← Chapters

သရဲသစ္ဆေတွေက နယ်ကျော်လို့ မရဘူး

Vol. 8 Ch. 103

သရဲသစ္ဆေတွေက နယ်ကျော်လို့ မရဘူး

Vol. 8 Ch. 103

ဖုန်းခေါ်ဆိုသူက ကျန်းရီ၏ ကြည့်ရှုသူများထဲမှ တစ်ဦးဖြစ်သည်။ ဤကြည့်ရှုသူက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့တဲ့ အချိန်တုန်းက ကျန်းရီဟာ နေလရေကန် အဖြစ်အပျက်တုန်းကဆိုတာ မှတ်မိပါသေးတယ်။

အဲ့ဒီအဖြစ်အပျက်တုန်းက ဤကြည့်ရှုသူက လျှို့ဝှက်သော ရာဇသံ များစွာကို ပေးပို့ခဲ့သေးသည်။ ဟုတ်တာပေါ့၊ သူက ကျိုးခိုင်တို့ ငါးလိုရေသောက် နဲ့ ဒန်နီယယ်ပိုင်ရှင် တို့ လောက်တော့ မများပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာတော့ Active ဖြစ်တဲ့ သူတစ်ယောက်အဖြစ် သတ်မှတ်ခံရဆဲပါ။

ဒါပေမယ့် ကျန်းရီ က သူက ဘယ်ကလဲတယ်ဆိုတာကို မမှတ်မိတာကြောင့် သူ့ရဲ့ တုန်လှုပ်ခြောက်ခြားတဲ့အသံကိုကြားလိုက်တဲ့အခါ ကျန်းရီက "ခေါင်းတစ်ခြမ်းကိုတွေ့ခဲ့တာလား? မင်း အခုဘယ်မှာလဲ၊ ဘယ်လိုတွေ့ခဲ့တာလဲ “

"ကျနော်က ဟွောင်ကျောင်း က ဟိုတယ်တစ်ခုမှာပါ

ဒီဟိုတယ်ရဲ့ အခန်းပုံစံက ရေချိုးခန်းက အခန်းတံခါးနှင့်နီးတယ်။

အဲဒီအချိန်တုန်းက ထိန်းမရခဲ့တော့ သန့်စင်ခန်းထဲ ဝင်သွားလိုက်တယ်။

အိမ်သာထဲမှာထိုင်ပြီး စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု စတင်တာကို စောင့်နေခဲ့တာ။

ဒါပေမယ့် အစ်မချန်း ဖုန်းခေါ်လိုက်တဲ့ အချိန်မှာ တံခါးက နည်းနည်းပွင့်သွားသလို ခံစားလိုက်ရတယ်“

“သေချာသွားကြည့်လိုက်တော့ ပိတ်ထားတဲ့ တံခါးက ပွင့်သွားခဲ့ပြီးတော့ တံခါးဖွင့်တဲ့ သော့ဖွင့်သံလည်း မကြားရဘူး။

ဟိုတယ်တံခါးကို တစ်ယောက်ယောက်က ဖွင့်လိုက်တာနှင့် သော့ဖွင့်သံက ထွက်ပေါ်လာတက်တယ်လေ။

ဒါပေမယ့် တံခါးကို ငါပိတ်ထားတယ် ဆိုတာ သေချာပါတယ်၊ သူရဲကောင်းဟိုတယ် အဖြစ်အပျက်ကို စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်ပြီးကတည်းက ဟိုတယ်တွေဘာတွေ တည်းတဲ့အခါ အရမ်းသတိထားလေ့ ရှိခဲ့တယ်။

အချိန်တိုင်းပဲ တံခါးကို သေသေချာချာ ပိတ်ထားလေ့ရှိတယ်။ ဒါကြောင့် တံခါးပွင့်တဲ့အခါ အသံတော့ ကြားရမယ်လေ “

“ဒါပေမယ့် အဲဒီတုန်းက ဘာအသံမှ မကြားလိုက်ရဘူး၊ ဒါကြောင့် မြန်မြန်ထပြီး တံခါးကိုပိတ်လိုက်တယ်၊ ဒါပေမယ့် တွေးနေရင်းနဲ့ ရုတ်တရက် လက်တစ်ဖက်ကို မြင်လိုက်ရတယ်။ တံခါးအစွန်း၊ ပြီးတော့ ...... ပြီးတော့ သူ့မျက်နှာတစ်ဝက်ကို ​​မြင်လိုက်ရတယ်။”

“အိုးမိုင်ဂေါ့ စတွင်မာရေ အဲ့တုန်းက ငါဘယ်လောက်တောင် ကြောက်သွားလဲ ဆိုတာမင်းသိလား? မမြင်ဖူးတဲ့လူက အဲဒီအပြုံးက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး။ ငါမင်းကို ဥပမာ ပြောပြမယ်…မင်းက စိတ်အေးလက်အေးနဲ့ တစ်ခုခုကို စိတ်ပါဝင်စားမှု အပြည့်နဲ့ လုပ်နေတာ။”

“ဒါပေမယ့် မင်း အာရုံစူးစိုက်မှု အရှိဆုံး အချိန်မှာ သူ့မျက်နှာ တစ်ဝက်လောက်သာ ပြပြီး မင်းကို မျက်လုံး တစ်ဖက်နဲ့ ကြည့်လိုက်တဲ့ လူတစ်ယောက် ရှိတယ်။ သူက မင်းကို ကြည့်လိုက်တဲ့အချိန် သူက မင်းကို ပြုံးပြလိုက်တယ်။ ဒါပေမယ့် မင်း သတိထားမိတဲ့ အချိန်မှာ သူက မပြုံးတော့ဘူး!”

ဖုန်းတစ်ဖက်မှ ပရိတ်သတ်ပြောတာကို နားထောက်ရင်း ကျန်းရီ ၏မျက်ခုံးများ တွန့်ကွေးသွားခဲ့တယ်။

ချန်ရှင်း နေထိုင်သောမြို့သည် ဟွောင်ကျောင်းကနေ ကီလိုမီတာ ရာနှင့်ချီဝေးသည်။

တစ္ဆေတွေက နယ်ကျော်လို့ မရသည်ကို သူသိပြီးသားဖြစ်သည်။

ဘာကြောင့်လဲ? တစ်ခုက လင်ဘေး မှာဖြစ်ပြီး နောက်တစ်ခုက ဟွောင်ကျောင်း မှာ ဘာကြောင့်ဖြစ်နေရတာလဲ။

“ဟေး..စတွင်မာရေ ငါ့ပြောတာကို နားထောင်နေလား။ ငါအခု ဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်ဧည့်ခန်းမှာ ရှိ​နေတယ်။ ငါအခန်းထဲကို မပြန်ရဲဘူး အဲ့ဒီ ခေါင်းတခြမ်းက အမြဲလိုလို နေရာတိုင်းမှာ ရှိနေတယ်လို့ ခံစားရတယ် သူက ငါ့ဆီကို လာလိမ့်မယ်လို့ရောပဲ။”

ဖုန်း၏အခြားတစ်ဖက်မှ ပရိသတ်က ကျန်းရီ အား ပြောလိုက်သည်။ ကျန်းရီ က ခေါင်းညိတ်လိုက်ပြီး “နားထောင်နေပါတယ်။ အစ်မချန်း မင်းတွေ့ခဲ့ရတဲ့ ခေါင်းတစ်ခြမ်းက ဘယ်လိုပုံစံလဲဆိုတာ ပြောပြပေးနိုင်မလား။”

“မျက်လုံးတွေက နည်းနည်းသေးတယ်၊ အသားအရေက အရမ်းဖြူပြီး သွားတွေကို သိပ်မဖော်ခဲ့ပေမယ့် အရမ်းချွန်တယ်။

ဦးခေါင်းက ထောင့်တစ်ထောင့်ကနေ ပေါ်လာပြီးတော့ ကျွန်မတွေ့ခဲ့တာက ကလေးငယ်လေးတစ်ယောက်ဆိုတာ သေချာပါတယ်။

သူင နေရာတိုင်းရှိနေတယ်၊ ဒါပေမယ့် သူ့မျက်နှာက အရမ်းကို ဖောင်းနေတယ်။ ရေထဲမှာ အကြာကြီး စိမ်ထားသလိုမျိုးပဲ”

ချန်ရှင်း ပြောပြီးတဲ့အခါမှာ ကျန်းရီက ပရိသတ်ဘက်ကို “ဒါဆို မင်းကရော ဘာမြင်လိုက်ရလဲ?”

“မတူဘူး။ ငါတွေ့လိုက်တာက လည်ချောင်းသေးသေးလေးပဲရှိတယ့် ကောင်မလေး ။ ဒါပေမယ့် သူ့မျက်နှာက အရမ်းဖူးရောင်နေတယ်၊ ​​ဟုတ်တယ်... အကြာကြီး ရေစိမ်ထားတဲ့ပုံစံနဲ့ အတူတူပဲ။ အဲဒီ ရောင်ရမ်းနေတဲ့ မျက်နှာနဲ့ သူမပြုံးလိုက်တဲ့ပုံစံကို ငါ့မျက်လုံးထဲမှာ မြင်နေရတုန်းပဲ!”

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ တစ်ဦးက လင်ဘေးမှာ ကျန်တစ်ဦးက ဟွောင်ကျောင်းမှာ ပြီးတော့ ကီလိုမီတာက ရာနှင့်ချီ ကွာဝေးသေးတယ်။

ဒီအဖြစ်အပျက်နှစ်ခုက တစ်ခုပြီးတစ်ခု ဘယ်လို ဖြစ်လာရတာလဲ။

“အစ်မချန်းမှာ မွေးကင်းစကလေးရှိတယ်။ ချင်ဖန်း မင်းမှာရော ကလေးရှိလား။”

ချင်ဖန်း သည် ယခုခေါ်ဆိုခဲ့သော ပရိသတ်ရဲ့ နာမည် ဖြစ်သည်။

ကျန်းရီ ဒီမေးခွန်းကိုမေးပြီးနောက် သူက ချက်ချင်းပဲ “ဟုတ်တယ်၊ ငါ့မိန်းမက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ သမီးလေး မွေးခဲ့တာ”

ကျွန်တော် အခုထိ မအိပ်ရသေးဘူး ဒါကြောင့် တစ်ညလောက် အနားယူဖို့ ဒီဟိုတယ်ကို လာခဲ့တာ။

မမျှော်လင့်ထားဘူး၊ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး......

ခဏနေအုံး…....

စတွင်မာရေ….ကလေး..!”

ချင်ဖန်းက တစ်ခုခုကို သတိထားမိပုံရပြီး ထိတ်လန့်သွားခဲ့သည်။

“မင်းဘာကို စောင့်နေတာလဲ။ အစ်မချန်း ဘာ့လို့ သေရတာလဲဆိုတာ မင်းမသိဘူးလား၊ ဆေးရုံကို မြန်မြန်သွား”

ကျန်းရီက ကျယ်လောင်စွာ အော်လိုက်သည်။ အခြားတစ်ဖက်ရှိ ချင်ဖန်းသည် ဖုန်းအား မချလိုက်သောကြောင့် သူပြေးနေသည့် အသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဆေးရုံကို ရောက်ဖို့ အချိန် သိပ်မကြာလိုက်ပါဘူး သူ့မိန်းမရှိတဲ့ အခန်းထဲကို တိုက်ရိုက်ဝင်သွားလိုက်တယ်။

ဇနီးဖြစ်သူကို စောင့်ရှောက်ဖို့အတွက် ရောက်နေသည့် သူ၏မိခင်သည် ဆေးရုံကုတင်ဘေးတွင် အိပ်နေခဲ့ပြီး ဇနီးသည်က ကလေးနဲ့အတူ ကုတင်​ပေါ်တွင် အိပ်နေခဲ့သည်။

ကလေးသည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျ​နေကာ ပါးစပ်ကို နှစ်ကြိမ်ပင် သပ်လိုက်သည်။

တံခါးကို တွန်းဖွင့်လိုက်တဲ့အသံကြောင့် သူ့အမေနဲ့ ဇနီး လန့်နိုးသွားခဲ့တယ်။ ထိတ်လန့်တကြားနဲ့ “မင်းဘာလုပ်နေတာလဲ၊ ဟိုတယ်မှာသွားအိပ်ဖို့ ပြောထားတာ မဟုတ်ဘူးလား” လို့မေးလိုက်တယ်။

ချင်ဖန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး "မင်း...အဆင်ပြေလား" လို့မေးလိုက်တယ်။

"ငါတို့မှာ ဘာဖြစ်ရမှာလဲ "

သူ့မိန်းမရဲ့ ဆူပူကြိမ်းမောင်းမှုကြောင့် ချင်ဖန်း ရှက်ပြုံးပြုံးနဲ့ အပြင်ထွက်သွားလိုက်သည်။ ဒါပေမယ့် သူထွက်လာပြီးတာနဲ့ ကျန်းရီ ကို ကမန်းကတန်းပြောလိုက်တယ် "စတွင်မာ ငါ့မိန်းမနဲ့ ကလေး အဆင်ပြေပါတယ်။ ငါခုနက သေအောင်ကြောက်သွားခဲ့တယ်!”

" အာ့ဆို ကောင်းတာပဲလေ"

ကျန်းရီက ပြန်ပြောလိုက်ပေမယ့် မျက်မှောင်ကတော့ ကြုတ်နေဆဲဖြစ်သည်။

သူ့ပရိသတ်ရဲ့ မိသားစုဝင်တွေကို တစ်ခုခု ဖြစ်စေချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ချန်ရှင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး​ ချင်ဖန်း ရဲ့ မိသားစုဝင်တွေလည်း ဒီအချိန်မှာ တစ်ခုခုတော့ ကြုံနေသင့်ပါတယ်။

ဘာတွေ မှား​နေခဲ့တာလဲ။

အချိန်အတော်ကြာစဉ်းစားပြီးနောက် ကျန်းရီက ရုတ်တရက် သူရဲကောင်းဟိုတယ် အဖြစ်အပျက်ကို သတိရမိသွားခဲ့တယ်။

"ချင်ဖန်း မင်းအခန်းထဲကထွက်​​ပြေးသွားတဲ့ အချိန်​​သေချာစဉ်းစားကြည့်​၊ မင်း​ရောက်​​နေတဲ့ဟိုတယ်​အခန်းရဲ့ ၆ထပ်မှာ အခန်းမှာ လူနေတာတွေ ဘာတွေရှိလား"

ဤမေးခွန်းကို မေးလိုက်သည်နှင့် တပြိုင်နက် ချင်ဖန်း အံ့အားသင့်သွားသည်။

"ဒါ...ငါဘယ်လိုလုပ် သတိထားမိမှာလဲ"

“ဒါဆို မင်း အခု ဟိုတယ်ကို ပြန်သွားပြီး မင်းနေနေတဲ့ အထပ်ကို ပြန်သွားကြည့်လိုက်ပါလား”

“ငါနားလည်ပြီ ၊ မင်းက အဲ့ဒီ အခန်းမှာ ကလေးမွေးပြီးခါစ မိန်းမတစ်ယောက် ရှိနေမယ်လို့ ဆိုလိုချင်တာလား “

“ငါ သေသေချာချာ မသိမချင်းတော့ ငါ ဘာမှမပြောချင်ဘူး။ မင်း အခု ဟိုတယ်ကို ပြန်ဖို့ အရမ်းနောက်ကျနေပြီမလား!”

ကျန်းရီက ချင်ဖန်းကို မတိုက်တွန်းလိုက်ပေ၊ ချင်ဖန်းက မီးဖွင့်လိုက်ပြီး ဆေးဝန်ထမ်းတွေကို ခေါ်ကာ သူ့မိန်းမနဲ့အမေနားကို ရှိစေခဲ့လိုက်တယ်။

အားလုံးကို စီစဉ်ပြီးနောက် ချင်ဖန်သည် ဟိုတယ်ဆီသို့ အမြန်ပြန်သွားခဲ့သည်။

အခန်းပေါင်း ၂၀ ကျော်ရှိသည့် ခြောက်ထပ်တွင် သူနေခဲ့တာြဖစ်သည်။ စင်္ကြံလမ်းကို ကော်ဇောများဖြင့် ခင်းထားပြီးတော့ ကျန်းရီ၏ တောင်းဆိုချက်အရ သူသည် တစ်ခန်းပြီး တစ်ခန်းကို စတင်ကြည့်ရှုခဲ့လိုက်သည်။

၆၀၁, ၆၀၂, ၆၀၃……

၆၁၅,၆၁၆,….၆၁၉…

၆၂၆..!

အဆုံးတွင် အခန်း ၆၂၆ရဲ့ တံခါးဆီသို့ လျှောက်လာသောအခါ ချင်ဖန်း၏ မျက်လုံးများသည် တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။

“ပွင့်​​နေတယ်၊ ၆၂၆ရဲ့ တံခါးက ပွင့်နေတယ်” ဟု ပြောလိုက်တဲ့အခါမှာ သူရဲ့လေသံသည်တုန်ခါနေသည်။

“မြန်မြန်ဝင်လိုက်တော့!”

All Chapters