တိုက်ကြီး၏ အခြေအနေ
Vol. 22 Ch. 327
Child of light (ကျန်းကုန်း)
Volume 12: Chapter 2 - Circumstances of the Continent
ဟိုင်ယွဲ့ ပြတ်ပြတ်သားသား ဖြင့်ပင်..
“မရဘူး.. ငါလဲ နင်နဲ့အတူ လိုက်မယ်.. ငါ့မှာ မှော်ဆရာ တစ်ယောက်ရဲ့ စွမ်းအားတွေရှိတယ်.. ငါ လဲ ကူလို့ရတာပေါ့.. နင်တစ်ယောက်ထဲ ထွက်သွားမှာ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ.. ငါ့ကိုများ အိမ်မှာနေပြီး ခါးခါးသီးသီးနဲ့ မျှော်ခိုင်းထားရအောင် နင်တော်တော် သည်းခံနိုင်တယ်ပေါ့..”
“ဟိုင်ယွဲ့.. ငါ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့.. နင်နဲ့သွားမယ်ဆိုရင် ငါဘယ်လိုလုပ် အာရုံစိုက်နိုင်မျာလဲ.. ဘယ်လောက် အန္တရာယ် များမလဲ မသိဘူး.. နင်တစ်ခုခု ဖြစ်သွားရင် ငါဘာလုပ်ရမလဲ.. ငါ့စကား နားထောင်ပြီး မြို့တော်မှာ နေခဲ့သင့်တယ်..”
“အေးလေ.. အဲ့လို အန္တရာယ်ရှိမှန်း သိလို့ နင်တစ်ယောက်တည်း သွားခွင့် မပေးတာပေါ့.. နင် ငါ့ကို ခေါ်မသွားရင် ငါ့ဟာငါ ခိုးထွက်မှာနော်.. နင်ဆုံးဖြတ်ပေါ့..”
“ဒါ.. ငါ… အေးဟာ…”
မာခယ် ကူကယ်ရာမဲ့စွာနဲ့ ခွင့်ပြုလိုက်ရတော့တယ်။
ကျုပ် စိတ်ထဲ ပြုံးမိလိုက်တယ်။ မာခယ် ဧကရာဇ် ဖြစ်လာတာတောင် ဟိုင်ယွဲ့ကို မထိန်းနိုင်သေးတဲပုံပဲ။ ကျန်းရှန်ကို မျက်နှာရိပ်ပြလိုက်ပြီး ထွက်ရမယ့်အချိန် ရောက်ပြီဆိုတော့လဲ လူလုံးပြလိုက်တာပေါ့ဗျာ။ ချက်ချင်းပဲ ကျုပ်နဲ့ ကျန်းရှန် ခန်းမကြီး အလယ်မျာ တမ်းပေါ်လာတယ်။
“ဘယ်သူလဲ..”
အသံကျယ်ကျယ် အော်သံတွေနဲ့အတူ အလင်းရောင်တွေ ကျုပ်တို့ဆီ တမ်းရောက်လာတယ်။ ဧကရာဇ်နဲ့ အိုက်ရှား မိဖုရား ဒီမှာရှိနေတာဆိုတော့ လုံခြုံရေး တင်းကြပ်ထားမှာ သေချာတယ်။ ကျုပ်တို့ ပေါ်လာတာနဲ့ လုပ်ကြံသူလို့ သဘောထားလိုက် ကြတာပေါ့။ ဒါပေမယ့် သူတို့ တိုက်ကွက် စွမ်းအားလောက်နဲ့ ကျုပ်ကို ဘယ်လိုလုပ် ထိခိုက်နိုင်မှာတဲ့လဲ။
အားစိုက်ကာစရာတောင် မလိုတော့ ကျုပ်ပတ်ဝန်းကျင်မှာ ပေါ့ပေါ့ပါးပါးနဲ့ အလင်းနယ်မြေတစ်ခုပဲ ဖန်တီးလိုက်တယ်။ အေးစက်စက် အလင်းရောင်တွေ နယ်မြေနဲ့ ထိလိုက်တာနဲ့ ပြန်တွန်းထုတ် ခံလိုက်ရတယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေချင်လို့ အစောင့်တွေ ထိခိုက်မှု မရှိပါဘူးလေ။ အနားမှာ ရှိတဲ့ မှော်ဆရာတွေကလဲ အဆိုးဆုံးကို ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ မန္တန်တွေ ရွတ်နေကြပြီ။
ကျုပ် အသံကျယ်ကျယ်နဲ့..
“တိုက်ခိုက်တာတွေ ရပ်လိုက်.. ဘုရင်ဖြစ်တာဖြင့် မကြာသေးဘူး မင်းက ငါ့ကိုတောင် မမှတ်မိတော့ဘူး ပေါ့လေ..”
“နေအုံး….”
မာခယ် တိုက်ခိုက်မယ့် မှော်ဆရာတွေကို တားလိုက်ပြီး ဟိုင်ယွဲ့နဲ့အတူ ပလ္လင်ပေါ်က ထရပ်လာတယ်။ သူတို့ (၂)ယောက်စလုံး နန်းတွင်း ဝတ်စုံတတ်ထားပြီး မျက်နှာဖုံးစွပ်ထားတဲ့ ကျုပ်ကို အထိတ်တလန့်နဲ့ ကြည့်နေတယ်။ ကျုပ်နဲ့ ပေါင်းလာတာ ကြာပြီဖြစ်တဲ့ မာခယ် ထစ်ထစ် ငေါ့ငေါ့နဲ့..
“မင်း.. မင်း…”
ကျုပ် ခေါင်းညိတ်ပြီး အေးအေးဆေးဆေးနဲ့..
“အင်း.. ဟုတ်တယ်.. ငါပြန်လာပြီ..”
“အစ်ကိုကြီး..”
မာခယ် သူ့ပလ္လင်ကပေါ်နေ လျှပ်စီးလက်သလို ပြေးဆင်းလာတယ်။ ကျန်းရှန်နဲ့တုန်းက အတွေ့အကြုံအရ ကျုပ်စွမ်းအားတွေ အမြန်ဆုံး ရုပ်သိမ်းလိုက်လို့ ဒီကောင် ကျုပ်ကို ဖက်ခွင့်ရသွားတယ်။ မာခယ်နဲ့ ကျုပ်ကြားက ခံစားချက်တွေက တကယ့်ကို သွေးသောက်တွေ လိုပဲလေ။ ကျုပ်တို့ရဲ့ ထာဝရ ရင်းနှီးမှုက စတွေ့ကတည်းက ဖြစ်တည်လာတာလေ။
“အစ်ကိုကြီး.. နောက်ဆုံးတော့ မင်းပြန်လာပြီ.. မင်းပြန်လာမယ့်အချိန် ငါတို့စောင့်နေရတာ သိရဲ့လား..”
“ဟူး.. ဒီလောက် အကြာကြီး ထွက်သွားရလိမ့်မယ်လို့ ငါလဲ ထင်မထားဘူးလေ.. နည်းနည်း ငြင်သာစမ်းပါဟ.. ငါ့အရိုးတွေကို ချေမွချင်နေတာလား..”
ဒီတော့မှ မာခယ် ကျုပ်ကိုဖက်ထားတဲ့ လက်တွေ လွှတ်လိုက်တော့တယ်။ သူ့မျက်လုံးထဲမှာလဲ မျက်ရည်စတွေနဲ့။
“အစ်ကိုကြီး.. မင်းပြန်လာတာ အရမ်းကောင်းတယ်.. မင်းမရှိတဲ့အချိန် ကမ္ဘာကြီး တော်တော် ပြောင်းလဲသွားတာကွ”
“ကျန်းရှန် မိစ္ဆာမျိုးနွယ်နဲ့ ပတ်သက်ပြီး ငါ့ကို အားလုံး ပြောထားတယ်.. မူကျီနဲ့ ကျန်တဲ့သူတွေ ဘယ်မှာလဲ..”
“အစ်ကိုကြီး.. မင်းက သူငယ်ချင်းတွေထက် မင်းချစ်သူကိုပဲ အာရုံစိုက်နေတယ်ပေါ့လေ.. ငါဘယ်လိုနေလဲ တောင် မမေးဘူး.. ရောက်လာတာနဲ့ မူကျီကို မေးတော့တာပဲ.. ကျွတ်.. ကျွတ်.. အား…”
အဲ့ကောင် ခေါင်း ပိတ်ခေါက်ပစ်လိုက်တာလေ။
“မင်း တော်တော် အရိုက်ခံချင်နေတယ်ပေါ့လေ.. မင်း ဒီလောက် ဒေါင်ဒေါင်မြည် ကျန်းမာနေတာ ငါက ဘာလို့မေးရအုံးမှာလဲ.. မူကျီနဲ့ ကျန်တဲ့သူတွေ ဘယ်မှာရှိမှန်းတောင် ငါမသိသေးဘူး… မေးမှ ရမယ်လေ.. မြန်မြန် ပြောနော်.. မဟုတ်လို့ကတော့.. ဟင်း.. ဟင်း..”
လက်နှစ်ဖက် ပွတ်လိုက်တော့ တဗျစ်ဗျစ် အသံတွေ ထွက်လာတာပေါ့လေ။ ပြီးတော့ မာခယ့်ကို ကြည့်ပြီး ရယ်နေလိုက်မိတယ်။ ပတ်ဝန်းကျင်က အစောင့်တွေနဲ့ မှော်ဆရာတွေ သူတို့ ဘုရင်ကို မှော်ကျောင်းသား ဝတ်စုံနဲ့လူက ရိုက်လိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။
“ဟေ့.. ကျန်းကုန်း.. နင် ပြန်လာတာနဲ့ မာခယ့်ကို အနိုင်ကျင့်တော့တာပဲ.. အရင်က ရပေမယ့် အခုတော့ ငါခွင့် မပြုတော့ဘူးနော်..”
ဟိုင်ယွဲ့ မာခယ့်နား လျှောက်လာပြီး လက်ချိတ်လို့ လာရိုပြနေသေးတယ်။
“ငါ့ မိဖုရား အကောင်းဆုံးပဲ…”
မာခယ့်ကို စိတ်ကြိုက် အနိုင်ကျင့်နိုင်ပေမယ့် ဟိုင်ယွဲ့ကိုတော့ မဖြစ်သေးဘူး။ ဟိုင်ရှင်းနဲ့ ပတ်သက်ပြီး သူက ခယ်မပဲလေ။ ဟိုင်ယွဲ့ ဒေါသကို ကြောက်တာနဲ့ တောင်းပန် ပြုံး ပြုံးပြပြီး..
“ဟိုင်ယွဲ့ မျက်နှာနဲ့ ဒီနေ့တော့ ခွင့်လွှတ်လိုက်မယ်.. ဒါပေမယ့် အားလုံး ဘယ်မှာလဲဆိုတာ မြန်မြန် ပြောစမ်းပါဟ.. အလျင်လိုနေတယ်.. မိစ္ဆာမျိုးနွယ် အခုလောက်ဆို လှုပ်ရှားမှု ကြီးကြီးမားမား လုပ်နိုင်တယ်.. အဲ့ဒါတွေ ဖြေရှင်းဖို့ ငါတို့တွေ ကြိုတင်ပြင်ဆင်ထားမှ ရမယ်..”
ကျုပ် မိစ္ဆာမျိုးနွယ်အကြောင်း ပြောလိုက်တာနဲ့ မာခယ့် အမူအရာ ပြောင်းလဲသွားပြီး ခေါင်းညိတ်ပြရင်း..
“အစ်ကိုကြီး.. ငါလဲ အဲ့ဒါပဲ တွေးနေတာ.. မကြာခင်တုန်းက ငြိမ်နေပေမယ့် ပြီးခဲ့တဲ့ (၅)ရက်မှာ လျှပ်စီးခံတပ် ကနေ အရေးပေါ် သတင်းပို့လိုက်တယ်.. အရင်က မင်းဖန်တီးလိုက်တဲ့ အက်ကွဲကြောင်းကြီးထဲကနေ မိစ္ဆာတွေ မျိုးစုံ ထွက်လာတယ်လို့ အစီရင်ခံထားတယ်.. အခုပေါ်လာတဲ့ မိစ္ဆာတွေက မကြုံဖူးလောက်တဲ့ အရေအတွက်ရော စွမ်းအားပါ ထိုးစစ်ဆင်နိုင်တယ်ကွ.. ငါတို့ဘက်ကတော့ ခံတပ်နဲ့ မှော်အမြှောက်တွေကြောင့် ယာယီ ခုခံထားနိုင်သေးတယ်.. ဒါပေမယ့် နတ်ဆိုးနဲ့ သားရဲ မျိုးနွယ်တွေတော့ ဆုံးရှုံးမှု နေ့စဉ်နဲ့ အမျှ တိုးလာနေတယ်.. မူကျီနဲ့ မင်းညီအစ်ကိုတွေ နတ်ဘုရား ကာကွယ်ရေး အဖွဲ့ကို ခေါင်းဆောင်ပြီး မိစ္ဆာအရင်းအမြစ်ကို ချေမှုန်းဖို့ ခံတပ်ဆီ ပို့လိုက်ပြီ.. ဒါပေမယ့် ဒီတစ်ကြိမ် ဒီလောက် ရိုးရှင်းမယ် မထင်ဘူး.. မိစ္ဆာမျိုးနွယ်က မျိုးနွယ်(၃)ခု ဝိုင်းထားတဲ့ ကြားထဲကို ဘာလို့ ရွေးလိုက်ရတာလဲ.. အဲ့အနေအထားနဲ့ဆို သူတို့အတွက် အကျိုးမရှိဘူးလေ.. မျိုးနွယ်(၃)ခု ပေါင်းတိုက်ခံရမှာလေ.. ငါတို့ကို တိုက်ခိုက်ဖို့ လုံလောက်တဲ့ စွမ်းအားရှိလို့ မဖြစ်နိုင်ဘူးလား.. နဂါးနဲ့ သဘာဝ နတ်သူငယ်တွေ ပေါ်လာပြီးကတည်းက ငါတို့ဘက်က အသာရနေတာ.. သူတို့ ဘာတွေ တွေးနေတယ်ဆိုတာ ငါလဲ မပြောတတ်တော့ဘူး..”
“ဒီနောက်ဆုံး တိုက်ပွဲမှာ ဘယ်ဘက်က အောင်ပွဲခံမယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်.. မိစ္ဆာဘုရင် တကယ်ကြီး ပေါ်လာလောက်တယ်..”
နတ်ဘုရား လက်မှိုင်ချ ချိုင့်ဝှမ်းက ထွက်လာကတည်းက မိစ္ဆာ အရှိန်အဝါတွေ ခံစားနေရတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ မိစ္ဆာ မျိုးနွယ် အက်ကွဲကြောင်းကြီးထဲက ထွက်လာဖို့ ဆုံးဖြတ်လိုက်တာကိုး။
မာခယ်နဲ့ ဟိုင်ယွဲ့ အထိတ် တလန့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ခနကြာမှ မာခယ်က..
“အစ်ကိုကြီး.. မိစ္ဆာဘုရင် ပေါ်လာမယ် ပြောနေတာလား..”
“အင်း.. မာခယ်.. ပြီးခဲ့တဲ့ (၂)နှစ်လောက်က မိစ္ဆာမျိုးနွယ်တွေနဲ့ တိုက်ပွဲဖြစ်တော့ မိစ္ဆာဘီလူး (၃)ယောက်နဲ့ တိုက်ခိုက်ခဲ့ရဖူးလား..”
“တစ်ကြိမ်ရှိတယ်.. ဒါပေမယ့် ရှောင်ကျင်း အဖေကြောင့် နောက်ပိုင်းကျ အဲ့ကောင်တွေ မလှုပ်ရှားတော့ဘူး..”
============= (*^*)=============
အပိုင်း( ၃၂၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား