ကွဲနေသော အရိုးပြာအိုး
Vol. 8 Ch. 106
ကုလားအုတ်တောင်က သိပ်မမြင့်ခဲ့ပေ၊ ဒါကြောင့် တောင်တက်ဖို့က သိပ်မကြာပါဘူး။
ချင်ဖန်း နဲ့ အဘွားအိုတို့ နှစ်ယောက်လုံး တောင်ခြေရင်းမှာ ရပ်ပြီး တောင်ကို မျှော်ကြည့်လိုက်ကြသည်။
သရဲကလေးငယ်တွေကို မွေးမြူခဲ့သော မကောင်းဆိုးရွားသည် သူသင်္ဂြိုဟ်ပြီးနောက် ဤတောင်ပေါ်တွင် ရှိနေမည်ကို မည်သူမျှ မသေချာနိုင်ပါ။
“တောင်ပေါ်တက်ရအောင်။”
ကျန်းရီ က သူတို့ကို သတိပေးလိုက်ပြီး သူတို့နှစ်ယောက် တောင်ပေါ်ကို လျှောက်သွားလိုက်သည် ။
“အာ့......အာ့......”
သူတို့ နှစ်ယောက် တောင်ပေါ်လျှောက်လာ နေတုန်း မကြာမီ တောင်ထိပ်မှ ကျီးကန်း တစ်ကောင် အော်သံကို ကြားလိုက် ရသည်။
ချင်ဖန်း သည် မသိစိတ်ကနေ သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။ သူ့ဖုန်းက တောင်ထိပ်က သစ်ပင်တစ်ပင်ရဲ့ အပေါ်က ကျီးကန်းနှစ်ကောင်ကို ဘာကြောင့် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ရတာလဲဆိုတာကို သူမသိပါဘူး။
ကျီးကန်းနှစ်ကောင်သည် သစ်ပင်ထိပ်ပေါ်တွင် ရပ်နေကာ ၎င်းတို့၏ အော်ဟစ်သံများသည် အထူးစူးရှနေသည်။
တစ်စုံတစ်ယောက်သည် ၎င်းတို့ကို ရှာဖွေတွေ့ရှိကြောင်း သတိပြုမိလိုက်ပြီး၊ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အာ့…~အာ….~အာ့….”
တောင်တပြင်လုံးတွင် ကျီးကန်းသံတွေဟာ အလွန်ကို ကျယ်လောင်လာခဲ့တယ်။ ချင်ဖန်း သည် တုန်တုန်ယင်ယင်ဖြင့် မနေနိုင်ဘဲ သူ့ဖုန်းကို အမြန်ပြန်သိမ်းလိုက်သည်။
“တန်ကျိုး က တောင်စောင်းမှာ ရှိပုံရတယ်။
ကုလားအုတ် တောင်သည် ဤဒေသရှိ ဘိုးဘေးများ၏ သင်္ချိုင်းကုန်း ဖြစ်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် ဈာပန ပြုပြင်ပြောင်းလဲမှုများကြောင့် သင်္ချိုင်းဂူများကို သုသာန်သို့ ပြောင်းရွှေ့ခဲ့သည်။
ဒါကြောင့် ဤတောင်ပေါ်ရှိ အရင်တုန်းက သင်္ချိုင်းအချို့ကို သင်တွေ့မြင်နိုင်သေးသည်။
ဒါပေမယ့် ဒီမှာ ဘယ်သူ့ကိုမှ မမြှုပ်နှံတော့ပါဘူး။
ဟုတ်တာပေါ့ ကုလားအုတ် တောင်က သိပ်မှ မကြီးတာ။
ဘိုးဘေးတွေရဲ့ မြှုပ်နှံရာတောင်ကြီး ဖြစ်သော်လည်း အနီးနားရှိလူများက သေပြီးတဲ့အခါ တောင်ရဲ့ဘေးနားက တောင်မှာပဲ မြှုပ်နှံဖို့ ဆန္ဒရှိခဲ့ကြတယ်။
ဈာပန ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ အဲဒါတွေကို ဖြေရှင်းဖို့က နည်းလမ်း မရှိတော့ဘူး။
တောင်ပေါ်မှာရှိတဲ့ သင်္ချိုင်းဂူတွေကလည်း အမျိုးမျိုးတွေ ပြောင်းလဲနေခဲ့တယ်။”
“တန်ကျိုး ကို ဒီမှာ သင်္ဂြိုဟ်ရတဲ့ အကြောင်းရင်းက သူ့ကို ဒီမှာ သေနတ်နဲ့ ပစ်သတ်ပြီး မီးသဂြိုလ်ခဲ့တာ ဖြစ်လို့ သူ့ကို ဒီမှာပဲ သင်္ဂြိုဟ်ခဲ့လိုက်တာ။
အဘွားအိုက တောင်ပေါ်ကို တက်နေရင်း ပြောြပခဲ့သည်။ ချင်ဖန်းက အဘွားအို ညွှန်ပြသော အခြားတောင်ကို မသိစိတ်က ကြည့်လိုက်မိသည်။
ထိုတောင်သည် ကုလားအုတ်တောင်ထက် များစွာကြီးမားပြီး တောင်ခြေရင်းတွင် သင်္ချိုင်းဂူများစွာရှိပြီး ထိုသင်္ချိုင်းဂူများကို အဝေးမှမြင်နိုင်သည်။
ချင်ဖန်းက အရင် တိုက်ရိုက်ထုတ်လွှင့်တုန်းက နေလရေကန် သရဲသိုက် အဖြစ်အပျက်ကို စိတ်ကနေ တွေးလိုက်မိသည်။ ဒီနေရာက အဲ့တုန်းကလို တစ္ဆေသိုက် ဖြစ်နေမလားလို့ တွေးလိုက်မိသည်။
တောင်ပေါ်တက်ပြီး တစ်ဝက်လောက်မှာ အဘွားအိုရဲ့ နောက်ကနေ တောင်ပို့လေး တစ်ခုဆီကို လိုက်သွားခဲ့တယ်။
တောင်ပို့မှာ အထိမ်းအမှတ် မှတ်တိုင် မရှိရုံတင် မကဘဲ အခုအချိန်မှာ လုံး၀ကို တူးဖော်ခံလိုက်ရပြီ ဖြစ်သည်။
အဲ့ထဲတွင် ကြွေအိုးတစ်လုံးရှိနေခဲ့သည်။ အဲ့ကြွေအိုးထဲတွင်မူ မီးသဂြိုလ်တုန်းက အကြွင်းအကျန်အချို့ကို မြင်တွေ့နေရဆဲဖြစ်သည်။
တူးဖော်ထားတဲ့ သင်္ချိုင်းကို မြင်လိုက်ရတော့ အဘွားအိုရဲ့ မျက်နှာဟာ ထိတ်လန့် တုန်လှုပ်နေခဲ့တယ်။
ချင်ဖန်းသည်ပင် မနေနိုင်ဘဲ ကျန်းရီကို “စတွင်မာ သူ့သင်္ချိုင်းကို ဘယ်သူ တူးခဲ့တာလဲ၊ တခြားတစ်ယောက်ယောက်က သူ့သင်္ချိုင်းကို တူးလိုက်တာကြောင့် အဲ့ဒီ ကလေးသရဲတစ္ဆေတွေနဲ့ တခြားသူတွေကို လိုက်ပြီး အန္တရာယ်ပေးနေခဲ့တာလား “
“သင်္ချိုင်းကို သားရဲတိရစ္ဆာန်တွေက တူးထားခဲ့တာ။ အဲဒီနားတစ်ဝိုက်က သားရဲတွေရဲ့ ခြေရာတွေကို မင်းသတိမထားမိဘူးလား”
ကျန်းရီ က ဒီလိုပြောလိုက်တဲ့အခါမှာ အဘွားအိုက ကြောက်လန့်တကြားနဲ့ “သွားပြီ ကြွေအိုးပေါ်က အဆောင်က မရှိတော့ဘူး!”
“ကြွေအိုးပေါ်မှာ အဆောင် ရှိခဲ့တာလား”
“ဟုတ်တယ်၊ အရင်တုန်းက ဟွောင်ကျောင်း မှာ စွမ်းအားကြီးတဲ့ အဘိုးကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။
သူက တာအိုဘုရားကျောင်းတစ်ခုမှာ နေထိုင်ခဲ့ပြီးတော့ လူများစွာက သူ့ကို နတ်အိုကြီးအဖြစ်နဲ့ ကိုးကွယ်ခဲ့ကြသည်။
ဟွောင်ကျောင်း မှာရှိတဲ့ သူဌေးတွေအားလုံးလိုလိုက ဖုန်းရွှေ နဲ့ တခြားအရာတွေကို ကြည့်ဖို့ သူ့ကို ဖိတ်ခေါ်လေ့ရှိကြတယ်။
အဲဒီတုန်းက တန်ကျိုးက သရဲကလေးတွေကို မွေးမြူထားတဲ့ အတွက်ကြောင့် ငါတို့က စိတ်ပူပြီးတော့ အဲ့ဆရာကြီးကို ဖိတ်ခေါ်ခဲ့တယ်။”
“အဲဒီအခါ ဆရာြကီးက အဆောင်ဆွဲပြီး ကြွေအိုးမှာ ပတ်ခိုင်းခဲ့တယ်။ အဆောင်က ဘယ်မှာလဲ၊ ဘယ်ကို ရောက်သွားခဲ့တာလဲ။
ကျန်းရီသည် ဤကမ္ဘာပေါ်တွင် နတ်ဆိုးများကို အမှန်တကယ် နှိမ်နင်းနိုင်သည့် လူတွေ ရှိမရှိ မသေချာခဲ့ပေ။ သို့သော်လည်း ဒီကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာ ရှိနေခဲ့သည်၊ အနည်းငယ်မျှလောက်သော ဆန်းကြယ်သည့် လူတစ်ချို့ ရှိနေခြင်းသည် အထူးအဆန်းမဟုတ်ပေ။
ဖြစ်နိုင်တာကတော့ အဲဒီအဆောင်က တကယ် အလုပ်ဖြစ်နေနိုင်သည်။
နေလရေကန် အဖြစ်အပျက်က ဂျီ မိသားစု၏ ဘိုးဘေးကဲ့သို့ပင်၊ သူသည် ပညာရပ် တစ်ခုခုကို သိနေခဲ့သူဖြစ်သည်။
"အဲဒီဆရာကြီး ဆုံးသွားပြီလား" ကျန်းရီက မေးလိုက်သည်။
အဘွားအိုက " အဲ့ကိစ္စတွေပြီးလို့ နှစ်နှစ်အတွင်းမှာပဲ သူဆုံးသွားခဲ့တယ်။ သူ့ကိုတွေ့တော့ သူက အသက်က ၁၁၀ နီးပါးရှိနေပြီ။ သူက ငါတို့ဒေသမှာ အကျော်ကြားဆုံး သက်ရှည်ဘိုးတော်ကြီးပဲ"
“ကောင်းပါပြီ အဖွားရေ၊ အခု ပြန်လည်ဝင်စားလို့ရပါပြီ။ အခု ကျွန်တော်တို့က နေရာနဲ့ အကြောင်းရင်းကို ရှာတွေ့ပြီးပြီဆိုတော့ ဒီကိစ္စကို အလွယ်တကူ ဖြေရှင်းလို့ ရပြီ။ အခု တိုက်ရိုက် ထုတ်လွှင့်နေတဲ့ အခန်းမှာ လူပေါင်း ၃၀၀,၀၀၀ နီးပါး ရှိနေတယ် လူတော်တော်များများလောက်က ကြောက်နေကြမယ်လို့ ကျွန်တော်ထင်တယ်”
သူပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိတ်သတ်ေတွကလည်း
"စတွင်မာရေ ငါတို့မကြောက်ဘဲနေမလား။ ငါက ဟွောင်ကျောင်း နဲ့ လင်ဘေး ကြားထဲမှာ နေနေတာလေ။ အဲဒီသရဲလေးတွေအကြောင်း ငါတွေးကြည့်လိုက်ရင် ငါ့အိမ်ရဲ့ ပြတင်းပေါက်အပြင်ဘက်မှာ ဆယ်ယောက်လောက် ရှိနေသလိုတောင် ခံစားနေရတယ် "
ကျန်းရီ က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး အဘွားအိုကိုကြည့်ရင်း "အဖွား၊ မင်းတောင်ကနေပေါ်ဆင်းသွားလိုက်ရင် မင်းကိုဘယ်သူမှတွေ့မှာမဟုတ်ဘူး၊ ချင်ဖန်း က တောင်ပေါ်မှာနေရဦးမယ်၊ လောလောဆယ်တော့ မဆင်းနိုင်သေးဘူး...
"ကောင်းပါပြီ၊ ငါလည်း ဒီကမ္ဘာမှာ နေနေတာကြာခဲ့ပြီ၊ ငါ့မြေးလေးနဲ့လည်း တွေ့ခဲ့ပြီးပြီဆိုတော့ နောင်တရစရာမရှိပါဘူး။ ငါထွက်သွားတော့မယ် ငါထွက်သွားပါတော့မယ်။"
အဘွားအိုသည် ထိုစကားကို နှစ်ကြိမ်ဆက်တိုက်ပြောခဲ့သည်။ သို့သော်လည်း ၎င်းကိုသေချာ နားထောင်လိုက်ရင် ဤစကားများသည် တွန့်ဆုတ်ခြင်းနှင့် လွမ်းဆွတ်ခြင်းအပြည့်ရှိနေကြောင်းကို သင်တွေ့ရပေလိမ့်သည်။
အဘွားအို ထွက်ခွာသွားတာကို စောင့်နေပြီးတဲ့နောက် ချင်ဖန်က ကျန်းရီ ကို “စတွင်မာ၊ အခု ငါဘာလုပ်ရမလဲ၊ အဲဒီကောင်ကို ဘယ်လိုရှာရမလဲ?”
“သူ့ကို လိုက်ရှာနေစရာ မလိုပါဘူး၊ ငါဒီကို ရောက်နေပြီပဲ၊ သူအပြင်ထွက်ပြီး ငါ့ကို တွေ့ဖို့ အချိန်ရောက်ပြီ”
ကျန်းရီပြောလိုက်သည်နှင့် တောင်ထိပ်ရှိ သစ်ပင်ထိပ်က ကျီးနှစ်ကောင်သည် နောက်ထပ် ပို၍ အော်လိုက်သည်။
ချင်ဖန်း က သူ့ခေါင်းကို မော့ပြီး တောင်ထိပ်ကို မော့ကြည့်လိုက်တယ်။ ဒါပေမယ့် နောက်ပြန်ကြည့်လိုက်တော့ သားရဲတွေ တူးထားတဲ့ သင်္ချိုင်းတွင်းကနေ ခေါင်းတစ်ခြမ်း ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ဦးခေါင်းတွင် အဖုသေးသေးလေးနှစ်ခုရှိနေသည်။ သို့သော်လည်း ပေါ်နေတဲ့ မျက်လုံးတစ်ဖက်က မပြုံးတော့ဘဲ ထိတ်လန့်စွာနဲ့ ကြည့်နေသည်။
ခေါင်းမှာ အဖုပါတဲ့ တစ္ဆေကလေးကို မြင်လိုက်ရတော့ ချင်ဖန်း ရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်။
“သိပ်လည်း မကြောက်နဲ့။ မင်းလည်း အခု ပစ်မှတ်ထားခံနေရတာပဲလေ။ မင်း ဒီကိစ္စကို ကိုယ်တိုင်ဖြေရှင်းရတာ ပိုတောင် အဆင်ပြေသွားတာပေါ့။ အစ်မချန်းရေ ရှိသေးလား။”
ကျန်းရီ ရုတ်တရက် မေးလိုက်ရာ လင်ဘေး ရှိ ဖုန်းဟောင်းတစ်ခုရှေ့တွင် ရပ်နေသော ချန်ရှင်း က “ကျွန်မ ဒီမှာပါ” လို့ ပြောလိုက်တယ်။
“မင်းပြောတဲ့ပုံစံအတိုင်း တူညီနေတဲ့ သရဲလေးတစ်ကောက် အခု တွင်းထဲမှာ ပေါ်လာတယ်။
မင်းက မတရားသေခဲ့တယ် ။ ဒါကြောင့် မင်းလက်လျှော့ဖို့ အရမ်းကို ဝန်လေးနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းရဲ့ကလေးက မင်းချစ်ရသူရဲ့လက်ထဲမှာပဲ ရှိနေမှာဖြစ်ပြီး တစ်ယောက်ယောက်က သူ့ကို မြေတောင် မြှောက်ပေးလိမ့်မယ်။ “
ဖုန်း၏အခြားတစ်ဖက်တွင် ငိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ က သက်ပြင်းရှည်ကြီးချလိုက်ပြီး "မင်းအခု ဟွောင်ကျောင်းကို လာချင်တယ်ဆိုရင် မင်းကို ကုလားအုတ်တောင်ကို အမြန်ဆုံးရောက်အောင် ငါကူညီနိုင်တယ်။ တန်ကျိုးသာ ဒီမှာရှိနေခဲ့ရင် မင်းသူ့ကို အပိုင်းပိုင်းကိုက်ဖြတ်ရဲလား။"
"ငါ လုပ်ရဲတယ်.! ငါကို သေအောင်လုပ်ခဲ့တာက သရဲကလေး ဆိုပေမယ့်
တန်ကျိုး က သူ့တို့ကို ဒီလိုမျိုး ဖြစ်အောင် မွေးမြူခဲ့တာလေ။ အဲ့ဒီတော့ သူက တရားခံဖြစ်သင့်တယ်။
ဟုတ်တာပေါ့
ကျွန်မက အသက်နှစ်ဆယ်ကျော်သာ ရှိသေးတယ်။ ပြီးတော့ ကျွန်မကလေးက နို့တောင် မပြတ်သေးဘူး။
ငါက ဒီလိုကံကြမ္မာနဲ့ ထိုက်တန်ပေမဲ့လို့ ငါ သူ့ကို ဆုတ်ဖြဲပစ်ချင်သေးတယ်!"
"ကောင်းပြီ၊ အခု မင်း ဒီကို လာခဲ့လိုက်တော့။ မင်းကို နယ်ကျော်ပြီးတော့ ဒီကို ခေါ်လို့ ရမရ ငါ ကြည့်လိုက်အုံးမယ်!"