← Chapters

ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်ကြောင့် သေဆုံးရခြင်း

Vol. 8 Ch. 110

ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်ကြောင့် သေဆုံးရခြင်း

Vol. 8 Ch. 110

"အဲ့ဒီရထားလား?"

ဒန်နီယယ်ကလည်း ကိုယ့်ကိုကိုယ် မေးနေပုံရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ကြည့်လိုက်ကာ အိတ်ကပ်ထဲသို့ လက်ထည့်လိုက်ကာ စီးကရက်ကို ရှာနေပုံရသည်။

ဒါပေမယ့် ရှာမတွေ့တဲ့အဆုံး လက်ကိုပွတ်သတ်လိုက်ပြီး “စတွင်မာ ငါ အဲ့ဒီရထားနဲ့တွေ့ခဲ့တယ်လို့ မင်းထင်လား”

"သရဲတစ္ဆေအကြောင်းတွေကိုပဲ ငါ ခန့်မှန်းနိုင်တယ်၊ ဒါပေမယ့် လူတွေအကြောင်းကိုတော့ မှန်းဆလို့ မရဘူး။ ဒီတော့ မင်း အဲဒီရထားနဲ့ ကြုံဖူးခဲ့လား မခဲ့လားဆိုတာ မင်းမှာ ပြတ်သားတဲ့ အဖြေရှိပြီးသားပါ"

ကျန်းရီက ပြုံးပြီး ပြောလိုက်တယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာတော့ ဘာဖြစ်နေမှန်း မသိပေမယ့် ဖုန်းက အခုထိတော့ မခေါ်သေးပါဘူး။

ဘယ်သူကမှ ဖုန်းမဆက်တဲ့အတွက် ဒန်နီယယ် ရဲ့ဇာတ်လမ်းက လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

တောက်ပတဲ့အနာဂတ်ရှိနေတဲ့ သူ့ရဲ့ ဦးလေးက ကျောင်းသို့သွားရာလမ်းတွင် နားမလည်နိုင်စွာ ပျောက်ကွယ်သွားခဲ့သည်။

သူ တစ်လကျော်လောက် ပျောက်ကွယ်သွားပြီး ပြန်ရောက်လာတော့ တစ်ချိန်က ဘဝအတွက် ရည်မှန်းချက်တွေ ပြည့်နှက်နေတဲ့ ကောင်လေးက အသံကို ကြောက်နေတဲ့ အရူးတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။ ဤအရာက မကောင်းတဲ့ အရာတွေနဲ့ မပတ်သတ်နေဘူးဆိုရင် မည်သူမျှ ယုံမည်မဟုတ်ပေ။

သို့သော် ဒန်နီယယ်ရဲ့ ဦးလေးမှလွဲ၍ အခြားဘယ်သူမှ အဲ့လိုအဖြစ်မျိုး၊ မကောင်းတာမျိုးနဲ့ နှစ်ပေါင်းများစွာတိုင်အောင် မကြုံခဲ့ရပေ။

လူတစ်ဦးတည်းကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်သည်။ ဒီလိုပုံစံက နှစ်အတော်ကြာအောင် ဆက်သွားခဲ့သည်။ အဆုံးမှာ သူသည် ပူပြင်းသော နေ့မှာတောင် စောင်ထူထူများစွာဖြင့် ဖုံးအုပ်ကာ အပူဒဏ်ကြောင့် အသက်ရှုကြပ်ကာ အကြောက်အလန့်နဲ့ သေသွားခဲ့ရသည်။

"ဟေး...ဘာလို့ ဘာမှ မပြောတော့တာလဲ ၊ ငါ့ဦးလေး ဆုံးပါးသွားတော့ ဒီကိစ္စက ပြီးသွားခဲ့တယ် "

ဒါက တကယ်ပဲ အဆုံးသတ်သွားတာလား။

အကယ်၍ ပြောခဲ့သည့်အတိုင်းသာ အဆုံးသတ်သွားပါက ကျန်းရီကိုမပြောနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေတောင် ပြောမပြနိုင်လောက်တဲ့ စိတ်မသက်မသာမှုကို ခံစားရမည်ဖြစ်သည်။

“ ဒန်နီယယ်၊ မင်းအဘိုးက မင်းဦးလေး အဲဒီရထားပေါ်တက်သွားတယ် ဆိုတာကို သေချာရဲ့လား”

“အဘိုးက သေချာတာပေါ့၊ ငါ့ဦးလေးက အဲဒီအချိန်က မိသားစုရဲ့ မျှော်လင့်ချက်ဖြစ်တဲ့အတွက် အဘိုးက ဘာအမှားမှ မလုပ်ရဲခဲ့ဘူး။

အဲ့ဒီအချိန်က ဘူတာရုံရဲ့ စီမံခန့်ခွဲမှုက ယခုလောက် မတင်းကျပ်သေးဘူး၊ ဆွေမျိုး​တွေက ရထားပေါ်ထိတောင် လိုက်ပို့လို့ရတယ်။

အဘိုးက ဦးလေး ထိုင်ခုံတွေ့ပြီးလို့ ရထားစထွက်သွားတာကို ကိုယ်တိုင် တွေ့ခဲ့ရတာ၊ ဒါကြောင့် ဘာပြဿနာမှ မရှိသင့်ဘူး။ “

“အဲဒီတုန်းက ကျွန်တော့်အဘိုးနဲ့ တခြားသူတွေက ကျွန်တော့်ဦးလေး လမ်းတစ်ဝက်လောက်ကနေ ဆင်းပြီးတော့ တစ်ခုခု ကြုံခဲ့တာလားလို့ပဲ ထင်ခဲ့ကြတယ်။

ဒါမှမဟုတ် သူကျောင်းရှိတဲ့မြို့ကို တကယ်ရောက်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမယ့် နောက်ဆုံးမှာတော့ တစ်ခုခုကိုတော့ ကြုံတွေ့ခဲ့ရလိမ့်မယ်။ နောက်ဆုံးတော့ တစ်လကျော်ကြာအောင် အိမ်ကို ဖြည်းညှင်းစွာနဲ့ ပြန်လာခဲ့တယ်။

အဘိုးက ဦးလေးက အရင်က ဝတ်သွားခဲ့တဲ့ အဝတ်အစားကိုပဲ ဝတ်ထားဆဲပဲလို့ ပြောတယ်

ဒန်နီယယ်က တခြားအရာတစ်ခုကို တွေးမိပြီးတော့ ချက်ချင်းပဲ “ဒါနဲ့ ဘာသာရေး အခမ်းအနားပြီးတဲ့ နောက်မှာ ငါ့ဦးလေး တစ်ခုခုကို ပြောခဲ့ပုံရတယ်”

“အမ်? သူ စကားပြောခဲ့တယ်?”

“အမေက ဒါတွေအကုန် ပြန်ပြောပြခဲ့တာဆိုတော့ သိပ်တော့ မသေချာဘူး ။

ဝိညာဥ်ကို ဖိတ်ခေါ်နိုင်တဲ့ နတ်ဆရာတစ်ပါးကို ဒေသရဲ့ ဓလေ့ထုံးတမ်းအရ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောခဲ့တယ်

ဥပမာ​ပြောရရင့၊ တစ်စုံတစ်ယောက် ဒါမှမဟုတ် ကလေးတစ်ယောက်က တစ်နေရာရာမှာ ထိတ်လန့်သွားပြီးတော့ ဝိညာဉ်လွင့်သွားခဲ့ရင်

အဲဒီအခါ နတ်ဆရာမကို ဝိညာဉ်ခေါ်ခိုင်းရင် ဆေးကုတာထက် ပိုထိရောက်တက်တယ်။

အစပိုင်းမှာတော့ မိသားစုက နတ်ဆရာမကို ပင့်ပြီး ဝိညာဥ်ခေါ်လိုက်ရင်တောင် ရလဒ်ကို သိပ်ပြီး မျှော်လင့်ချက်မရှိပေမယ့် အဖွားက သူ့ကို နောက်ဆုံးအနေနဲ့ ဖိတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ “

“အဲဒီတုန်းက နတ်ဆရာမက အသက် ခုနစ်ဆယ်နီးပါး ရှိပြီ။

လက်ဖက်ရည်ခွက်ကိုယူပြီးတော့ လက်ဖက်ရည်ခွက်အဖုံးထဲကို ဆန်ထည့်ကာ လက်ကိုင်ပုဝါဖြင့် အုပ်လိုက်တယ်။

သူမပါးစပ်ကနေ ဂါထာတစ်ချို့ကို ရေရွတ်လိုက်တယ်

အဆုံးမှာတော့ အကြိမ်တော်တော်များများ ဆက်တိုက်ရွတ်ပြီးတဲ့အခါ လက်ကိုင်ပုဝါကို လှန်လိုက်ပြီး ခွက်အဖုံးပေါ်က ဆန်ရဲ့ အသွင်အပြင်ကို ကြည့်လိုက်တယ်။

နားမလည်တဲ့သူတွေအတွက်တော့ မထူးဆန်းဘူးလို့ထင်ရပေမယ့် ဝိညာဉ်ခေါ်တဲ့နတ်ဆရာမရဲ့မျက်လုံးထဲမှာတော့ လမ်းနဲ့တောင်တွေကို မြင်ခဲ့ပုံရတယ်။ ရေကိုမြင်လိုက်ရင်လည်း အဲ့ရေထဲမှာ ဘယ်သူ့ရဲ့ ဝိညာဉ်ရှိနေ​တာကိုပင် သိမြင်နိုင်သည်”

“ငါ့အမေပြောခဲ့တာတော့ ဦးလေးရဲ့ ဝိညာဥ်ကို ခေါ်တုန်းက နတ်ဆရာမက လက်ကိုင်ပုဝါကိုဖွင့်လိုက်တာနဲ့ သူ့မျက်နှာက ဖြူဖျော့သွားတယ်လို့ ပြောခဲ့တယ် ။

အဲ့နောက်မှာ လက်တွေတုန်တုန်ယင်ယင်နဲ့ အဖွားကို မင်းရဲ့ကလေးက သောက်သောက် စားစား ရှိသင့်တယ်

ပြီးတော့ သူက သိပ်ငယ်တော့တဲ့ပုံလည်း မပေါ်တော့ဘူး၊ ဒါကြောင့် မင်းသူ့ကို အိမ်ထောင်ဘေးဘာလေး ချပေးသင့်ပြီ။"

“အဲဒါကို ပြောပြီးတာနဲ့ နတ်ဆရာမက ထိတ်လန့်တကြားနဲ့ ထွက်သွားတော့တယ် အဖွားနဲ့ အဘိုးက တော်တော် ဒေါသထွက်သွားခဲ့တာပေါ့။

ဒီနတ်ဆရာမက ငါ့ဦးလေးကို မြန်မြန်သေအောင် ကျိန်စာတိုက်နေတာပဲလို့ တွေးနေခဲ့တယိ။

အဲဒီတုန်းက ငါ့ဦးလေး ဒီလိုမျိုး ဖြစ်နေခဲ့တော့ ဘယ်သူက သူတို့သမီးကို ငါ့ဦးလေးနဲ့ ပေးစားချင်မှာလဲ။ မသန်မစွန်းဖြစ်နေတဲ့ မိန်းကလေးတောင်မှ ငါ့ဦးလေးထက် သူ့လိုမျိုး မသန်မစွန်းနဲ့ လက်ထပ်ဖို့ကို ပိုလိုလားအုံးမယ် “

“တစ်သက်လုံး စကားမပြောနိုင်တဲ့ ဘဝ၊ သူ့ဘေးနားမှာ အသံတိုးတိုးလေးတောင် ပြောလို့မရတဲ့ အဖြစ်က လူတစ်ယောက်ရဲ့ ဘဝလို့တောင် ပြောလို့မရတော့ဘူး...

ဒန်နီယယ်သည် စကားကို ခဏရပ်လိုက်သည်။

ဒါပေမယ့် သူ စကားမဆုံးသေးတာတော့ သိသာပါတယ်။

သူက “ငါ့ဦးလေးရဲ့ ဝိညာဉ်ကို ခေါ်ပြီးတဲ့ ခုနစ်ရက်မြောက်နေ့ ဖြစ်မယ်ထင်တယ်။

နတ်ဆရာမ သေသွားခဲ့တယ်။

သူ့အိမ်ရဲ့ ဆန်အိုးထဲမှာ။

ပထမတော့ သူမက ပျောက်သွားခဲ့တယ်လို့ ပြောခဲ့ကြတယ်။

ဒါပေမယ့် နောက်တော့ သူ့သမီးက ထမင်းချက်ဖို့ ဆန်အိုးကိုဖွင့်ပြး ဆန်ခပ်လိုက်တဲ့အချိန်မှာ ဆံပင်တွေကို တွေ့လိုက်ရတယ်။

အဲ့တာကို ထိလိုက်သောအချိန်မှာ အလွန်အေးစက်နေတာကို တွေ့လိုက်ရခဲ့တယ်။

မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေမှာ ဆန်တွေနဲ့ ပြည့်နေခဲ့တယ်။ ဆန်အိုးထဲမှာ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ပုံရတယ်။

သူမသေဆုံးပြီးတဲ့ နောက်မှာတော့ အဘိုးနဲ့အဘွားက သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။

ငါ့ဦးလေးကို ကုဖို့ ဘယ်သူ့ကိုမှ မပင့်ဖိတ်တော့ဘူး။

ကျွန်တော့်ဦးလေး ဆုံးပါးသွားပြီး တော်တော်ကြမှာ အဘိုးတို့မိသားစုက အမှောင်ရိပ်ကနေ ထွက်လာနိုင်ခဲ့တယ်။

ဒီလိုနဲ့ ဆယ်စုနှစ်တွေကြာလာတာနဲ့အမျှ အဘိုးနဲ့အဘွား ကွယ်လွန်သွားခဲ့သည်။ ပြီးတော့ အဲဒီအိမ်ဟောင်းကို ကျွန်တော်တို့ သိပ်ပြီး မသွားဖြစ်တော့ဘူး။ “

ဒန်နီယယ် စကားပြောလို့ အပြီးတွင်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

အဆုံးတွင် ရှင်းရှင်းလင်းလင်း အဖြေမရှိသော ဒီလို အရာမျိုးက ၎င်းတို့၏ စူးစမ်းလိုစိတ်တွေကို နှိုးဆွပေးခဲ့လိုက်သည်။

တစ်စုံတစ်ယောက်က ကျန်းရီကို “စတွင်မာ ဒန်နီယယ်ရဲ့ ဦးလေး အဖြစ်အပျက်ကို မင်းဘယ်လိုထင်လဲ?”

ကြည့်ရှု့သူ A-“တစ်လကျော်ကြာအောင် သူ ဘယ်ကိုသွား​နေခဲ့တာလဲ။ သူတက်တဲ့ရထားကရော တကယ့် ရထားလား။ သူက ဘာကြောင့် စကားမပြောရဲခဲ့တာလဲ၊ တွေးစရာတွေက အများကြီးပဲ”

ကြည့်ရှု့သူ B-“နတ်ဆရာမက သူ့ဦးလေးကိုတွေ့ပြီး ခုနစ်ရက်အကြာမှာ ဆန်အိုးထဲမှာ အသက်ရှူကျပ်ပြီး သေနေခဲ့တယ်။ သူမသေရတာက သူ့ဦးလေးနဲ့များ ပက်သတ်နေမလား၊ မဟုတ်ရင် ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ပရိသတ်တွေက သူတို့ရဲ့ သံသယတွေကို ပြောပြခဲ့တယ်။ ကျန်းရီက ဒန်နီယယ်ကို လေးလေးနက်နက်ကြည့်ကာ “အစ်ကို ဒန်နီယယ် နတ်ဆရာမ ဘာကြောင့် သေသွားရတယ်ဆိုတာကို မင်းစဉ်းစားခဲ့ဖူးလား” လို့ မေးလိုက်တယ်။

ဒန်နီယယ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး “ငါဘယ်လိုလုပ် သိနိုင်မှာလဲ၊ ဒါပေမယ့် သူမ မသိသင့်တဲ့အရာကို သူမ သိလိုက်ရတဲ့ အတွက်လို့တော့ ထင်တာပဲ ဟုတ်လောက်လား?”

“ တစ်ဝက်​တော့ မှန်တယ်၊ သူမက ပြောလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြခဲ့လို့ သေသွားခဲ့ရတာ!”

All Chapters