အသံကို ကြောက်လန့်မှု
Vol. 8 Ch. 109
“အဘိုးက ရထားစီးဖို့ သွားခဲ့တော့ သူ့မိသားစုကို အသိမပေးခဲ့ဘူး။ ဦးလေး သူ့ကို ပြန်ဆွဲခေါ်လာခဲ့တော့ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါပေမယ့် ဦးလေးကတော့ ပါးစပ်ကို လက်နဲ့ အုပ်ထားဆဲဖြစ်ပြီး ဘာသံမှမထွက်စေဘူး။ တံခါးအပြင်ဘက်မှာတော့ လမ်းတစ်လမ်းရှိတယ် ဒါပေမယ့် ပြောင်ရှင်းနေတဲ့အတွက် ကန်ကြောက်စရာလည်းမရှိခဲ့ဘူး။”
"ညသန်းခေါင်ကြီးမှာ ငါ့အဘိုးကို ဦးလေးက တံခါးဝထိ ဆွဲခေါ်လာခဲ့တယ် ကံကောင်းထောက်မစွာနဲ့ သူ့ပါးစပ်ကိုပဲ အုပ်ထားလို့ပေါ့ သူနှာခေါင်းကိုသာ အုပ်ထားခဲ့ရင် အဲဒီညက အဘိုး သေသွားနိုင်တယ်။"
“တစ်ညလုံး အဘိုးကို အသံမထွက်အောင် ဦးလေးက တစ်ညလုံး အုပ်ထားခဲ့တယ်။
မနက်စောစော မနက်စာချက်ဖို့ အဖွားက တံခါးဖွင့်လိုက်တဲ့အချိန်မှာ အလွန်အားနည်း နေတဲ့ အဘိုးကို တံခါးဝမှာ တွေ့လိုက်ရတယ်။
ခဏကြာတော့ ဦးလေးက အဘိုးကို လွှတ်ပေးလိုက်တယ်။
အဲဒီတုန်းက အဖွားက ငိုပြီးတော့ ဦးလေးကို ရိုက်နှက်ဆုံးမနေပြီးတော့ သူ့ကို အရူးကောင်…သားမိုက် ဆိုပြီး အော်ဟစ် ကြိမ်းမောင်းနေခဲ့တယ်”
"ဒါပေမယ့် ငါ့ဦးလေး က ဘာမှ ပြန်မလုပ်ခဲ့ဘူး။ သူက အဲ့မှာ ရပ်နေပြီး အဖွားရဲ့ ရိုက်နှက် ဆူပူ ကြိမ်းမောင်းတာကို ခံနေခဲ့တယ်။ အဘိုးရဲ့ ဒဏ်ရာတွေကို ဆေးထည့်ပြီး ပြန်သယ်သာလာတော့ ဦးလေး ပျောက်သွားတဲ့ အကြောင်းကို ပြောပြခဲ့တယ်။ အဲ့ဒီတော့မှ အားလုံးက ငါ့ဦးလေး ကျောင်းသွားရင်းနဲ့ ပျောက်သွားခဲ့တယ် ဆိုတာကို သိခဲ့ရတယ်”
“ကျွန်တော့်အဘိုးနဲ့ လူတော်တော်များများက ဦးလေးကို ဒီ တစ်လကျော်မှာ ဘယ်ကိုရောက်နေလဲ ဆိုတာကို မေးတဲ့အခါမှာ ဦးလေးက ဘာမှ ပြန်မပြောခဲ့ဘူး
နောက်ဆုံးတော့ အဘိုးက ဦးလေးရှေ့မှာ ဒူးထောက်ချလိုက်တယ် ဒါပေမယ့် ဦးလေးကတော့ မျက်ရည်ကျရုံပါပဲ ဒါပေမယ့် စကားကတော့ တစ်ခွန်းမှ မပြောခဲ့ဘူး။
အဘိုးကို အကြိမ်အနည်းငယ် ကန်တော့ပြီးတဲ့ နောက်မှာ အခန်းထဲမှာ သော့ခတ်ပြီး နေခဲ့တယ်။
“အဲဒီတုန်းက လူတော်တော်များများက သူ့ကို ဒီလိုမြင်လိုက်ရတော့ ငါ့ဦးလေး ရူးသွားပြီထင်ပြီးတော့ ဆေးကုဖို့ ဆရာဝန်ရှာဖို့ လိုနေပြီလို့ ပြောခဲ့ကြတယ်။
ဒါပေမယ့် အဲ့အချိန်မှာ စိတ်ရောဂါကို ဘယ်သူက ကုသနိုင်မှာလည်း။ မြို့ကြီးတစ်မြို့ကို သွားကုမှပဲ ရမှာလေ ဒါပေမယ့် အဲဒီတုန်းက မိသားစုမှာ တကယ်ပဲ သွားကုနိုင်လောက်တဲ့ အခြေအနေမျိုး မရှိနေခဲ့ဘူး။
ဒါ့အပြင်ကို အဘိုးက ဦးလေးမှာ တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ တစ်ခါမှ မတွေးခဲ့ဘူး၊ သူပ အမှားတစ်ခုခုကို ကျူးလွန်ခဲ့ပြီးတော့ ဒီလိုဖြစ်နေတာလို့ပဲ ထင်ခဲ့တယ်။
ညမိုးချုပ်လာတော့ အဖွားက မျက်ရည်တွေနဲ့ မီးဖိုခန်းထဲမှာ ချက်ပြုတ်နေခဲ့တယ်။ အဲဒီတုန်းက ဦးလေးစိတ်နဲ့ပဲ အာရုံစုစည်းလို့ မရခဲ့ဘဲ ချက်ပြုတ်နေရင်နဲ့ ပန်းကန်ဆယ်လုံးလောက် မတော်တဆ ကွဲသွားခဲ့တယ် “
“ပန်းကန်ကွဲသံကို ဦးလေး ကြားလိုက်ရတော့ ပြေးထွက်လာပြီး အဖွားကို သွေးရောင်သန်းနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်
အဖွားက သူ့ကို ခွေးကောင် လို့ ကြိမ်းမောင်းနေပြီး ဆူပူတဲ့အသံက အရမ်းကျယ်လောင်နေခဲ့တော့ ဦးလေးက ရုတ်တရက် ခေါင်းကို လက်နဲ့ ဖက်လိုက်ပြီး ထင်းပုံထဲကို ကျုံ့ဝင်သွားခဲ့တယ်။
အဲဒီတုန်းက အမေပြောတာကတော့
ငါ့ဦးလေးက နာမှာကို မကြောက်သလိုမျိုး သူ့ခေါင်းကို ထင်းပုံမှာမြှုပ်ပြီးတော့ လက်တွေကို နောက်ကို ပြန်ပြီး ဝှေ့ယမ်းပြနေခဲ့တယ်။
အဲ့ဒါက အဲ့နေရာကို တစ်ယောက်ယောက်က လာဖို့ တွန်းအားပေးနေသလိုမျိုးကြီး၊ ပြီးတော့ ထင်းပုံရဲ့အပြင် ပြတင်းပေါက်ကို လှမ်းကြည့်နေခဲ့တယ်။
“ကျွန်တော့်အမေနဲ့ အဖွားက ပြတင်းပေါက်အပြင်ဘက်မှာ ဘာမှမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရတယ်။ ဒါပေမယ့် သူက ဆက်ကြည့်နေရင်းနဲ့ လက်ကိုဝှေ့ယမ်းပြီး သူ့မျက်နှာပေါ်မှာလည်း မျက်ရည်တွေ စီးကျလာခဲ့တယ်။
အဲဒီတုန်းက ဦးလေးရဲ့မျက်လုံးထဲမှာ ကြောက်စိတ်တွေရှိနေခဲ့တယ်လို့ အမေက ပြောတယ်။
သူက ကြည့်ရဲပေမယ့် တစ်စုံတစ်ယောက်က သူ့ကို အဲ့နေရာကို ကြည့်ခိုင်းနေသလိုမျိုး ခံစားခဲ့ရတယ်။
မျက်လုံးတွေ ပြူးကျယ်ပြီးတော့ ခေါင်းကို ခါယမ်းနေခဲ့တယ်..။
“ အချိန်သိပ်မကြာလိုက်ပါဘူး အဖိုးနဲ့ အဒေါ်တို့ ရောက်လာခဲ့တယ်
လူများလာလေလေ အသံတွေကလည်း ထွက်လာလေလေ ကျွန်တော့်ဦးလေးလည်း ပိုထိတ်လန့်လာလေလေပဲပေါ့ဗျာ။
သူ့လက်ကတော့ ဆက်ပြီး ဝှေ့ယမ်းနေတုန်းပဲ
နောက်ဆုံးမှာတော့ အဘိုးက ဦးစွာ သတိထားမိလာခဲ့တယ်
သူ အမြန်သွားပြီးတော့ အိမ်ကို ရှင်းပစ်လိုက်တယ်။
တွန်တက်တဲ့ ကြက်တကောင်ရဲ့ လည်ချောင်းက အဲ့နေရာမှာပဲ ခုတ်ဖြတ်လိုက်တယ် မီးဖိုချောင်ထဲက ပြတင်းပေါက်လေးပေါ်မှာလည်း သွေးတွေစွန်းနေခဲ့တယ်”
“အဲ့ဒီတော့မှ ငါ့ဦးလေးက ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီးတော့ ထင်းပုံထဲမှာပဲ သတိလစ်သွားခဲ့တယ်။
အဲ့ဒီတုန်းက သူက တစ်နေ့နဲ့ နှစ်ညတောင် အိပ်ခဲ့လိုက်တယ်၊ နောက်မနက်မှပဲ နိုးတော့တယ်
သူနိုးလာသည်နှင့်တပြိုင်နက်ပဲ အဖိုးက အနီးနားက နာမည်ကြီး တာအိုဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ခဲ့တယ်
ထုံးတမ်းစဉ်လာတွေလုပ်ဖို့ အတွက်လည်း နတ်ဆရာမကိုပါ ဖိတ်ခဲ့လိုက်တယ်။”
“ကျနော့်ဦးလေးက လူအုပ်ကြီးရှေ့မှာ ထိုင်ပြီးတော့ အဆောင်ရေနဲ့ ပက်ခံလိုက်ရတယ်၊ ပြီးတော့ ခေါင်းလောင်းကိုလည်း သူ့ရှေ့မှာ တီးနေခဲ့တယ်။
ဦးလေးကတော့ အစကနေ အဆုံးထိ စကားတစ်ခွန်းမှ မပြောခဲ့ဘူး။
တာအို ဘုန်းကြီးနဲ့ နတ်ဆရာမတို့ကတော့ ဦးလေးက နတ်ဆိုးဝိညာဥ်တွေရဲ့ ပြုစားခြင်းကို ခံခဲ့ရတာလို့ ပြောခဲ့ကြတယ်။
တကယ်တော့ အဲဒီအချိန်မှာ တာဘုန်းကြီးနဲ့ နတ်ဆရာမတွေရဲ့ စကားတွေက လူတွေကို လှည့်စားနေတာဖြစ်ကြောင်းကို အဲဒီတုန်းက အဘိုးက သိနေခဲ့တယ်။
ငါ့ဦးလေးကို နတ်ဆိုးဝိညာဥ်ပြုစားတာကို ဘယ်သူက မသိဘဲနေမှာလဲ။ ဒါပေမယ့် အဘိုးက နည်းလမ်းတစ်ခုကို စဉ်းစားမိလိုက်တယ်။
ဦးလေး က ပညာတက်တစ်ယောက်လေ။
သူက စကားပြောလို့မရ၊ အသံထွက်လို့ မရတဲ့ တစ်ခုခုနဲ့ ကြုံခဲ့ရလိုက်ရင်တောင်မှ ဦးလေးက စာနဲ့ရေးပြလို့ ရနိုင်တယ်လေ!”
“ဒါကြောင့် အဘိုးက စာရွက်နဲ့ ဘောလ်ပင်ကို ယူပြီးတော့ အဘိုးရှေ့မှာ ချလိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ မင်းဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အကုန်ချရေးလိုက်။ ဒါပေမယ့် ဦးလေးကတော့ စာရွက်နဲ့ ဘောလ်ပင်ကို ဂရုမစိုက်စွာနဲ့ ကြည့်ပြီး ဘာမှ မရေးခဲ့ဘူး။ အဘိုးက ဒေါသထွက်လွန်းလို့ ညတိုင်းပဲ ဘူတာရုံကို သွားခဲ့လိုက်တယ်။
“ဦးလေးစီးတဲ့ ရထားမှာ တစ်ခုခု မှားနေတယ်လို့ သူထင်ခဲ့တယ်။ ဒါပေမဲ့ သူက ထပ်ခါထပ်ခါ သွားနေခဲ့တာတောင် ဘာမှ ထူးမလာခဲ့ဘူး။
နောက်ဆုံးတော့ အဘိုးလည်း ဆက်ပြီးတော့ ခံနိုင်ရည်မရှိတော့ဘူး။
အိမ်ကို ပြန်လာခဲ့လိုက်တော့တယ်။ ပြီးတော့ ဦးလေးကို ဘာဖြစ်ခဲ့တာလဲ ဆိုတာကို ထပ်မမေးတော့ဘူး။
ဦးလေးကို အခန်းထဲမှာပဲ နေ့တိုင်း ပိတ်ထားခဲ့တယ်၊ တံခါးတွေ၊ ပြတင်းပေါက်တွေက အရမ်းထူလွန်းလို့ ဘာအသံမှ မကြားစေခဲ့ဘူး။”
“လတွေ တစ်လပြီးတစ်လ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်။ ဦးလေးရဲ့ ပုံစံကို လူတိုင်းက ကျင့်သားရလာခဲ့တယ်။ အဘိုးလည်း အဲဒီ့အချိန်ကစပြီး အသက်ပိုကြီးလာပုံ ရခဲ့တယ်။ မြန်မြန်ဆန်ဆန်နဲ့ ဖွံဖွံဖြိုးဖြိုး အဘိုးကြီးကနေ မကြာခင်မှာပဲ ပိန်ပိန်ပါးပါးနဲ့ အဘိုးကြီး ဖြစ်လာခဲ့တယ်... ဟား….ဟား…. “
အဆုံးမှာတော့ ဒန်နီယယ် က ရယ်မောလိုက်သည်။ သူ့ရယ်သံထဲတွင် ခါးသီးမှု အနည်းငယ် ပါနေခဲ့သည်။
သူ့ဇာတ်ကြောင်းအရ ကျန်းရီသာမက၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူ ၃၀၀,၀၀၀ ကျော်က ဒန်နီယယ်က သူ့အဖိုးမိသားစုကို အလွန်ချစ်ခင်မှုရှိရမည်ကို ခံစားခဲ့ရသည်။
သူ့မျက်ရည်တွေကို တိတ်တိတ်လေးသုတ်ဖို့ သူ့လက်ကို မြှောက်လိုက်တဲ့ ပုံကိုကြည့်ပြီး သိနိုင်သည်။
ဒါပေမယ့် ကျန်းရီ က ဒီအချိန်မှာ "ဇာတ်လမ်းက မပြီးသေးဘူးမလား။ မင်းဦးလေး အသက်ရှင်နေသေးလား"
"သေပြီ၊ သူသေခဲ့တာ နှစ်အတော်ကြာပြီ။
အဲဒီနေ့မနက်မှာ အဘွားက ထုံးစံအတိုင်းပဲ ဦးလေးဆီ ထမင်းလာပို့ခဲ့တယ်။
တံခါးကိုဖွင့်လိုက်တော့ အိမ်မှာသိမ်းထားတဲ့ စောင်တွေက ဦးလေးရဲ့အိပ်ယာကို အမြင့်ကြီးဖြစ်နေအောင် ခြုံအုပ်ထားတာကို တွေ့လိုက်ရတယ်။
အဲ့ချိန်က နွေရာသီကြီးလေ တစ်ခုခုမှားနေပြီဆိုတာ အဖွားက သိလိုက်တယ်။
သူမ စောင်တွေကို တစ်ထည်ပြီး တစ်ထည်ဖွင့်ကြည်ြလိုက်တော့ ဦးလေးက ကွေးကွေးလေးနဲ့ တစ်ခုခုကို စိုက်ကြည့်နေရင်း သေဆုံးနေတယ်..။
ခေါင်းတလားထဲကို ထည့်တုန်းကလည်း သူ့လက်တွေက ခြေဖဝါးတွေကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီးတော့ ဖြေလို့မရခဲ့ဘူး။
အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက်မှာ အဖိုးက ထားလိုက်တော့ဆိုပြီး ပြောခဲ့လိုက်တယ်။ ငါ့အထင်တော့ ငါ့ဦးလေးက အခုအချိန်ထိ အဲ့လိုပုံစံမျိုးပဲ ရှိအုံးမယ်ထင်တယ်”
ဒါကိုပြောတဲ့အခါမှာ ဒန်နီယယ် က နှစ်ခါလောက်ရယ်လိုက်ပြီးတော့ ကျန်းရီ က အကြောင်းတစ်ခုခုကြောင့် စကားပြန်မေပြာခဲ့ဘူး။
အရမ်းတိတ်ဆိတ်နေလို့ ဒန်နီယယ် က မနေနိုင်တော့ဘဲ "စတွင်မာ ဘာလို့ ငြိမ်နေတာလဲ?"
" ငါစဉ်းစားနေတာက မင်းရဲ့ ပတ်ဝန်းကျင်ကို အနီးကပ်ကြည့်ဖို့ပဲ။ ဒန်နီယယ်... မင်းအခန်းမှာ မီးတွေ ပိုပြီး ဖွင့်ထားသင့်တယ်။
အဲ့ဒီအချိန်မှာ ဒန်နီယယ် ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး အခန်းအတွင်းရှိ မီးအားလုံးကို ဖွင့်ရန် ထရပ်လိုက်သည်။
ပြီးသွားတော့ ကုလားထိုင်မှာ ပြန်ထိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်ရင်း “စတွင်မာ ငါ့ဦးလေး အဲဒီတုန်းက ဘာတွေ့ခဲ့တာလဲ၊ ဘယ်လိုအရာမျိုးက နှစ်အတော်ကြာအောင် သူ့ကို နှုတ်ပိတ်ပြီး နေစေခဲ့ရတာလဲ။ (စကားလည်းမပြောရ၊ စာလည်းရေးလို့ မရ၊ ပြလို့လည်းမရ) နောက်ဆုံး အကြောက်လွန်ပြီး သေတဲ့အထိပဲ။”
"မင်းကရော ဘယ်လိုလဲ? မင်း အဲဒီဘူတာကို ရောက်ဖူးပြီးတော့ အဲဒီရထားကို မြင်ဖူးခဲ့လား?" ကျန်းရီက ရုတ်တရက် မေးလိုက်သည်။ .