ့ကနေ ကြားရတယ်။ ချောကြီး အတွင်းပိုင်းမှာ အသီးအရွက်တွေနဲ့ ပြည့်နေရော။ ချောက်ထဲမှာ သွားစရာ လမ်းမရှိတော့ ဒီနေရာကို တိရိစ္ဆာကြီး ရောက်ခဲ့တာ တော်တော်ကို ကြာသွားပြီဆိုတဲ့ သဘောပေါ့။ မြေပြင်မှာ ဆူပင်တွေ အထပ်ထပ် ဖုံးနေတော့ လမ်းလျှောက်သွားလို့ မရတဲ့အတွက် ပျံသွားယုံပဲပေါ့။
ကျုပ် ကျင့်ကြံခြင်း အဆင့်နဲ့လမ်းကြောင်းတစ်ခု သွားဖို့အတွက် ပေါင်းစပ် စွမ်းအားတွေ သုံးနိုင်ပေမယ့် ဒီက ငြိမ်းချမ်းနေတဲ့ လေထုကို အနှောက်အယှက် မပေးချင်ဘူး။
ခန္ဓာကိုယ်ထဲကနေ ပေါင်းစပ်စွမ်းအားတွေ ဆက်တိုက်ထွက်နေတယ်။ မပြင်းထန်ဘူး ဆိုပေမယ့် အားတော့ မနည်းပါဘူး။ အလင်းနတ်ဘုရားစွမ်းအား လက်ကျန်တွေက အစပဲ ရှိသေးတယ်လို့ ကျုပ်ထင်ထားပေမယ့် အဲ့လိုမဟုတ်ဘဲ ပတ်ဝန်းကျင် အနှံ့ အပင်တွေပဲ ရှိနေတယ်။
ခန္ဓာကိုယ်ထဲက ရွှေအမြူတေ(၃)ခုကို ဖြန့်ကျက်ပြီး အထွတ်အထိပ်ရောက်ဖို့ အာရုံတွေ စုစည်းထားလိုက်တယ်။ ပတ်ဝန်းကျင်ကို လေ့လာနေတုန်း စုက္ကရေးကိုပတ်ထားတဲ့ အဝတ်စ ဖယ်လိုက်ပြီး ပေါင်းစပ် စွားအားတွေ တဖြည်းဖြည်း ထည့်သွင်းလိုက်တယ်။ အကာအကွယ် နယ်မြေနားမှာ ခနလေး ပေါ်လာတယ်ဆိုတာ သေချာ ခံစားမိလိုက်တယ်။ ပတ်ဝန်းကျင်(၃.၃)မီတာလောက်ထိ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာပြီးမှ ခန္ဓာကိုယ်က စွမ်းအားတွေ ဖြန့်ကျက်လိုက်တယ်။
ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကြောင့် ထူးထူးခြားခြားကို နေသာထိုင်သာရှိတာပဲ။ မြက်ပင်တွေမှာတောင် စွမ်းအားတွေ အများကြီး ပါနေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ရှာပြီးတာတောင် မူမမှန်တဲ့ လက္ခဏာတစ်မှ မတွေ့ရသေးဘူး။
လေထုထဲမှာ ပျံဝဲနေချိန် နေရာအနှံ့ အစွမ်းကုန် ကြိုးစားပြီးပြီမို့ စိတ်တွေ မလှုပ်ရှားဘဲ မနေနိုင်တော့ဘူး။ လမ်းညွှန်လဲမရှိဘူး။ ဒီအတိုင်းသာဆို ဘယ်လိုပဲ ကြိုးစား ကြိုးစား အလကားပဲ ဖြစ်နေမှာ။
============= (*^*)=============
အပိုင်း( ၃၁၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား