← Chapters

ကလေးသရဲနှင့် ဒုတိယအကြိမ် ဆုံမိခြင်း

Vol. 8 Ch. 104

ကလေးသရဲနှင့် ဒုတိယအကြိမ် ဆုံမိခြင်း

Vol. 8 Ch. 104

အခန်း ၆၂၆ ရဲ့ တံခါးက ဟနေခဲ့သည်။

တံခါးဝမှာ ရပ်ပြီး လက်တစ်ဖဝါးစာလောက် ပွင့်နေသည်ကို မြင်လိုက်ရတဲ့အခါ လက်တစ်ဖက်က ထွက်လာမယ်လို့ အမြဲလိုလိုပဲ ထင်ယောင်ထင်မှား ခံစားနေရပြီးတော့ ရောင်နေတဲ့ ကလေးရဲ့ မျက်နှာကလည်း တိတ်တဆိတ်ပဲ စိတ်ထဲ ပေါ်လာခဲ့သည်။

"ဟေး ချင်ဖန်း မင်း ငါ့စကားကို နားထောင်နေလား။"

"ငါ...ဒီမှာပါ။"

"ဝင်သွားလိုက်​တော့၊ မနှောင့်နှေးနဲ့ဟ!"

ကျန်းရီ က ထပ်ပြီး တိုက်တွန်းလိုက်ပြီး ချင်ဖန်း က အံကြိတ်လိုက်ကာ တံခါးကို တည့်တည့် တွန်းလိုက်သည် ။

"ဟူး..........."

တံခါးသို့ ဝင်လိုက်သည်နှင့် မောပန်းနွမ်းနယ်နေသည့် အသံကို ကြားလိုက်ရသည်။

ချင်ဖန်းက မီးကိုဖွင့်လိုက်သည်။ ကုတင်ပေါ်တွင် အမျိုးသမီးတစ်ဦး ထိုင်နေခဲ့သည်။ လောလောဆယ်တွင် သူမ၏မျက်နှာသည် မျက်ရည်များဖြင့် ပြည့်နက်နေပြီး ချန်ရှင်း ကဲ့သို့ပင် သူမ၏လည်ပင်းကို သူ့လက်များဖြင့် ညှစ်ထားသည်။

သူက လမ်းလျှောက်လာရင်း အမျိုးသမီးရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။ ဒါပေမယ့် အမျိုးသမီးက သူ့ကို ဆန့်ကျင်ပြောဆိုနေတုန်းပါပဲ။

သူ့မျက်လုံးများက အကူအညီပေးဖို့ အချက်ပြ ပြောနေခဲ့သော်လည်း သူ့လက်များကမူ ထိန်းမရဖြစ်နေသည်။

"ချင်ဖန်း၊ အခုဘာတွေဖြစ်နေတာလဲ"

"အစ်မချန်း လိုပဲ သူ့ကိုယ်သူ လည်ပင်းညှစ်နေတာ!"

"သူမကို ဘေးကင်းနေပြီဆိုတဲ့ကြောင်း ပြောလိုက်၊ အဲ့တစ္ဆေကလေးကိုလည်း မောင်းထုတ်လိုက်ပြီလို့"

ကျန်းရီ၏ ညွှန်ကြားချက်တွေအတိုင်း အမျိုးသမီးကို ချင်ဖန်း က ကျယ်လောင်စွာ အော်လိုက်သည်။ အမျိုးသမီး၏ ခံနိုင်ရည်က အားနည်းသထက် အားနည်းလာခဲ့သည်။ ထိုအချိန် သူမဘေးနားရှိ ခင်ပွန်းသည် ရုတ်တရက် လန့်နိုးလာကာ ကလေးသည်လည်း ထိတ်လန့်သွားကာ ကျယ်လောင်စွာ အော်ငိုနေခဲ့သည်။

"မင်းက ဘယ်သူလဲ၊ မင်း ဘာလုပ်နေတာလဲ!"

ခင်ပွန်းဖြစ်သူ၏ ပြောဆိုနေမှုသည် ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး ကျန်းရီ က ဗီဒီယိုခေါ်ဆိုမှုကို အမြန်ပို့ခဲ့သည်။

ချင်ဖန်း က လက်ခံလိုက်ပြီးနောက်တွင် တစ်ဖက်လူရဲ့ခင်ပွန်းက အမြန်ပြေးပြီး သူ့ကို ရိုက်တော့မည်ဖြစ်သည်။ ကျန်းရီ က ချက်ချင်းပဲ “ညီအကို ပထမဆုံး စိတ်အေးအေးထားပါ၊ မင်းမိန်းမက ဒီကိစ္စတွေကို ပြောပြတာ ပိုသင့်တော်လိမ့်မယ်!”

“အစ်မ​ရေ အခုလေးတင် တံခါးပွင့်သွားတာကို တွေ့လိုက်လား? ပြီးတော့ တံခါးအပြင်ဘက်ကနေ ခေါင်းတစ်ခြမ်း ထွက်လာတယ်။ အဲဒီခေါင်းမှာက ဆံညှပ်နဲ့ မိန်းကလေး၊ အရမ်းသေးတယ်၊ သူ့မျက်နှာက ရေဖျဥ်းတွေနဲ့ ပြည့်နေတယ်။”

“ဟုတ်တယ်၊ ငါသူမကိုတွေ့လိုက်တယ်၊ ငါသူမကိုတွေ့တာကြာပြီ။ ငါ တစ်နာရီကျော် ကြာအောင်အော်ဟစ်ပြီး အကူအညီတောင်းပေမယ့် ဘယ်သူမှ ငါအော်တာကိုမကြားရဘူး! ငါ့လက်တွေက ဖြည်းဖြည်းချင်း မထိန်းနိုင်​တော့ဘဲ ကလေးကို ညှစ်ချင်လာခဲ့တယ်...။ သူမက….ငါ့ကလေးကို ငါ့လက်နဲ့ လည်ပင်းညှစ်သတ်ချင်နေတာ၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...ဘယ်လိုမှ မဖြစ်နိုင်ဘူး!”

ထိုအမျိုးသမီး၏ခင်ပွန်းသည် ထိုစကားတွေကိုကြားလိုက်ရသောအခါ လုံးလုံးအံ့ဩသွား၏။ သူ့မိန်းမဆီကို အကာအကွယ်ပေးဖို့ ပြေးလာခဲ့ပြီး “တောင်းပန်ပါတယ် မိန်းမရယ်။ ဒီကာလမှာ အလုပ်တွေရှုပ်နေခဲ့ပြီး မင်းရဲ့ခံစားချက်တွေကို လျစ်လျူရှုခဲ့တာ ငါ့အမှားပါ၊ အဲဒီကောင်မလေးအကြောင်း တွေးတာ ရပ်လိုက်ပါတော့ ဟုတ်ပြီလား”

“ထွက်သွား၊ ငါနင့်ကိုအရင်ကတည်းက လိမ်နေခဲ့တာ မဟုတ်ဘူး။ တကယ်... ငါတို့မိသားစုမှာ အဲ့ ကလေးမလေး ရှိနေခဲ့တာ။ သူက သရဲတစ္ဆေတစ်ကောင်ပဲ။ အမေသာ ရုတ်တရက်ရောက် မလာဘူးဆိုရင် အဲဒီနေ့အိမ်မှာပဲ ငါသေလိမ့်မယ်။ အိမ်မှာ ငါသေရလိမ့်မယ်!”

စိတ်ပျက်အားငယ်နေသည့် အမျိုးသမီး၏စကားများတွင် ကျန်းရီသည် အရေးကြီးသော သတင်းစကားတစ်ခုကို ဖမ်းယူနိုင်ခဲ့သည်။

ဒီအမျိုးသမီးဟာ တစ္ဆေကလေး နှစ်ကြိမ်တွေ့ဖူးခဲ့တဲ့ ပထမဆုံးလူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

“ညီအကို၊ မင်းမိန်းမက မင်းကို လိမ်နေတာမဟုတ်ဘူး၊ အဲ့ဒါကြောင့် ငါ့သူငယ်ချင်းက မင်းအခန်းထဲကို အမြန်ပြေးသွားခဲ့တာပဲ။ သူက အခန်း ၆၁၂ မှာ တည်းနေခဲ့တာ အဲ့အချိန်မှာ မျက်နှာကဖူးရောင်နေပြီးတော့ ခေါင်းတစ်ခြမ်းသာ ပေါ်နေတဲ့ သရဲကို တွေ့လိုက်ရတယ်။ ဒီကနေ ကီလိုမီတာ ရာနှင့်ချီဝေးတဲ့ လင်ဘေး မှာလည်း တစ်စုံတစ်ယောက်က အဲ့သရဲကြောင့်ပဲ သေဆုံးသွားခဲ့တယ်!”

ကျန်းရီပြောလို့အပြီးမှာ အမျိုးသမီး၏ခင်ပွန်းက ချက်ချင်းပင် မျက်လုံးပြူးသွားခဲ့သည်။

“ဘယ်လိုဖြစ်ရတာလဲ ငါထင်ခဲ့တာက သူမက မီးဖွားပြီးတဲ့နောက်မှာ စိတ်ကျရောဂါ ခံစားနေရတယ်လို့ပဲ အမြဲထင်ခဲ့တာ!”

ကျန်းရီက သူ့ကို ပြန်မဖြေလိုက်ဘဲ အမျိုးသမီးကို မေးလိုက်တယ် “ မင်းက အဲ့ကောင်မလေးကို အိမ်မှာ ပထမဆုံး အကြိမ်တွေ့လိုက်ရတာပေါ့ ဟုတ်လား? “

“ဟုတ်ပါတယ်၊ လွန်ခဲ့တဲ့ ငါးရက်က တစ်ညမှာပါ။

ညသန်းခေါင်မှာ ကလေးကို နို့တိုက်နေခဲ့တယ်၊ ဒါပေမယ့် ကလေးကို တိုက်ကျွေးပြီး သိပ်မကြာခင်မှာပဲ ပြန် အန်ထွက်လာခဲ့တယ်။

ကလေးကို ယောကျာ်းကို ချီခိုင်းထားခဲ့ပြီး ရေချိုးခန်းထဲမှာ သန့်ရှင်းရေး လုပ်နေခဲ့တယ်။

အဲဒီအချိန် ရေချိုးနေတုန်းမှာပဲ ရေချိုးခန်းတံခါးက ရုတ်တရက်ပွင့်သွားခဲ့တယ်။”

“ရေချိုးခန်းတံခါးပွင့်သွားတာနဲ့ပဲ အသံတစ်ခုကြားလိုက်ရတယ်။ ဒါပေမယ့် ရေချိုးနေတာကြောင့်ပဲ ဂရုတစိုက် နားမထောင်ခဲ့ဘူး။ ဒါပေမယ့် ရုတ်တရက် ပခုံးပေါ်ကနေ အေးခနဲ ခံစားလိုက်ရလို့ ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်တယ်။”

“အဲ့နောက်... ငါ့ပခုံးပေါ်မှာ လက်တစ်စုံကို ငါတွေ့လိုက်ရတယ်၊ သူ့ခေါင်းတစ်ဝက်က ငါ့ပုခုံးမှာပဲ ရှိနေပြီး၊ သူ့မျက်လုံးနဲ့ ငါ့ရဲ့မျက်လုံးတွေက အကြည့်ချင်း ဆုံနေခဲ့တယ်!”

“အဲဒီမျက်လုံးက ကျွန်မကို စိုက်ကြည့်နေပြီး ပြုံးနေခဲ့တယ်၊ ​​သူ့ပါးစပ်က ပွင့်နေခဲ့ပြီး သွားတွေက လွှသွားတွေလို ထက်မြက်နေခဲ့တယ်။

သူ့ခေါင်းတစ်ဝက်လောက်က ကျွန်မပခုံးမှာ မြုပ်နေပုံရတယ်။

သူ့လက်တွေက ကျွန်မပခုံးပေါ်မှာ ရှိနေပြီး ဖြည်းဖြည်းချင်း ဘယ်ကနေ ညာထိ ပွတ်သပ်နေခဲ့တယ်။

အဲဒီတုန်းက ကျွန်မ အရမ်းကြောက်နေပြီး သူ့ကို ခါချပစ်ခဲ့တယ်။ ဒါပေမယ့်လည်း လွှင့်ပစ်ချလိုက်တဲ့အခါ သူမက ကျွန်မပခုံးပေါ်မှာပဲ အမြဲရှိနေတာကို တွေ့လိုက်ရတယ်။ “

“နောက်တော့ အဝတ်အစားလဲဖို့တောင် အချိန်မရဘဲ အပြင်ကို ပြေးထွက်ခဲ့တယ်၊ အခန်းထဲဝင်လိုက်က ငိုပြီးတော့ ပခုံးပေါ်မှာ သရဲတစ်ကောင်ရှိနေတယ်လို့ ခင်ပွန်းဖြစ်သူကို ပြောပြခဲ့တယ်။ဒါပေမယ့် ခင်ပွန်းသည်က ဘာမှ မမြင်ရတဲ့အတွက် “ကျွန်မက အိပ်မက်ဆိုးတွေ မက်နေတာလား သရဲက ဘယ်ကနေ ရောက်လာရမှာလဲ?”

“ကျွန်မယောက်ျားရဲ့စကားကိုကြားတော့ အဲ့ကောင်မလေးက အကြိမ်အနည်းငယ် ရယ်​နေခဲ့တယ်။ သူ့အပြုံးက အရမ်းကို အေးစက်နေခဲ့တယ်။ ကျွန်မ စိတ်ရှုပ်ထွေးနေတဲ့ အချိန်မှာပဲ ယောက္ခမက ရောက်လာခဲ့တယ်”

ထိုအမျိုးသမီး၏ စကားကိုကြားတော့ ကျန်းရီ က “မင်း ယောက္ခမလား? မင်းရဲ့ပုခုံးပေါ်က ကောင်မလေးကို သူက မြင်ရတယ်လား”

“ဟုတ်တယ်၊ သူမြင်ရတယ်၊ ဒါပေမယ့် အဲဒီတုန်းက ဘာစကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ပြေးလာပြီးတော့ ကောင်မလေးကို ပခုံးပေါ်ကနေ တတ်နိုင်သမျှအားနဲ့ ဆွဲထုတ်လိုက်တယ်။

ဒါပေမယ့် ကောင်မလေးက ခွာလို့မရတဲ့ ​ကော်နဲ့တူနေတယ်။ နောက်ဆုံးတော့ ယောက္ခမကြီးက သူ့ပါးစပ်ကိုဟပြီး ကောင်မလေးရဲ့ခေါင်းကို ကိုက်လိုက်ပြီး ကောင်မလေးကို ဆွဲထုတ်လိုက်တယ် “

“ဒါဆို မင်းယောက္ခမ ဆုံးသွားတာကြာပြီပေါ့ ဟုတ်တယ်မလား?”

“ကျွန်မ ကလေးရဲ့ ကိုယ်ဝန် ခြောက်လလောက်ရှိတော့ ယောက္ခမက ဖျားနာပြီး ဆုံးသွားခဲ့တယ်။

သူမ တစ်သက်တာလုံးမှာ သူမက ကျွန်မကို အမေအရင်းထက်တောင် ပိုချစ်ပေးခဲ့တယ်။

သူမထွက်သွားတော့ သူမက ကျွန်မလက်ကို ဆုပ်ကိုင်ထားပြီး သူမရဲ့ အဖိုးတန်မြေးလေး မွေးလာတာကို မတွေ့လိုက်ရတဲ့အတွက် စိတ်မကောင်းဘူးလို့ ပြောခဲ့တယ်။

သူမ ထွက်သွားပြီးတဲ့နောက်မှာ သူမကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အိမ်မှာ ကျွန်မတို့နဲ့ ရှိနေမယ်လို့ မထင်ခဲ့မိဘူး”

“အဲဒီညက သူမ ထွက်သွားတဲ့အချိန်မှာ ကောင်မလေးကို နာကျင်စွာ ကိုက်နေရင်းနဲ့ ထွက်သွားခဲ့တာကို တွေ့လိုက်ရတယ်။ သူမထွက်သွားတော့ သူမက ကျွန်မကို ပြန်လှည့်ကြည့်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်မှုများစွာကို တွေ့လိုက်ရတယ်။”

ထိုအမျိုးသမီးက စကားပြောလို့လည်း ပြီးသွားတဲ့အခါမှာ ရှိုက်ကြီးတငင်ငင် ငိုပါတော့သည်။ ခင်ပွန်းသည်က သူမကို ဖတ်ထားရင်းနဲ့ သူ့အမူအရာမှာ တုံ့ဆိုင်းနေခဲ့ပြီး ထိတ်လန့်မှုအပြည့် ရှိနေခဲ့သည်။

ကျန်းရီက အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ကုတင်အောက်ကို ရုတ်တရက်ကြည့်လိုက်သည်။

“ချင်ဖန်း မဟုတ်ဘူး... အစ်မရေ အိပ်ရာကနေထပြီးတော့ မင်းလက်တွေကို ကုတင်အောက်မှာထားလိုက်!”

“အမ်…?”

“ကျွန်တော့် စကားကို နားထောင်လိုက်ပါ။”

ကျန်းရီ၏ လေသံမှာ ပြင်းထန်နေပြီးတော့ နန်ဇီသည် ထိတ်လန့်မှုအပြည့်ဖြင့် အိပ်ရာမှထလိုက်သည်။

“ကုတင်​​အောက်​ကိုမကြည့်လိုက်​နဲ့ လက်​ကိုပဲထည့်​လိုက်​”

“ကောင်းပါပြီ”

အမျိုးသမီးက ကျန်းရီ ပြောတာကို နားထောင်ပြီး လက်ကို အိပ်ယာခင်းတွေ ခြုံထားတဲ့ ကုတင်အောက်ကို ထည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ အမျိုးသမီး၏ လက်ဖဝါးကို လက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည်။

သူမ၏မျက်လုံးများက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားကာ သူမ ဆွဲထုတ်တော့မည့်အချိန်တွင် ကျန်းရီ က “လက်ကိုနောက်မဆုတ်နဲ့ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပါ။ သူမ မင်းကို တစ်ကြိမ် ကယ်ခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ မင်းသူ့ကို ​ပြန်ကယ်ရမယ်!” “

ထိုစကားကိုကြားပြီးနောက်တွင် အမျိုးသမီးသည် ကုတင်အောက်ရှိ လူသည် မည်သူဖြစ်သည်ကို နားလည်သွားပုံရသောကြောင့် သူမသည် ခက်ခက်ခဲခဲဆွဲထုတ်လိုက်သည်။

မကြာခင်မှာပဲ ဆံပင်တွေဖြူနေပြီးတော့ ကိုက်ရာတွေအပြည့်နဲ့ ပုံရိပ်အိုတစ်ခုက ကုတင်အောက်ကနေ ဆွဲထုတ်ခံလိုက်ရသည်။

သူမ၏ ပါးစပ်သည် အားလျှော့စွာနဲ့ပဲ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေခဲ့သည်။ ဒါပေမယ့် သူမက ထိုအမျိုးသမီးကို ဆက်ကြည့်နေခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး ချင်ဖန်း ရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ ကျန်းရီကို ဖုန်းရှိ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ တွေ့လိုက်ရသည်။

နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်တွင် စိတ်အေးသွားရပြီလို့ ဆိုတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သို့သော် အမျိုးသမီးနှင့် သူမ၏ ခင်ပွန်းသည် တုန်လှုပ်ချောက်ချားနေမှုမှ ပြန်လည်သတိဝင်လာခဲ့ပြီး တစ်ချိန်တည်းတွင် “အမေ!”လို့ အော်ခေါ်လိုက်သည်။

All Chapters