← Chapters

အခြေစိုက်စခန်းသို့ ပြန်ခြင်း

Vol. 22 Ch. 323

အခြေစိုက်စခန်းသို့ ပြန်ခြင်း

Vol. 22 Ch. 323

Child of light (ကျန်းကုန်း)

Volume 11: Chapter 31 - Returning to the Domain

နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းထဲကနေ နတ်ဆိုးမျိုးနွယ် ကုန်းပြင်ကို ပျံတက်လာတော့ ကျုပ်ရောက်လာ တုန်းကနဲ့ အတူတူပဲ။ တိတ်ဆိတ်နေရောဗျို့။ တစ်ခုတည်းသော ကွာခြားသွားတာဆိုလို့ နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းရဲ့ အကာကွယ် နယ်မြေ ပျောက်သွားတာပဲ။

နတ်ဘုရား စွမ်းအားတွေနဲ့ဆိုတော့ မိစ္ဆာမျိုးနွယ်ရဲ့ အရှိန်ဝါတွေ ခံစာမိလိုက်တော့ ရုတ်တရက် နည်းနည်း ထိန်ကနဲ ဖြစ်သွားမိတယ်။ မိစ္ဆာမျိုးနွယ်တွေ လှုပ်ရှားနေကြပြီ ထင်တယ်။ အချိန်က ဘယ်လောက်ပဲ ဖိစီး ဖိစီး နတ်ဘုရား ကာကွယ်ရေးအဖွဲ့ကို ပြန်ဖို့လုပ်ရမယ်။

ကျုပ်လက်ရှိစွမ်းအားနဲ့ဆို တာဝေးနည်နေရာ ရွှေပြောင်းခြင်း ဝင်္ကပါ သုံးတဲ့နေရာမှာ ကောင်းကောင်း တိကျလောက်ပြီ။ တည်နေရာ မှားသွားမယ်ဆိုရင်တောင် အခြေစိုက်စခန်းကို ပျံသွားလို့ ရတာပဲလေ။ ပိုတော့ နီးသွားမှာပဲကို။ တွေးရင်းနဲ့ သန့်ရှင်းသောဓားကို ပြန်သိမ်းလိုက်တယ်။ တာဝေး တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါဆွဲဖို့ ညာဘက်လက်က နတ်ဘုရား အစောင့်(လက်အိပ်) ကိုသုံး လိုက်တာပေါ့။ သင့်တော်မယ့် မှော်ဝင်္ကပါ တွေးယုံလေးနဲ့ ချက်ခြင်း ဝင်္ကပါဆွဲနေပြီ ဆိုတော့ နတ်ဘုရား အစောင့်က စွယ်စုံရ ဆိုတဲ့ သဘောပေါ့။ ဝင်္ကပါမှာ စိတ်စွမ်းအားတွေ အများကြီးလိုတဲ့အပြင် အကွာအဝေးအလိုက် အရမ်းရှုတ်ထွေးတယ်လေ။ အရင်ကဆို ဝင်္ကပါ ဆွဲတဲ့နေရာမှာ အမှားမရှိအောင် အချိန်တော်တော်ယူရတာ။ အခုတော့ မတူတော့ဘူးဗျို့။ ဘာမှကို မပင်ပန်းလိုက်တာ။ ကျုပ်စိတ်လဲ အထွတ်အထိပ် အခြေအနေမှာ ရှိနေတုန်းပဲ။ တော်တော်ကို ရှုတ်ထွေးနက်နဲတဲ့ မှော်ဝင်္ကပါ ဆွဲဖို့ နာရီဝက်လောက်ပဲ အချိန်ယူလိုက်ရတယ်။ အခုဆို ကျုပ်က နတ်ဘုရားကာကွယ်ရေးအဖွဲ့ အခြေစိုက်စခန်းနဲ့ဆို (၅)ကီလိုမီတာလောက်ပဲ ဝေးတာလို့ ယုံကြည်ထားတယ်။

အသက်ပြင်းပြင်းရှူပြီး မှော်ဝင်္ကပါထဲ မဝင်ခင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အလင်းအတောင်(၆)ခု ဖါင့်လိုက်တယ်။ အသံတိတ်ပြီး ငြိမ်သက်နေတဲ့ နတ်ဘုရားလက်မှိုင်ချ ချိုင့်ဝှမ်းကို နောက်ဆုံးအနေနဲ့ ကြည့်ပြီး ဝင်က္ပါကို အသက်သွင်းလိုက်တာ့တယ်။ အလင်းရောင်တွေ တဖျပ်ဖျပ်လက်ပြီး အရောင်(၇)မျိုးရှိတဲ့ နယ်မြေထဲ ရောက်သွားတယ်။ အတောင်ပံတွေ ကာကွယ်ပေးထားတော့ ပတ်ဝန်းကျင်က ခံနိုင်ရည်မရှိလောက်တာတွေ အားလုံး ပျောက်သွားတယ်။ မြင်ကွင်းတွေ အဆက်မပြတ်ပြောင်းလဲနေတော့ မျက်လုံးမှိတ် ထားလိုက် တော့တယ်။

ကျူုပ် ခန္ဓာကိုယ် ပေါ့ပါးသွားပြီး ပတ်ဝန်းကျင်က ဖိအားတွေ ပျောက်သွားတယ်။ အခု တောင်ထိပ်အမြင့်ကြီး တစ်ခုအပေါ်မှာ ရပ်နေတာ။ တိမ်တွေနဲ့ အစိုဓါတ်တွေ ကျုပ်ခန္ဓာကိုယ်ကို လာရိုက်ခတ်နေလေရဲ့။ အခုမှ ကျုပ်ခန္ဓာကိုယ်မှာ ဘာမှ မပါတာ သတိထားလိုက်မိလို့ မရယ်ဘဲကို မနေနိုင်တော့ဘူး။ ဒီလိုပုံစံနဲ့ ကျန်တဲ့သူတွေကို ဘယ်လိုလုပ် မျက်နှာသွားပြရပါ့မလဲ။ ဒီပုံစံကြီးနဲ့တော့ အခြေစိုက်စခန်းကို မပြန်နိုင်ပါဘူးဗျာ။ အိတ်ထဲကနေ အဝတ်အစားထုတ်ပြီး အဖြူရောင် မှော်ဝတ်စုံ ဝတ်လိုက်တော့တယ်။

ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ စိတ်ဝိညာဉ် အသက်သွင်းလိုက်တယ်။ အမယ် ထင်မထားလောက်အောင်ကို နတ်ဘုရား ကာကွယ်ရေးအဖွဲ့ အခြေစိုက်စခန်းက ကျုပ်နဲ့ သိပ်မဝေးဘူးပဲ။ ခက်တာက အဲ့နယ်မြေ တိတ်ဆိတ် အေးချမ်းနေရောပဲ။ ညဘက် ဖြစ်နေပေမယ့် ဒီလောက်ကြီးတော့ မဖြစ်သင့်ဘူးလေ။ တစ်ခုခု ဖြစ်သွားလား ဆိုတဲ့ အတွေးနဲ့ နည်းနည်း လန့်သွားမိတယ်။

ကျောက အလင်းအတောင်ပံတွေ ခတ်ပြီး နတ်ဘုရား ကာကွယ်ရေးအဖွဲ့ အခြေစိုက်စခန်းကို ပျံသွားလိုက်တယ်။ မျက်စိ တစ်မှိတ်လောက်ပဲ ကြာလိုက်တာပါလေ။ အခြေစိုက်စခန်း တစ်ခုလုံး မှောင်မည်းနေတာပဲ။ အရင်က အခြေစိုက်စခန်းမှာ လူပေါင်း (၁၀၀၀၀)လောက် နဲ့နှိုင်းယှဉ်ရရင် လူနည်းနည်းလောက်ပဲ ခံစားမိနေတယ်။ မိစ္ဆာမျိုးနွယ်များ ဒီနေရာကို တိုက်ခိုက်ခဲ့တာများလား။ မဟုတ်လောက်ပါဘူး။ ဒီနေရာမှာ မိစ္ဆာမျိုးနွယ် အရှိန်အဝါ မရှိပါဘူး။

ကျုပ် အတောင်တွေ ရုတ်ပြီး မြေပြင်ကိုဆင်းလိုက်တယ်။ စိုးရိမ်တကြီးနဲ့ နတ်ဘုရား စွမ်းအားတွေ အသက်သွင်းပြီး နယ်မြေတစ်ခုလုံးကို အလင်းရောင် ပေးလိုက်တော့တယ်။

ဘာမှတော့ ပြောင်းလဲမသွားဘူး။ တောင်တန်းတွေ ရဲဘော်တွေ ကျုပ်ထွက်သွားတုန်းက အတိုင်းပဲ။ ကျောက်တုံး အိမ်လေးတွေလဲ အတူတူပဲ။ မူလအနေအထား အတိုင်းပဲ။

“ဒီမှာ တစ်ယောက်ယောက် ရှိလား..”

ကျုပ် နတ်ဘုရား စွမ်းအားသုံးပြီး အော်လိုက်တော့တယ်။ အသံကြီးက ကောင်းကင်ထိ ပျံတက်ပြီး ပတ်ဝန်းကျင်က ကျောက်တုံးအိမ် လေးတွေကိုတောင် တုန်ထွက်သွားတယ်။ နတ်ဘုရား စွမ်းအား မသုံးဖူးသေးတာကြောင့် တော်တော် အံ့ဩမိသွားတယ်။

ကျုပ်အသံက ပဲ့တင်သံတွေ ဆက်တိုက် ထွက်နေတယ်။ တောင်တန်းတခွင် ရှိတဲ့သူတိုင်း ကျုပ်အသံ ကြားမှာ သေချာတယ်။ ဒီမှာ ဖြစ်ပျက်သွားတာတွေ သိချင်ဇောလောကြီးနေတော့ လိုက်ရှာရမှာ ပျင်းပြီး အရိုးရှင်းဆုံး နည်းလမ်းပဲ သုံးလိုက်တော့တယ်။ အသံတွေ အားနည်းသွားတာနဲ့ အခြေစိုက်စခန်းထဲကနေ လူတစ်ချို့ ကျုပ်ဆီ ဦးတည်လာကြတယ်။

ကျောက အတောင်ပံတွေ ခန္ဓာကိုယ်ထဲ ပြန်ရုတ်ထားလိုက်တော့တယ်။ အဲ့ဒါမြင်သွားရင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မယ်လေ။

အရိပ်အနက် (၁၀)ခု လျှပ်စီးလက်သလို ဝိုင်းရံလာတယ်။ သူတို့စွမ်းအားတွေ နည်းနေတဲ့ပုံပဲ။ ကျုပ်လက်ချောင်းလေးတွေ လှုပ်လိုက်ယုံနဲ့တောင် သူတို့ကို ဖယ်ရှားပစ်နိုင်သလိုပဲ။ အခြေစိုက်စခန်းက ညီအစ်ကိုတွေ ဘယ်တုန်းက အားနည်းသွားကြပါလိမ့်။

ဘယ်သူတွေ ရောက်လာတယ်ဆိုတာ သိပြီးတဲ့နောက် ကျုပ်စိတ်ထဲ သံသယတွေ တိုးတိုးလာတယ်။ ရောက်လာတဲ့ အုပ်စု ခေါင်းဆောင်က ကျန်းရှန် ဗျ။ သူ့ကျင့်ကြံမှုလဲ အားနည်းနေတယ်။ သူ့စွမ်းအားတွေတော့ စုတ်ယုတ် မသွားလောက် ပါဘူးနော်။

“မင်း ဘယ်သူလဲ.. ငါတို့ နတ်ဘုရားကာကွယ်ရေးအဖွဲ့ ကို ညနက်နေမှ ကျူးကျော်လာတာ ဘာရည်ရွယ်ချက်လဲ”

ကျန်းရှန် မေးလာတော့ ကျုပ်ခန္ဓာကိုယ်ထဲက နတ်ဘုရား အလင်းရောင်တွေ မြင်လိုက်ရသလိုမျိုး လန့်သွားတယ်။ သူ့ကျုပ်ကို မမှတ်မိတာ မျက်နှာဖုံးကြောင့် နေမှာဗျ။

“ဘာတုန်း.. မတွေ့ရတာ ရက်လေးနည်းနည်း ကြာတာနဲ့ ငါ့ကို မမှတ်မိတော့ဘူး ပေါ့လေ.. ငါကျန်းကုန်းလေ..”

ကျန်းရှန် ကျုပ်ကို စူးစူးရဲရဲကြီး ကြည့်နေပေမယ့် ခနကြာမှ ပျော်သွားတဲ့ပုံ ပေါ်လာတယ်။ အသံတွေတောင် တုန်နေရင်း..

“ကျန်းကုန်းလား.. တကယ်ကြီး ကျန်းကုန်းလား.. နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပဲ..”

သူ ကျုပ်ပုခုံးပေါ် လာပုတ်ဖို့ ရုတ်တရက် ရှေ့တိုးလာတယ်။ ဒါပေမယ့် ကျုပ်နဲ့ တစ်မီတာလောက် လဲရောက်ရော ရုတ်တရက် ရပ်ပြီး ရုန်းကန်နေလေရဲ့။ သူ မျက်မှောင် ကြုတ်ပြီး..

“ကျန်းကုန်း… မင်းဘာလုပ်လိုက်တာလဲ…”

အကာအကွယ် ဒိုင်းကို ဖယ်မထားမိလို့ အံ့ဩသွားမိတယ်။ ဘယ်လို ဖြစ်တာပါလိမ့်။ ကျုပ် ခေါင်းကုတ်ရင်းနဲ့..

“ငါ ဘာမှ မလုပ်ပါဘူး.. ငါ့စွမ်းအားတွေ အရှိန်အဟုန်နဲ့ တိုးလာလို့ ဖြစ်လိမ့်မယ်.. အဲ့ဒါတွေကို ငါအပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး.. ကျန်းရှန် အားလုံး ဘယ်ရောက်နေကြလဲ.. ဘာလို့ စစ်သည် နည်းနည်းပဲ တွေ့ရတာလဲ.. အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေရော.. မူကျီရော ဘယ်မှာလဲ..”

ကျုပ်သိချင်တာတွေ မေးနေတုန်းမှာပဲ ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ စွမ်းအားတွေကို ပြန်ရုတ်သိမ်းဖို့ တော်တော် ကြိုးစားလိုက်ရတယ်။ အဲ့ဒီတော့မှ ကျန်းရှန် ကျုပ်ကို လာဖက်နိုင်တော့တယ်။

ကျန်းကျန် ခန္ဓာကိုယ် နည်းနည်း တုန်သွားတာ သတိထားမိလိုက်တယ်။ ကျုပ်နဲ့ လမ်းခွဲပြီးမှ ပြန်ဆုံရလို့ စိတ်လှုပ်ရှားနေတာ သိသာတယ်။

“မင်း မပြောမဆိုနဲ့ ထွက်သွားတာ တော်တော်ကြာပြီလေ.. ကောင်းကင်နဲ့ မြေပြင်တောင် ပြောင်းပြန်လန် လုမတတ် ငါတို့တိုက်ကြီးက အများကြီး ပြောင်းလဲသွားပြီဆိုတာ မင်းသိရဲ့လား..”

“ဟမ်.. ငါထွက်သွားတာ ကြာပြီ.. ဟုတ်လား.. ငါဘယ်လောက်တောင် ကြာသွားလို့လဲ..”

============= (*^*)=============

အပိုင်း( ၃၂၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters