← Chapters

အခေါင်းရဲ့ နောက်

Vol. 8 Ch. 101

အခေါင်းရဲ့ နောက်

Vol. 8 Ch. 101

လုံးလုံးကို မိုးမလင်းခင်မှာပဲ ကျန်းရီက တံခါးဖွင့်လိုက်တဲ့ အိမ်ကို ရောက်လာခဲ့တယ်။

ထိုမိသားစုထဲတွင် တစ်ယောက်တည်းသာ နံနက် စောစောထခဲ့တာမဟုတ်ဘဲ ဇနီးမောင်နှံနှစ်ဦးစလုံး နံနက်စောစောထနေခဲ့တာဖြစ်သည်။

ကျန်းရီကို တွေ့လိုက်တော့ သူတို့နှစ်ယောက် အနည်းငယ် အံ့သြသွားခဲ့ကြသည်။

ကျန်းရီ က သူတို့ကို ပြုံးပြလိုက်ပြီး“အစ်ကို၊ အစ်မ နေကောင်းကြလား”

“ဟယ်လို ဘာကိစ္စရှိလို့လဲ”

လင်မယားနှစ်ယောက်က မေးလိုက်တော့ ကျန်းရီက အမျိုးသမီးရဲ့အိမ်ကို လက်ညှိုးထိုးပြလိုက်ပြီး“မီးတွေပွင့်နေတဲ့ အိမ်ကို သိလား”

“သိတယ်လေ၊ အဘွားဝမ်ရဲ့အိမ်ကို ကလေးနဲ့ မိန်းကလေးတစ်ယောက်က ငှားထားပုံရတယ်။” ဦးလေးကြီးက ပြောလိုက်သည်။

ကျန်းရီက ခေါင်းညှိတ်လိုက်ပြီး“အဲ့အမျိုးသမီးက မနေ့ညက သေသွားခဲ့တယ်”

“အမ်? သေသွားပြီလား!”

လင်မယားနှစ်ယောက်ရဲ့ မျက်နှာတွေဟာ တခဏလောက် အံ့သြမှုတွေနဲ့ ပြည့်နှက်နေပြီး ကျန်းရီက“ဟုတ်တယ်၊ အခု ရဲတွေက အခင်းဖြစ်ပွားရာနေရာကို စုံစမ်းနေတယ်။ အကိုကြီး သူတို့အမေ နဲ့သားအမိနှစ်ယောက်ကို သိတယ်မလား?”

“ငါတို့ အချင်းချင်း သိပါတယ်။ ညီလေး ငါ့ကို ရှင်းရှင်းလင်းလင်းပြောပါ။ အဲဒီမိန်းကလေးက ဘာကြောင့် သေရတာလဲ၊ မနေ့ညကပဲ ရင်ပြင်မှာ သူ့ကလေးကို ချီထားရင်းနဲ့ လမ်းလျှောက်နေတာကို တွေ့ခဲ့သေးတယ်။ နေမကောင်းတဲ့ပုံလည်း မပေါ်ပါဘူး!”

ကျန်းရီ သည် တံခါးရှေ့ရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်ကာ စဉ်းစားလိုက်ပြီး စကားပြောရန် ချီတုံချတုံဖြစ်နေခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

ဦး​လေးကြီးက အရမ်းစိုးရိမ်နေပြီး“ညီလေး ..အဲဒါက ပြောဖို့ ခက်နေတာလား။ နောက်ပြီး မင်းက အရပ်ဝတ် ရဲတစ်ယောက်လား?။”

ကျန်းရီက ပြုံးလိုက်ပြီး ဟုတ်သည်၊ မဟုတ်သည်ကို ပြန်မဖြေဘဲ“ခုနတုန်းကတော့ အကို့ဆီက သတင်းအချက်အလက် နည်းနည်းလောက် မေးချင်ခဲ့တယ် ဒါပေမယ့် အခု​တော့ အဲ့ဒီ ခေါင်းတဝက် ကို ဦးလေးသေချာပေါက် မသိဘူးလို့ ထင်တယ်”

“မင်းဘာပြောလိုက်တာလဲ ခေါင်းတစ်ဝက်? ဟုတ်လား?”

ကျန်းရီ ပြောလို့ပြီးသည်နှင့် လင်မယားနှစ်ယောက်က ချက်ချင်းထအော်လိုက်သည်။

သူတို့ရဲ့ တုံ့ပြန်မှုတွေကို ကြည့်လိုက်ပြီးတော့ ကျန်းရီက သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီးတော့ ခေါင်းတစ်ခြမ်းကိစ္စက မတော်တဆဖြစ်တာ မဟုတ်ဘူးပဲ!

“ခေါင်းတစ်ခြမ်းကိစ္စကို ဘယ်လိုဖြစ်လို့ သိတာလဲ?”

လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်နေရင်း မိုးထိန်ထိန်မလင်းသေးလို့လား ဒါမှမဟုတ် မနက်ခင်းကများ နည်းနည်းပိုအေးနေလို့လား မသိ​၊ ဒါပေမယ့် တစ်ချိန်တည်းမှာ နှစ်ယောက်လုံး တုန်လှုပ်သွားခဲ့ကြသည်။

“ညီ​လေး၊ ကလေးနဲ့ မိန်းကလေးက တကယ်ပဲသေသွားပြီလား။ သူကိစ္စက ခေါင်းတစ်ခြမ်းနဲ့ ပတ်သက်နေတာလား”

ကျန်းရီ က ဟုတ်တယ်လို့ လေးလေးနက်နက်ပြောလိုက်ပြီး ဦးလေးကြီးက သူ့မိန်းမကို “အပေါ်ထပ်တက်ပြီး ကလေးတွေကို သွားကြည့်လိုက်အုံး။ သူတို့ထရမယ့်အချိန်ရောက်ပြီ”

အမျိုးသမီးက ခြောက်သွေ့စွာ ရယ်မောလို​က်ပြီး “ငါ...ငါ ကြောက်တယ်”

“ဘာကိုကြောက်နေတာလဲ၊ မိုးလင်းနေပြီပဲကို ဘာကြောက်စရာရှိလို့လဲ မြန်မြန်သွား...

ထိုအမျိုးသမီးကို ခင်ပွန်းဖြစ်သူက အိမ်ထဲသို့ သွားခိုင်းလိုက်သည်။ ထို့နောက် ထိုလူက ကျန်းရီ ၏ဘေးတွင်ထိုင်ကာ ဆေးလိပ်ကို မီးညှိလိုက်သည်။

“ အဲ့ဒီ ခေါင်းတစ်ခြမ်းက တစ်ခုခုကို မှီနေခဲ့တာလား ဒါမှမဟုတ် သူ့ရဲ့မျက်နှာတစ်ဝက်ကို ဖြည်းဖြည်းချင်း တိတ်တိတ်လေး ထုတ်ပြခဲ့တာလား။”

ထိုလူက မေးလိုက်ရာ ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး ထိုလူက သတိဖြင့် တစ်နေရာကို ကြည့်လိုက်သည်။

“အဲဒီနေရာကို မင်းတွေ့လား၊ အရင်တုန်းက အဲဒီနေရာမှာ အသုဘတစ်ခု တစ်ခု လုပ်ခဲ့ဖူးတယ်။

သေဆုံးသွားတဲ့သူက အသက်သုံးဆယ့်ခုနစ်နှစ်သာရှိသေးပြီးတော့ အရွယ်ကောင်းလေးပဲ ရှိသေးတဲ့ အားဒီ ဆိုတဲ့ လူငယ်တစ်ယောက်ပဲ”

“ ဒါပေမယ့် သူက ကုလို့မရတဲ့ ရောဂါတစ်ခုရလာတာနဲ့ ချက်ခြင်းပဲ သေသွားခဲ့တယ်”

“ဒါပေမယ့်လည်း ထွက်သွားဖို့အတွက် အချိန်တန်ရင်တော့ ထွက်သွားရမှာပဲလေ

ခေါင်းတခြမ်း သရဲကို မြင်ဖူးတဲ့သူ များများစားစား မရှိဘူး၊ ငါကတော့ မြင်ဖူးတဲ့ သူတွေထဲက တစ်ယောက်ပေါ့ကွာ

အသုဘ အိမ်မှာစောင့်တဲ့ လူတွေက ညတိုင်းပဲ သတိနဲ့နေရမယ်လို့ ရွာမှာ စည်းကမ်းတစ်ခု ရှိခဲ့တယ်။

“အားဒီ နဲ့ ငါက အတူတူ ကြီးပြင်းလာခဲ့တာဆိုတော့ သဘာဝအတိုင်းပဲ ငါက သူ့အတွက် သတိရှိရှိနဲ့ နေပေးခဲ့တယ်။

အဲ့ညက အားဒီ သေပြီးတဲ့ တတိယမြောက်ညဖြစ်တယ်။

ငါတို့က အသုဘအိမ်မှာ ထိုင်ပြီး စကားတွေပြောနေခဲ့ကြတာပေါ့ ဒါပေမယ့် ဖဲတော့ မရိုက်ခဲ့ကြဘူး။

သေသွားတဲ့လူက လူငယ်ဆိုတော့ အရမ်းကြီး ဆူဆူညံညံ မလုပ်ခဲ့ကြဘူး

မဟုတ်ရင် အဲ့နေရာမှာ အဘိုးကြီးတစ်ယောက်သာ ဆုံးပါးသွားရင်တော့ pai gow (တရုတ် လောင်းကစားတစ်မျိုး) ကစားတာ ဒါမှမဟုတ် mahjong ဆော့တဲ့လူတွေနဲ့ အစုံကို ဆူညံနေလိမ့်မယ်။”

“မနက်လည်း ရောက်ခါနီးပြီဆိုတော့ လူတိုင်းက ဘာမှပြောစရာလည်း မရှိတော့ဘူးလေ၊ ဒါကြောင့် တစ်ခုခုရှာပြီး လဲလျှောင်းနေခဲ့တယ် ။ ဘယ်အချိန်ရှိပြီလဲ ဆိုတာ ဘယ်သူမှ အတိအကျ မမှတ်မိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ငါတို့အားလုံးက ငိုက်နေခဲ့ကြတယ်။ အဲဒီအချိန်မှာ အသုဘအိမ်ထဲမှာ တစ်ယောက်ယောက် ရယ်မောလိုက်တာကို ကြားလိုက်ရတယ်။”

“ဒါက ကလေးအသံပဲ၊ အေးစက်စက်နဲ့ ရယ်မောနေတဲ့ အသံပဲ။

အဲဒီအချိန်မှာ အားလင် နဲ့ ငါက ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်ပြီး အားဒီ ရဲ့ ဓာတ်ပုံကို ချက်ချင်းကြည့်လိုက်တယ်။

အားဒီက တောင့်တောင့်တင်းတင်း လူတစ်ယောက်ဖြစ်တယ်။

သူ့တစ်သက်လုံး ပြုံးခဲသလို ဓာတ်ပုံတောင်မှ မရိုက်ဖူးခဲ့ဘူး။

အမှတ်တရ ဓာတ်ပုံတစ်ပုံအဖြစ် ငါအသုဘမှာ ​ထားလိုက်တဲ့ ဓာတ်ပုံက ရှားရှားပါးပါး သူပြုံးနေတဲ့ ဓာတ်ပုံပဲ”

“အဲဒီတုန်းက ဓာတ်ပုံကိုတွေ့တော့ ငါတို့ အရမ်းကို စိတ်ရှုပ်နေတုန်းပဲ။

ရယ်သံကိုတော့ ငါတို့တွေ သိပ်ဂရုမစိုက်ခဲ့ဘူး။

ပြီးတော့ အားလင် က သူရောရယ်သံကို ကြားပါတယ်လို့ မပြောခဲ့ဘူး၊ ဒါကြောင့် အမွှေးတိုင်တွေ ကုန်လုနီးပါးဖြစ်နေတာကို တွေ့တော့ အားလင် က ထပြီး အသစ် ပြောင်းဖို့ပြင်လိုက်တယ်။

ဒါပေမယ့် မတ်တပ်ထရပ်လိုက်တဲ့ အချိန်မှာပဲ ရယ်မောသံက ပြန်ပေါ်လာခဲ့တယ်။ “

"ဟီးဟီး...ဟီးဟီး...ဟီးဟီး ၊ သုံးကြိမ် ရယ်လိုက်တာကို ရုတ်တရက် ကြားလိုက်ရတော့ ငါ နဲ့ အားလင်ပဲ မဟုတ် ဘူး တခြားလူတွေပါ ကြားလိုက်ရတယ်

လူတိုင်းက မျက်လုံးပြူးသွားခဲ့တယ်။

သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး “ဘယ်သူရယ်တာလဲ” လို့ မေးလိုက်တယ်။

ဒါပေမယ့် အားလုံးက ခေါင်းခါလိုက်ပြီး နောက်ထပ် ရယ်သံ ထွက်လာပြန်တယ်။”

"အခေါင်းရဲ့ နောက်ကနေ အသံထွက်လာတာကို ငါတို့သတိပြုမိ လိုက်တယ်။ ဒီတော့ အားလုံးရဲ့ မျက်လုံးတွေက အခေါင်းနောက်ဘက်ကို လှည့်သွားကြတာပေါ့... စက္ကန့်အတော်ကြာတော့ ခေါင်းတလားနောက်ဘက်ကနေ ဘာသံမှ မကြားရဘူး။ ဒါကြောင့် ငါတို့အားလုံး ထပြီး အခေါင်းနောက်ကို သွားကြည့်လိုက်ကြတယ်။ အဆော့သန်တဲ့ ကလေးက ညနက်တဲ့အထိမအိပ်ပဲနဲ့ လျောက်ကစားနေတယ်ထင်ပြီးတော့ပေါ့။"

“ငါတို့ တလှမ်းချင်း ဖြည်းဖြည်းချင်း လျှောက်ခဲ့လိုက်ကြတယ်၊ ဒါပေမယ့် နောက်ဆုံး သေဆုံးသူရဲ့ ဓာတ်ပုံနားကို ရောက်​တော့

ခေါင်းတလားဘေးမှာ လက်တစ်ဖက်ကို တွေ့လိုက်ရတယ်။

ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ လက်ဖြစ်မယ်ထင်တယ်။

အဲ့လက်ကို မြင်လိုက်ရတဲ့အခါမှာ ငါ့နှလုံးက ဆက်တိုက်ခုန်လာခဲ့တယ်။

မူလကတည်း အားဒီက ရုတ်တရက်ကြီး ဇာတ်ခနဲ သေသွားကတည်းက ဒီကိစ္စက အလွန်ကြောက်စရာကောင်းနေခဲ့တာ။

ရုတ်​တရက်​ ​ခေါင်းတလား​ဘေးမှာ လက်​တစ်​​ချောင်းကို ​တွေ့လိုက်ရတော့

ဘယ်သူက မကြောက်ဘဲ နေမလား”

“ အားလင်က သတ္တိကောင်းတဲ့ သူတစ်ယောက်။ အဲ့အချိန်မှာ သူ့ပါးစပ်ကနေ ကျိန်ဆဲနေခဲ့တယ်။ သူက ကြိမ်းမောင်းနေတယ်လို့သာ ပြောတာပါ တကယ်တော့ အဲဒီအချိန်တုန်းက အားလင် ရဲ့ အသံက တုန်နေခဲ့တယ်။ သူက “ဘယ်သူက မအိပ်ပဲနဲ့ ရယ်နေတာလဲ၊ မင်းဒီမှာ ဘာလုပ်နေတာလဲ၊ မြန်မြန်ထွက်သွားစမ်း။”

“ဟီးဟီး...ဟီးဟီး...အခေါင်းနောက်မှာ ပုန်းပြီး ရယ်​နေခဲ့တယ်၊ ပြီးတော့...သူက ဖြေးဖြေးချင်း......သူ့ခေါင်းက ဖြည်းညှင်းစွာပဲ ထွက်လာခဲ့တယ်။ ပထမ မျက်လုံးတစ်ဖက်၊ ပြီးတော့ နှာတံတစ်ဝက်၊ ပါးစပ်က အနည်းငယ်သာ ထွက်လာခဲ့တယ်၊ မျက်နှာက တော်တော်ကို ဖြူနေခဲ့တယ်။ မင်းတို့ အဲ့မျက်နှာတစ်ခြမ်းကို တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး။

“ပိန်ချောင်နေတဲ့ မျက်တွင်း၊ အပြုံးတွေ အပြည့်နဲ့၊ ပါးစပ်ထောင့်ကလည်း သွေးတွေစွန်းထင်းနေသလို နီရဲနေခဲ့တယ်။ မလှုပ်မရှားနဲ့၊ အားဒီ ရဲ့ ခေါင်းတလားနောက်မှာ ရှိနေပြီး ငါတို့ကို မျက်လုံးတစ်ဖက်နဲ့ ပြုံးပြနေခဲ့တယ် “

“ငါတို့အားလုံးက အသက်ကြီးတဲ့ လူတွေလေ တချို့ဆို ကြောက်လွန်းလို့ အမေတောင် တကြရတယ်။

စဉ်းစားကြည့်ပါ၊ ငါတို့အားလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ ပဋေဟိဆန်ဆန် သေသွားတဲ့ လူတစ်ယောက်ရဲ့ အသုဘမှာ သတိရှိရှိနဲ့ နေနေတဲ့အချိန်မှာ

ဒီလိုမျိုး တစ်ခုခုက ရုတ်တရက်ပေါ်လာတဲ့အခါမှာ ငါတို့က ဘယ်လိုလုပ် မကြောက်ဘဲနေမှာလဲ။ အားလင်က အဲ့ဒီအချိန်မှာ ပြေးသွားခဲ့လိုက်တယ်။

တစ်ယောက်ယောက်ရဲ့ ကလေးက ဒီနေရာမှာ လာကစားနေတယ်အထင်နဲ့ပေါ့ ဒါပေမယ့် အားလင် ခေါင်းတလားနောက်ကို ရောက်သွားတဲ့အခါမှာ သူက မရှိတော့ဘူး။

“လုံးဝကို ဘာအရိပ်အယောင်မှ မရှိခဲ့ဘူး။ ငါတို့ အားလုံး စောင့်ကြည့်နေရင်းနဲ့ သူက နားမလည်နိုင်အောင်ပဲ ပျောက်ကွယ်သွားခဲ့တယ်!”

ထိုဦး​လေးကြီးက သူစကားပြောနင်းရဲ့ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒါပေမယ့် သူ့မျက်လုံးထဲက ကြောက်ရွံ့မှုကတော့ လုံးဝမပျောက်ကွယ်သွားခဲ့ပါဘူး။

ဒါကိုမြင်တော့ ကျန်းရီက “နောက်​ဘာဆက်ဖြစ်ခဲ့လဲ” လို့ မေးလိုက်သည်။

“​နောက်​...​နောက်​တော့ အားဒီ …”

All Chapters