← Chapters

နာကျင်မှုများ တစိမ့်စိမ့်

Vol. 22 Ch. 318

နာကျင်မှုများ တစိမ့်စိမ့်

Vol. 22 Ch. 318

Child of light (ကျန်းကုန်း)

Volume 11: Chapter 26 - Simmering in Pain

ကျင့်ကြံခြင်းအဆင့် နိမ့်လို့ဘဲ ရှာမတွေ့နိုင်တာလား။ ခပ်နိမ့်နိမ့် မြက်ခင်းပြင်မှော်ဆင်းပြီး စုက္ကရေးကို ကျောမှာ ချိတ်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်တယ်။ ခန္ဓာကိုယ်ထဲက ရွှေအမြူတေ (၃)ခုကို အသာလှည့်ပတ်ပြီး ပတ်ဝန်းကျင်က မှော်စွမ်းအားတွေ ဆက်တိုက် စုပ်ယူနေလိုက်တယ်။

ဒီနေရာမှာ မှော်ဒြပ်စင်တွေ များလွန်းအားကြီးတယ်။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဒြပ်စင်တွေ အားလုံးကို ကွဲကွဲပြားပြားကို ခံစားနေရတယ်။ စုပ်ယူလိုက်တဲ့အချိန် ရောင်စုံစွမ်းအား (၇)မျိုး ပြောင်းလဲနေတာ သတိထား မိလိုက်တယ်။ ခနလေးနဲ့ ခန္ဓာကိုယ်ထဲက ရွှေအမြူတေတွေ စွမ်းအားပြည့်သွားတဲ့အပြင် ခန္ဓာကိုယ် တစ်ခုလုံးကိုပါ ခွန်အားအပြည့်နဲ့ အာရုံ(၆)ပါးလဲ အစပေါင်းအများကြီး တိုးတက်လာတယ်။ ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေ များလွန်းအားကြီးလို့ ထူးထူးခြားခြားကို ခံစားနေမိလိုက်တယ်။

စုဆောင်းထားတဲ့ စွမ်းအားတွေ တဖြည်းဖြည်းတိုးလာသလို စွမ်းအင် ဖောင်းပွလာတယ်တောင် ခံစားလိုက်ရတယ်။ ဆက်တိုက်တိုးလာတဲ့ စွမ်းအားနဲ့ လိုက်လျောညီထွေဖြစ်အောင် အခက်အခဲ တစ်ခု ဖြစ်လာနေတော့ ဆက်လေ့ကျင့်လို့ မဖြစ်နိုင်တော့ဘူး။ ဒီက စွမ်းအားတွေ ကျုပ်အတွက်ဆို များလွန်း အားကြီးတယ်။ ကြောက်စရာတစ်ခု ဖြစ်ပျက်နေတာ ကျုပ်သိလိုက်ရပြီ။ ပတ်ဝန်းကျင်က စွမ်းအားတွေ အမြန်ဆုံး စုပ်ယူလိုက်လို့ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ကျုပ်မထိန်းချုပ်နိုင်တော့ဘူး။ ပေါင်းစပ် စွမ်းအားကြောင့် မှော်ဒြပ်စင်တွေ ခန္ဓာကိုယ်ထဲ ဝင်လာတယ်။ တဖြည်းဖြည်း သည်းမခံနိုင်တော့တဲ့အထိ ပြင်းထန်လာတာနဲ့အမျှ ကျုပ်လဲ ကြောက်လာတာပေါ့။ ဒီလိုသာ ဆက်သွားနေမယ်ဆို အဲ့စွမ်းအားတွေ ကျုပ်ခန္ဓာကိုယ်ကို ဖျက်စီးပစ်လိမ့်မယ်။ ဒါပေမယ့် အခု ကျုပ်ဘယ်လိုလုပ်ရပါတော့မလဲ။

ရွှေအမြူတေ (၃)ခုကို ဗဟိုပြုပြီး ပေါင်းစပ်စွမ်းအားတွေ တဖြည်းဖြည်း ပိုများလာပြီး ပုံမှန်အတိုင်း ချောချောမွေ့မွေ့ လည်ပတ်နေတဲ့ ရွှေအမြူတေတွေကို ပတ်ဆို့သွားပါလေရော။ စုပ်ယူနေတဲ့ အရှိန်ကလဲ တဖြည်းဖြည်း တိုးလာနေတယ်။ အခုဆို ကျုပ်မှာ အသိစိတ်ကလွဲပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုမှ မထိန်းချုပ်နိုင်တော့ဘူး။ ‘မီကျားလီ.. အယုတ်တမာ.. နင် ငါ့ကို သတ်ဖို့ ကြိုးစားနေလား.. နင့်အမွေသာ ငါမရရင် စွမ်းအားတွေကြောင့် ပေါက်ကွဲတော့မယ်.’

ပတ်ဝန်းကျင်မှာ ရှိတာတွေက ကျုပ်အတွေးကို မငဲ့ဘဲ ကျုပ်ဆီတည့်တည့်တိုးလို့ သူတို့ ဝင်ချင်သလို ဝင်နေကြလေရဲ့။

“ဟူး…….”

လောဘကြီးလွန်းတယ်။ တကယ်လို့ ကျုပ် အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ရင် စွမ်းအားတွေ စုပ်ယူမှု ရပ်တပ်နိုင်ရင် ဒီအခြေအနေကနေ ရှောင်နိုင်မှာဗျ။ လက်ရှိအတိုင်းသာဆို တစ်ကိုယ်လုံး စွမ်းအားတွေ ပြည့်လျှံပြီး ထပ်စုပ်နေမယ်ဆို ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်။ မိစ္ဆာဘုရင် လက်ချက်နဲ့ သေရမယ့်အစား စွမ်းအားအပြည့်နဲ့ သေရမလိမ့်မယ် ထင်မထားမိခဲ့ဘူး။ ဒါ အတားအဆီး တစ်ခုပဲ။

စွမ်းအား ပြည့်လွန်းလို့ နာကျင်မှုက ကျုပ်အသိစိတ်တွေတောင် တဖြည်းဖြည်း ဝေဝါးသွားစေတဲ့အထိပဲ။ သွေးကြောမျှင်လေးတွေက အရေပြားပေါ်ကဆင့် သွေးတွေ စီးထွက်နေတာ ရှင်းရှင်းလင်းလင်း ခံစားနေရတယ်။ ခန္ဓာကိုယ် တုန်ခါလာပြီး လဲကျလုမတတ် ဖြစ်နေပြီ။

နောက်ဆုံးတော့ ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီ။ စိတ်က ကြည်လင်နေတော့ တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးတိုင်းကနေ အက်ကွဲသံတွေ ကြားနေရတယ်။

‘ငါတော့ သွားပြီ.. မကောင်းတော့ဘူး.. ငါတကယ် သေတော့မှာလား.. မူကျီရေ ငါတော့ ဒီလိုမျိုး သနားစရာ အခြေအနေမျိုးနဲ့ သေလိမ့်မယ်လို့ နင်တွေးမိမှာမဟုတ်ဘူးနော်..’

ဒီအနေအထားကို ဘယ်လိုကိုင်တွယ်ရမှန်း မသိလို့ မျှော်လင့်ချက် မဲ့နေတဲ့အချိန် ရင်ဘတ်ထဲကနေ နွေးထွေးတဲ့ စွမ်းအားတစ်ခု ရုတ်တရက် ပေါ်လာတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းပြီး ပေါက်ကွဲမသွားအောင် တားထားတာမို့ စွမ်းအားတွေကြောင့် နည်းနည်းလေးမှ မထိခိုက်တာ့ဘူး။ စွမ်းအားတွေ နိပ်ကွပ်လိုက်တာနဲ့ ခနတွင်း ခန္ဓာကိုယ်က တုန်လှုပ်ပြီး ရွှေကြယ်တစ်လုံးလို ကောင်းကင်ပျော် ပျံတက်သွားလေရဲ့။

“ဟုန်း….”

တားမြစ် နယ်မြေက ပြန်ဆွဲချလို့ မြေပေါ် ဝှီးကနည်း ပြန်ကျသွားပြန်ရော။ ပါးစပ်ကနေ သွေးတွေ ဆက်တိုက် စီးကျနေပြီ။ အတွင်းပိုင်းက ပြင်းထန်တာရော အပြင်က နာတာတွေရော ပေါင်းပြီး သေလုမျောပါးပဲ ဗျို့..။

အဲ့အချိန် ကျောပြင်ကနေ ပူပြင်းတဲ့ ခံစားချက်တစ်ခု ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားတော့တာပဲ။ သွေးကြောတစ်လျှောက် ရွှေ့နေတဲ့ပုံပဲ။ နာနေတာတွေတောင် နည်းနည်း သက်သာသွားတယ်။ အသိစိတ် ဝေဝါးနေတော့ အဲ့စွမ်းအားက ဘာဆိုတာ တွေးဖို့တောင် အားမရှိတော့ဘူး။ နာကျင်မှုကနေ လွတ်ချင်တာပဲ သိတယ်။ ဒီလို ဝေဒနာတွေ နှိပ်စက်ခံနေရတာနဲ့စာရင် သေတာကမှ ပိုကောင်းအုံးမယ်။

ပတ်ဝန်းကျင်က စွမ်းအားတွေ ခန္ဓာကိုယ်ထဲ ဝင်နေတုန်းပဲ။ ထူထပ် ပြွတ်သိပ် ပြည့်လျှံနေတဲ့ ပေါင်းစပ်စွမ်းအားတွေ ခန္ဓာကိုယ်က အရိုးတွေထဲ ဆက်တိုက် ဖိအားပေးချက်တော့ အက်ကြောင်းတွေ ပေါ်လာကုန်ပြီ။ ခန္ဓာကိုယ်ထဲက အရိုးတိုင်းကနေ ကွဲထွက်သွားသလို ခံစားလိုက်ရတယ်။

‘ငါတော့သွားပြီ.. ကိစ္စတော့ ချောပြီ.. ဘာလို့လဲ.. ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ.. ငါလဲ ဘာအမှားမှ လုပ်မထားပါဘူး… ကောင်းကင်ဘုံရေ ကျုပ်ကို ဘာလို့ အပြစ်ပေး နေရတာလဲ..’

နောက်ဆုံး ခန္ဓာကိုယ်ထဲက အရိုးတွေ အက်ကွဲသွားတော့ စွမ်းအားတွေ အပြည့်နဲ့ ခန္ဓာကိုယ်ထဲကို စွမ်းအားပေါင်းစုံ ဝင်လာကြပြန်ရော။ ဒီလို ဝေဒနာ ခံစားနေရတာထက် သေလိုက်တာမှ ကောင်းအုံးမယ်။

တကယ်ဆို ဒီလိုပြင်းထန်တဲ့ ဝေဒနာကြောင့် သတိလစ်သွားသင့်တာ။ ဒါပေမယ့် သတိလစ်မယ်ကြံတိုင်း အပေါ်ပိုင်းကနေ အအေးဓာတ်တစ်ခု ရုတ်တရက် ထွက်လာပြီး သတိမလစ်အောင် တားထားပြန်ရော။ အခုဆို မလှုပ်နိုင်ပေမယ့် နာကျင်မှု လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး ခံစားနေရတုန်းပဲ။

‘ပေါင်းစပ် စွမ်းအားတွေရေ ငါ့ကို အမြန်ဆုံး သတ်ပေးဖို့ တောင်းပန်ပါတယ်ကွာ..’

အရိုးတွေရဲ့ နာကျင်မှုတွေက မတ်တပ်ရပ်နိုင်တဲ့ ကန့်သတ်ချက်ထက် ကျော်လွန်သွားပြီ။ နာကျင်မှုတွေကြောင့် ညည်းတွားရင်း သေဖို့ပဲ တောင်းပန်နေမိတော့တယ်။

နဖူးက အေးစက်စက် ခံစားချက် ရုတ်တရက်ပေါ်လာပြီး အသိစိတ်ကို ဖုံးလွှမ်းသွားပြန်ရော။ ချက်ချင်းကို အသိစိတ်က ကြည်လင်သွားပြီး ဝေဒနာတွေ လျော့သွားတယ်။ အသက်ရှူမဝဘူးလို့ တွေးမိနေတုန်း ချောက်ထဲက စွမ်းအားတွေ ကျုပ်ရင်ဘတ်ထဲကို အရှိန်အဟုန်နဲ့ တိုးဝင်လာကြပြန်ရော။

“အား……………”

အော်ပစ်လိုက်မိတော့တယ်။ ဘယ်လောက် ကြာသွားပြီမှန်း မသိပေမယ့် အသံထွက်အောင်တော့ အောင်နိုင်လိုက်တယ်။

ခန္ဓာကိုယ်က လေထဲမှာ အဆက်မပြတ် တုန်ခါနေတယ်။ စွမ်းအားပေါင်းစုံ ခန္ဓာကိုယ်ထဲက ကိုယ်အင်္ဂါအနှံ့ ပြင်းပြင်းထန်ထန် တိုးဝင်နေကြတယ်။ အာရုံကြောတွေလဲ တဆတ်ဆတ် တုန်ခါပြီး နှလုံးသားက စူးစူးရှရှ နာကျင် ကိုက်ခဲမှုကြောင့် ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်ခါသွားတယ်။ ခရမ်းနက်ရောင် သွေးတွေ ပါးစပ်နဲ့အပြည့် ထိုးအံလိုက်ရတယ်။ ကိုယ်တွင်း အင်္ဂါတွေတောင် ဗြောင်းဆန်သွားသလိုပဲ။

ရင်ဘတ်ထဲက နွေးထွေးတဲ့ ခံစားမှု၊ ကျောပြင်က ပူလောင်တဲ့ ဝေဒနာ၊ နဖူးက အေးစက်စက် ခံစားချက်တွေ အကြိမ်ပေါင်းများစွာ အလှည့်ကျ ခပ်စိပ်စိပ် ပေါ်လာနေကြတယ်။ နွေးထွေးတဲ့ ခံစားချက်က ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထိန်းသိမ်းထားနိုင်တာကြောင့် ခန္ဓာကိုယ်ထဲက ကွဲထွက်မသွားနိုင်ဘူး။ ပူလောင်တဲ့ ခံစားချက်က အရေပြားတွေကို ချုပ်ကိုင်ထားပြီး အေးမြတဲ့ ခံစားချက်က ကျုပ်စိတ်ကို ထိန်းပေးထားတယ်။ ကိုယ်တွင်း အင်္ဂါတွေ တစ်ခုပြီးတစ်ခု ပျောက်ပျက်သွားတာ သေသေချာချာ ခံစားနေရတယ်။ ထူးဆန်းတာက အဲ့လောက်တောင် နာကျင်နေရပေမယ့် ကျုပ်အသိစိတ်က ပိုပိုတောင် ကြည်လင်လာနေသေးတယ်။

============= (*^*)=============

အပိုင်း( ၃၁၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters