← Chapters

အမွေဆက်ခံမှု စတင်ခြင်း

Vol. 22 Ch. 321

အမွေဆက်ခံမှု စတင်ခြင်း

Vol. 22 Ch. 321

Child of light (ကျန်းကုန်း)

Volume 11: Chapter 29 - Inheritance Begins

ကျုပ် ဝမ်းသာသွားတာပေါ့။

“မစ္ဆာဘုရင်ကိုလား… သူနဲ့ မိစ္ဆာဘီလူး(၃)ကောင်ကို အပြီးသတ်ရှင်းပြစ်ဖို့ တားမြစ်မန္တန် ကျုပ်တို့ သုံးသင့်တာ မဟုတ်ဘူးလား..”

“ကျန်းကုန်း.. နင် မိစ္ဆာဘုရင်ကို ဘယ်တော့မှ လျှော့မတွက်ဖို့ သတိထားရမယ်.. သူ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါမသိပေမယ့် သေချာပြောနိုင်တယ်.. သူ့ကို ရှင်းဖို့ လွယ်မှာမဟုတ်ဘူး.. စွန့်လွှတ် အနစ်နာခံဖို့ လိုလိမ့်မယ်.. မိစ္ဆာဘုရင် ပိုင်ထားတဲ့ စွမ်းအားက နားမလည်နိုင်လောက်အောင်ပဲ.. အဲ့တုန်းက တိုက်ပွဲမှာ ငါ့ရဲဘော်တွေ အများကြီးကို သတ်ပြစ်လိုက်တယ်.. ကျန်းကုန်း နင် ငါ့စွမ်းအားတွေ အမွေရပြီးတာနဲ့ ပြန့်ကျဲနေတဲ့ စွမ်းအား (၅)မျိုးကို သတိထားမိလာလိမ့်မယ်.. စက်လုံး တစ်ခုစီက နင့်သူငယ်ချင်းတွေ ပိုင်ထားတဲ့ နတ်ဘုရား လက်နက်အတွက် လိုအပ်တာတွေပဲ… နင့် သူငယ်ချင်းတွေ နတ်ဘုရားလက်နက် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ကို ထောက်ပံ့ပေးနိုင်လိမ့်မယ်… နင်တို့ (၆)ယောက်နဲ့တင် မိစ္ဆာဘုရင်ကို ချေမျုန်းဖို့ ဖြစ်နိုင်ပါ့မလား.. မျိုးနွယ်စု ပေါင်းစုံအတွက် ကြောက်စရာ အကောင်းဆုံးက မရေတွက်နိုင်တဲ့ မိစ္ဆာတွေပဲ.. မိစ္ဆာဘုရင်မှာ စွမ်းအား ရှိနေသေးသရွေ့ မိစ္ဆာတွေ ဆက်တိုက် ပေါ်လာမှာဆိုတော့ သူတို့ကို ရှင်းပစ်ဖို့ သူတို့ရဲ့ အသက်အရင်းအမြစ်ကို သုတ်သင်မှ ရမယ်..”

ကျုပ် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး..

“ကျုပ် နားလည်ပါတယ်.. ကျုပ်တတ်နိုင်သရွေ့ မိစ္ဆာဘုရင်ကို အမြန်ဆုံး ဖယ်ရှား ပစ်မှာပါ.. မိစ္ဆာမျိုးနွယ် ဘယ်လောက်ပဲ အားကောင်းနေပါစေ.. ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် သူတို့ကို သေချာပေါက် ချေမှုန်းပစ်ပါ့မယ်.. ဒါ နင့်ကို ကတိပေးတာပဲ…”

“ကောင်းလိုက်တာ.. ကောင်းတယ်.. ကောင်းတယ်.. ဒါဆို ငါအနားယူလို့ရပြီ.. ကျန်းကုန်း အမွေဆက်ခံတဲ့ အတောအတွင်း ငါ့အသိဉာဏ်တွေအားလုံး နင့်မှတ်ဉာဏ်ထဲကို လွှဲပေးတဲ့အခါ အတတ်နိုင်ဆုံး သန့်ရှင်းသောဓားနဲ့ အလင်းမှော် တားမြစ်မန္တန်တွေ သုံးတဲ့ နည်းလမ်းတွေရော အမွေဆက်ခံပြီးရင် နင့်စွမ်းအား ကြီးနေပြီဆိုရင်တောင် နင့်မှာ အကန့်အသတ်တွေ ရှိနေအုံးမျာဆိုတာ သတိရဖို့လိုတယ်.. အာ.. ဟုတ်သားပဲ.. အရေးကြီးဆုံး ကိစ္စ ပြောဖို့ မေ့သွားတယ်.. နင့်သူငယ်ချင်းတွေကို မြင့်မြတ်စွမ်းအားတွေ ပြန်ပေးတဲ့အခါ သူတို့ရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေမှရမယ်.. အဲ့လိုမဟုတ်ရင် မြင့်မြတ်စွမ်းအားကြောင့် သူတို့ခန္ဓာကိုယ် ပေါက်ကွဲသွားလို့ နတ်ဘုရား အမွေဆက်ခံနိုင်မှာ မဟုတ်တော့ဘူး… အဲ့ဒါ သေချာမှတ်ထားရမယ်..”

ကျုပ်နှလုံးသား ပြင်းပြင်းထန်ထန် လှုပ်ခါပြီး ခေါင်းညိတ်ပြလိုက်တယ်။

“ကောင်းပြီ.. ငါပြောစရာရှိတာအကုန် ပြောလို့ပြီးပြီ.. နောက်ဆုံး အောင်ပွဲခံနိုင်မယ်လို့ ယုံကြည့်ပါတယ်.. ကောင်းပြီလေ.. စလိုက်ရအောင်..”

“နေအုံး.. နေအုံး..”

မီကျားလီ ကိုတားဖို့ အော်လိုက်ရတယ်.. ကမ္ဘာကြီးကို ကယ်တင်ဖို့အတါက် အမွေရယူခဲ့ချင်ပေမယ့် မီကျားလီ ပျောက်ကွယ်သွားဖို့တော့ မျှော်လင့်မထားမိဘူး.. ဒီအကျဉ်းအကြပ်က ကျုပ်ကို တော်တော်လေး စိတ်ပျက်စေတာဗျ။ ကျုပ် ခက်ခက်ခဲခဲနဲ့..

“အလင်းနတ်ဘုရား.. ငါ……”

မီကျားလီ ပေါ့ပေါ့ပါးပါးနဲ့ပဲ ရယ်မောရင်း..

“တော်လောက်ပြီ.. ကလေးဆန်မနေနဲ့တော့.. အားတင်းထားစမ်းပါ.. စလိုက်ရအောင်..”

သူ့စကားသံနဲ့အတူ အလင်းရောင်တစ်ချက် ဖျတ်ကနဲ လင်းသွားတာ တွေ့လိုက်ရတယ်။

“မိစ္ဆာဘုရင်ကို ရှင်းထုတ်ဖို့ တာဝန်ပြီးမြောက်အောင် လုပ်ဖို့က ငါ့အတွက် အကောင်းဆုံး ပေဆပ်မှုပဲ..”

ကျုပ် တစ်ခုခု ပြောချင်သလိုလို ဖြစ်နေတုန်း မီကျားလီက..

“အာရုံစိုက်.. ငါတို့ စနေပြီ..”

ကျုပ်တစ်ကိုယ်လုံး တုန်ခါသွားတယ်။ မျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေလဲ အလိုလို စီးကျလာတယ်။ ကျုပ် အနစ်နာခံမှုတွေဆိုတာ မီကျားလီနဲ့ ယှဉ်ရင် ဘာဆိုဘာမှကို မဟုတ်တော့တာ။ ကျုပ် စွမ်းအားတွေကို ထိန်းချုပ်ဖို့ အံကြိတ်၊ လက်သီးကျစ်နေအောင် ဆုပ်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားတယ်။ မီကျားလီရဲ့ ပုံသဏ္ဍာန်ကို အာရုံပြုရင်း စိတ်ထဲမှာ ဖြည်းဖြည်းချင်း အာရုံစိုက်လိုက်တော့တယ်။

“ကျွန်ုပ် အလင်းနတ်ဘုရား၊ တိုက်ပွဲနတ်သမီး မီကျားလီ၏ နာမဖြင့် ကျွန်ုပ်ရှေ့မှောက်ရှိ လူအား နတ်ဘုရားအမွှေ လွှဲပြောင်း ပေးပါမည်.. ထို့နောက် သူသည် ကျွန်ုပ်၏ မြင့်မြတ်ရာထူးနှင့် အလင်း၏ အစွမ်းတန်ခိုးများ အုပ်စိုးရန်အတွက် မျိုးဆက်သစ် အလင်းနတ်ဘုရား ဖြစ်လာရန် တစ်သက်တာ တာဝန်အမွေ ဆက်ခံနိုင်မည် ဖြစ်သည်.. ကျန်းကုန်းဝေ သင် ဤတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိသည်လော..”

မီကျားလီရဲ့ အသံက လွှမ်းမိုးပြီး ငြင်းပယ်လို့ ရွေးစရာမရှိနိုင်တဲ့ ခံစားချက် တစ်ခု ရလိုက်တယ်။

အသက်ပြင်းပြင်းရှူပြီး ခံစားချက်အပြည့်နဲ့ ပြတ်ပြတ်သားသားပဲ..

“ကျုပ် ဆန္ဒရှိတယ်.. ဘယ်လို အခက်ခဲနဲ့ ကြုံရပါစေ.. အယုတ္တမာ သတ္တဝါ အားလုံးကို ချေမှုန်းပစ်ဖို့ အလင်းနတ်ဘုရားရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်မယ်လို့ ကတိပေးပါတယ်..”

“အို.. မြင့်မြတ်သော အလင်းနတ်ဘုရား.. လရောင်ဓားသွားများရဲ့ လမ်းညွှန်မှုနဲ့ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်တော်ကို အသုံးပြု၍ နတ်ဘုရားသခင်၏ တိုက်ပွဲကောင်းကင် တမန်တော် နိုးထစေတော်မူလိုက်ပါ..”

ကျုပ် အမြင်အာရုံ ရုတ်တရက်လင်းလာပြီး ကျုပ်ပတ်ဝန်းကျင် အရာအားလုံး ရွှေပင်လယ်ဖြစ်သွားတယ်။ အလင်းရောင် ပျောက်ပြီး ခန္ဓာကိုယ်ကိုတောင် မြင်ရတော့ဘူး။ လျှပ်စီးလိုအရှိန်နဲ့ ဆူနာမီလို လှိုင်းလုံးကြီး အရပ်ရပ်ကနေ ကျုပ်ဆီ တိုးဝင်လာတယ်။ ကျုပ် သမထ ထိုင်နေတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ကျုပ်စွမ်းအားတွေ ချဲ့ထွင်တာ မခံစားနိုင်ဘူး။ အသိဉာဏ် တဖြည်းဖြည်း တိုးလာတယ်လို့ပဲ ခံစားရတယ်။ အဆက်မပြတ် ကြီးထွားလာတဲ့ အသိဉာဏ်က ပတ်ဝန်းကျင်က စွမ်းအားတွေကို အမြန်ဆုံး စုပ်ယူလိုက် တော့တယ်။

ကျုပ် အသိစိတ် ငြိမ်သက်သွားတဲ့အချိန် ကျုပ်ရှေ့မှာ တုန်လှုပ်ခြောက်ခြားစရာ အချက်(၃)ချက် ရှိနေတယ်။ ဘယ်ဘက်မှာ စုက္ကရေး တောင်ဝှေး၊ ညာဘက်မှာ ငွေရောင် ရေခဲနတ်ဘုရားမျက်နှာဖုံးရှိနေတယ်။ သူတို့ကြားမှာ ထူးထူးခြားခြား ခမ်းနားထည်ဝါလွန်းတဲ့ ငွေရောင် ဓားရှည်တစ်လက်ဗျ။ ဓားရှည်က အရှည်(၁.၅)မီတာ လောက်ရှိပြီး.. ဗျက်က လက်(၄)လုံးလောက် ရှိတယ်။ ဓားရဲ့ ပုံစံက ဖြောင့်တန်းနေပေမယ့် အသေးစိတ် စစ်ဆေး ကြည့်တဲ့အချိန် ထူးခြားတာ တစ်ခု တွေ့လိုက်ရတယ်။ စက်ဝိုင်းက ကောင်းကင်ဘုံ ဖန်ဆင်းထားသလို လုံးဝကို သဘာဝကျနေတာ။ လက်ကိုင်နဲ့ ဓားက လက်ဝါးကပ်တိုင်လို တွဲထားတာ။ ဓားအရှည်ရဲ့ (၅)ပုံ (၁)ပုံလောက်ထိ အောက်ကို နည်းနည်းလေး ကွေးသွားတဲ့ စက်ဝိုင်ခြမ်း ပုံစံ (၂)ခု လုပ်ထားတယ်။ နက်ရှိုင်းတဲ့ (သွေး)မျော့ကြောင်း တွေနဲ့ တိတိရိရိ ဖြတ်ထားတဲ့ တောင်ထိပ်ရဲ့ အလယ်ဗဟိုမှာ သက်တံ့ရောင် တောက်တောက်ကို မသိမသာ ထုတ်ပေးနေတယ်။ ငွေရောင်နတ်ဘုရားစွမ်းအားတွေ ဓားကနေ ပတ်ဝန်းကျင်ကို လှိုင်းလုံးတွေလိုမျိုး ဆက်တိုက် ထုတ်လွှတ်နေတယ်။ ဒါ သန့်ရှင်းသောဓားရဲ့ မူလပုံစံ ဖြစ်လောက်တယ်ဗျ။

လက်နဲ့ ကိုင်ဖို့ ကြိုးစားလိုက်ပေမယ့် ခန္ဓာကိုယ်ရှာမတွေ့သလို ဘယ်လိုမှလဲ ထိန်းလို့မရဘူး။ နတ်ဘုရား လက်နက်(၃)မျိုး ကျုပ်ရှေ့မှာ နတ်ဘုရား အလင်းတွေလိုမျိုး လွင့်မျောနေလေရဲ့။

အဲ့အချိန် မိကျားလီ အသံထွက်လာတယ်..

“နတ်ဘုရား လက်နက်(၃)မျိုးစလုံး သုံးတဲ့အချိန် အဆင်ပြေအောင် နင့်ကို ကူညီတဲ့အနေနဲ့ စုက္ကရေးရဲ့ ပုံစံပြောင်းပေး လိုက်မယ်”

ဘယ်ဘက်က စုက္ကရေး ရုတ်တရက်ပဲ အလင်းရောင် ပြင်းပြင်း နဲ့ ဖြတ်ထုတ်လိုက်တယ်။ ကြည်လင်နေတဲ့ ကျောက်သလင်း ရတနာက ပုံမှန်မဟုတ်တဲ့ ပြိုးပြိုးပြက်ပြက် အဖြူရောင်အလင်းတန်းတွေ ထုတ်ပေးနေပြီး တောင်ဝှေးကနေ ရွှေရောင် အလင်းတန်းတွေကြား တားဆီးနေသလိုပဲ။ ကျုပ် အံ့ဩနေတုန်းမှာပဲ စုက္ကရေး တောင်ဝှေးက အဖြူရောင်နဲ့ ရွှေရောင်အလင်းတန်းတွေ လွှမ်းခြုံသွားပြီး နောက်ဆုံးမှာ အဖြူရောင်နဲ့ ရွှေရောင် အလင်းတန်း တစ်ခု ဖြစ်လာတယ်။

အလင်းလုံးထဲကနေ အလင်းရောင် ပိုပို ပြင်းလာပြီး ခနနေတော့ စုက္ကရေး တောင်ဝှေးပျောက်သွားရော။ အဲ့နေရာမှာ ကြည်လင်နေတဲ့ ကျောက်သလင်းတွေ အများကြီးနဲ့ ရွှေလက်အိတ် ပေါ်လာတယ်။ ကျောက်သလင်း သေးသေးလေးတွေဆိုတာ စောစောက တောင်ဝှေးက ကျောက်သလင်းရဲ့ အနှစ်သာရစွမ်းအားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်လောက်တယ်။

“နှုတ်ဆက်ပါတယ် ကလေးရေ..”

မီကျားလီ ရဲ့ ဂရုမစိုက်ပေမယ့် ဝမ်းနည်းနေတဲ့ အသံတစ်ခု ရုတ်တရက် ပေါ်လာတယ်။ ကျုပ် အဖြေတောင် မစောင့်တော့ဘဲ ကျုပ်ပတ်ဝန်းကျင်က စွမ်းအားတွေ ရုတ်တရက် အဆ(၁၀၀)လောက် တိုးလာပြီး ကျုပ်ကို ဗဟိုထားပြီး အရူးအမူး တိုးဝင်လာတယ်။ စွမ်းအား ကြီးမားလွန်းတော့ ကျုပ်အသိစိတ်တွေကို ဆက်တိုက် ရိုက်ခတ်လာတော့ ဖိအားတွေ ကြီးသည်ထက်ကြီးလာပြီး အသိစိတ် ပျောက်ဆုံးသွားပါလေရောဗျာ။

============= (*^*)=============

အပိုင်း( ၃၂၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters