← Chapters

မြို့တော် အပြင်ဖက်မှာ..

Vol. 22 Ch. 328

မြို့တော် အပြင်ဖက်မှာ..

Vol. 22 Ch. 328

Child of light (ကျန်းကုန်း)

Volume 12: Chapter 3 - Outside the Capital City

“ငါ့ အတွေးမမှားလောက်ဘူး ထင်တယ်.. မိစ္ဆာမျိုးနွယ် သူတို့ရဲ့ အစွမ်းနဲ့ တိုက်နေတာ မဟုတ်သေးဘူး.. သူတို့ စွမ်းအားတွေ ဖုံးထားပြီး ဘုရင်ပြန်ရှင်လာမယ့်အချိန် စောင့်နေကြတာ.. ငါတွက်ထားသလိုသာဆို မိစ္ဆာဘုရင် မကြာခင် ပေါ်လာလိမ့်မယ်..”

“အစ်ကိုကြီး.. မင်း ခံတပ်မှာ မိစ္ဆာဘုရင် ပေါ်လာမယ် ပြောနေတာလား..”

“သူလာမှာ… မိစ္ဆာဘုရင် စွမ်းအားတွေ အလကား ပိုင်ထားတာမဟုတ်ဘူး.. သူ့လက်အောက်ခံတွေ ပေါ်လာနိုင်အောင် အခွင့်အရေး ဖန်တီးဖို့အတွက် အဲ့ပင်ပင်လယ်မှာ မျိုးနွယ်(၃)ခုစလုံးကို တိုက်ခိုက်ခိုင်းတာ.. ပင်မမျိုးနွယ်(၃)ခုရဲ့ စွမ်းအားတွေ ဖယ်ရှားလိုက်တာနဲ့ သူ ကမ္ဘာကြီး တစ်ခုလုံးကို တဖြည်းဖြည်း စိုးမိုးနိုင်မှာပဲလေ.. မိစ္ဆာဘုရင်… မင်းကို ငါသေချာပေါက် နိုင်ခွင့်ပေးမျာ မဟုတ်ဘူး..”

ကျုပ် လက်သီးတွေ ကျစ်နေအောင်ဆုပ်ပြီး တိုက်ပွဲဝင်ချင်စိတ်တွေတောင် ထွက်လာတယ်။ ကျုပ်ရှေ့က မာခယ်နဲ့ ဟိုင်ယွဲ့တို့တွေ ရွှေရောင်အလင်းတန်းကြောင့် နောက်နည်းနည်း ဆုတ်လိုက်ရသေးတယ်။

“အစ်ကိုကြီး မင်းကျင့်ကြံမှု ပြန်ကောင်းလာပြီပဲ.. မင်း.. မင်း.. အဲ့ဒါများလား..”

“ဟုတ်တယ်.. ငါအောင်မြင်သွားပြီ..”

“ဒါ အရမ်းကောင်းတယ်.. အစ်ကိုကြီး ငါ့နိုင်ငံက စစ်သည်တွေအကုန် မင်းခေါင်းဆောင်မှုအောက်မှာ ရှိတယ်.. ခံတပ်ကိုသွားပြီး မိစ္ဆာတွေကို ချေမှုန်းလိုက်ကြတာပေါ့..”

“စစ်တပ်ကို ဦးဆောင်နိုင်လောက်အောင် ငါ့မှာ အစွမ်းအစမရှိဘူး.. မင်းပဲ လုပ်သင့်တယ်.. အိုက်ရှားက ဘယ်တပ်မှူးမဆို ငါ့ထက်ပို အားကောင်းမှာသေချာတယ်.. ဟုတ်သားပဲ.. ဆရာတွေ ရှေ့တန်းရောက်နေပြီဆို.. အမှန်ပဲလား..”

“ကောင်းတယ်.. ဆရာတွေ.. မူကျီနဲ့ ကျန်တဲ့သူတွေရောပဲ.. အစ်ကိုကြီး ဝိမနေနဲ့.. လက်ရှိ မင်းစွမ်းအားနဲ့ဆို မှော်တပ်ကြီးကို ကွပ်ကဲဖို့ အသင့်တော်ဆုံးပဲ..”

“မာခယ်.. ငါ ခံတပ်ကို တတ်နိုင်သမျှ အမြန်သွားရမယ်.. တပ်ဖွဲ့ဝင်တွေ အများကြီး ခေါ်သွားရင် အရှိန်တော်တော် နှေးသွားမှာ.. ခံတပ်မှာ ဘယ်လိုအခြေအနေ ရှိမှန်းလဲ မသိသေးဘူး.. မင်း မှော်တပ်ဖွဲ့ကို ချက်ချင်းစုပြီး ငါသွားပြီးတာနဲ့ အာလုံး စုသင့်တယ်..”

ရုတ်တရက် ဟိုင်ယွဲ့ ဒေါသသံနဲ့..

“ကျန်းကုန်း.. ငါ့ညီမကို ဘယ်လို စဉ်းစားထာလဲ.. ငါ့ညီမက နတ်ဘုရားကာကွယ်ရေးအဖွဲ့ကို သွားဖို့ ဘာမှတောင် မစဉ်းစားဘဲ သွားလိုက်တာ.. သူ နင့်အတွက်နဲ့ အခွင့်ထူးခံ ဘဝကိုစွန့်ပြီး နင့်ညီအစ်ကိုတွေနဲ့အတူတူ မိစ္ဆာတွေကို နေ့တိုင်းသွားတိုက်ခိုက်နေတာ..”

ဟိုင်ရှင်းအကြောင်း မေးလာတော့ ကျုပ်တစ်ကိုယ်လုံး တုန်သွားတယ်..

“ငါ သူ့ထက် နိမ့်ကျနေပြီ.. ငါသူနဲ့ အတန်တော့ဘူး.. အဲ့ဒါကြောင့် သူ့ဘဝကို ငါမဖျက်စီးချင်ဘူး..”

“အဲ့ဒါ ဆင်ခြေပဲလေ.. ငါ့ညီမခံစားချက်ကို နားလည်ရဲ့လား.. နင့်ရုပ်နဲ့ ပတ်သက်ပြီး သူက ဘာဂရုစိုက်နေမှာမို့လဲ.. ငါဂရုမစိုက်ဘူး.. သူ့ကို ကျေနပ်လောက်တဲ့ အဖြေပေးရမယ်.. မဟုတ်လို့ကတော့ ဘယ်တော့မှ ခွင့်မလွှတ်ဘူး..”

“ဟိုင်ယွဲ့.. ဟိုင်ရှင်း ငါ့အပေါ် ကောင်းတယ်ဆိုတာ ငါသိပါတယ်.. မေ့ထားလိုက်.. ဒီကိစ္စတွေ နောက်မှ ပြောတာ ကောင်းတယ်.. အရင်ဆုံး မိစ္ဆာဘုရင်ကို သုတ်သင်ရအုံးမယ်.. မိစ္ဆာမျိုးနွယ်ရဲ့ ရှိနေပုံက အရမ်း ခြိမ်းခြောက်နိုင်စွမ်း ကြီးလွန်းတယ်.. ဒီအချိန် ချစ်ရေးချစ်ရာ ဘယ်လိုလုပ် ပြောနိုင်မှာလဲ..”

ဒီတော့မှ ဟိုင်ယွဲ့ အမူအရာ နည်းနည်း လျော့သွားပြီး..

“ကောင်းပြီလေ.. နင့်အဖြေ ငါစောင့်နေမယ်.. ခံတပ်မှာ ငါ့ညီမနဲ့တွေ့ရင် ကောင်းကောင်း ဂရုစိုက်လိုက်အုံး.. သူ့ကို ဒုက္ခမပေးနဲ့နော်.. နင် နားလည်လား..”

“ငါသေချာ ဂရုစိုက်မှာပါ.. ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး.. နင် နားလည်တယ်မို့လား ဟိုင်ယွဲ့..”

“အေးပါ.. ငါနားလည်ပါတယ်.. နင်ကူညီလို့သာ မဟုတ်ရင် မာခယ်နဲ့ ငါ အတူရှိမှာ မဟုတ်ဘူး.. မာခယ်က ငါ့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ..”

ဖုန်းလျန့်ရီ မသေခင်လေး ပြောသွားတဲ့ စကားတွေ တွေးလိုက်မိပေမယ့် ထုတ်မပြောတော့ဘူး။ အခက်အခဲတွေ အများကြီး တွေ့ပြီးမှ ဟိုင်ယွဲ့နဲ့ မာခယ် အဆင်ပြေသွားတာဆိုတော့ အရိပ်မည်းကြီး မလွှမ်းမိုးစေချင်တော့ဘူး။ စိတ်ထဲမှာတော့ ‘ဖုန်းလျန့်ရေ တောင်းပန်ပါတယ်ကွာ.. နောင်ဘဝမှာ မင်းလူကောင်း တစ်ယောက် ဖြစ်လာမယ်လို့ ငါမျှော်လင့်ပါတယ်..’။

မာခယ် တစ်ခုခု ပြောဖို့ ပြင်လိုက်တဲ့အချိန် အပြင်ဘက်က အသံကျယ်ကျယ် တစ်ခု ထွက်လာတယ်..

“အစီရင်ခံပါတယ်.. အရေးပေါ်သတင်း တစ်ခု ရှိပါတယ်..”

“ဝင်လာခဲ့.. သတင်းပို့..”

စစ်သည်တစ်ယောက် အမြန်ပြေးဝင်လာ ဒူးထောက်ပြီး..

“အရှင်မင်းကြီး.. မကောင်းတော့ဘူး.. မြို့တော်က (၅)ကီလိုမီတာအကွာမှာ တွင်းနက်ကြီး (၂)တွင်း ပေါ်လာပြီး မိစ္ဆာတွေ အားလုံးကို ဖျက်စီးပစ်နေပြီ..”

“ဘယ်လို. မိစ္ဆာတွေ ပေါ်လာတာလား.. ငါတို့ ခန့်မှန်းတာများ မှားနေပြီလား..”

ဒီကောင် ကျုပ်ကို လန့်နေတဲ့ ပုံစံနဲ့ ကြည့်လာတယ်။ ကြားရတဲ့ သတင်းကြောင်း တုန်လှုပ်သွားတာပေါ့။ အိုက်ရှားမှာ တိုက်ခိုက်ရေးစွမ်းအား မရှိဘူးလို့ မပြောနိုင်ပေမယ့်၊ နတ်ဘုရား ကာကွယ်ရေးအဖွဲ့နဲ့ နဂါးမျိုးနွယ်၊ သဘာဝ နတ်သူငယ်တွေ အနားမှာ မရှိဘူးဆိုတော့ တော်ဝင်မှော်တပ်ဖွဲ့ကိုပဲ အားကိုးနိုင်တော့တယ်။

“မာခယ် စိတ်မပူနဲ့.. ငါတို့ မှန်းထားတာ မှန်လောက်တယ်.. မိစ္ဆာမျိုးနွယ် ပုံစံတွေကိုကြည့်ပြီး ယုံကြည်မှု တိုးလာတယ်.. တလူနဲ့ ရှို့တနိုင်ငံတွေမှာလဲ ဒီအတိုင်း ဖြစ်နေလောက်ပြီလို့ ငါထင်တယ်.. မိစ္ဆာမျိုးနွယ်က ခံတပ်ကို အင်အား မဖြည့်နိုင်အောင် ကြိုးစားနေတာ ဖြစ်လိမ့်မယ်.. ငါ့ဆီက သတင်းစောင့်ရင်း တော်ဝင်မှော်တပ်ဖွဲ့ ချက်ချင်းစုထားလိုက်.. အဲ့မိစ္ဆာ(၂)တွင်း ငါနဲ့လွှဲထားလိုက်တော့..”

ကျုပ်မှာ ယုံကြည်ချက်ရှိတယ်။ ဒါက မိစ္ဆာတွင်း(၂)တွင်းလေးပဲလေ။ ရှင်းလင်းဖို့ သိပ်မခက်လောက်ပါဘူး။

“အစ်ကိုကြီး.. မင်းတစ်ယောက်တည်း ဘယ်လိုသွားမလဲ .. ငါလိုက်ခဲ့မယ်..”

“မာခယ်.. မစိုးရိမ်နဲ့.. ဒီကောင်တွေ ငါ့ကို ဘာမှ မလုပ်နိုင်ဘူး.. ကျန်းရှန်ကို မင်းဆီမှာ ထားခဲ့အုံးမယ်.. ငါပြန်လာတာ ခနစောင့်ပေး.. ငါပြန်ရောက်တာနဲ့ ခံတပ်ကို ချက်ချင်းသွားမယ်..”

ပြောပြီးတာနဲ့ တည်နေရာ ရွေ့လိုက်တော့တယ်။ မြို့ပြင်ရောက်တာနဲ့ စွမ်းအားတွေ ဖြန့်ထုတ်ပြီး ကောင်းကင်ကို ထိုးတက်သွားလိုက်တယ်။

ကောင်းကင်မှာ မိစ္ဆာအငွေ့အသက်တွေနဲ့ ပြည့်နေတာပဲ။ အရင်ကဆို ကြည်လင်နေတဲ့ ကောင်းကင်ကြီး။ အခုတော့ တိမ်တိုက်တွေနဲ့ ဖုံးနေတဲ့အပြင် ဖိနှိပ်နေတဲ့ ခံစားချက်တွေ ပေးနေတယ်။ ကျုပ်သွားရမယ့်နေရာ မြင်တာနဲ့ ကြယ်တစ်ပွင်လို ရွေ့သွားလိုက်တော့တယ်။

မကြာပါဘူး မီတာ(၃၀၀)လောက် အကွာက တွင်းနက်ကြီး (၂)ခုကနေ ဧရာမ သတ္တဝါကြီးတွေ တွေ့လိုက်ရတယ်။ ထွက်လာတဲ့ မိစ္ဆာတွေ သားကောင်ရှာဖို့ နေရာအနှံကို ပျံ့ကျဲသွားနေကြတာ။ အဲ့ကောင်တွေေအရင်က မြင်ဖူးထားတာထက် ပိုကြီးတယ်ဗျ။ တစ်ခုတည်းသော တူညီချက်က သွေးစွန်းနေတဲ့ မျက်လုံးတွေပဲ။ တွင်းအနီးတစ်ဝိုက်က ရွာတွေကတော့ မိစ္ဆာတွေစုပြုံပြီး သတ်ပွဲကြီးလုပ်နေကြပြီ။ မျက်စိ တစ်မှိတ်အတွင်း လူတော်တော်များများ မိစ္ဆာတွေ လက်ချက်နဲ့ သေကုန်ကြတယ်။ အိုက်ရှားနိုင်ငံတော်က မှော်ပညာ နိုင်ငံဆိုတာ လူသိများတယ်လေ။ အဲ့ရွာတွေမှာ မှော်ပညာ တတ်တဲ့သူတွေလဲ ရှိတယ်။ ကံမကောင်းတာက သူတို့စွမ်းအား မဖြစ်စလောက်လေးနဲ့ မိစ္ဆာတွေကို သုတ်သင်ဖို့ အသုံးမဝင်ဘူးလေဗျာ။

============= (*^*)=============

အပိုင်း( ၃၂၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters