လူတစ်ယောက် သေဆုံးမှု
Vol. 8 Ch. 100
သေတ္တာသည် သစ်သားသေတ္တာဖြစ်ပြီးတော့ ၎င်းကိုဖောက်ဖွင့်လိုက်တဲ့အခါ အလွန် သိသာတဲ့ အသံတစ်မျိုး ထွက်လာခဲ့သည်။
ဒါပေမယ့် အပေါက်က သိပ်ကျယ်ခဲ့ဘူး စင်တီမီတာဝက်လောက်ပဲ ရှိခဲ့တယ်။
သေတ္တာအပြင်ဘက်ကလာတဲ့ အလင်းရောင်သည် ဗီဒီယိုထဲက အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။ သို့သော်လည်း ထိအချိန်တွင် သူမ၏မျက်လုံးများသည် ပြူးကျယ်နေခဲ့သည်။
သို့ပေမယ့် သူမ၏ မျက်လုံးများတွင် ဘာပုံရိပ်မှ ထင်ဟပ်နေခြင်းမရှိခဲ့ပေ။ သို့ပေသိ တစ်ခုခုကိုတော့ ကြုံတွေ့ခဲ့ရပေမည်။
သူမခေါင်းနဲ့ သေတ္တာကို တွန်းဖွင့်လိုက်ရာ ဗီဒီယိုက အဆက်မပြတ် တုန်ခါနေပြီး ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ ။
တတိယဗီဒီယိုသည် ဤနေရာတွင်ပဲ အဆုံးသတ်သွားသည်။
ကျန်းရီ ဟာ စတုတ္ထဗီဒီယိုကို ဖွင့်တော့မယ့်အချိန်မှာပဲ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက လူတစ်ယောက်က “စတွင်မာ သူမ တကယ်မြင်နေရတယ်ကို မင်းထင်လား? မီးဖိုချောင်၊ အိပ်ခန်းထဲမှာ၊ ပြီးတော့ အခုဖွင့်လိုက်တဲ့ သေတ္တာထဲမှာရော၊ အဲ့ဒီ ခေါင်းတစ်ဝက်က ရှိမယ်လို့ ထင်လား”
ကြည့်ရှု့သူ A-“အေးဟ၊ အစကတော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့်ပဲ ဒီဗီဒီယို သုံးခုကို ကြည့်ပြီးတဲ့အခါမှာ ငါ့စိတ်ထဲမှာ မျက်နှာတစ်ခု ပေါ်လာခဲ့တယ်။ အဲဒီမျက်နှာက ရုပ်ဆိုးပြီး ကောက်ကျစ်တယ်။
သွေးအေးအေးနဲ့ ရက်စက်တယ်။ ပြီးတော့ အရူးတစ်ယောက်လို ပြုံးနေတယ်!”
ကြည့်ရှု့သူ B-“ဟုတ်တယ်၊ ငါ့စိတ်ထဲမှာလည်း ပုံရိပ်တစ်ခု ပေါ်လာတယ်ဟ။ အဲဒီမျက်နှာက ဘယ်လိုပုံစံလဲဆိုတာကို တွေးတောကြည့်လိုက်တော့ အဲ့လို အလွန်ကြောက်စရာကောင်းတဲ့ ပုံရိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့တာဟ။”
ကြည့်ရှု့သူ C-“အေးဆို၊ အခု ပြတင်းပေါက်ကိုတောင် မကြည့်ရဲတော့ဘူး။ ပြတင်းပေါက်ကို ကြည့်လိုက်တာနဲ့ ပြတင်းပေါက်နားမှာ ခေါင်းတဝက်လောက် ထွက်ပြီး ငါ့ကို တိတ်တိတ်လေး ကြည့်နေတဲ့ လူတစ်ယောက်ရှိနေတယ်လို့ ခံစားနေရတယ်!”
ဟုတ်ပါတယ်၊ အဲ့ဒီလိုပုံရိပ်တစ်ခုက ကျန်းရီရဲ့စိတ်ထဲမှာလည်း ပေါ်လာခဲ့တယ်။
ဗီဒီယိုထဲက အမျိုးသမီးပြောတဲ့ ခေါင်းတစ်ဝက်ကို လူတိုင်း မမြင်ရခဲ့ရင်တောင် သူတို့အားလုံး စိတ်ထဲမှာတော့ မရေမတွက်နိုင်တဲ့ ပုံရိပ်တွေကို စိတ်ကူးလို့ ရနေဆဲပါပဲ။
စတုတ္ထဗီဒီယိုကိုဖွင့်လိုက်သည်။
ဒီအချိန်မှာတော့ အမျိုးသမီးက ဆိုဖာပေါ်မှာ လဲလျောင်းနေခဲ့တယ်။ သူ့မျက်လုံးတွေက အရင်ကလို တက်ကြွမနေတော့သလို စိတ်ဓာတ်လည်း ကျမနေတော့ပါဘူး။
သူမ၏ စကားပြောသံမှာပင် ယခင်ကလောက် မကျယ်လောင်တော့ပေ။
ဆိုဖာပေါ်မှာ လှဲလျောင်းပြီး သူ့ကလေးကို ချော့မြူနေခဲ့သည်။ ကလေးက သူ့အော်သံတွေကြောင့် ထိတ်လန့်ပြီး ငိုနေခဲ့တာဖြစ်သည်။ သူ အခု အိပ်ပျော်နေပြီဖြစ်သည်။ ဒါပေမယ့် အိပ်ပျော်နေတာတောင် ခန္ဓာကိုယ်က တုန်နေခဲ့သည်။
"ငါဘာလုပ်ရမလဲ............ငါဘာလုပ်ရမလဲ..ဘယ်သူကို ပြစ်မှားခဲ့မိလို့ ငါ့ကိုဒီလိုမျိုးဆက်ဆံနေရတာလဲ?မိုးလင်းတဲ့အထိတောင် ဆက်တောင့်ခံနိုင်မလားတောင် မသိဘူး။ ငါကြောက်တယ်.. .. ငါ့မှာတကယ် သွားစရာနေရာလည်းမရှိဘူး"
“မဟုတ်ဘူး၊ ငါဒီလို လှဲအိပ်နေပြီး ဘယ်ပြတင်းပေါက်ကိုမှ မကြည့်ဘူးဆိုရင်တောင် သူက မီးအိမ်ပေါ်ကို ရောက်နေတယ်။
ကြည့်လိုက်... သူ့မျက်နှာက ပေါ်လာပြီး ငါ့ကို ပြုံးပြနေတယ် “
"ဟားဟား..ရယ်စမ်း မင်းကြိုက်သလောက် ရယ်စမ်း…. မင်းကို ကြောက်ဖို့တောင် ငါ့မှာ ခွန်အားမရှိတော့ဘူး။ ဒီနေ့ ငါ တကယ် သေသွားခဲ့ရင် ငါ့ဖုန်းထဲက ဗီဒီယိုကို မြင်တဲ့သူက ငါ့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ရတာပဲ "
"အဖေ၊ အမေ တောင်းပန်ပါတယ်။
မင်းတို့ရဲ့ စကားနားမထောင်လို့ သမီးကို အပြစ်တင်နေမယ်ဆိုတာ သိပါတယ်။
သမီးအရမ်းခေါင်းမာခဲ့လို့ သူ့ကို သမီး ထားခဲ့လိုက်ပြီဆိုတာတောင် မပြောရဲခဲ့ဘူး။
အခုတော့ စာနာမှုကင်းမဲ့တဲ့ ဒီမြို့ကြီးမှာ ကိုယ့်ကိုယ်ကို ထောက်ပံ့ဖို့ ရုန်းကန်နေရတယ်။
ကိုယ့်ကိုကိုယ် ရှင်သန်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် လုံးဝကို မှားခဲ့တယ်...
အဖေတို့သိလား...အဖေတို့သိလား သမီး ဘယ်လောက်ထိ အိမ်ပြန်ချင်နေခဲ့တယ် ဆိုတာကို”
ဗီဒီယိုထဲက အမျိုးသမီးဟာ ပြိုလဲကျနေခဲ့ပေမယ့် ကျယ်လောင်စွာ မငိုတော့ဘဲ ပါးပြင်ပေါ်မှာပဲ မျက်ရည်တွေ စီးကျနေစေခဲ့ကာ အဲဒီနေရာမှာပဲ အိပ်နေခဲ့သည်။
တခြားဗီဒီယိုတစ်ခုကို နှိပ်လိုက်တော့ အခန်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အမျိုးသမီးသည် နေရာအနှံ့က ထွက်လာသည့် ခေါင်းတစ်ခြမ်းကို ကြောက်သည့်စိတ်ကို ခုခံနိုင်စွမ်း အနည်းငယ်ရှိလာပုံရသည်။ ဒါကြောင့် ကျန်းရီ သည် နောက်ဆုံးဗီဒီယိုကို တိုက်ရိုက်ဖွင့်ခဲ့လိုက်သည်။
ဒီဗီဒီယိုကို အမျိုးသမီးက သူ မသေခင်လေးမှာ ရိုက်ထားတာ ဖြစ်သည်။
"ဟူး...အဟွတ်..အဟွတ်..."
ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် အမျိုးသမီး၏ မျက်လုံးများ အလွန်ပြူးကျယ်နေပြီး “ငါ့ကို ကယ်ပါအုံး” ဟူသော စာကြောင်းကို သူမ၏ မျက်လုံးများတွင် ရေးထားနေသလိုပင်။
ဒါပေမယ့် အဲ့ဒီအချိန်မှာ သူ့လက်တွေက သူမရဲ့ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနေသည်။
ဒီမြင်ကွင်းက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကို အရမ်းကို စိုးရိမ်စေခဲ့သည်။ ဒီဗီဒီယိုဟာ မသေခင်မှာ ရိုက်ကူးထားမှန်း သူတို့သိပေမယ့် အမျိုးသမီးကို ကယ်တင်ချင်နေတုန်းပါပဲ။
သို့သော် အနီးကပ်ကြည့်လိုက်လျှင် သူမသည် သူ့ကိုယ်သူ လည်ပင်းညှစ်ရန် ကြိုးစားနေတာမဟုတ်ကြောင်းကို တွေ့ရပေလိမ့်မည်။ သူမ၏ လက်များသည် လုံးဝ ထိန်းချုပ်မရ ဖြစ်နေပုံရသည်။
သူ့ကိုယ်သူ လည်ပင်းညှစ်နေတဲ့အခါမှာ ပြင်ပက တွန်းအားတစ်ခု ရှိနေတယ်ဆိုတာ သိသာစွာပဲ မြင်နေရသည်။
ဒါပေမယ့် ပြင်ပက အင်အားက မလှုပ်နခဲ့ဘူး။ သူမက လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားဆဲဖြစ်ပြီး မျက်လုံးများကတော့ ကလေးကို အမြဲကြည့်နေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်ကို ကလေးနှင့် ဝေးကွာနေစေရန် အပြင်းအထန် ကြိုးစားနေပုံရသည်။ သူမက ဘာလုပ်နေတာလဲ??။
ကြည့်ရှု့သူ A-"အဲ့ဒီအရာက ကလေးကို ထိခိုက်စေချင်နေလို့လား?"
ကြည့်ရှု့သူ B-"သူမရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်။ သူမက သူ့ကလေးနဲ့ ဝေးကွာစေဖို့ကို အသည်းအသန်ကို ကြိုးစားနေတာ။ သူ့လက်တွေက အကြိမ်ပေါင်းများစွာ လွတ်ထွက်သွားတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမလည်ပင်းကို ပြန် ညှစ်ထားတုန်းပဲ"
ကြည့်ရှု့သူ C-"သူမတကယ် မထိန်းနိုင်တဲ့အရာက သူ့ကိုယ်သူ လည်ပင်းညှစ်နေတာ မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် သူမလက်တွေက ကလေးကို တစ်ခုခု လုပ်လိုက်မှာကိုပဲ”
အမျိုးသမီး၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ပရိသတ်များက မြင်တွေ့ခဲ့လိုက်ရသည်။ သို့သော် ကြည့်ရှုနေစဉ်တွင် မည်သူမျှ စကားမပြောခဲ့ကြပေ။
ပြင်ပက တွန်းအားက နည်းသထက် လျှော့နည်းလာပုံရသော်လည်း ကလေးအား စိုက်ကြည့်နေသော အမျိုးသမီး၏ စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးများက ပို၍ပင် သိသာလာခဲ့သည်။
သူမ၏ မျက်လုံးများတွင် သွေးများ ဖြည်းဖြည်းချင်း ပေါ်လာနေသည်ကို လူတိုင်း မြင်တွေ့ခဲ့လိုက်ရပြီး သူမ၏ မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာခဲ့သည်။
ထို့နောက် အမျိုးသမီး၏ အသက်ရှုသံသည် ပိုကျယ်လောင်လာပြီး နောက်တော့ တဖြည်းဖြည်းပင် ပျော့ပြောင်းလာပြီး ပျောက်ကွယ်သွားခဲ့သည်။ သူမ လည်ပင်းကို ညှစ်နေရင်းနဲ့ ဆိုဖာပေါ် လဲကျသွားခဲ့သည်။
သူမ သေဆုံးခဲ့လေပြီ…..
လူပေါင်း ၂၀၀,၀၀၀ ကျော်သည် မိခင်တစ်ဦးရဲ့ သေဆုံးမှုကို မြင်တွေ့ခဲ့လိုက်ရသည်။
ကလေးက ရုတ်တရက် ထငိုလိုက်သည်။ ဒါပေမယ့် ဗီဒီယိုက ဒီမှာပဲ ပြီးသွားခဲ့သည်။
ဗီဒီယိုရိုက်နေတာကို ဘယ်လိုပိတ်လိုက်တာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ဖုန်းကို ဘယ်သူ ခေါ်တာလဲ ဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်ပါဘူး။
နောက်ဆုံးအခိုက်အတန့်တွင် အမျိုးသမီး၏လက်များက သူမ၏လည်ပင်းကို ညှစ်ထားသည်။ သက်ဆိုင်ရာ စာလုံးများကို ဖုန်းပေါ်တွင် ရိုက်ရှာဖွေပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲသို့ သူမ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ဖုန်းက ဘယ်လိုခေါ်လိုက်တာလဲ??။
ကလေးကတော့ မဖြစ်နိုင်ပါဘူး၊ သူက နှစ်လ၊ သုံးလပဲရှိသေးတယ်လေ။
ခေါင်းတစ်ခြမ်းက ခေါ်ခဲ့တာလား? ဒီအဖြစ်အပျက်ကလည်း တစ္ဆေက ခေါ်တာပဲလား??။
ဒီအဖြစ်အပျက်ဟာ ရှောင်ယု ရဲ့ အဖြစ်အပျက်နဲ့ ဆင်တူပေမယ့် နည်းနည်းတော့ ကွဲပြားနေတယ်။
ကျန်းရီ ကြည့်လို့ပြီးသွားတဲ့အခါမှာ ကြည့်ရှုသူတချို့က သည်းမခံနိုင်ကြတော့ဘဲ - "စတွင်မာ၊ မင်း ဒီခေါင်းတစ်ခြမ်းကို တွေ့အောင်ရှာပြီး၊ ... မီးရှို့သတ်ပစ်ရမယ်!"
ကြည့်ရှု့သူ A-"ဒါက အရမ်းကို ဝမ်းနည်းကြေကွဲစရာပဲ၊ ပုံမှန်လူတစ်ယောက်ကို စိတ်ပျက်အားငယ်လာတဲ့အထိ တွန်းအားပေးတဲ့ ဖြစ်စဉ်တစ်ခုလုံးကို ငါတို့တွေ့ခဲ့လိုက်ရတယ်။ ပြီးတော့ သူ့ကိုယ်သူ လည်ပင်းညှစ်သတ်ပြီး သေတဲ့အထိ ဖြစ်သွားခဲ့တယ်။ ဒီတစ္ဆေက ကောင်းတဲ့ သူတော့ မဟုတ်ဘူး၊ သူ့ကို ဖမ်းမိခဲ့ရင် ပြာကျတဲ့အထိ မီးရှို့ပစ်ရမယ်"
ကျန်းရီ က သူ့ခေါင်းကို ခါလိုက်ပြီး "သူက သွားပြီ၊ အနည်းဆုံးတော့ ငါ့အနားမှာ မရှိတော့ဘူး၊ ငါ သူ့ကို လုံးဝ ခံစားလို့မရဘူး"
"ငါ ဘာလုပ်သင့်သလဲ?"
ကျန်းရီက အရုဏ်တက်နေပြီဖြစ်တဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ကာ "ငါမေးခွန်းတစ်ခုကို စဉ်းစားနေတာ၊ သူမက ဒီခေါင်းတစ်ခြမ်းကို ပထမဆုံးတွေ့ခဲ့တဲ့ သူလား၊ ပြီးတော့ အရင်ကရော ဒီအိမ်ရာမှာ နေတဲ့လူတွေက အဲ့ခေါင်းတစ်ခြမ်းကို တွေ့ဖူးခဲ့လား? သူမကသာ ပထမဆုံး တွေ့ခဲ့တာဆိုရင် အဲ့သရဲက လူတွေကို ဘာလို့ ဒီလောက်မြန်မြန် သတ်ခဲ့ရတာလဲ"
ပရိသတ်တွေက ဘာမှပြန်မပြောခဲ့ဘူး။ ကျန်းရီ ရဲ့မျက်လုံးတွေက လူနေအဆောက်အအုံတွေပေါ်ကို စိုက်ကြည့်နေခဲ့တယ်။
သူက အဆောက်အဦးများကို တစ်လုံးပြီးတစ်လုံး ကြည့်လိုက်သည်နှင့် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဤလူနေအဆောက်အအုံ B တွင် ထွက်လာခဲ့သည်...