သရဲတစ္ဆေလေးတွေ မွေးမြူတဲ့လူ
Vol. 8 Ch. 105
ပုံရိပ်အို၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နေသည်။
ချွန်ထက်သောသွားများက သူမ၏ခန္ဓာကိုယ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကိုက်ထားသကဲ့သို့ပင်။
အဘွားအိုကြီးသည် မြေပြင်ပေါ်တွင် ပျော့ညံ့စွာ လဲလျောင်းနေပြီး သူမ၏ ပါးစပ်ကလည်း ပွင့်လိုက် ပိတ်လိုက်ဖြင့် မောပန်းနေခဲ့သည်။ သူမ၏ ဝိညာဉ်သည်လည်း ပုစဉ်းရင်ကွဲ အတောင်များကဲ့သို့ ပါးလွှာနေခဲ့သည်။
လေတိုက်ရင်တောင် လွှင့်ပါသွားတော့မည့် အတိုင်းပင်။
လင်မယားနှစ်ယောက် အဘွားအိုကြီးရှေ့မှာ ဒူးထောက်နေပြီး ငိုနေခဲ့သည်။ သူတို့ရှေ့မှာ လဲလျောင်းနေတဲ့ အဘွားအိုဟာ သက်ရှိထင်ရှား မရှိတော့ဘူးဆိုတာကို သူတို့ စိတ်ထဲမှာ ကောင်းကောင်း သိနေပေမယ့်လည်း ငိုနေဆဲပါပဲ။
“အမေ အဆင်ပြေရဲ့လား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အမြဲတည်ကြည်လေးနက်နေသော ကျန်းရီက ရုတ်တရက် ရယ်မောလိုက်သည်။
အဘွားအို၏ ခန္ဓာကိုယ်ပေါ်ရှိ အနာများသည် သိသာထင်ရှားစွာနဲ့ ပြောင်းလဲခြင်းမရှိခဲ့သော်လည်း မူလက ပါးလွှာနေသောဝိညာဉ်သည် တဖြည်းဖြည်း ပြန်ပြည့်လာပုံရသည်။
စက္ကန့်နှစ်ဆယ်ကျော်ကြာတော့ အဘွားအိုက စကားစပြောနိုင်ခဲ့သည်။
“အဲဒီကလေးက သရဲတစ္ဆေလေး၊ သူများမွေးထားတဲ့ သရဲတစ္ဆေလေးပဲ၊ အရမ်းကို ဆိုးရွားတယ်။ ငါးရက်ဆက်တိုက်ကြာအောင် သူက ငါ့ကို အရူးအမူးလို ကိုက်နေခဲ့တာ။ သူအပြင်ထွက်တဲ့အခါမှသာ ငါလွတ်မြောက်နိုင်ခဲ့တယ်!”
အဘွားအိုက ပြောပြလိုက်သည်နှင့် ကျန်းရီ က “ကလေးကို မွေးမြူခဲ့တာလား။
“ဟုတ်တယ်၊ ဟွောင်ကျောင်း မှာ သရဲတစ္ဆေလေးတွေ မွေးမြူခဲ့တဲ့ ကိစ္စတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒီနှစ်မှာ ကလေးအလောင်းတွေနဲ့ ပြည့်နေတဲ့ အိုးတွေကို ကိုယ့်မျက်လုံးနဲ့ မြင်ခဲ့ရတယ်။ အဲ့ကလေးတွေထဲက အများစုက အသက်တစ်နှစ်လောက်ပဲရှိတယ်။ ငါ့ချွေးမကို လာခြောက်တဲ့ ကောင်မလေး လို အရွယ်တွေပဲ !”
“မင်းအသက်ရှင်ခဲ့တုန်းက အဲ့ကလေးတွေကို သရဲအဖြစ်မွေးခဲ့တာကို ဘယ်လိုမြင်ခဲ့ရတာလဲ”
ကျန်းရီ က ထပ်မေးလိုက်တော့ အဘွားအိုကြီးက “ အဲဒါက လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မက ရဲအလုပ် လုပ်ခဲ့ဖူးတယ်
အဲ့ဒီအချိန်က ဟွောင်ကျောင်း မြို့က တစ်စုံတစ်ဦးက မြေအောက်ခန်းထဲမှာ သရဲတစ္ဆေလေးတွေကို မွေးမြူထားကြောင်း သတင်းရရှိခဲ့တယ်။
ဒါကြောင့် ကျွန်မတို့က အဲ့ဒီကို အသင်းလိုက် သွားခဲ့တယ်။
အသက်တစ်နှစ်ခန့်ရှိတဲ့ ကလေးတွေ ထည့်ထားတဲ့ ပုလင်းပေါင်း နှစ်ဆယ်ကျော်ရှိနေတာကို ငါတို့ တွေ့လိုက်ရတယ်“
“အဲဒီတုန်းက ရဲအရာရှိ တော်တော်များများက အခန်းထဲကို အတူတူ ဝင်လာခဲ့ကြတယ်။ အဲ့ဒီအရုပ် တွေကို တွေ့တော့ အားလုံး အံ့ဩသွားခဲ့ကြတယ်။ မင်းတို့ သိလား ကလေးတိုင်းရဲ့ ခန္ဓာကိုယ်ပုံစံတွေက အကုန်အတူတူပဲ။ သူတို့ လက်တွေကို ရှေ့ကို ဆန့်တန်းပြီးတော့ သူတို့ကို ဖတ်ပေးဖို့ တောင်းဆိုနေသလိုမျိုး”
“အဲ့ဒီတုန်းက စိတ်ပျော့ညံ့တဲ့ လူတချို့ဆို ငိုတောင်ငိုခဲ့တယ်။ ကျွန်မလည်း အတူတူပါပဲ။ အဲဒီအချိန်တုန်းက ကျွန်မက အမေတစ်ယောက်ဖြစ်နေတာကြောင့်ပဲ မွေးစကနေ တစ်နှစ်သားအရွယ်အထိ ကျွန်မကလေးရဲ့ ပုံပန်းသဏ္ဍာန်က စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ် ဒါပေမယ့် အဲဒီမြင်ကွင်းက ကြောက်စရာကောင်းလွန်းနေခဲ့တယ်။ ပုလင်းနှစ်ဆယ့်သုံးလုံး ရှိနေပြီးတော့ အိုးတစ်လုံးစီ၏ရှေ့မှာ ဖယောင်းတိုင်ကို မီးထွန်းထားတယ်။ အဝါရောင် မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်က ကလေးတိုင်းရဲ့ မျက်နှာကို ကြည်လင်ပြတ်သားစွာပဲ မြင်ရစေခဲ့တယ်။
“ဒါပေမယ့် ဖန်ပုလင်းထဲက အရည်က အစိမ်းဖျော့ဖျော့အရောင်ပဲ။ ရှောင်လီ က ပထမ ပုလင်းကို သတ္တိရှိရှိနဲ့ ကောက်ကိုင်လိုက်တဲ့အခါမှာ ပုလင်းထဲမှာ စိမ်ထားတဲ့ ကလေးမလေးက ပြုံးပြနေတာကို ငါတို့ထဲက တော်တော်များများက ကိုယ့်မျက်စိနဲ့ မြင်လိုက်ကြရတယ်...။ အဲ့အရွယ် ကလေးတွေရဲ့ ပါးစပ်မှာ သွားတွေစပေါက်နေခဲ့တာ ပုံမှန်ပါပဲ ဒါပေမယ့် ပါးစပ်ထဲမှာ သွားတွေ အပြည့်ရှိနေတာကတော့ ရှားတယ်။”
“အဲဒီတုန်းက ပုလင်းထဲက ကလေးမလေးက ပါးစပ်ကို ဖွင့်လိုက်ခဲ့တယ် ရှောင်လီက အဲဒါကို ပထမဆုံး တွေ့ခဲ့လိုက်ရတာ။
အဲ့တာကို သူတွေ့လိုက်တော့ ကြောက်လန့်တကြား အော်ပြီး ဖန်အိုးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားတယ်။
ကလေးမလေးရဲ့ အလောင်းက မြေပြင်ပေါ်ကို ပြုတ်ကျသွားလိုက်တာနဲ့ အလောင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ် မလှုပ်မယှက်ဘဲ လဲလျောင်းနေခဲ့တယ် ”
“အဲဒီနောက်မှာ ထူးထူးဆန်းဆန်း တစ်ခုခု ဖြစ်ခဲ့သေးလား၊ ပုလင်းထဲမှာ စိမ်ထားတဲ့ ကလေးအလောင်းကို တွေ့လိုက်ရပြီးတဲ့နောက်မှာပေါ့။”
ကျန်းရီက မေးလိုက်တော့ အဘွားအိုက ခေါင်းခါလိုက်ကာ “ဘာမှတော့ မဖြစ်ခဲ့ဘူး၊ အားလုံး ဘေးကင်းစွာပဲ ပြီးဆုံးသွားခဲ့တယ်။
နောက်တော့ အဲဒီလူကိုလည်း ဖမ်းမိပြီး သိပ်မကြာခင်မှာပဲ သူ့ကို သေဒဏ်ချမှတ်လိုက်တယ်။
သူက အဲ့ကလေးငယ်တွေကို သူတို့သေပြီးတဲ့နောက်မှာ ခိုးယူသွားခဲ့တာ။
နေရာတော်တော်များများမှာတော့ ကလေးတစ်ဦးသေဆုံးခဲ့ရင် မီးသင်္ဂြိုဟ်လိုက်တာက မရှိသလောက်ကို နည်းပါးတယ်။
အချို့နေရာတွေမှာ တွင်းတူးပြီးသာ မြုပ်လိုက်တယ် “
“တချို့နေရာတွေဆိုရင် သစ်သားနဲ့လုပ်ထားတဲ့ ရိုးရိုးခေါင်းတလား အသေးလေးတွေနဲ့ မြှုပ်လေ့ရှိတယ်။
အဲဒီလူရဲ့ နာမည်က တန်ကျိုးဆိုတာ မှတ်မိပါသေးတယ်။
သူက အရပ်ပုပုနဲ့ ပိန်ပြီးတော့ အသားမဲတယ်။
သူက အသက် ငါးဆယ့်ခြောက်နှစ်ရှိပြီးတော့ တြိဂံပုံစံ မျက်လုံးတစ်စုံရှိတယ်။
ဖမ်းမိပြီးတဲ့နောက်မှာ သူက သူ့ရဲ့ပြစ်မှုတွေကို ဝန်ခံခဲ့ပြီးတော့ မကြာမီမှာပဲ ကွပ်မျက်ခံလိုက်ရသည်။ ဒါနဲ့ စကားမစပ်၊ သူက လင်ဘေး နဲ့ ဟွောင်ကျောင်း ဒေသတွေကနေ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာ၊ ဒါကြောင့် သူခိုးယူခဲ့တဲ့ ကလေးအများစုက အဲ့ဒေသတွေကပဲ။
ဟန်မြစ်နဲ့ လင်ဘေး ဧရိယာတွေကနေ သူတို့အားလုံးကို ရှာဖွေခဲ့ပြီးတော့ သူတို့အားလုံးကို စုဆောင်းဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ဒါပေမယ့် သေသွားတဲ့ ကလေးငယ်တွေကို ဘာကြောင့် ရေစိမ်ထားရတာလဲ ဆိုတာကိုတော့ သူသေတဲ့အထိ မပြောခဲ့ဘူး။”
အဘွားအိုကြီး၏ စကားက နောက်ဆုံးတွင် လူပေါင်းများကို နားလည်သွားစေခဲ့သည်။
ဒါပေမယ့် ကျန်းရီ မှာတော့ နောက်ဆုံးမေးခွန်းတစ်ခုရှိနေခဲ့တယ် “တန်ကျိုး ရဲ့အလောင်းကို ဘယ်လိုလုပ်ပစ်ခဲ့သလဲ”
“ မီးသဂြိုလ်ခဲ့တာ၊ ဒါပေမယ့် သေဆုံးသွားခဲ့တဲ့ ကလေးတွေရဲ့ အလောင်းကိုတော့ ဘာလုပ်ခဲ့လဲဆိုတာကိုတော့ မမှတ်မိတော့ဘူး”
“ ဟုတ်ပါပြီ မီးသဂြိုလ်ပြီးတော့ သူ့ကို ဘယ်မှာ မြှုပ်ခဲ့လဲ”
“ ဟွောင်ကျောင်းရဲ့ ကုလားအုတ် တောင်မှာ ဖြစ်မယ်ထင်တယ်”
အဲ့တာကို ကြားလိုက်ရတော့ ကျန်းရီက ပြုံးလိုက်ပြီး သူ့အကြည့်တွေက ချင်ဖန်းဆီသို့ ကျရောက်သွားခဲ့သည်။
ချင်ဖန်းက အံ့ဩသွားပြီးတော့ “စတွင်မာ၊ ကုလားအုတ်တောင်ကို ငါ့ကို သွားစေချင်နေတာလား။”
"မင်းက မသွားချင်ဘူးလား?"
ချင်ဖန်း က ပြုံးကာ ခေါင်းညှိတ်လိုက်ပြီး "သွားချင်တာပေါ့၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက တခြားသူတွေတောင် ဒီလို အခွင့်အရေးမျိုး မရနိုင်ဘူးလေ!"
"ကောင်းပြီ၊ မင်း အခု ကုလားအုတ်တောင်ကို သွားရမယ်၊ အဖွား၊ မင်း ငါတို့နဲ့ အတူ လိုက်လာလို့ရတယ်။ သူ့ကို မြှုပ်ထားတဲ့နေရာကို မှတ်မိမယ်လို့တော့ ထင်တယ်။"
"ကောင်းပါပြီ ငါလိုက်ခဲ့ပါ့မယ်!"
အဘွားအိုကြီးက မငြင်းခဲ့ပါဘူး။
ချွေးမနဲ့ သားကို လှည့်ကြည့်လိုက်သည်။ ပြီးတော့ ကုတင်ပေါ်က မြေးမလေးကို တွန့်ဆုတ်စွာနဲ့ တစ်ချက်ကြည့်လိုက်တယ်။
သူမ မျက်လုံးထဲတွင် အဆုံးမရှိသော လွမ်းဆွတ်တမ်းတခြင်းတွေဖြင့် “အမေ သွားတော့မယ်…..
အခုချိန်မှာ နှစ်ယောက်သား လိုက်လျောညီထွေစွာနဲ့ သင့်သင့်မြတ်မြတ် နေထိုင်ဖို့ မမေ့နဲ့အုံး။
ရန်ဖြစ်တဲ့ခဏတော့ ပြောလိုက်တာက အဆင်ပြေတယ် ဒါပေမယ့် အဲဒါကို ဘယ်တော့မှ အလေးအနက်တော့ မထားသင့်ဘူး။
အဲ့တာဆို မင်းတို့ မိသားစုအတွက် အရာအားလုံးက ပျော်ရွှင်လာရလိမ့်မယ်"
လင်မယားနှစ်ယောက်က ဝမ်းနည်းစွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ အဘွားအိုက ကုတင်ပေါ်မှ မြေးမလေးအား တစ်ချက်ကြည့်ကာ တစ်ခုခုပြောရန် ပါးစပ်လှုပ်သွားခဲ့သော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ လှည့်ထွက်သွားလိုက်သည်။
ချင်ဖန်းက သူမနောက်သို့လိုက်ကာ လူတစ်ဦးနှင့် သရဲတစ်ကောင်သည် ကုလားအုတ်တောင်ဆီသို့ ဦးတည်ပြီး သွားနေခဲ့သည်။
ကုလားအုတ်တစ်ကောင်နှင့် တူနေသောကြောင့် တောင်ကို ကုလားအုတ် တောင်ဟု ခေါ်ခဲ့ကြသည်။ ဟွောင်ကျောင်းရဲ့ အပြင်ဘက်နားတွင် ရှိသည်။
လမ်းမပေါ် တွင် သွားနေရင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များကတော့ ငြိမ်သက်နိုင်ခြင်း မရှိတော့ပေ၊ တန်ကျိုးလို့ခေါ်တဲ့ အမျိုးသာက လင်ဘေးနှင့် ဟွောင်ကျောင်းတွင် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်းကို အဘွားအိုက ပြောလိုက်သောကြောင့် ဖြစ်သည်။
ထို့အပြင် တစ်နှစ်သားအရွယ်ကလေးငယ် (၂၃)ဦး ရဲ့ အလောင်းများကို တူးဖော်ခဲ့ပြီး သရဲတစ္ဆေငယ်များ မွေးမြူရန်အတွက် အသုံးပြုခဲ့သည်။
ကလေး နှစ်ဆယ့်သုံးယောက်မှာ နှစ်ယောက်သာ ပေါ်လာသေးသည်။
တစ်ခုက လင်ဘေး မှာ နောက်တစ်ခုက ဟွောင်ကျောင်းမှာ ဖြစ်သည်။
ဖြစ်နိုင်တာက ဟွောင်ကျောင်း နဲ့ လင်ဘေးမှာ သေဆုံးခဲ့တဲ့ ကျန်တဲ့ ကလေးငယ်တွေက အခုညဉ့်နက်ပိုင်းတွေမှာ လိုက်ခြောက်နေမလားလို့ တွေးပူနေခဲ့ကြသည်။
ထိုသို့ တွေးလိုက်သည်နှင့် တပြိုင်နက်၊ အထူးသဖြင့် လင်ဘေး နှင့် ဟွောင်ကျောင်း ဒေသများရှိ နေထိုင်သူများက အထိတ်တလန့် ဖြစ်နေခဲ့ကြသည်။
တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ကျန်းရီ ကို မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ ကင်မရာကို တိုက်ရိုက်ကြည့်လိုက်ပြီး " တန်ကျိုး ကိုတွေ့ခဲ့ရင် အဲဒီတစ္ဆေကလေးတွေကို ဆွဲဆောင်ဖို့ နည်းလမ်းရှာတွေ့လိမ့်မယ်။
ဒါက တိုက်ဆိုင်မှု တစ်ခုမဟုတ်ဘူး။
ဒီလောက် နှစ်ပေါင်းများစွာကြာမှ တစ္ဆေကလေးတွေက ရုတ်တရက် ပေါ်လာခဲ့တာ။ တစ်ခုခုတော့ မှားနေတာ ဖြစ်ရမယ်!"
ကျန်းရီ စကားပြောေနရင်းနဲ့ ကားမောင်းနေသော ချင်ဖန်းက တောင်ခြေရင်းတွင် ရပ်လိုက်ပြီး "စတွင်မာ၊ ကုလားအုတ်တောင်ကို... ငါတို့ ရောက်ပြီ" ဟု ပြောလိုက်သည်။