မင်းတို့မြင်လား? ခေါင်းတစ်ခြမ်းကိုလေ
Vol. 8 Ch. 99
ကျန်းရီရဲ့ ရုတ်တရက် ထွက်ခွာသွားမှုဟာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့သည်။ အထူးသဖြင့် ကျန်းရီရဲ့ ကားကို အမြန်မောင်းနှင်နေမှုသည် တစ်ခုခုက မူမမှန်နေဘူးဟု ခံစားရစေသည်။
နောက်ဆုံးမှာတော့ ကျန်းရီကားကို ရပ်လိုက်တဲ့အချိန်မှာတော့ ပရိသတ်တွေက မနေနိုင်တော့ဘဲ
“စတွင်မာရေ ၊ မင်း အဲဒီကလေးကို ကယ်ဖို့ အမြန်သွားနေတာလား”
ကြည့်ရှု့သူA-“မင်း အခုနက ကားမောင်းနေလို့၊ ငါတို့ မင်းကို မနှောက်ယှက်ရဲဘူး ဒါပေမယ့် အခု ငါတို့ ဒီဖုန်းခေါ်ဆိုမှုက ဘယ်လိုဝင်လာတာလဲ ဆိုတာ ငါတို့သိချင်နေပြီ”
ကြည့်ရှု့သူC-“ဟိုတစ်ခါ ရွာက အဖြစ်အပျက်မှာတုန်းက သရဲဆီကနေ ဖုန်းခေါ်ခဲ့တာ။ ဒီအချိန်မှာလည်း သရဲကပဲ ဖုန်းခေါ်တာ ဖြစ်နေမလား။”
ကျန်းရီသည် ယခုအချိန်တွင် ကားကိုရပ်လိုက်ပြီး အလွန်ဟောင်းနွမ်းသော လူနေအဆောက်အအုံတစ်ခု၏ အောက်ထပ်တွင် ရှိနေသည်။
သူက ခေါင်းကို မော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး “ဒါက သရဲတစ္ဆေဆီက ဖုန်းခေါ်တာ မဟုတ်ဘူး၊ ဒါပေမယ့် သူသေဆုံးတဲ့ နောက်ဆုံးအခိုက်အတန့်မှာ တစ်ယောက်ယောက်က ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဝင်လာပြီး ဒီဖုန်းကို ဆက်လိုက်တာ။ ငါ့ကိုခေါ်တဲ့သူက ဒီကလေးရဲ့ ဆွေမျိုးဖြစ်ရမယ်။”
“ဒါပေမယ့် ကလေးကတော့ ဘေးကင်းပါတယ်။ အိမ်က ထွက်လိုက်တာနဲ့ ချက်ချင်း ရဲကို ဆက်သွယ်ပြီး သူတို့ကို အရင်လာခိုင်းထားတယ်။”
ကျန်းရီ ကပြောပြီး လူနေအဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။
တတိယထပ်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ထိုတွင် အိမ်တံခါးက ပွင့်နေခဲ့သည်။
အဲ့ဒီအချိန်မှာ ဖိနပ်အဖုံးတွေဝတ်ပြီး အခန်းထဲမှာ တစ်ခုခုရှာနေတဲ့ လူတွေ အများအပြားရှိနေခဲ့တယ်။
ကျန်းရီ ကိုတွေ့လိုက်သောအခါ အခန်းထဲ မှ လူအချို့သည် ချက်ချင်းပင် စိတ်အားထက်သန်လာပြီး "ဟယ်လို မစ္စတာကျန်း မင်းနဲ့ ဒီလောက် အနီးကပ် တွေ့ရမယ်လို့ ငါမမျှော်လင့်ထားဘူး"
ကျန်းရီက သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ဆိုဖာဆီသို့ တိတ်တဆိတ် လျှောက်သွားကာ ဒီမြင်ကွင်းတွေကို တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ တိုက်ရိုက် ရိုက်ကူးပြခဲ့သည်။
သို့သော် မကြာမီတွင်၊ ကျန်းရီသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကင်မရာကို တစ်ဖက်သို့လှည့်လိုက်သည်။ ထို့ကြောင့် ပရိသတ်ထဲမှ မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။
ကြည့်ရှု့သူ A-"စတွင်မာ၊ ဆိုဖာပေါ်မှာ အမျိုးသမီးတစ်ယောက် လဲလျောင်းနေပုံရတယ်။ သူက ဘယ်သူလဲ၊ သူက ကလေးအမေလား"
ကြည့်ရှု့သူ B-"သူသေပြီလား။ အခုလေးတင် သူ့မျက်လုံးတွေ ပြူးကျယ်နေပြီး ပါးစပ်ကလည်း အကျယ်ကြီးပွင့်နေတာကို တွေ့လိုက်ရတယ်။"
ကျန်းရီ သည် ထိုမေးခွန်းကို မဖြေခဲ့ဘဲ တံခါးအပြင်ဘက်တွင် စောင့်နေရင်း အခန်းတွင်းရှိ လူများစွာကို ဦးစွာရှာဖွေခွင့် ပြုခဲ့သည်။
သိပ်မကြာခင်မှာပဲ ကလေးချီထားတဲ့ အမျိုးသမီးက ရောက်လာခဲ့တယ်။
ကျန်းရီသည် နို့သောက်ပြီးနောက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သော ကလေးငယ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ “ငါထင်ထားသလို ဖြစ်ခဲ့မယ်လို့ မမျှော်လင့်ထားဘူး၊ ဒါမှမဟုတ် အဲဒီအချိန်တုန်းက သူမ မသေသေးတာလား။
အသက်က ကန့်သတ်ချက်ကို ရောက်နေပြီဆိုတော့ စကားထပ်မပြောနိုင်တော့တာလား။"
"မစ္စတာ ကျန်း၊ ကျွန်တော်တို့ကို တတ်နိုင်သမျှ မြန်မြန်ဆက်သွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ကလေးကို တစ်ခုခု ဖြစ်သွားနိုင်မလားဆိုတာ မသိနိုင်ဘူး။"
ကျန်းရီ က သူ့ခေါင်းကို ခါလိုက်ပြီး "ကလေး အကောင်းတိုင်းရှိနေလို့ပဲ ဝမ်းသာပါတယ်။ ကောင်းပြီ လုပ်စရာရှိတာ ဆက်လုပ်ပါ ကျွန်တော်လည်း လုပ်စရာရှိတာ လုပ်တော့မယ်"
အဲ့လိုပြောလိုက်တော့ အမျိုးသမီးက ဘာဆက်ပြောရတော့မှာလဲ?။ ကျန်းရီ က သူမကို ပြုံးပြလိုက်ပြီး "ကလေးရဲ့ ဆွေမျိုးသားချင်းတွေကို တွေ့ပြီး ပြတ်ပြတ်သားသား မေးနိုင်ခဲ့ရင် ပိုကောင်းလိမ့်မယ်၊ အခုလို ငါတို့ တိတ်တိတ်ဆိတ်ဆိတ် ပူးပေါင်းဆောင်ရွက်နေသလိုမျိုးပဲေလ"
“ကောင်းပါပြီ မစ္စတာကျန်း၊ လုပ်စရာရှိတာသာ လုပ်လိုက်ပါ။”
ကျန်းရီ သည် အောက်ထပ်သို့ ဆင်းသွားခဲ့သော်လည်း သိပ်အဝေးသို့ မသွားခဲ့ပေ။ အဲဒီအစား သူက ရပ်ကွက်ရဲ့ ပန်းခြံနားကို ရောက်လာခဲ့သည်။
ခုံတန်းလျား တစ်ခုကိုတွေ့ပြီး ထိုင်လိုက်ပြီးနောက် ကလေးကို ချီထားသော အမျိုးသမီးက သူ့အားပေးလိုက်သည့် လက်ကိုင်ဖုန်းတစ်လုံးကို ထုတ်ယူလိုက်သည်။
ဖုန်းက လော့ခ်မချထားပါဘူး။
ကျန်းရီ သည် ကလေးကို ရိုက်ထားတဲ့ ဓာတ်ပုံများစွာပါရှိတဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကြည့်လိုက်သည်။
ဒါပေမယ့် အဆုံးနားမှာတော့ ဗီဒီယိုတွေ အများကြီးရှိနေခဲ့တယ်။
ပထမဗီဒီယိုကို နံနက် ၀း၂၆ နာရီတွင် ရိုက်ကူးခဲ့သည်။
ဒုတိယဗီဒီယိုကို နံနက် ၀း၄၂ နာရီတွင် ရိုက်ကူးထားခဲ့သည်။
ဆယ်မိနစ် သို့မဟုတ် အဲ့ထက် အကြာလောက်မှာ သူမက ဗီဒီယိုတစ်ခု ရိုက်ကူးမည်ဖြစ်သည်။ ပြီးတော့ သူမဖုန်းဆက်သည့် နောက်ဆုံးအကြိမ်မှာ ၂:၃၆ ဖြစ်သည်။
ကျန်းရီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပထမဆုံးဗီဒီယိုကို စတင်ဖွင့်လိုက်သည်။
ဗီဒီယိုကိုဖွင့်လိုက်သောအခါ ပထမဆုံးပေါ်လာသည်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်။
ထိုအမျိုးသမီးသည် စုတ်ပြတ်သတ်နေပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးရွားနေပုံရသည်။
သူ့မနှုတ်ခမ်းတွင် စိမ်းဖျော့ဖျော့ အရောင်တွေ သန်းနေခဲ့ပြီး သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများကို ထင်ရှားစွာ တွေ့နေရသည်။
သူမမျက်လုံးတွေက ပတ်ပတ်လည်ကို ကြည့်နေရင်း ကလေးကို ကျောပေါ်မှာ ချီထားသည်။ ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။
“ငါ့မှာ ဖြစ်ပျက်နေခဲ့တာတွေကို ဘယ်သူတွေ မြင်နိုင်မလဲတော့ မသိဘူး ဒါပေမယ့် ငါ ဘာမှ မလုပ်ပဲနဲ့တော့ မနေနိုင်ဘူး၊ သူက ငါ့အိမ် အပြင်ဘက်မှာ ကိုးနာရီကတည်းက အခုချိန်ထိ ရှိနေခဲ့တယ် မင်းမြင်လား?..သူ ဒီကိုရောက်နေပြန်ပြီ၊ ဟုတ်တယ်၊ ပြတင်းပေါက်နားက ခေါင်းတစ်ခြမ်းကို မင်းမြင်လိုက်လား။”
“ကျွန်မ ဒီကနေ လွတ်မြောက်ဖို့အတွက် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့တယ်၊ ဒါပေမယ့် အသုံးမဝင်ဘူး။ ပြတင်းပေါက်က မပွင့်သလို တံခါးကိုလည်း ရိုက်ချိုးလို့မရဘူး။ တစ်ညလုံးလည်း ရှိနေပြီ ဖုန်းတွေလည်း ဆက်လို့မရခဲ့ဘူး။ ငါ ဘာလုပ်ရမလဲ။ အဲ့ခေါင်းက အခုထိရှိနေသေးတယ်။ ကြည့် အခုတောင် ပြုံးပြနေတယ်..။”
ဗီဒီယိုသည် အမျိုးသမီး၏ ရှုထောင့်ပြောင်းလဲမှုနှင့်အတူ လိုက်ပါ ပြောင်းလဲသွားခဲ့သည်။ သူမ၏ လေသံက ရုတ်တရက် ဝမ်းနည်းလာသောအခါ၊ လက်ကိုင်ဖုန်းဖြင့် ရိုက်နေခဲ့သော ကင်မရာသည် မီးဖိုချောင်ဘက်သို့ ရုတ်တရက် ညွှန်ပြလိုက်ခဲ့သည်။
မီးဖိုချောင်တွင် ပြတင်းပေါက် အသေးတစ်ခု ရှိနေသည်။
ဒါပေမယ့် ဗီဒီယိုထဲမှာတော့ ဘာတစ်ခုမှ မတွေ့ခဲ့ရသလို ပြတင်းပေါက်အပြင်ဘက်မှာလည်း အဆုံးမဲ့ အမှောင်ထုသာ ရှိနေခဲ့သည်။
"ဘာလို့ ဗီဒီယိုကနေ သူ့ကို ကြည့်လို့မရတာလဲ။ ငါသေသွားရင် ဘယ်သူကယုံမှာလဲ? ငါ့ကို ဘယ်သူက ယုံမှာလဲ"
"ငါသေသွားခဲ့ရင် ကလေးနဲ့ တစ်ယောက်ထဲ အထီးကျန်နေရတဲ့ ဖိအားကို မခံနိုင်လို့ သေသွားတာလို့ လူတိုင်းက ထင်ကြမှာလား။ တကယ်ကြီး မထင်လောက်ဘူးမလား... ပြတင်းပေါက်နားမှာ သရဲ ရှိနေတယ်။ အဲဒါက မျက်နှာဖြူဖြူနဲ့၊ ပါးပြင်တစ်ဝက်လောက်ပဲ ပေါ်နေခဲ့တယ်၊ အဲ့မျက်လုံးက ထပ်ပြုံးနေပြန်ပီ။ ကြောက်စရာကြီး… တကယ်ကို ကြောက်စရာကြီး။”
ပထမဗီဒီယိုသည် ရုတ်တရပ်အဆုံးသတ်သွားပြီး ကျန်းရီ သည် ဒုတိယဗီဒီယိုကို ထပ်မံနှိပ်လိုက်သည်-
"ဒါက ငါ့အိပ်ခန်းပဲ၊ ပြီးတော့ အဲ့ဒီမှန်ကလည်း ခွဲလို့မရဘူး။ ငါဧည့်ခန်းမှာ ရှိနေရင် သူက မီးဖိုခန်းထဲမှာ ရှိနေတယ်။ ငါအိပ်ခန်းထဲကို ရောက်နေရင် သူက မှန်ထဲကို ပြေးဝင်လိမ့်မယ်။ ချီးပဲ မင်းကို ငါရိုက်ခွဲမယ်။ ငါ မင်းကို ရိုက်ခွဲတော့မယ်!"
ဗီဒီယိုထဲက အမျိုးသမီးက လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး တစ်ဖက်ကို အရူးအမူး တိုက်ခိုက်ခဲ့ပါတော့တယ်။
မှန်သည် သူမ၏ ဘယ်ဘက်တွင် ရှင်းရှင်းလင်းလင်း ရှိနေခဲ့သော်လည်း အဆုံးတွင် သူမ တိုက်ခိုက်သမျှ မှန်ကို လုံးဝ မထိခဲ့ပေ။
"ဘာလို့မှန်ကိုတောင် မခွဲနိုင်ရတာလဲ။ မင်းဘယ်သူလဲ၊ ငါ့ကိုဘာလို့ လာနှောင့်ယှက်နေတာလဲ။ ငါဘာမှ မလုပ်ထားဘူးလေ။ ငါအိမ်မှာ တစ်နေ့လုံး ငါ့ ကလေးတွေကို ပြုစုနေတာ၊ ငါ့ကိုဘာလို့ နှောင့်ယှက်နေရတာလဲ"
"လာပြန်ပြီ၊ ခေါင်းတစ်ဝက်ပဲ ပေါ်လာပြန်ပြီ။ မင်းငါ့ကို ဒီလိုမျိုးနဲ့ ခြောက်လို့ ကြောက်မယ်လို့များ ထင်နေတာလား။ မရယ်နဲ့၊ ငါ့ကိုထပ်ပြီး မပြုံးပြနဲ့။ မင်းဘာလိုချင်တာလဲ။ မင်းမှာ သတ္တိရှိရင်၊ ငါ့ရှေ့မှာလာရပ်လိုက်!"
ဒုတိယဗီဒီယိုက ရပ်တန့်သွားခဲ့သည်။
ကျန်းရီ သည် တတိယဗီဒီယိုကို တိတ်တဆိတ် နှိပ်လိုက်သည်။ ဒီဗီဒီယိုထဲက အလင်းရောင်သည် အရမ်းကိုမှောင်နေခဲ့ပြီး အမျိုးသမီးကိုတောင် မမြင်ရပါဘူး။ သူမရဲ့ အသက်ရှုသံကိုသာ ကျယ်လောင်စွာ ကြားနေရသည်။
“ငါ ပုန်းနေတယ် ဟားဟား… ငါ ပုန်းနေတာပဲ။ မိုးလင်းတာနဲ့ မင်းကို တွေ့ရမှာ မဟုတ်တော့ဘူး၊ အဲ့ဆို ငါ လွတ်ပြီလေ ဟုတ်တယ်မလား?၊ သိပ်ကောင်းတယ်… သိပ်ကိုကောင်းတာပဲ၊ နောက်ဆုံးတော့ ငါ နည်းလမ်းတစ်ခု စဉ်းစားမိသွားပြီ။ ဒါပေမယ့် သေတ္တာထဲမှာတော့ တော်တော် အနေအောင့်ဖြစ်နေတယ်၊ ကလေးက ခံနိုင်ရည်ရှိပါ့လား။
ဗီဒီယိုကအမှောင်ထဲတွင် အမျိုးသမီးက လေရှူရှိုက်နေခဲ့တယ်၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့်လား ဒါမှမဟုတ် သေတ္တာထဲတွင် အောက်ဆီဂျင်က တကယ်မလုံလောက်တာကြောင့်လားတော့ မသိခဲ့ပါဘူး။
ကလေး၏ အော်ငိုသံသည် နောက်ဆုံးတွင် ထွက်လာခဲ့ပြီး အမျိုးသမီးက သူ့နောက်ကျောကနေ ကလေးကို အမြန်ဆွဲထုတ်လိုက်သည်။ နောက်တော့ အဝတ်ဆွဲသံများ ထွက်ပေါ်လာခဲ့သည်။
"မကြောက်ပါနဲ့ ကလေးရယ်။ အမေက တစ်ယောက်တည်း ဖြစ်နေရင်တောင်မှ မင်းကို ကာကွယ်ပေးပြီး ပြုစုပျိုးထောင်ပေးမယ်။ မိုးလင်းတဲ့အထိသာ စောင့်ပြီး နေကောင်းအောင်နေပေးပါ။”
အမျိုးသမီးက မိခင်နို့ကို စို့နေပြီး အငိုတိတ်သွားတဲ့ ကလေးအား နှစ်သိမ့်ပေးနေခဲ့သည်။
သို့သော် ရုတ်တရက် "…." ဟု အသံထွက်လာခဲ့သည်။
ထိုအမျိုးသမီးက ချက်ချင်း "အားး" ဟု အော်လိုက်သည်။ ဗီဒီယိုကနေပြီးတော့ သေတ္တာတွင် အပေါက်သေးတစ်ခု ပေါက်ထွက်သွားသည်ကို မြင်နေရသည်...!