လောင်စင်း
Vol. 8 Ch. 111
ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောမိလို့ သေခဲ့ရတာလား?။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ဒန်နီယယ် ၏လှုပ်ရှားမှုများက ရုတ်တရက် အေးခဲသွားခဲ့သည်။ မပြောသင့်သော လျှို့ဝှက်ချက်ကို နတ်ဆရာမက ပြောခဲ့သည်နှင့် ပတ်သက်၍ သူ စိတ်ရှုပ်နေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များပင်လျှင် အလားတူခံစားနေခဲ့ရပြီး “စတွင်မာရေ နတ်ဆရာမက မပြောသင့်တာကို ဘယ်လို ပြောခဲ့တာလဲ၊ သူပြောခဲ့တာတွေထဲမှာ ထွေထွေထူးထူး ဘာမှလည်း မရှိဘူးလေ။”
“သေချာစဉ်းစားပါအုံး ဒန်နီယယ် သူပြောခဲ့တာတွေကို သေသေချာချာ စဉ်းစားပါအုံး”
“ငါ့ဦးလေးက သောက်သောက်စားစား ရှိသင့်တယ် ဖြစ်နိုင်ရင် မိန်မပါ ယူသင့်တယ်” လို့ ပြောခဲ့တာလေ။
“အမ်၊ ငါပြောတဲ့ထဲမှာ တစ်ခုခုမှားနေပြီလို့ မင်းထင်လို့လား”
“မမှားဘူးလေ...ခဏနေအုံး မိန်းမယူခိုင်းတဲ့ ကိစ္စ?”
ဒီအချိန်မှာ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး “ဒီကမ္ဘာမှာ ထူးဆန်းတဲ့ ပညာရပ်တွေ ဘာကြောင့် အများကြီး ရှိနေရတာလဲ။ လူတော်တော်များများက နားမလည်ကြပေမယ့် ရှေးစကားအတိုင်းပဲလေ ဖြစ်တည်မှုတွေက ကျိုးကြောင်းဆီလျော်ပါတယ်။
တာအို ဘုန်းကြီးတွေ၊ နတ်ဆရာမတွေ၊ ဘုန်းကြီးတွေအားလုံးက သူတို့ပညာနဲ့ သူတို့ရှိကြတယ်။ တစ္ဆေအဘွားအို ပြောခဲ့တဲ့ အဘိုးကြီးလိုပါပဲ၊ ဒီနတ်ဆရာမက တစ်ခုခုကို တကယ်ပဲ မြင်ခဲ့ပြီးတော့ ဖြေရှင်းနိုင်မယ်လို့ ထင်တဲ့ အဖြေကိုလည်း ပေးခဲ့တယ် “
“အဲ့ဒါက ငါ့ဦးလေးကို မိန်းမပေးစားလိုက်တဲ့ နည်းလမ်းလား?”
အဲ့တာက ကံဆိုးခြင်းတွေမှ ကင်းဝေးရန်အတွက် လုပ်ဆောင်တဲ့ သာမန်ရိုးရာ နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိရောက်သည် မထိရောက်သည်ကို စမ်းဖူးသူများသာ သိပေလိမ့်မည်။
ကျန်းရီက ခဏလောက်စဉ်းစားပြီးနောက် “ဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် သူမရဲ့သေဆုံးမှုကတော့ သူမ မပေါက်ကြားသင့်တဲ့အရာတစ်ခုကို ပြောခဲ့တဲ့ အတွက်သေရတာ
နတ်ဆရာမက လူတွေကြားမှာ အမှောင်ပုဂ္ဂိုလ်အဖြစ်နဲ့ မှတ်ယူလို့ရတယ်။ ယင်နဲ့ပတ်သတ်တဲ့ လေးနက်တဲ့ စကားတော်တော်များများကို ပြောရတဲ့အတွက် သာမာန်အားဖြင့်တော့ အချို့စကားလုံးတွေက သူတို့အသက်ကို တိုစေလိမ့်မယ်”
နတ်ဆရာမရဲ့ စကားတွေက အလွန်ကို ရှင်းနေတယ်လေ။
စားချိန် သောက်ချိန်မှာ စားသောက်သင့်တယ်။ အဲ့တာမှ ကျန်းမာရေး ကောင်မှာလေ။ အထူးသဖြင့် မင်းဦးလေး မိန်းမယူဖို့ ကိစ္စပဲ”
“အဲ့ဒီရဲ့ အဓိပ္ပာယ်က ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မင်းဦးလေးက လက်ထပ်ပြီးတော့ သားသမီးယူရမယ်လို့ မင်းရဲ့အဘွားနဲ့ အဘိုးကို ပြောချင်တာ၊ ဒီနည်းနဲ့မှ ဒီဘေးဆိုးကနေ လွတ်မြောက်နိုင်မှာ။ ဘာကြောင့်လဲ ဆိုတာကတော့ အဲ့ဒီ နတ်ဆရာမပဲ သိလိမ့်မယ်”
ကျန်းရီ စကားပြောနေရင်းနဲ့ ဒန်နီယယ်ရဲ့ ဘက်ခြမ်းကနေ အမျိုးသမီးတစ်ယောက်ရဲ့ အသံက ရုတ်တရက်ထွက်လာခဲ့တယ် “အားလျှန် မင်းဘယ်သူနဲ့ စကားပြောနေတာလဲ”
အသံကို နားထောင်လိုက်တာနဲ့ ဒန်နီယယ်၏ မိခင်ဆိုတာကို သိနိုင်ပါတယ်။
မကြာမီတွင် ကြင်နာတက်ပုံရတဲ့ မျက်နှာထားနဲ့ အသက်ငါးဆယ်ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းတွင် ပေါ်လာခဲ့သည်။
ဒန်နီယယ်က ထလိုက်ပြီး "အမေ၊ ဘာလို့ မအိပ်သေးတာလဲ၊ ကျွန်တော်က သူငယ်ချင်းတွေနဲ့ စကားပြောနေတာပါ"
"ဘယ်လိုသူငယ်ချင်းမျိုးလဲ၊ မင်းဦးလေးအကြောင်းကို ပြောနေတာ ငါကြားလိုက်တယ် ၊ ပြောတဲ့သူက ဘယ်မှာလဲ၊ သူကလည်း ပညာရှင် တစ်ယောက်လား ၊ နတ်ဆရာမ ငါတို့ကို မင်းဦးလေးကို ဘယ်လို ကယ်တင်ရမလဲ ပြောခဲ့တာတွေက ငါတို့က နားမလည်ခဲ့လို့ ဒီလိုတွေဖြစ်သွားခဲ့ရတာလား?"
ဒန်နီယယ် ၏မိခင်က တော်တော်များများကို နားထောင်ခဲ့ပုံ ရသည်။ ဒီအချိန်မှာ သူမမေးလိုက်တဲ့ စကားတွေက သူမက ဒီအကြောင်းအရာ အများစုကို တဝက်ကျော်လောက်ထိ နိုင်ထောင်ခဲ့တယ်လို့ ပြောနေသလိုပင်။
ထို့အပြင်၊ သူမ၏လေသံသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး မကြာမီတွင် သူမသည် ကျန်းရီ ကို တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် တွေ့လိုက်ရသည်။
လူငယ်တစ်ဦးကို ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်မှု အနည်းငယ် ပေါ်လာခဲ့သည်။
ကျန်းရီ က ဂရုမစိုက်ဘဲ ပြုံးပြီး လက်ဝှေ့ယမ်းကာ "ဟဲလို၊ အဒေါ်ရေ ကျွန်တော်က ဒန်နီ.....အားလျှန် ရဲ့ သူငယ်ချင်း ကျန်းရီပါ၊ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာပါ”
အမျိုးသမီးက ပြုံးကာ ခေါင်းညိတ်ပြလိုက်တယ် "ဟဲလို မစ္စတာကျန်း၊ မင်းက စတွင်မာတစ်ယောက်ပဲကို၊ မင်းက သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးတဲ့ လူလို့ ပြောလိုက်တယ်မလား။ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်ပြီးတော့ ဘယ်လို ဖြေရှင်းတာလဲ"
"တစ္ဆေတွေ၊ နတ်ဆိုးတွေနဲ့ တွေ့ခဲ့တာကို တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီးပါပြီ၊ အဲဒါတွေကိုလည်း ဖြေရှင်းခဲ့ပြီးပါပြီ။ အားလျှန်ကို မေးလိုက်ရင် ဒီကိစ္စတွေကို ပိုသိပါလိမ့်တယ်။ နှမြောစရာက အဲ့ဒီအချိန်မှာ ကျွန်တော့ မမွေးခဲ့လို့ပဲ မဟုတ်ရင် ဦးလေးရဲ့ ပြဿနာကို ကျွန်တော် ဖြေရှင်းနိုင်လိမ့်မယ်”
ကျန်းရီသည် ဒန်နီယယ်ရဲ့ ဦးလေးကိစ္စကို ရှင်းပြခဲ့လိုက်သည်။ ထိုစကားတွေကို ကြားလိုက်ရတဲ့အခါ အဒေါ်ကြီးရဲ့ မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင် အနည်းငယ်ရှိနေခဲ့သော်လည်း ကျန်းရီကို ခေါင်းညိတ်ပြလိုက်ပြီး "မင်းက စိတ်ဝင်စားဖို့တော့ ကောင်းတာပဲ၊ ဒါပေမယ့် ဒီကိစ္စတွေက ဆယ်စုနှစ်တွေကြာခဲ့ပြီ။ အခုတော့ ပြောစရာမရှိဘူး… တကယ်ကို ပြောစရာဘာမှ မရှိတော့ဘူး!"
“အခုအချိန်မှတော့ အရမ်းကို နောက်ကျနေပါပြီ၊ ဒါပေမယ့် အန်တီရေ မင်းတကယ်သွားရှာဖို့ မစဉ်းစားမိဘူးလား။ မင်းမျက်လုံးတွေကနေ အားလျှန်တောင် မသိသေးတဲ့ အရာတစ်ချို့ကို ငါမြင်နေရတယ်”
ကျန်းရီက ပြောလိုက်တဲ့အခါမှာ ဒန်နီယယ် ၏မိခင်က အနည်းငယ်တုန်လှုပ်သွားပြီး သူမ အလိုလို လက်မြှောက်လိုက်ပြီး တစ်ခုခုကို ထိဖို့ ပြင်လိုက်သည်။
ဒါပေမယ့် သူမလက်ကို မြှောက်လိုက်ချိန်မှာတော့ ဒန်နီယယ် က သူ့မျက်နှာကို အရမ်း အထိခိုက်မခံတဲ့ပုံစံနဲ့ ဖုံးအုပ်လိုက်တယ်။
ဒါကိုမြင်တဲ့အခါ သူ့အမေက ဝမ်းနည်းစွာနဲ့ ပြုံးလိုက်ပြီး ကျန်းရီ က “အဲ့တာက အားလျှန် ရဲ့မျက်နှာနဲ့ တစ်ခုခု ပတ်သတ်နေတာလား” လို့ မေးလိုက်တယ်။
“…”
“အဆင်ပြေပါတယ် စတွင်မာရေ၊ ငါ အခု နေလို့ တော်တော်ကောင်းပါတယ်၊ ငါ ဘယ်မကောင်းဆိုးရွားနဲ့မှ မတွေ့ခဲ့ဖူးဘူး။ အမှန်က ငါတကယ်ရုပ်ဆိုးနေလို့ပါ၊ မင်းတို့နဲ့ တွေ့ဖို့ ရှက်နေတာမဟုတ်ပါဘူး။”
“အားလျှန် မင်းဘာလို့ အရင်မအိပ်တာလဲ မင်းသူငယ်ချင်းနဲ့ငါစကားပြောလိုက်မယ်” ဒန်နီယယ် ၏မိခင်က မနေနိုင်ဘဲ ပြောလိုက်သည်။
သို့သော် ဒန်နီယယ်က အနည်းငယ် ဒေါသထွက်ပုံပေါ်လာပြီး သူစကားပြောခါနီးတွင် သူ့အမေ၏ မျက်နှာက အေးစက်သွားပြီးတော့- “ဘာဖြစ်လို့လဲ၊ အတောင်စုံလာပြီဆိုတော့ အမေဖြစ်တဲ့ ငါကတောင် သွားအိပ်တော့လို့တောင် ပြောလို့ မရတော့ဘူးပေါ့ “
ဗီဒီယိုထဲက ဒန်နီယယ်၏ မိခင်ရဲ့ ဆူပူကြိမ်းမောင်းနေတဲ့ အမူအယာကို မြင်လိုက်ရတော့ ကျန်းရီဟာ မနေနိုင်ဘဲ ပြုံးလိုက်မိခဲ့တယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်ကတွေလည်း သူနဲ့ ထပ်တူ ခံစားချက် ရှိကောင်းရှိနေနိုင်လိမ့်မယ်။
အထူးသဖြင့် လူလတ်ပိုင်း အရွယ်တွေအတွက်ပါပဲ။ တစ်နေ့မှာ သူတို့အမေက သူတို့အနားမှာ ရုတ်တရက်ပေါ်လာပြီး အိပ်ပါတော့လား လို့ ပြောခဲ့တဲ့ အိပ်မက်တွေ အခုထိ မက်နေတုန်းပါပဲ။
ဒန်နီယယ်ခင်ဗျာ ဆွံ့အသွားခဲ့သည်။ သူ့အမေက သူ့ကို တံခါးအပြင်ကို မောင်းထုတ်လိုက်ပြီး "သွားအိပ်လိုက်တော့ ငါစကားပြောလို့ မပြီးမချင်း ငါ့ကို လာမနှောင့်ယှက်နဲ့" လို့ အော်လိုက်တယ်။
ကျန်းရီက ဒန်နီယယ် ၏မိခင်အား လက်မထောင်ပြလိုက်သည်။ ခဏထိုင်ပြီးနောက် ဒန်နီယယ် တံခါးကိုပိတ်ပြီး ထွက်သွားကြောင်းကို သေချာအောင်လုပ်ပြီးတဲ့နောက်မှာ "အားလျှန်ရဲ့ မျက်နှာမှာ အမှတ် အနီကြီးတစ်ခု ရှိနေတယ်။
"မွေးရာပါလား"
"မဟုတ်ဘူး၊ သူ နှစ်နှစ်သားလောက်မှာ ရခဲ့တာ ။
သူ့ဦးလေး၊ ငါ့မောင် ဆုံးပြီး မကြာခင်မှာ သူ့အဖေနဲ့တွေ့ပြီး လက်ထပ်ခဲ့ပြီးတော့ ကိုယ်ဝန်ရခဲ့တယ်။
ကိုယ်ဝန်ဆယ်လမှာ သူ့ကိုမွေးခဲ့တယ်၊
ဒါပေမယ့် သူမွေးတဲ့နေ့က နှစ်နှစ်လောက် အကြာက ငါ့မောင် သေတဲ့ရက်နဲ့ အတူတူပဲ၊ ငါ့မောင်သေတဲ့ နေ့က သြဂုတ်လရဲ့ ဒုတိယမြောက်နေ့မှာပဲ အတူတူပဲ!"
"ငါမှတ်မိခဲ့တာက အားလျှန်ကို မွေးတုန်းက မွေးဖို့အတွက် ခက်ခဲနေခဲ့လို့ ညသန်းခေါင်ကြီး ဆေးရုံကို ပို့ခဲ့ရတယ်
ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပြီး သေတော့မယ်လို့တောင် ခံစားခဲ့ရတယ်။
နောက်တော့ ကျွန်မဘေးမှာ လူတစ်ယောက် ပေါ်လာတာကို တွေ့လိုက်ရတယ်။
အဲဒါ ငါ့ မောင်လေးပဲ။
ငါ့မောင်လေး... ငါ့ရဲ့အချစ်ဆုံးမောင်လေး၊ သူက ငါဘေးမှာရပ်ပြီးတော့ "အစ်မ၊ အစ်မရေ ငါ အရမ်းအထီးကျန်နေတယ်... အစ်မကို အရမ်းလွမ်းတယ်၊ အမေတို့ကိုလည်း အရမ်းလွမ်းတယ်။
မင်းမှာ အစ်မအကြီးဆုံးနဲ့ အဖေတို့ အမေတို့ ရှိသေးတယ်"
"ဒါပေမယ့် အစ်မ၊ မင်း အခု ငါနဲ့ လိုက်လို့မရဘူး သိလား၊ ဒီ အခက်အခဲကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် အစ်မ ကြီးပွားချမ်းသာလိမ့်မယ်"
"ကျွန်မ သူ့ကို စိုက်ကြည့်နေခဲ့တယ်။
သူကတော့ ငိုနေတာပေါ့။
ကြမ်းပြင်ပေါ်ကို ငုတ်တုတ်ထိုင်ပြီးတော့ မရပ်မနားကို ငိုနေခဲ့တယ်။
မောင်လေးရဲ့အသံကို နှစ်ပေါင်းများစွာ မကြားခဲ့ရတာဆိုတော့
အဲဒီအသံက အရမ်းလှတယ်... အရမ်းကိုလှတယ် ဒါပေမယ့် ကလေးက ထွက်လာခဲ့တော့ ဆရာဝန်က သူ့ကို ကျွန်မရှေ့မှာ ကိုင်ထားတဲ့အချိန်မှာ ကျွန်မမောင်လေးက ကလေး နှစ်နှစ်သားအရွယ်မှာ လောင်စင်း ကို မသွားဖို့ ပြောခဲ့တယ်။
သူ လမ်းလျှောက်နေရင်းနဲ့ ငါ့ကိုအော်ပြောလိုက်တယ် “လောင်စင်းကို ဘယ်တော့မှ မသွားနဲ့ လောင်စင်း ကို ဘယ်တော့မှ မသွားလိုက်နဲ့
မင်း သွားလို့မရဘူး...!"