အလင်းနတ်ဘုရား အသစ်
Vol. 22 Ch. 322
Child of light (ကျန်းကုန်း)
Volume 11: Chapter 30 - The New Radiant God
အချိန် တော်တော်ကြာမှ ကျုပ်အသိစိတ် ပြန်ပေါ်လာတယ်။ ဝမ်းနည်းဖို့ ကောင်းတာက ကျုပ်ခန္ဓာကိုယ်မှာ အပူတွေရော အအေးတွေရော အမျိုးအမျိုးထဲ ရောက်သွားသလိုမျိုး စိတ်မသက်မသာ ခံစားနေရတယ်။ ခံစားချက်တွေ တဖြည်းဖြည်း ရှင်းလင်းလာပြီး ရင်ဘတ်မှာ အပူဒဏ်တစ်ခု ရုတ်တရက် တွေ့လိုက်တာကြောင့် နဖူးကနေ အေးစက်စက်ခံစားချက် ရုတ်တရက် ထွက်လာလေရော။ အဲ့အချိန်မှာ အချိန်တောင် အေးခဲသွား သလိုပဲ။ ဆန့်ကျင်ဘက် စွမ်းအားနှစ်ခု ရုတ်တရက် ပေါင်းစပ်သွားပြီး ကျုပ်ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားသလိုမျိုး နွေးထွေးတဲ့ ခံစားချက်တစ်ခု ပေးနေတယ်။
အာ.. ကျုပ် စိတ်ဝိညာဉ် ပြန်သုံးလို့ရသွားပြီပဲ။ ကျုပ်ခန္ဓာကိုယ်က လုံးဝကို ခြားနားနေတာ တွေ့လိုက်ရတော့ အံ့ဩသွားမိတယ်။ သမုဒ္ဒရာကြီးတစ်ခုလိုပဲ တွေ့ပြီး အရိုးတွေ ဒါမှမဟုတ် အမြူတေတွေ ရှာမတွေ့ဘူး။ ကျုပ်တကိုယ်လုံးမှာ ရွှေရောင်အလင်းတန်း ပြိုးပြိုးပြက်ပြက် တွေနဲ့ ဖန်တီးထားတယ်။ ရွှေရောင် အလင်းလုံးတွေ ဘယ်လောက်ရှိမှန်း မသိရသေးပေမယ့် အဲ့ဒါတွေက သဘာဝတရားရဲ့ လမ်းကြောင်း တစ်ခုလို လှည့်ပတ်နေတာ သေသေချာချာ မြင်နေရတယ်။ လောလောဆယ် အဲ့ဒါတွေမှာ စွမ်းအား ဘယ်လောက် ရှိတယ်ဆိုတာ မတိုင်းတာနိုင်ပေမယ့် ရွှေရောင်ပြောင်းသွားတဲ့ ကိုယ်တွင်း အင်္ဂါတွေကို လုံခြုံအောင် ကာကွယ်ပေးထားတာ တွေ့နေရတယ်။
ကျုပ်စိတ်ထဲမှာ..
‘မရေတွက်နိုင်တဲ့ အလင်းတန်းတွေ တစ်ခုစီမှာ ကျုပ်ရဲ့ ရွှေအမြူတေ စွမ်းအားတွေ ရှိနေမယ်ဆို ကျုပ်စွမ်းအားက စိတ်ကူးတောင် ကြည့်နိုင်မှာ မဟုတ်တော့ဘူးမို့လား’
ရုတ်တရက် ကျုပ်ခန္ဓာကိုယ်ထဲက အလင်းရောင်တွေ အရှိန်မြန်လာတယ်။ အလင်းရောင်တွေ ဆက်တိုက် လည်ပတ်နေတဲ့ မြစ်တွေလိုပဲ အမြန်ဆုံး ရွေ့သွားပြီး ကောင်းကင်ကို ပစ်ခွင်းပြီး နွေဦးရဲ့ စိမ့်ထွက်နေတဲ့ အလင်းတန်းတွေလိုပဲဗျ။ အစောက ရှင်းလင်းနေတဲ့ ကျုပ်အသိစိတ် ခနပျောက်သွားပြီး ခန္ဓာကိုယ်ထဲ ပြန်ခေါ်လိုက်သလို ခံစားလိုက်ရတယ်။
မျက်လုံးဖွင့်လိုက်တော့ နတ်ဘုရားလက်မှိုင်ချ ချိုင့်ဝှမ်းထဲမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် အဝတ်အစားတွေ မရှိတော့ဘူး။ ကျုပ် အသားအရေက တောက်ပပြီး ကျောက်စိမ်းနဲ့တောင် တူနေသေးတယ်။ နတ်ဘုရား အလင်းတွေ ကျုပ်အရေပြားအောက်မှာ ဆက်တိုက် စီဆင်းနေတာဗျ။ ညအချိန်မှာတောင် ကျုပ်ပတ်ပတ်လည်ကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းလဲ ကြီးကြီးမားမား ပြောင်းလဲသွားတယ်။ အသက်ရှိ အပင်အားလုံး ပျောက်သွားပြီး ဆွေးမြေ့နေတဲ့ ကျောက်သားနံရံတွေပဲ ကျန်နေတာဆိုတော့ ကျုပ်တောင် အံ့ဩသွားမိတယ်။ အပင်တွေ တိရိစ္ဆာန်တွေ ဘယ်ရောက်ကုန်တာလဲ.. မီကျားလီရဲ့ စွမ်းအား ထောက်ပံ့မှု မရှိတော့လို့ ပျောက်သွားတာ နဲ့တူတယ်။
မီကျားလီအကြောင်း တွေးမိလိုက်တော့ နည်းနည်း စိတ်မကောင်း ဖြစ်မိသွားတယ်။ သူ့အမွေကို ကျုပ်ဆက်ခံတာ အောင်မြင်သွားတယ် ထင်တယ်။ ဒါပေမယ့် နောက်ပိုင်းကျ သူပျောက်သွားတယ်.. အမွေဆက်ခံမှုကြောင့် များလား။ အမွေဆက်ခံမှု အကြောင်း တွေးရင် ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အသက်သွင်း ချင်စိတ် ပေါ်လာတယ်။
စွမ်းအားတွေ အသက်သွင်းလိုက်တော့ အလင်းနဲ့ ဖွဲ့စည်းထားသလိုပဲ။ ကျုပ်တစ်ကိုယ်လုံးကနေ ပြင်းထန်တဲ့ အလင်းတွေ ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖယ်ရှားပစ်လိုက်တယ်။ ခန္ဓာကိုယ်မှာ ခံစားမှုအသစ် တစ်ခု စခံစားလိုက်ရတယ်။ အနားက အလင်းတန်းတွေတောင် ကျုပ်အမိန့် နာခံနေတဲ့ပုံပဲ။ ကျုပ်စွမ်းအားတွေရဲ့ ဆွဲဆောင်မှုနဲ့ ပတ်ဝန်းကျင်မှာ အလင်းမျက်နှာပြင်ပုံစံ ထူထပ်သိပ်သည်းတဲ့ နယ်မြေတစ်ခု ဖွဲ့စည်းလိုက်တယ်။ ကျောပြင်မှာ ရွှေရောင်အတောင် (၆)ခုပေါ်လာလို့ ကျုပ်တစ်ကိုယ်လုံး လှုပ်ခါသွားသေးတယ်။ ခန္ဓာကိုယ် ပေါ့ပါးလာပြီး တဖြည်းဖြည်း ပျံတက်သွားတယ်။ လေထဲမှာ ပျံဖို့ကို အာစိုက် ထိန်းနေစရာတောင် မလိုလိုက်ဘူး။ လက်ကနေ ကြုံသလို ဝှေ့ယမ်းလိုက်တဲ့ လှိုင်းတွေကတောင် ဘာမဆို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားတွေ ရှိနေသလိုပဲ။ အလင်းဓါတ်တွေ ဆိုတာ တက်ကြွမှုတွေ အပြည့်နဲ့ ကျုပ်သူငယ်ချင်းတွေလိုပဲ။ ဘယ်တော့မှ ကျုပ်ကို ထားမသွားဘဲ အမြဲကာကွယ်ပေးမယ့် သူတွေလိုပဲ။
မြေပေါ် ပြန်ဆင်းဖို့ စွမ်းအားတွေ ရုတ်သိမ်းလိုက်တယ်။ ဝိညာဉ်ခေါင်းလောင်းသံ (၉)ကြိမ် သဲ့သဲ့ ကြားလိုက်ရတော့ တစ်ကိုယ်တည်း ပြောလိုက်မိတော့တယ်..
“အလင်းနတ်ဘုရား မီကျားလီ.. လူချင်း မဆုံဖူးပေမယ့် မင်းက ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ဆိုင်ထားတဲ့ နတ်ဘုရား တစ်ယောက်ဆိုတာ ငြင်းလို့မရဘူး.. မင်းပေးထားခဲ့တာတွေကြောင့် ကျုပ်နှလုံးသားထဲမှာတော့ ဆရာတစ်လိုပါပဲ.. ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါတော့.. မင်း တွေ့ချင် မြင်ချင်ခဲ့တဲ့ အောင်မြင်မှုကို ကျုပ်ရအောင် ကူညီပေးမယ်.. အဲ့ဒါ မင်းအတွက် ၍ငါ့ရဲ့ ထာဝရ ကတိပဲ..”
ကျုပ်ဟာ အရင်တုန်းက ကျန်းကုန်းဝေ မဟုတ်တော့ဘူး။ ကျုပ်ကိုယ်ကျုပ် လူသေ တစ်ယောက်လို သဘောထားပြီး ကမ္ဘာပေါ်က အသက်ပေါင်းများစွာအတွက် အယုတ္တမာတွေလက်ချက်နဲ့ မထိခိုက်အောင် ကာကွယ်ပေးရမှာ ကျုပ်တာဝန်ပဲ။ တာဝန်သိစိတ်တွေ ရင်ထဲမှာ ပြည့်နှက်နေတယ်။
မတ်တပ်ရပ်ရင်း မီကျားလီရဲ့ နောက်ဆုံး စကားကို ရုတ်တရက် တွေးလိုက်မိတယ်။ လက်မြှောက်ပြီး မျက်နှာကို ပွတ်သပ်လိုက်တယ်။ ထင်ထားတဲ့အတိုင်း ရေခဲနတ်ဘုရား မျက်နှာဖုံးက မျက်နှာမှာ ရှိနေတုန်းပဲ။ ညာဘက်လက်မှာ ရွှေရောင် လက်အိပ်တစ်ခု ရှိနေတယ်။ ဒီလက်အိတ်ကို စုက္ကရေးကနေ ဖန်တီးလိုက်တာမို့ နတ်ဘုရားရဲ့ အစောင့် လို့ ခေါ်လိုက်တော့မယ်။ ကျုပ် ညာလက် လှန်လိုက်တာနဲ့ နတ်ဘုရား အစောင့်က သလင်းကျောက်တွေကနေ ထူးထူးခြားခြား လှုပ်ရှားနေတဲ့ မီးလုံးတွေကို ဖယ်ရှားပေးလိုက်တယ်။ သာယာ အေးချမ်းတဲ့ စွမ်းအားတွေ ထွက်လာတော့ နွေးထွေးတဲ့ ခံစားချက် ရင်ဘတ်ကနေ ခံစားလိုက်ရတယ်။ ကျုပ် စိတ်ထဲ ရှိတဲ့အတိုင်း ကျုပ်ရှေ့မှာ ငွေဖြူရောင် သန့်ရှင်းသောဓား ချက်ချင်း ပေါ်လာတယ်။ ကျုပ် ရင်ခုန်သံတွေ တောင်မြန်လာတယ်။ ဒါ သန့်ရှင်းသောဓား အစစ်ပဲ။ နောက်ဆုံးတော့ ကျုပ်ပိုင်သွားပြီ။ သန့်ရှင်းသောဓားကို ကိုင်ဖို့ ညာဘက်လက်ကို အမြန်လှုပ်ရှားလိုက်တယ်။ သန့်ရှင်းသောဓားက ညာလက်ထဲကို စိတ်လိုလက်ရ တမ်းပါလာတာဆိုတော့ ဝိညာဉ်ချိတ်ဆက်နေသလိုပဲ။ သန့်ရှင်းသော ဓားကိုင်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲက ထွက်နေတဲ့ အလင်းရောင်တွေတောင် ပိုပြင်းထန်လာတယ်။ ပုံမှန် စွမ်းအားတွေ ခန္ဓာကိုယ်ထဲက ထါက်လာပြီး နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်း တစ်ခုလုံးတောင် ပြည့်သွားတယ်။
ကျောပြင်က အလင်းအတောင် (၆)ခု ပိုကျယ်လာပြီး မျက်စိတမှိတ်အတွင်း ခန္ဓာကိုယ်က ကောင်းကင် အမြင့်ရောက်သွားတယ်။ ငွေဖြူရောင် သန့်ရှင်းသောဓားက ကောင်းကင်တခွင် လင်းနေရောပဲ။ သွက်သွက် လက်လက်နဲ့ ရှည်လျားတဲ့ လှိုင်းတစ်ခုလို အလင်းတန်းတစ်ခု ထွက်လာတယ်။ ဒါ နတ်ဘုရား စွမ်းအား ဖြစ်လိမ့်မယ်။ ကျုပ်က အလင်းနတ်ဘုရား အသစ် ဖြစ်နေပြီပဲ။ အပြာ၊ အဖြူ၊ အဝါ၊ အနီနဲ့ အစိမ်းရောင် အလင်းတန်းတွေ နတ်ဘုရားလက်မှိုင်ချ ချိုင့်ဝှမ်းထဲကနေ ရုတ်တရက် ထွက်လာတယ်။ အာ ဒါတွေက လေနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ကျောက်တုံးနတ်ဘုရား၊ လျှပ်စီးနတ်ဘုရားနဲ့ လေနတ်ဘုရားတွေရဲ့ စိတ်ဆန္ဒတွေပဲ။ ဒါတွေနဲ့ဆို မိစ္ဆာမျိုးနွယ်ကို တွန်းလှန်တဲ့အချိန် ကျုပ်တို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ တိုးလာမှာ သေချာတယ်။
ကျုပ်လဲ နတ်ဘုရားစွမ်းအားသုံးလိုက်ရင် ပျက်စီးသွားမှာစိုးလို့ အလင်းစွမ်းအင်(၅)လုံးကို အိတ်ထဲ ဂရုတစိုက် သိမ်းလိုက်တော့တယ်။
အသက် ပြင်းပြင်းရှူပြီး ခံစားချက်တွေ တည်ငြိမ်အောင် အစွမ်းကုန် ကြိုစားလိုက်တယ်။ ကျုပ် ဒီကိုရောက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိဘူး။ နတ်ဘုရား ကာကွယ်ရေးအဖွဲ့လဲ ဘယ်လိုနေလဲမသိဘူး။ ဒီတော့ မြန်မြန်ပြန်မှ ဖြစ်တော့မယ်။ အားလုံး စွမ်းအားတွေ ပေါင်းစည်းပြီး သူတို့ကို တစ်ကြိမ်တည်းနဲ့ အမြစ်ပြတ် ချေမှုန်းဖို့ မိစ္ဆာမျိုးနွယ်ကို ရှာရမှာပဲ။ အမွေရပြီးပြီ ဆိုတော့ ကျုပ်ယုံကြည်မှုတွေ သိသိသာသာ တိုးလာတယ်။ ကျုပ်စွမ်းအားတွေ ဘယ်အဆင့် ရောက်သွားပြီလဲဆိုတာ ကျုပ်သေချာမသိပေမယ့် မှော်ဘိုးဘေးအဆင့် ရောက်နေလောက်ပြီဗျ။
============= (*^*)=============
အပိုင်း( ၃၂၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား