မိစ္ဆာမျိုးနွယ်၏ ဖွဲ့စည်းပုံ
Vol. 22 Ch. 320
Child of light (ကျန်းကုန်း)
Volume 11: Chapter 28 - Monster Race’s Structure
“အာ.. အမွေ မဆက်ခံရသေးဘူးလား.. မဆက်ခံဖို့ရော ဆုံးဖြတ်လို့ ရအုံးမလား.. ကျုပ်ခန္ဓာကိုယ် ပြုပြင်လိုက်တာနဲ့တင် ကျုပ်လုပ်နိုင်တာထက်တောင် ကျော်နေပြီ.. အမွေဆက်ခံတဲ့အချိန် ခံနိုင်ရည် မရှိမှာ ကြောက်မိတယ်..”
“အဲ့လို မဖြစ်ပါဘူး.. အန္တရာယ်အရှိဆုံး အပိုင်း ပြီးသွားပြီလို့ ပြောပြီးသားလေ.. အမွေဆက်ခံတဲ့ နာကျင်မှု နင်ခံစားပြီးသွားပြီ.. ငါတို့က မိစ္ဆာမျိုးနွယ်ဝင်မှ မဟုတ်တာ နင်က ဘာတွေ ထပ်ပြီး ဒုက္ခခံရအုံးမှာလဲ.. အမွေ မဆက်ခံခင် ခနလောက် စကားပြောရအောင်လေ.. အဲ့လိုမှ မဟုတ်ရင် အခွင့်အရေး ရမှာ မဟုတ်တော့ဘူး..”
အမွေဆက်ခံပြီးသည်နှင့် အလင်းနတ်ဘုရား၊ တိုက်ပွဲနတ်သမီး မီကျားလီသည် ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ် သွားရမည်ကို သိသောကြောင့် အနည်းငယ် ဝမ်းနည်းမိလာတယ်။ ကျုပ်တို့ကမ္ဘာနဲ့ နတ်ဘုရား နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးအတွက် ကျုပ်တတ်နိုင်သမျှ ပေးဆပ်ခဲ့တာပဲလေ။
“ကလေး.. ငါ့အတွက် စိတ်မကောင်း မဖြစ်ပါနဲ့.. ဒါ ငါရွေးချယ်ခဲ့တဲ့ လမ်းပဲလေ.. နတ်ဘုရားနယ်မြေကို ကာကွယ်သူ တစ်ယောက်အနေနဲ့ ငါလုပ်ကို လုပ်ရမယ့် တာဝန်တစ်ခုပဲလေ.. ငါ့အမွေ ဆက်ခံပြီးရင် နင့်လက်ရှိ စွမ်းအားတွေအပြင် ငါ့စွမ်းအားတွေ အကုန်လုံးနင်မှာ ပေါင်းသွားလိမ့်မယ်.. နတ်ဘုရား ဘုရင်ကလွဲရင် နတ်ဘုရား မျိုးနွယ်မှာ ငါ့စွမ်းအားက တတိယ လိုက်တယ်.. မိစ္ဆာဘုရင် အစွမ်းထက်တယ် ဆိုပေမယ့် သူ့ မူလခန္ဓာကိုယ်က နတ်ဘုရား နယ်မြေမှာ ချိပ်ပိတ်ထားတာဆိုတော့ သူ့ကို ရင်ဆိုဖို့အတွက် စွမ်းအား အလွန်အကျွံ လိုမှာတော့ မဟုတ်ဘူး.. နတ်ဘုရားဘုရင် သုတ်သင်တာမခံရအောင် သူ့မူလခန္ဓာကိုယ်မှာ စွမ်းအား ရှိနေမှာ သေချာတယ်.. ဒါ့ကြောင့် ငါ့အမွေ ဆက်ခံပြီးရင် နတ်ဘုရား လက်နက်တွေ ပိုင်ထားတဲ့ နင်တို့ သူငယ်ချင်း တွေနဲ့အတူ သူ့ကို ဒီကမ္ဘာကြီးကနေ ဖယ်ထုတ်ဖို့ မဖြစ်နိုင်တာ မဟုတ်တော့ဘူး..”
“ရေခဲနတ်ဘုရား မျက်နှာဖုံးရဲ့ အဓိကလုပ်ဆောင်ချက် ပြောရမယ်ဆိုရင် အသိစိတ် ထိန်းသိမ်းထားဖို့ပေါ့.. အဲ့ဒါ အသုံးမဝင်ဘူးလို့ နင်ထင်ကောင်းထင်နိုင်ပေမယ့် ငါပြောပြမယ်.. ရေခဲနတ်ဘုရား မျက်နှာဖုံးကလဲ ပထမတန်းစား နတ်ဘုရားလက်နက် သန့်ရှင်းသောဓားထက် နည်းနည်းပဲ နိမ့်တယ်.. နင့်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ပိုပြီး ထိထိရောက်ရောက်သုံးနိုင်အောင် ကူညီနိုင်တယ်.. ပြီးတော့ နင် တိတိကျကျ ဆုံးဖြတ်ချက် ချရမယ့် အရေးကြီးအချိန်တွေဆိုလဲ နင့်သိစိတ်ကို သေသေချာချာ ထိန်းထားနိုင်လိမ့်မယ်..”
“အလင်းနတ်ဘုရား.. ကျုပ် ခင်ဗျားကို အဲ့လို ခေါ်လို့ရမလား..”
မီကျားလီ ခေါင်းညိတ်ပြလိုက်သည်။
“အမွေဆက်ခံမှုက အန္တရာယ်ရှိမယ်လို့ အစက ပြောခဲ့တာက ကျုပ်ခန္ဓာကိုယ် ပြုပြင်မွမ်းမံတာကို ပြောတာလား..”
“မှန်တယ်.. နင့်ခန္ဓာကိုယ် ပြုပြင်ရတာက အဓိကခြေလှမ်းပဲ.. နင့်ခန္ဓာကိုယ် လုံးဝပြုပြင်ပြီးမှ နင် ငါ့စွမ်းအားတွေကို ခံနိုင်ရည်ရှိမှာ.. ခင် ဒီကိုလာတော့ နင့်ခန္ဓာကိုယ်မှာ ပေါင်းစပ်နေတဲ့ စွမ်းအား နည်းနည်းရျိနေတာတွေ့လို့ ငါ့စွမ်းအားကို ပေါင်းစပ်ဖို့ လိုနေတာတွေ့တော့ ငါအတော် ပျော်သွားတယ်.. နင့်စွမ်းအားတွေကို သူ့တို့ဗဟိုအဖြစ် သန့်ရှင်းသောဓားနဲ့ ပေါင်းစပ်ထားတာမို့ ငါ့အတွက် ပိုလွယ်သွားပြီး နင့်ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေ ပိုပြီး သိုလှောင်လို့ရတယ်လေ.. မိစ္ဆာမျိုးနွယ်မှာ စွမ်းအား ပိုများလေလေ အနိုင်ရဖို့ အခွင့်အရေး ပိုများလေဆိုတာ နင်သိထားရလိမ့်မယ်.. ခနနေ ပေါ်လာမယ့် အမွေက နင့်ကို ဘေးကင်းစေလိမ့်မယ်.. စိတ်ချနေစမ်းပါ.. နောက်ဆုံး နတ်ဘုရားဘုရင် ပေးထားတဲ့ တာဝန် ပြီးအောင် လုပ်နိုင်ပါ လိမ့်မယ်..”
မီကျားလီ အသံတွေမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေနဲ့။ သူဒီလောကထဲက ထွက်သွားဖို့ တွန့်နေမှန်း ကျုပ်သိလိုက်တော့ မနေနိုင်တော့ဘဲ..
“ခင်ဗျား စွမ်းအာတွေ ကျုပ်ကို မွေပေးပြီးရင် ခင်ဗျား စိတ်ဆန္ဒ ဒီမှာ ဆက်ထားလို့ မရဘူးလား..”
“မှန်တယ်.. နတ်ဘုရား အမွေပေးပြီးတာနဲ့ ငါ့စွမ်းအားနဲ့ စိတ်ဆန္ဒတွေအားလုံး နင့်အသိစိတ်ထဲမှာ ရောသွားလိမ့်မယ်.. တကယ်တော့ တစ်မျိုးစဉ်းစားကြည့်ရင် နင့်အမွေဆက်ခံခြင်းဆိုတာ ငါ့သေခြင်းလို့ ပြောလို့မရဘူးဆိုတာ နင်နားလည်လာလိမ့်မယ်.. ဆိုလိုတာက နင့်ခန္ဓာကိုယ်ကနေတဆင့် ငါ ဘဝသစ်တစ်ခု ရခဲ့ပြီ.. အလင်းနတ်ဘုရားနဲ့ နောက်ထပ် တိုက်ပွဲနတ်သမီး မီကျားလီ ဖြစ်လာဖို့ နင့်မှာ ငါ့စွမ်းအားတွေနဲ့ အရင်က မှတ်ဉာဏ်တွေ ရှိလာလိမ့်မယ်.. ကောင်းပြီ.. ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး.. နင့်ခန္ဓာကိုယ် ပြုပြင်ဖို့ အချိန် တော်တော် ကုန်သွားတယ်.. အခု နင်နိုးလာတဲ့အချိန် မိစ္ဆာဘုရင်က ပြန်လည်နိုးထခြင်း နောက်ဆုံး အဆင့် ရောက်နေပြီဆိုတာ ငါ့စိတ်ဆန္ဒထဲက တွေ့လိုက်ရတယ်.. ငါ့အမွေ အမြန်ဆုံး လက်ခံရမယ်.. နင် အမွေမဆက်ခံခင် မိစ္ဆာမျိုးနွယ်ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အရင်ဆုံး ရှင်းပြပေးမယ်..”
မီကျားလီ ခေတ္တ ငြိမ်သွားပြီးမှ..
“သူတို့တွေ စိမ့်ဝင်ဖျက်ဆီးနိုင်တဲ့ စွမ်းအား ပြင်းပြင်း မပိုင်ဆိုင်ထားရင် မိစ္ဆာမျိုးနွယ်ဆိုတာ ငါတို့ နတ်ဘုရား မျိုးနွယ်လိုမျိုး အစွမ်းထက် မျိုးနွယ်လို့ ပြောလို့ရတယ်.. မိစ္ဆာမျိုးနွယ်ရဲ့ ခေါင်းဆောင်က မိစ္ဆာဘုရင်ပေါ့.. သူတို့စွမ်းအားက နတ်ဘုရား ဘုရင်ထက်တောင် ကျော်နေသေးတယ်.. အဲ့လိုမှ မဟုတ်ရင် အခုချိန်ထိ အသက်ရှင်နေတော့မျာ မဟုတ်ဘူး.. မိစ္ဆာမျိုးနွယ် အများစုကို ဖယ်ရှားသုတ်သင် ပစ်ခဲ့တယ်လို့ ပြောဖူးပေမယ့် မိစ္ဆာမျိုးနွယ်ရဲ့ ခေါင်းဆောင်ပိုင်း တစ်ချို့ မိစ္ဆာဘုရင် ဖွက်ထားတယ်လေ.. သူပြန်ပေါ်လာပြီ ဆိုတာနဲ့ လူ့ခန္ဓာကိုယ်ကနေ ဘဝသစ်တစ်ခု ရဖို့အတွက် အဲ့စွမ်းအားနဲ့ ရန်သူတွေကို သေချာပေါက် လွှတ်လိုက်လိမ့်မယ်.. မိစ္ဆာဘုရင်ရဲ့ ကြောက်စရာအကောင်းဆုံး ကူညီသူ မိစ္ဆာဘီလူးကြီး (၃)ယောက်က အမှောင် မိစ္ဆာ ကျာစစ်ခယ်လီသောင်၊ စုန်းမိစ္ဆာ ဟာအာယွဲ့တိ နဲ့ သွေးမိစ္ဆာ ခယ်အံသဲအာကျိ တဲ့.. သူတို့ စွမ်းအားတွေ ပေါင်းလိုက်ရင် ငါ့အောက် နည်းနည်းလေးမှ နိမ့်မှာ မဟုတ်ဘူး..”
“သူတို့(၃)ယောက် ပြန်ပြီး ရှင်သန်လာတာနဲ့ သူတို့တွေ လူသားမျိုးနွယ်ဆီ ကပ်ဆိုးတွေ သယ်လာလိမ့်မယ်။ မိစ္ဆာဘုရင်နဲ့ မိစ္ဆာဘီလူး (၃)ဖော်ကို ဖြေရှင်းဖို့ဆို တော်တော် ခက်ခဲလိမ့်မယ်.. နင်သူတို့ကို တိုက်ခိုက်ဖို့ တစ်ခုတည်းသောနည်းက မိစ္ဆာဘီလူး(၃)ကောင်စလုံး ပြန်နိုးထလာမယ်ဆိုရင်တောင် သူတို့မှာ အရင်က စွမ်းအားတွေလောက် ပြန်ရအုံးမှာ မဟုတ်ဘူး.. သူတို့တွေ ငါ့ကြောင့် ဒဏ်ရာ အပြင်းအထန် ရထားတယ်.. ပြန်ရှင်သန်ဖို့အတွက် လူသားခန္ဓာကိုယ်ကို လက်ခံကောင်အဖြစ် သုံးမယ်ဆိုရင် သူတို့အရင်က စွမ်းအားရဲ့ (၃၀)ရာခိုင်နှုန်းလောက် ပဲ ထိန်းထားနိုင်မယ်လို့ ယုံတယ်.. ဆိုလိုတာက ငါ့အမွေ လက်ခံပြီးသွားရင် အဲ့ မိစ္ဆာဘီလူး (၃)ကောင်ကို နင် တိုက်ခိုက်နိုင်လောက်တယ်..”
“ခင်ဗျား ပြောတဲ့အထဲက အမှောင်မိစ္ဆာ ကျာစစ်ခယ်လီသောင် ကို ကျုပ်တွေ့ခဲ့ပြီးပြီ.. သူ့ကို တိုက်ခိုက် လိုက်ပေမယ့် နောက်ဆုံးတော့ သူ လွတ်သွားတယ်..”
“ကျာစစ်ခယ်လီသောင်နဲ့ နင်တွေ့ခဲ့တာလား.. သူဘာဖြစ်သွားလဲ မြန်မြန် ပြောစမ်း..”
နတ်ဆိုးဘုရင် မာနတ်ရဲ့ ခန္ဓာကိုယ် ပိုင်ထားတဲ့ ကျာစစ်ခယ်လီသောင်နဲ့ တွေ့ခဲ့ရတာတွေ ရယ် ဘယ်လို အနိုင်ယူခဲ့တယ် ဆိုတာတွေ ပြန်ပြောပြလိုက်တော့တယ်။
After hearing my narration, Mi Jia Lie suddenly laughed for a long time before saying, “It seems that my prediction was right. Jia Si Ke Li Duo should be the first Great Monster that the Monster King resurrected. With you and your friends’ power to be able to defeat him at that time, it has proven my hypothesis. He should only have had about 20% of his powers at that time and even if he recovered all of his powers, 30% of his previous powers would be as good as it could get. In this case, the chances for you eliminating the Monster King has increased drastically.”
ကျုပ်ပြောတာတွေ ကြားတော့ မီကျားလီ အချိန်တော်တော်ကြာအောင် ရယ်ပြီးမှ..
“ငါမှန်းထားတာ မှန်တဲ့ပုံပဲ.. ကျာစစ်ခယ်လီသောင် က မိစ္ဆာဘုရင် ပြန်ရှင်သန်ထမြောက်တဲ့ ပထမဆုံး မိစ္ဆာဘီလူး ဖြစ်လိမ့်မယ်.. အဲ့တုန်းက နင်နဲ့ နင့်သူငယ်ချင်းတွေရဲ့ စွမ်းအားနဲ့ အနိုင်ယူခဲ့တာကိုက ငါ့ခန့်မှန်းချက် မှန်တယ်ဆိုတာ သက်သေပြနေပြီ.. အဲ့တုန်းက သူ့စွမ်းအားရဲ့ (၂၀)ရာခိုင်နှုန်း လောက်ပဲ ရှိလောက်တယ်.. သူ့စွမ်းအား အကုန်လုံး ပြန်ရမယ်ဆိုရင်တောင် (၃၀)ရာခိုင်နှုန်း လောက်ပဲ ကောင်းကောင်းရလိမ့်မယ်.. ဒီအခြေအနေမှာ နင် မိစ္ဆာဘုရင်ကို သုတ်သင်ဖို့ အခွင့်အရေး သိသိသာသာ တိုးလာပြီ..”
============= (*^*)=============
အပိုင်း( ၃၂၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား