← Chapters

နောက်ဆုံး စီရင်ချက်

Vol. 8 Ch. 107

နောက်ဆုံး စီရင်ချက်

Vol. 8 Ch. 107

ကုလားအုတ်တောင်တန်းပေါ်တွင် အေးမြသော လေပြေလေအေးတွေက တိုက်ခတ်နေခဲ့သည်။

သင်္ချိုင်းဂူအတွင်းတွင် ရက်စက်ကြမ်းကြုတ်နေသော သရဲတစ္ဆေကလေးများက ၎င်းတို့၏ ဦးခေါင်းများကတော့ ထွက်ပေါ်နေခဲ့ကြသည်။

ကလေးတိုင်းသည် အလွန်ရက်စက်ပုံရပြီး ယခင်ကကဲ့သို့ ခေါင်းတစ်ဝက်သာ ပေါ်နေခဲ့တာ မဟုတ်တော့ပေ။

ထို့အပြင် ဤကလေးများ၏ ဝိညာဉ်တွေအားလုံးက ပျက်စီးနေခဲ့ပြီဖြစ်သည်။ ကျန်းရီက သူတို့ကိုကြည့်လိုက်ကာ သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်။

ချန်ရှင်း ၏ ပုံရိပ်သည် တောင်ခြေရင်းတွင် ပေါ်လာသောအခါ ကျန်းရီ က သူမကို ကြည့်နေခဲ့သည်။

သူမ တောင်ပေါ်တက်လာပြီး သင်္ချိုင်းဂူတွင်းရှိ သရဲတစ္ဆေကလေးငယ်တစ်ဦးကို မြင်လိုက်ရသောအခါ ချန်းရှင်း ၏ အမူအရာသည် ပို၍ ပြင်းထန်လာခဲ့သည်။

သို့သော်လည်း ချင်ရှင်းက ဒေါသထွက်နေခဲ့သော်လည်း ဘာမှတော့ မလုပ်ခဲ့ပေ။

တောင်ခြေရင်းတွင် ပုံရိပ်တစ်ခု ထပ်ပေါ်လာပြန်သည်။

ထိုပုံရုပ်က ပုပြီးတော့ ပိန်တယ်။ သူက တောင်ပေါ်မှာ ဘာတွေရှိနေလဲ မသိခဲ့ပေ။ သူ့ကို ငြင်းဆန်လို့မရတဲ့ အတွေးတစ်ခုက ဒီကို လာဖို့ပြောနေတာကိုပဲ သူသိတယ်။

အဘွားအိုပြောတဲ့အတိုင်းပဲ တန်ကျိုးတွင် တြိဂံပုံစံမျက်လုံးတစ်စုံရှိနေသည်။ သူအပေါ်ကို မျှော်ကြည့်လိုက်သောအခါတွင် သူ၏အုတ်ဂူရှေ့တွင် လူတစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။

အဲ့ဒီအချိန်တွင် သူသည် မ​သိစိတ်ကနေ အလိုလို လှည့်ထွက်သွားချင်နေခဲ့သည်။ နောက်ကိုလှည့်လိုက်တာနဲ့တင် သူသည် ကြောက်စရာကောင်းပြီးတော့ မငြင်းဆန်နိုင်တဲ့ ခံစားချက်ကို ထပ်ပြီး ခံစားလိုက်ရတယ်။

လေးနက်တဲ့ အကြည့်တွေဖြင့် သူ့သင်္ချိုင်းတည်နေရာကို ကြည့်ရင်း တန်ကျိုးက တစ်လှမ်းချင်းပဲ တက်လာခဲ့သည်။

သူက ချင်ဖန်းနဲ့ ချန်ရှင်းကို မကြည့်နေဘဲ ကျန်းရီ ကိုသာ စိုက်ကြည့်နေသည် ။

"မင်းမှာ ပြောချင်တာများ ရှိလား" ကျန်းရီက သူ့ကို မေးလိုက်သည်။

တန်ကျိုးက ပြန်မပြောခဲ့ဘဲနဲ့ ကျန်းရီကို သူ့တြိဂံပုံစံမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ကျန်းရီ က သူ့ကို ကြည့်လိုက်ပြီး "မင်းမှာ ပြောစရာမရှိဘူးဆိုရင်လည်း အစ်မချန်… သူ့ကို မင်းပိုင်သွားပြီ"

တန်ကျိုးက ချန်ရှင်းကို အနည်းငယ် အထင်အမြင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော် ချန်ရှင်းက သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့် ဆုတ်ဖြဲလိုက်သောအခါတွင် တန်ကျိုး ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ဘာလို့ မင်းက...!"

"ငါတစ်ယောက်လုံး ဒီမှာ ရှိနေတယ်လေ။" ကျန်းရီက ပြောလိုက်သည်။

"ငါက စွမ်းအားကြီးတဲ့ သရဲတစ်ကောင်ပဲလေ၊ ဘာလို့ ဒီလိုမိန်းမဆိုးကို ငါ့ကို ဆုတ်ဖြဲခွင့်ပေးရမှာလဲ"

ကျန်းရီ က မျက်မှောင်ကြုတ်ကာ မေးလိုက်သည် "အစ်မချန် က မိန်းမဆိုးတစ်ယောက်လား"

"ငါ ဘယ်တုန်းကမှ မကောင်းတာ မလုပ်ခဲ့ဖူးဘူး!"

တန်ကျိုးက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေခဲ့သည်။ ဒါပေမယ့် ကျန်းရီ က အဲ့ဒီအချိန်မှာ "တန်ကျိုး ငါမင်းဆီကနေ နောက်ထပ် အပြစ်တစ်ခုကို ထပ်ခံစားလိုက်ရတယ်။ မင်းရဲ့ မိန်းမကို မင်းသတ်ဖူးလား"

"ငါ သူမကို သတ်လိုက်တော့ရော ဘာဖြစ်လဲ၊ ကိုယ့်ရဲ့ တစ်ဦးတည်းသော အသွေးအသားကိုတောင် ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူး၊ သေဖို့ပဲ တန်တယ်! သူတို့ရဲ့သားသမီးတွေက သူတို့အတွက် အရာအားလုံးပါပဲလို့ အမြဲပြောနေတဲ့ အမျိုးသမီးတိုင်းက သေဖို့ ထိုက်တန်တယ်! ခွေးမ သူ့ရဲ့ ကလေးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်လို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ့ရှေ့မှာ ပြောခဲ့တယ်။ ဒါပေမယ့် ကလေးက ဘာကြောင့် ရေထဲပြုတ်ကျပြီး ရေနစ်သေသွားခဲ့ရတာလဲ။”

“သူမနဲ့ အခြားမိန်းမတွေအားလုံးက လူလိမ်တွေပဲ၊ လူတိုင်းက လိမ်နေကြတာ။ ဒီစောက်ကလေးတွေကလည်း ငါ့သားရဲ့အသက်ကို မကယ်နိုင်ခဲ့ဘူး။ သူတို့ထဲက တစ်ယောက်မှ မတတ်နိုင်ခဲ့ဘူးကွ။ သူတို့သေတော့ရော ဘာဖြစ်လဲ

သူတို့ သေပြီးရင်တောင်မှ နေကို ဘယ်တော့မှ ပြန်မတွေ့နိုင်စေရဘူး!”

တန်ကျိုး သည် ရူးသွပ်နေပုံ ရသော်လည်း ကျန်းရီ က သူဘာကိုဆိုလိုသည်ကို နားလည်ပုံရသည်။

တန်ကျိုးက အိမ်ထောင်ကျခဲ့ပြီး ကလေးတစ်ယောက်မွေးခဲ့တယ်၊ ဒါပေမယ့် သူ့သားက ရေနစ်သေခဲ့တာကြောင့် သူ့ရဲ့ စိတ်ဓာတ်က ပျက်ယွင်းသွားခဲ့တယ်။

သူ့မိန်းမကို သတ်လိုက်တယ်၊ ဒါပေမယ့် ဘယ်ကရမှန်းမသိတဲ့ နည်းလမ်းကို သုံးပြီး သရဲတစ္ဆေေလးတွေကို မွေးမြူပြီးတော့ သူ့သားကို အသက်ပြန်ရှင်အောင် လုပ်ချင်ခဲ့တယ် ။

ဤသည်မှာ လှည့်စားခံရခြင်း၏ ပြင်းထန်သော ရလဒ်ဖြစ်သည်၊ သို့သော် သူက ဒီနည်းလမ်းက စစ်မှန်မှု ရှိမရှိကို အမှန်တကယ် သံသယမရှိခဲ့ဘူးလား?။

ပြန်လည်ဝင်စားခွင့် မရှိတော့တဲ့ တစ္ဆေကလေးငယ်များကို ကြည့်ရင်း ကျန်းရီက သူ့အား စကားတစ်ခွန်းမှပင် မပြောလိုတော့ပေ။

“တော်လောက်ပြီ မင်းကို ဒီထက်ပိုပြီး မပြောချင်တော့ဘူး အပြစ်မဲ့တဲ့ ကလေးတွေကို သရဲအဖြစ်မွေးထားတာနဲ့တင် မင်း ပြန်လည်ဝင်စားဖို့ စိတ်တောင် မကူးနဲ့တော့”

“အား….!”

ကျန်းရီ၏ စကားပြီးနောက်တွင် ချန်ရှင်းက တန်ကျိုးရဲ့ ဝိညာဉ်ကို အရူးကဲ့သို့ ကိုက်ဖြတ်ပြစ်လိုက်သည်။ ပြီးနောက် အော်ဟစ်ဟာ ငိုကြွေးနေခဲ့သည်။

သူမက ဘာကြောင့် တန်ကျိုး ရဲ့ ပစ်မှတ်ဖြစ်လာရသလဲဆိုတာကို သူမ အဖြေရှာမရသေးပါဘူး။ အဲ့တုန်းက သူမရဲ့ သားသမီးကို တစ်သက်လုံး အကာအကွယ်ပေးမယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့်လား?။

မိခင်တစ်ယောက်အနေနဲ့ ဒီလိုစကားမျိုးပြောတာ ဘာမှားနေလို့လဲ?။

ချန်ရှင်းက မမှားခဲ့ပါဘူး။ တန်ကျိုးလို လူ့အဖွဲ့အစည်းကို လက်စားချေလိုတဲ့ အရူးအမူးသမားတွေနဲ့ တွေ့လိုက်ရလို့ ပါပဲ။

ကံကြမ္မာက တစ်ခါတစ်ရံမှာ ရှောင်လွဲလို့ မရပါဘူး၊ မဟုတ်ပါက လက်ရှိ ပစ္စုပ္ပန်ကို ငါတို့က ဘယ်လိုလုပ် တန်ဖိုးထားတော့မှာလဲ။

တန်ကျိုးက ထိုကဲ့သို့ လူမျိုးဖြစ်ပြီး သူ့ကလေးသေဆုံးသွားသောကြောင့် လုံးဝရူးသွပ်သွားသူဖြစ်ခဲ့သည်။

သနားဖို့ ဒါမှမဟုတ် ကိုယ်ချင်းစာဖို့ လုံးဝ မထိုက်တန်ပါဘူး၊ ကျန်းရီက တန်ကျိုး၏ ဝိညာဉ်ကို တစ်စချင်း ကိုက်ဖြတ်နေသည့် ချန်ရှင်း ကို မြင်လိုက်ရသည့်တိုင် မတုန်မလှုပ် တည်ငြိမ်စွာပဲ ကြည့်နေခဲ့သည်။

ဒီလိုမျိုး သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံရတာကို မကြိုက်ပါဘူး ဒါပေမယ့်လည်း ကြုံလာရတဲ့အခါမှာတော့ အေးအေးဆေးဆေးပဲ ရင်ဆိုင်ရလိမ့်မယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေကလည်း ဘာမှမဖြစ်သလိုနဲ့ ကြည့်နေခဲ့သည်။ ကျန်းရီပြောခဲ့သလိုပါပဲ တန်ကျိုး လိုမျိုး မကောင်းဆိုးဝါး တစ္ဆေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ စကားတွေ ပိုပြောနေရတာဟာ အချိန်ဖြုန်းနေရတာပါပဲ၊

ချန်ရှင်းက ဒီအဖြစ်အပျက်မှာ မတရားခံရသူ ဖြစ်သည်။

တန်ကျိုး ၏သင်္ချိုင်းကို တူးဖော်ခံရပြီးနောက်တွင် သေဆုံးသွားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် သူ့စိတ်ထဲက နာကြည်းမှုသည် သဘာဝအားဖြင့် အပြင်းထန်ဆုံးဖြစ်သည်။

ကျန််းရီက သူမကို ဒီလိုလုပ်ခိုင်းရခြင်းရဲ့ အကြောင်းရင်းက ချန်ရှင်း ရဲ့ နာကြည်းမှုကို ဖြေရှင်းဖို့ပဲဆိုတာကိုလည်း ပရိသတ်တွေက နားလည်​နေခဲ့ပါတယ်။

သို့သော်လည်း ကျန်းရီက ကင်မရာကို အနည်းငယ်ရွှေ့ခိုင်းဆဲဖြစ်ပြီးတော​့ နောက်ဆုံးတွင် ကုလားအုတ်တောင်ပေါ်တွင် ချန်ရှင်းသည် မြေပေါ်ထိုင်ချလိုက်ကာ ငိုကြွေးနေခဲ့သည်။

"ချန်ရှင်း၊ ဒီတစ်ခါ ငိုပြီးသွားရင် လူပြန်ဝင်စားဖို့လုပ်တော့။ လူတွေက သေပြီးရင် ပြန်မရှင်နိုင်တော့ဘူး၊ မင်းရဲ့ မုန်းတီးမှုတွေလည်း ပျောက်ကွယ်သွားပြီ။ မင်း ဒီကမ္ဘာမှာ အကြာကြီး မနေသင့်တော့ဘူး။

ချန်ရှင်း က သူ့ခေါင်းကို မော့ပြီး ကျန်းရီ ကို ကြည့်လိုက်ပြီးနောက်တွင် လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်"

"ရပါတယ်.."

ချန်ရှင်း ထွက်သွားပြီးနောက်တွင် တန်ကျိုးလည်း တည်ရှိမနေတော့သည့် အဖြစ်သို့ ပြောင်းလဲသွားပြီး သင်္ချိုင်းတွင်းရှိ သရဲကလေးတွေလည်း မည်သည့်အချိန်က ပျောက်ကွယ်သွားသည်ကို မသိလိုက်ပေ။

ကျန်းရီ ၏ ပရိသတ် ချင်ဖန်းသာ တောင်ပေါ်တွင် တစ်ဦးတည်းသော ကျန်ရစ်သူဖြစ်သည်။ သူ့လက်ကိုင်ဖုန်းကို ကိုင်ပြီးတော့ ဘာလုပ်ရမှန်း မသိဘဲ ရပ်နေသည်။

"ချင်ဖန်း မင်းလည်း တောင်ပေါ်ကနေ ဆင်းလိုက်တော့။ မင်းရဲ့ ဇနီးနဲ့ မင်းအမေက မင်းကို စိတ်ပူနေလောက်ပြီထင်တယ်"

“အမ်..? ကောင်းပါပြီ !”

ချင်ဖန်းက မြန်မြန်ပြန်ဖြေလိုက်တယ်။ သူက ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့​တဲ့ တစ်ဦးတည်း​သောလူ ဖြစ်သည်။ သို့သော် သတိဝင်လာပြီးနောက် ကျန်းရီကို “စတွင်မာရေ အားလုံးပြေလည်သွားပြီလား?”

“ဒါပေါ့၊ ဒီကမ္ဘာကြီးမှာ လူတွေကို ဒုက္ခပေးမယ့် တစ္ဆေကလေးတွေ မရှိတော့ဘူး။ တစ်ယောက်ယောက်က ထပ်မမွေးခဲ့ရင်ပေါ့။”

ကျန်းရီ က ပြောလိုက်တော့ ချင်ဖန်းက ရှက်ရွံ့စွာ ပြုံးလိုက်ကာ “ထပ်ရှိခဲ့ရင်လည်း စတွင်မာနဲ့ တွေ့လိုက်ရင် အဆုံးမှာ ပြေလည်သွားမှာပါပဲ!”

“မင်းသိရင် ပြီးတာပါပဲ”

မင်းဘာလို့ မင်းမိန်းမဆီ မြန်မြန် မပြန်သေးတာလဲ

ကလေးမွေးပြီးတာမှ မကြာသေးဘူး အိပ်ဖို့အတွက် ဟိုတယ်ကို ပြေးသွားလိုက်တယ်။

ကံကောင်းထောက်မစွာနဲ့ ပစ်မှတ်က မင်းမဟုတ်ခဲ့ဘူး။ မဟုတ်ရင် မင်းသမီးက နှစ်ရက်သုံးရက်ပဲရှိ​သေးတာ။

သူမ ဘယ်လောက်ထိ အန္တရာယ်ဖြစ်သွားမလဲဆိုတာ ဘုရားပဲ သိလိမ့်မယ် !”

ချင်ဖန်း သည် လျင်မြန်စွာ ရယ်မောပြီး ခေါင်းကုတ်ကာ တောင်ပေါ်မှ ပြေးဆင်းသွားခဲ့သည်။

ဒါပေမယ့် ပြေးနေရင်းနဲ့ သူက “စတွင်မာ နောက်က အဖြစ်အပျက်နဲ့ ဒီအဖြစ်အပျက်ကို ကုဒ်နာမည် ပေးလိုက်ရအောင်လား? မင်းဖြေရှင်းခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအားလုံးကို ဖိုင်တွေအဖြစ် စုစည်းလိုက်ရင် သေချာပေါက် အရမ်းမိုက်သွားလိမ့်မယ်”

ကျန်းရီက ပြုံးပြီးတော့ ပြောလိုက်တယ် “ဒီအဖြစ်အပျက်နှစ်ခုအတွက် သိပ်ပြီးစဉ်းစားနေစရာ မလိုပါဘူး။ မျက်နှာမဲ့လူရဲ့ အဖြစ်အပျက်ကို သဘာဝအတိုင်းပဲ မျက်နှာမဲ့ အဖြစ်အပျက် လို့ နာမည်ပေးလိုက်ပေါ့။ အခုတစ်ခုကတော့ ကလေးတစ္ဆေအဖြစ်အပျက် လို့ နာမည်ပေးလိုက်မယ်လေ”

All Chapters