ဦးလေးရဲ့ ဇာတ်လမ်း
Vol. 8 Ch. 108
မျက်နှာမဲ့ အဖြစ်အပျက် နှင့် ကလေးတစ္ဆေ အဖြစ်အပျက် လို့အမည်ပေးထားတဲ့ ဖြစ်ရပ်များ၏အဆုံးသတ်သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များကို သိသာသော အပြောင်းအလဲတွေကို ခံစားစေပုံရခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ဆုများ ချီးမြှင့်ပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ဒန်နီယယ်က ရုတ်တရက် မေးခဲ့လိုက်သည်-
“စတွင်မာ ဒီအဖြစ်အပျက်နှစ်ခုက အရင်က အဖြစ်အပျက်တွေနဲ့ အရမ်းကွာခြားပုံရတယ်။ မျက်နှာမဲ့လူ နဲ့ တန်ကျိုး တို့က မတူညီတဲ့ အစွန်းအထင်းတွေ ရှိတဲ့ လူနှစ်ယောက်ဖြစ်ပေမယ့် အရင်တုန်းက ငါတို့ကြုံတွေ့ခဲ့ရတဲ့ သရဲတစ္ဆေတွေနဲ့ ယှဉ်ရင် ပိုပြီးစွမ်းအားကြီးပုံရတယ် ”
ဒန်နီယယ်၏ မက်ဆေ့ချ်ကို ကြည့်လိုက်ပြီးတော့ ကျန်းရီက ခေါင်းညိတ်ပြီး “ တွေ့တော့လဲ တွေ့တယ်လို့မှတ်ပေါ့။ ပြောနေကျ အတိုင်းပဲလေ အားလုံးက ကံကြမ္မာပဲ”
“ဟားဟား၊ စတွင်မာရဲ့ မရိုးသားတဲ့ နည်းပရိယာယ်ကို ကျွန်တော် အရှုံးပေးလိုက်ပါပြီ။ မူလက သရဲတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို သိချင်ပေမယ့် အခုတော့ အကြံက မအောင်မြင်တော့ဘူး ။
စကားပြောနေရင်းနဲ့ ရုတ်တရက် နောက်ထပ် မက်ဆေ့ချ်တစ်ခု ထွက်လာခဲ့တယ် “စတွင်မာ ငါ့မှာ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်၊ အဲဒါကို နားထောင်ချင်လား? မနက်ရောက်ဖို့က လိုနေသေးတယ်၊ တကယ်လို့ ဖုန်းလာခဲ့ရင် ငါရပ်လိုက်မယ်လေ….”
သေချာသလောက်ပါပဲ သဘာဝလွန် ဖြစ်ရပ်တွေကို နှစ်သက်သူတိုင်းလိုလို သရဲနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ အနည်းအများ ရှိတက်ကြပါတယ်။
“ရတာပေါ့ မင်းကို အွန်လိုင်းပေါ်ကနေ ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်မယ်လေ”
“အိုကေပါ၊ ဒါပေမယ့် ငါမျက်နှာတော့ မပြဘူး။ ငါက ရုပ်ဆိုးတဲ့အတွက် လူတွေကို မမြင်စေချင်ဘူး။”
ဗီဒီယိုခေါ်ဆိုလိုက်ပြီးနောက် ဒန်နီယယ်၏ ခေါင်းအောက်ပိုင်းသာ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် ပေါ်လာခဲ့သည်။ သူ့ပုံစံကို ကြည့်ပြီးတော့ အသက်သုံးဆယ်ရှိမည်ဟု ထင်နိုင်သည်။
တီရှပ်အဖြူကို ၀တ်ထားပြီး နှစ်ကြိမ်လောက် ချောင်းဆိုးပြီးနောက်တွင် ဒန်နီယယ်၏ အသံသည် ကြမ်းရှရှနဲ့ ထွက်လာခဲ့သည် ။
"အားလုံးပဲ တောင်းပန်ပါတယ် ၊ ဒါပေမယ့် ပထမဆုံး အကြိမ်တွေ့တဲ့ အချိန်မှာတော့ ငါ့မျက်နှာအစစ်ကိုတော့ မပြချင်ဘူး။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ညီအစ်ကို မောင်နှမတွေ ငါ့ကို အပြစ်မတင်ပါနဲ့။"
"ဒန်နီယယ် မင်းကိုဒီလိုပုံစံတွေ့ရတော့၊ မင်းပြောပြချင်တဲ့ဇာတ်လမ်းက နည်းနည်းဆန်းကြယ်နေတာများ ဖြစ်နေမလား" ကျန်းရီက ပြုံးပြီး မေးလိုက်သည်။
ဒန်နီယယ်က ခေါင်းယမ်းလိုက်ပြီး- "ဒါကို ပြောရရင်တော့ သာမာန်ပါပဲ၊ ဒါပေမယ့် ပြောနေကျ စကားအတိုင်းပဲပေါ့ အပြင်လူတွေက စိတ်လှုပ်ရှားတာတွေကိုပဲ ကြည့်တယ်၊ ကျွမ်းကျင်တဲ့ လူတွေကတော့ တကယ့် အချက်အချာကို ကြည့်တယ်ပေါ့ဗျာ။ ငါ့ဇာတ်လမ်းက စတွင်မာလို လူအတွက်တော့ စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်”
"ဒါဆို နောက်ထပ် ဖုန်းမလာခင်အထိ ပြောကြရအောင်"
ကျန်းရီ က ပြုံးပြီး ခေါင်းညိတ်သည်။ တကယ်တော့၊ ဗီဒီယိုကတစ်ဆင့် ဒန်နီယယ်ရဲ့ ပုံရိပ်ကို အနည်းငယ်မြင်ရပြီး ဒန်နီယယ်က ဘာကြောင့် မျက်နှာ မပြချင်ရတာလဲဆိုတာကို နည်းနည်းတော့ နားလည်မိပုံရတယ်။
“အတိအကျပြောရမယ်ဆိုရင် ဒီဇာတ်လမ်းက ငါ့ဦးလေးရဲ့ ဇာတ်လမ်းပဲ။
ငါ့ဦးလေး ငယ်ငယ်တုန်းက အရပ် ၁.၈ မီတာထက်ရှည်ပြီးတော့ တောင့်တောင့် ဖြောင့်ဖြောင့် လူချောကြီးပေါ့
သူ့အသားအရည်က နည်းနည်းညိုပေမဲ့ သူ့အသွင်အပြင်က အမြဲတမ်း ယောက်ျားပီသနေခဲ့တယ်၊ အသက်နှစ်ဆယ်အရွယ်မှာ ရွာက လူတိုင်းရဲ့မျှော်လင့်ချက်အောက်မှာပဲ အဖိုးတို့ရွာရဲ့ ကောလိပ်ကျောင်းသား အနည်းငယ်ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။ “
“အဲဒီအချိန်တုန်းက ကောလိပ်ကျောင်းသားတွေက အရမ်းတန်ဖိုးရှိတယ်။ မိသားစုတစ်စုက ကောလိပ်ကျောင်းသား မွေးထုတ်နိုင်ခဲ့ရင် အဲ့ဒီနယ်တဝှမ်းမှာ ကျော်ကြားလာမယ်။ ငါ့ဦးလေးဟာ စိတ်ဓာတ်မြင့်မားပြီးတော့ လူသိများလာခဲ့တယ်။ တစ်မိသားစုလုံးရဲ့ ပံပိုးမှုတွေအောက်မှာပဲ ဦးလေးက မြို့ကြီးပြကြီးမှာ စာသင်ဖို့အတွက် အိမ်က ထွက်လာခဲ့တော့တယ်။”
“အဲဒီတုန်းက ခရီးဝေးသွားချင်ရင်တော့ ရထားနဲ့မှ သွားလို့ရတယ်။
တစ်ခါ စီးရင်လည်း နာရီပေါင်းများစွာ ကြာတက်တယ်။
ရထားစီးရတာက အရင်တုန်းက ကြောက်စရာကောင်းတယ်လို့ လူတော်တော်များများက ပြောကြတယ်။
လူတော်တော်များများ ပြောကြတာကတော့ အချိန်အကြာကြီးစီးမိခဲ့ရင် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားနည်းသူတွေဆိုရင် ရူးပါ ရူးတက်တယ်လို့ ပြောခဲ့ကြတယ်။”
“ကျွန်တော်တော့ တစ်ခါမှ မကြုံဖူးဘူး။
တကယ်စမ်းကြည့်ဖူးတဲ့သူတွေက ရူးသွားသလို ခံစားရလား မရလားတော့ မသိပါဘူး။
ဒါပေမယ့် ငါ့ဦးလေးကို နောက်ပြန်တွေ့လိုက်ရတော့ သူပြောင်းလဲသွားခဲ့တယ်။
သူက တစ်နေ့လုံး စကားသိပ်မပြောဘဲ တိတ်ဆိတ်နေခဲတယ်။
အထူးသဖြင့် ညဘက်တွေမှာဆိုရင်ပဲ အိမ်ထဲမှာ အသံထွက်လို့မရဘူး။
အသံထွက်လာခဲ့ရင် ဦးလေးက အရမ်းကို ထိတ်လန့်နေခဲ့တယ်။
ဒီလို ထိတ်လန့်မှုမျိုးက ဟန်ဆောင်ထားတဲ့ ပုံစံမျိုး မဟုတ်ဘူး၊ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ အရင်က ကြောက်နေခဲ့တဲ့ သူတွေအတိုင်းပဲ...
တကယ့် အကြောက်တရား၊ ပြောပြလို့ မရနိုင်တဲ့ အကြောက်တရား။”
ဒန်နီယယ်သည် သူစကားပြောနေရင်းနဲ့ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ အဲ့ဒီအချိန်မှာ ကျန်းရီ က “မင်းဦးလေးက ကောလိပ်မသွားခဲ့ဘူးလား?”
“ဟုတ်တယ် သူ မသွားခဲ့ဘူး။
ကျောင်းမရောက်ခင် သုံးရက်မြောက်နေ့မှာ ဘတ်စ်ကားစီးဖို့ လိုတယ်။
အဲဒီအချိန်မှာ မိသားစုက ကျောင်းရောက်တာနဲ့ ရောက်ပြီဆိုတဲ့ ကြောင်းကို သတင်းပို့ခိုင်းတယ်။
ဒါပေမယ့် သုံးရက် လေးရက်နဲ့ တစ်ပတ်ကြာတဲ့အထိ ဦးလေးက ဖုန်းမဆက်ခဲ့ဘူး။
ဆယ်ရက်မြောက်နေ့မှာတော့ အဘိုးက သည်းမခံနိုင်တော့ဘဲ ဦးလေး ဝင်ခွင့်ရတဲ့ တက္ကသိုလ်ကို လိုက်သွားခဲ့တယ်။”
“ကျနော့်အဘိုးက ကျောင်းကိုရောက်ခဲ့တယ်၊ ဒါပေမယ့် ဝင်ခွင့်ဖောင်တင်တဲ့ ရုံးကိုမေးတော့ ဦးလေးက ကျောင်းကို လုံးဝမရောက်ခဲ့ဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ ဦးလေးကို အဆက်အသွယ်လုပ်ဖို့ အချက်အလက်တွေကို ရှာပြီးတော့ ရွာကဦးလေးအိမ်ကို ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တယ် ဆိုတဲ့အကြောင်းတွေ ပြောခဲ့တယ်။
အဲဒီတုန်းက အဘိုးက နောက်ဆုံးတော့ ဦးလေး တက္ကသိုလ်ကို မရောက်ခဲ့မှန်း သိသွားခဲ့တယ်။
အရင်တုန်းက အရာအားလုံးက မပြည့်စုံခဲ့ဘူးလေ။
အထူးသဖြင့် ရထားဘူတာတွေလို နေရာမျိုးတွေမှာ လုယက်မှုတွေ လူသတ်မှုတွေက များတယ်။”
“ကျနော့်အဘိုးက ရဲစခန်းကို တိုင်ကြားဖို့ သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ရဲတွေက စပြီး စုံစမ်းခဲ့တော့တာပေါ့။
ဒါပေမယ့် အချိန်အတော်ကြာ စုံစမ်းပြီးနောက် ရလဒ်ကတော့ ကျွန်တော့်ဦးလေးက အဲဒီရထားပေါ် လုံးဝ မတက်ခဲ့ဘဲ အဲဒီရထားအတွက် လက်မှတ်တောင် မဝယ်ခဲ့ပါဘူးတဲ့။ ဦးလေး ရထားပေါ်တက်လိုက်တာကို သူ့မျက်လုံးနဲ့မြင်လိုက်ရတဲ့ အဘိုးက ဒီရလဒ်ကို ချက်ချင်းလက်မခံနိုင်ဘူး “
‘‘ဒါပေမယ့် ဦးလေးကို ရှာလို့ မတွေ့ ခဲ့ဘူး ပြီးတော့ ရဲတွေကလည်း ဘာမှလုပ်လို့ မရခဲ့ဘူး။ အဘိုးက မြို့ထဲမှာ တစ်လခွဲလောက် တစ်ယောက်တည်း လိုက်ရှာခဲ့တယ်၊ ဒါပေမယ့် ဦးလေးအကြောင်းကို ဘာသတင်းမှ မရခဲ့ဘူး။ ဒါကြောင့် အရင်ဆုံး အိမ်ပြန်လာဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘူး။ သူနဲ့အတူ ယူလာခဲ့တဲ့ ပိုက်ဆံတွေကလည်း အားလုံး သုံးလို့ ကုန်ပြီလေ”
“အဘိုးက အိမ်ပြန်ရောက်တော့ ဦးလေးက ကျောင်းတက်နေတယ်ဆိုပြီး အဖွားကို လိမ်ခဲ့တယ်၊ ဦးလေးက မတော်တဆ လက်ကျိုးပြီးတော့ ဘေးကင်းကြောင်း သတင်းပို့ဖို့ မေ့သွားခဲ့တယ်လို့ လိမ်ခဲ့တယ်။
ပြန်ရောက်တာ ကြာရတဲ့ အကြောင်းအရင်းက ဦးလေး ကို ပြုစုနေတာကြောင့်လို့ ပြောခဲ့လိုက်တယ်။
အဲဒီ့အချိန်က အဘွားကို ပြောခဲ့တဲ့ အဖြူရောင် လိမ်ညာမှုတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့်အမေနဲ့ တခြားသူတွေက ကျွန်တော့်အဘိုးရဲ့ မျက်နှာက စိုးရိမ်ပူပန်မှုတွေကို ရှင်းရှင်းလင်းလင်းမြင်နေရခဲ့တယ်။
ဒါပေမယ့် ရက်အနည်းငယ်ကြာတော့ ငါ့အဘိုးက ဘယ်သူ့ကိုမှ မပြောဘဲနဲ့ ပိုက်ဆံတွေယူပြီး ငါ့ဦးလေးကို ထပ်ရှာဖို့ ပြင်နေခဲ့တယ်”
“ဒါပေမယ့် ဘယ်သူမှမထင်ထားခဲ့တာက ငါ့အဖိုးက ညဉ့်နက်မှထွက်တဲ့ ရထားကို အမှီစီးဖို့ သူ့အိတ်ဆောင်အိတ်ကို သယ်ပြီးး ရွာကနေ ထွက်လိုက်တဲ့အချိန်မှာ အဝေးက ရွာထဲကို လမ်းလျှောက်လာတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်”
“ အဝေးကနေဆိုတော့ သဲသဲကွဲကွဲ မမြင်ရပေမယ့် အဲဒီညက လဟာ အရမ်းတောက်ပနေခဲ့တဲ့။ မရေရာ မသေချာနဲ့ စိတ်ထဲမှာတော့ အဘိုးက အဲဒီလူကို ရင်းနှီးပုံရပြီး ဦးလေးလို့ ထင်နေပုံရတယ်။ ” .
“အဘိုးက အရှိန်မြှင့်ပြီး ပြေးလိုက်တယ်၊ နောက်ဆုံးတော့ သူ့ဆီကို လျှောက်လာနေတဲ့ ပုံရိပ်ရှေ့ကို ရောက်သွားခဲ့တယ်။”
အဘိုးထင်တာမှန်ခဲ့တယ် အဲ့ဒါက ငါ့ဦးလေးပဲ၊ တစ်လကျော်ကြာအောင် ပျောက်နေခဲ့တဲ့ဦးလေး။ အဲဒီတုန်းက ဦးလေးက အိမ်ကထွက်သွားတုန်းက ဝတ်ထားတဲ့ အဝတ်အစားကိုပဲ ဝတ်ထားသေးတယ်၊ ဒါပေမယ့် ခရီးဆောင်အိတ်ကတော့ ပျောက်သွားခဲ့တယ်။
အဘိုးက အဲဒါကို သိပ်ဂရုမစိုက်နိုင်ဘဲ သူ့သားဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။
သူကို ပွေ့ဖက်ရင်းနဲ့ ကျယ်လောင်စွာပဲ ငိုတော့တာပေါ့။
“ဒါပေမယ့် အဘိုးငိုလိုက်တဲ့အခါမှာ ငါ့ဦးလေးက တစ္ဆေမြင်လိုက်သလိုပဲ တုန်နေခဲ့တယ်။
အဘိုးက ဦးလေးရဲ့ အပြုအမူကို မြင်လိုက်ရတော့ ပတ်ပတ်လည်ကို အသဲအသန်ကြည့်လိုက်တယ်။
ဦလေးကလည်း သူ့နောက်ကို လှည့်ကြည့်လိုက် သူ့ရှေ့ကို လှည့်ကြည့်လိုက်နဲ့ ထပ်ပြီးတော့ သူ့နောက်ကို ပြန်ကြည့် ရှေ့ကိုပြန်ကြည့်လိုက်နဲ့ တစ်ခုခုကို ရှာနေတဲ့ပုံပဲ
နောက်ဆုံးတော့ သူ မျက်လုံးအပြူးသားနဲ့ အဘိုးရဲ့ ပါးစပ်ကို တင်းတင်းကြပ်ကြပ် အုပ်ထားလိုက်တယ်။
“သူက အဘိုးရဲ့ ပါးစပ်ကို လက်တစ်ဖက်နဲ့ အုပ်ထားပြီး ကျန်လက်တစ်ဖက်က အဘိုးရဲ့ လက်ကိုဆွဲပြီး အရူးလို ရွာထဲ ဆွဲခေါ်သွားခဲ့တယ်။ ပြီးတော့ တဖြည်းဖြည်း နဲ့ မြန်လာခဲ့တယ်..နောက်ဆုံး ပြေးတဲ့အထိပါ ရောက်ခဲ့တယ်...”