သူမမှာ အရိပ်မရှိဘူး
Vol. 8 Ch. 112
လောင်စင်း?
အသံကြားရတာကတော့ နေရာတစ်ခုလိုပါပဲ။ ကျန်းရီက ဒန်နီယယ် ၏မိခင်အား သူ့မျက်လုံးများဖြင့် မေးခွန်းထုတ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
ဒန်နီယယ်၏မိခင်ကလည်း ရှုပ်ထွေးစွာနဲ့ မျက်မှောင်ကြုတ်လိုက်ကာ - "လောင်စင်း လို နေရာမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး။ ငါ့မောင် ပြောခဲ့တဲ့အတိုင်းဆိုရင် လောင်စင်း က နေရာတစ်ခုလို့တော့ ငါထင်တယ်၊ ဒါပေမယ့် ငါ့မွေးရပ်မြေမှာပဲဖြစ်ဖြစ် အားလျှန်အဖေရဲ့ မွေးရပ်မြေမှာပဲဖြစ်ဖြစ် လောင်စင်းလို နေရာမျိုးကို မကြားဖူးခဲ့ဘူး”
"ဒါပေမယ့် ငါ့မောင် ထွက်သွားတုန်းက သူပြောခဲ့တဲ့ လောင်စင်းဆိုတဲ့ စကားက ငါ့စိတ်ထဲမှာ အမြဲစွဲနေခဲ့တယ်။ ပြီးတော့ သူပြောတာ မမှားခဲ့ဘူး။ သိပ်မကြာခင်မှာပဲ အားလျှန်အဖေရဲ့ လုပ်ငန်းတွေက ပိုပိုပြီး ကြီးပွားတိုးတက်လာခဲ့တယ်။ ငါတို့ က ငါ့မောင်ပြောခဲ့သလိုမျိုး ချမ်းသာလာခဲ့တယ်”
"အားလျှန် နှစ်နစ်ပြည့်တဲ့နေ့ သူ့မွေးနေ့မှာပေါ့
အဲ့ဒီအချိန်မှာ အားလျှန်အဖေက ငွေတွေအများကြီး ရှာနိုင်ခဲ့တယ်
ကလေးရဲ့မွေးနေ့မှာ ငါတို့မိသားစုရဲ့ လုပ်ဖော်ကိုင်ဖက် အများအပြားက သူ့ကိုဂုဏ်ပြုဖို့ လာရောက်ခဲ့ကြတယ်။
ဒါပေမယ့် လူတွေများလာတဲ့အခါမှာတော့ သောက်ဖို့ ဒါမှမဟုတ် တစ်ခုခုစားဖို့အတွက် ပြင်ဆင်ရတော့မယ်လေ။
ငါတို့ ဟိုတယ်တစ်ခုကို ရွေးပြီးတော့ သီးသန့်အခန်းကို ကြိုတင်မှာခဲ့လိုက်တယ်။
အဲ့ဒီတုန်းက အားလျှန်က ကျွန်မဘေးမှာ ကစားနေတာကို ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။ သီးသန့်ခန်းတံခါးက မပွင့်ခဲ့ပါဘူး။ ဒါပေမယ့် လှည့်ကြည့်လိုက်တော့ အားလျှန် ပျောက်သွားခဲ့တယ်။
ဟိုတယ်တစ်ခုလုံးကို လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။
“ကျွန်မတို့ တစ်ညလုံး လိုက်ရှာခဲ့ပြီးတော့ ရဲကိုတောင် အကြောင်းကြားခဲ့သေးတယ်။
နောက်ပိုင်းမှာ ရဲတွေကို သူတို့ရဲ့ ဘိုးဘေးသင်္ချိုင်းကုန်းမှာ ကလေးတစ်ဦးကို တွေ့ရှိခဲ့ကြောင်းနှင့် သူတို့ရှာဖွေနေတဲ့ ဝတ်စုံနှင့် တူညီနေကြောင်းကို တစ်ဦးဦးက ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။
ငါတို့ ထင်တာတော့ ငါ့သားကို လူကုန်ကူးသူတွေ ပြန်ပေးဆွဲသွားတယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ သတင်းကို ကြားတာနဲ့ အမြန်ပြေးသွားခဲ့တယ်။ ဒါပေမယ့် အားလျှန် ရဲ့ မျက်နှာမှာ နားမလည်နိုင်စွာနဲ့ အနီရောင် အမှတ်တစ်ခု ရှိနေခဲ့တယ် “
“အမှတ်က မျက်နှာတစ်ဝက်လောက်ထိ ကြီးခဲ့တယ်၊ ပုံသဏ္ဍာန်ကတော့ ဘာမှမထူးခြားပေမယ့် သွေးလိုပဲ နီရဲနေတယ်။
ပထမတော့ အားလျှန်အဖေနဲ့ ကျွန်မက အရေပြားမှာ စွန်းထင်းနေခဲ့တာပဲလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြမ်းကြမ်းတမ်းတမ်း သုတ်နေပါစေ အဲဒါကို ဖြောက်လို့မရခဲ့ဘူး။
နောက်တော့ အားလျှန် ကို အိမ်ပြန်ခေါ်သွားခဲ့တယ်။
ကျွန်မတို့ ဆေးရုံတော်တော်များများကို သွားခဲ့တာတောင် ကုသလို့ မရခဲ့ဘူး၊ လေဆာနဲ့ ခွဲစိတ်မှု လုပ်ခဲ့တာတောင်မှ အဲ့ဒီအမှတ်ကို မဖယ်နိုင်ခဲ့ဘူး”
“ဒီပုံစံအတိုင်းပဲ တစ်နေ့ပြီး တစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ဆက်ရှိနေခဲ့တယ်။
သူ့အဖေနဲ့ကျွန်မက သူ့ကို လိုလေသေးမရှိ အစစအရာရာ အကုန်ဖြေဆည်းပေးခဲ့တယ် ဒါပေမယ့် အဲဒီအမှတ်အသားကြောင့်ပဲ အမြဲတမ်း ကိုယ့်ကိုယ်ကို သိမ်ငယ်မှုတွေ ရှိခဲ့တယ်။
အခုဆို အသက် ၃၀တောင် ကျော်နေပြီ အိမ်ထောင်လည်း အခုထိ မပြုသေးဘူး။
တစ်နေကုန် အိမ်ထဲမှာပဲ အိမ်တွင်းအောင်းနေခဲ့တယ် "
"ကျွန်မ မောင်လေးရဲ့ သင်္ချိုင်းဂူကို မကြာခဏသွားပြီးတော့ လောင်စင်းက ဘယ်မှာရှိတာလဲ၊ အားလျှန်က အဲဒီနေ့ညက အဲ့ဒီကို ဘယ်လိုလုပ် ရောက်သွားတာလဲ လို့ သူ့ကို မေးခဲ့တယ်။ ဒါပေမယ့် သူက ကျွန်မကို နောက်ထပ် အိမ်မက် ထပ်မပေးခဲ့တော့ဘူး သူ့ကိုလည်း ထပ်မတွေ့ခဲ့ရတော့ဘူး။”
အားလျှန်၏မိခင်က သူမစကားပြောနေစဉ် မှာပဲ သက်ပြင်းကို ထပ်ခါတလဲလဲ ချနေသည်။
သို့သော် အခန်းပြင်ကနေ ငိုသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူက အပြင်တံခါးနားမှာ အမြဲရှိနေပုံရပြီး ဝေးဝေးကို မသွားခဲ့ဘူး ထင်ပါတယ်။ တံခါးက ဖွင့်ထားတာကိုတောင် သူမသိပါဘူး။
ကျန်းရီက ဗီဒီယို၏ ထောင့်ကို လိုက်ကြည့်ရာ ဒန်နီယယ်က တံခါးကို မှီပြီး ဒူးထောက်ကာ ငိုနေသည်ကို တွေ့လိုက်ရသည်။
သူ၏အရိပ်သည် အလင်းရောင်အောက်တွင် အလွန်ရှည်လျားနေသည်။
"ဒီကလေး အသက်က သုံးဆယ်နီးပါးတောင်ရှိနေပြီ ဘာလို့ ငိုနေသေးတာလဲ၊ ဒါက အပြစ်တစ်ခုလိုပါပဲ သူက အရမ်းကြည့်ကောင်းပြီးတော့၊ အရပ်ရှည်ပြီး ရုပ်ချောတယ်၊ သူ့မျက်နှာမှာမှ ဘာလို့ ဒီလိုမျိုးဖြစ်လာရတာလဲ။
ပျောက်ကင်းအောင် ဘယ်လိုပဲ ကုကု မရခဲ့ဘူး။ ပလပ်စတစ်ဆာဂျရီ လုပ်တာတောင်မှ အသုံးမဝင်ခဲ့ဘူး။
သူ့အဖေနဲ့ ကျွန်မက နှစ်တွေကြာလာြပီး အသက်တွေကြီးလာတာနဲ့အမျှ ပိုစိုးရိမ်လာခဲ့ရတယ်။ ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး
သူ့အဖေက မိသားစုစီးပွားရေးကို ဂရုမစိုက်တော့ဘူး။ ဒီလောက် ပိုက်ဆံအများကြီးရှာပြီးမှ ဘယ်သူမှ ဆက်ခံမယ့်သူမရှိရင် ဘာလုပ်တော့မှာလဲတဲ့
ဒါကြောင့် ဆင်းရဲတဲ့ဒေသက ကလေးတွေကို ကူညီဖို့ မကြာခဏဆိုသလို သွားလေ့ရှိတယ်။
သူလက်မလျှော့သေးဘူးဆိုတာ ငါသိတယ် ငါတို့ရဲ့ တစ်ဦးတည်းသောသားလေး အားလျှန် ရဲ့ လက်ရှိအခြေအနေကို ကုသိုလ်ကောင်းမှုတွေပြုပြီး ပြောင်းလဲဖို့ ဆန္ဒရှိခဲ့တယ်။
"သူ့အဖေက အပြင်ရောက်နေတာကြာခဲ့ပြီ၊ လိုင်းမကောင်းလို့လား ဒါမှမဟုတ် ဘာဖြစ်လို့လဲတော့ မသိပါဘူး၊ ဒါပေမယ့် သူငါ့ကိုမခေါ်တာကြာခဲ့ပြီ"
ဒန်နီယယ် ၏မိခင်သည် စကားပြောနေရင်း ပြုံးလိုက်သည်၊ သူမရဲ့ ကျက်သရေရှိပြီး ကြင်နာတက်တဲ့ မျက်နှာပေါ်တွင် အထီးကျန်မှု၊ စိုးရိမ်မှု၊ သံသယနှင့် မလိုလားမှုတို့ကို မြင်နေရသည်။
ခံစားချက်မျိုးစုံသည် သူမမျက်နှာပေါ်တွင် ထပ်ခါထပ်ခါ ပေါ်လာခဲ့သည်။ ကျန်းရီက သူမကိုကြည့်ပြီး တံခါးကိုမှီပြီး ငိုနေတဲ့ ဒန်နီယယ် ကိုကြည့်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှ ပရိသတ်တွေတောင် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့ပြီး "အမ်..ဒန်နီယယ် အနေနဲ့က သိပ်စိတ်ရှုပ်နေစရာ မလိုဘူးလို့ ထင်တယ်။ သူ့မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေက အရမ်းကို ကောင်းနေတာပဲလေ၊ ဒါပေမယ့် အဓိကကတော့ သူကိုယ်တိုင်ရဲ့ စိတ်ကိုက သိမ်ငယ်နေတာပဲ"
ကြည့်ရှု့သူ A-“ဟုတ်တယ်၊ အစတုန်းက ငါထင်ခဲ့တာက ဒန်နီယယ်က ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်တဲ့ စိတ်ဓာတ်ရှိတဲ့သူ ဖြစ်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ”
ကျန်းရီက ဆက်စောင့်ကြည့်နေတုန်းပါပဲ။ ဒန်နီယယ်၏ မိခင်က သားဖြစ်သူ ငိုသံကို ကြားတဲ့အခါမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံရသည်။ တကယ်တော့ မိဘတွေအတွက်တော့ သူတို့ရဲ့ သားသမီးတွေ ဘယ်လောက်ပဲ အသက်ကြီးကြီး သူတို့နှလုံးသားထဲမှာတော့ ကလေးပဲ ရှိပါသေးတယ်။
သူမက တံခါးဆီကို လျှောက်လာကာ ဒန်နီယယ်၏ပခုံးကို ညင်သာစွာသပ်လိုက်ပြီး “ မငိုနဲ့တော့လေ သားရဲ့သူငယ်ချင်းတွေက ကြည့်နေတာကို မရှက်ဘူးလား?”
ဒန်နီယယ်သည် ခေါင်းကို မော့ကာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အသနားခံခြင်းများကို ပြသနေသည်။
ဤအမူအရာသည် အခြားကြည့်ရှုသူများကို ရုတ်တရက် ထူးဆန်းသလိုခံစားရစေခဲ့သည်။ ဒန်နီယယ်က ကျန်းရီကို ဘာလို့ဒီလိုကြည့်နေတာလဲ။
ဒါပေမယ့် ကျန်းရီ က “အားလျှန် ငါတို့ တစ်ယောက်ကို တစ်ယောက် ဆုံတွေ့ခွင့်ရတာက ကံကြမ္မာပဲ။ မင်း ဒီည ငါ့ကို အရင်စပြီးတော့ ဆက်သွယ်ခဲ့ပေမယ့် တကယ်တော့ မင်း စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို ချထားပြီးသားပဲ မဟုတ်လား”
ပရိတ်သတ်တွေက “အမှန်ပဲ ဒန်နီယယ်ရေ စတွင်မာက အရမ်းအစွမ်းထက်တယ်ဆိုတာ မင်းလည်း သိတာပဲ။ သူက မင်းကို ကုသပေးနိုင်မှာပါ၊ မင်းရဲ့မျက်နှာပေါ်က အမှတ်ကက အဖုအထစ်တွေကနေလာတာ ဖြစ်နိုင်တယ်။ မျက်နှာမဲ့ အဖြစ်အပျက် တုန်းကတောင်မှ သက်တမ်းဆုံးရှုံးခဲ့တဲ့ လူတွေရဲ့ သက်တမ်းကိုတောင် ပြန်ယူခဲ့သေးတာပဲ၊ မင်းမျက်နှာက အမှတ်က စတွင်မာအတွက်တော့ အသေးအဖွဲကိစ္စလေးပါပဲ။”
ပရိသတ်တွေက ဒန်နီယယ် ကို နှစ်သိမ့်ပေးခဲ့ကြတယ်။ ကျန်းရီ က ပြုံးပြီးတော့ “အန်တီရေ နတ်ဆရာမရဲ့ မိသားစုထဲက တစ်ယောက်ယောက်ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ မှတ်မိသေးလား။”
“ သူတို့မိသားစုက ငါ့မိဘအိမ်ဟောင်းရှိတဲ နယ်မှာပဲ နေထိုင်နေတုန်းပဲ။ မစ္စတာကျန်း နတ်ဆရာမ ဘယ်လိုသေသွားတာလဲ မင်းသိချင်လို့လား။ ငါ့ရဲ့ အားလျှန်ကို ကူညီပေးနိုင်မလား”
အားလျှန်ရဲ့ မိခင်က အသနားခံသလိုနဲ့ မေးလိုက်သည်။ ကျန်းရီ က ပြုံးကာ ခေါင်းညိတ်လိုက်သည် “ စိတ်မပူပါနဲ့ ဒေါ်လေး၊ ဒီကိစ္စကို ကျွန်တော် ဂရုစိုက်လိုက်ပါ့မယ်။ ဒါပေမယ့် အားလျှန်က သူ့ကိုယ်သူ ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သေချာပေါက် သိမှာပါ၊ အန်တီက အိမ်မှာပဲနေပါ ဘေးကို လျှောက်သွားမနေနဲ့အုံး”
“ကောင်းပါပြီ၊ မင်း ပြောသလိုပါပဲ အန်တီ နားထောင်ပါ့မယ်။”
အားလျှန်ရဲ့ မိခင်က ပျော်ရွှင်စွာနဲ့ ပြုံးကာ ကျန်းရီ က ဒန်နီယယ် အား “အားလျှန် မင်းဘာလို့အဲဒီမှာရပ်နေတာလဲ။ ထ ကားသော့ယူပြီးတော့ နတ်ဆရာမရဲ့ အိမ်ကိုသွားမယ်။”
ဒန်နီယယ်က ကျန်းရီကို ကြည့်လိုက်ပြီး တစ်ခဏတော့ အေးခဲသွားခဲ့သည်။ ပြီးနောက် ခေါင်းညိတ်ကာ အံဆွဲကိုဖွင့်ပြီး ကားသော့ကိုထုတ်ကာ အပြင်ထွက်သွားခဲ့သည်။
သူ့အမေက သူ့ကို အိမ်တံခါးဝထိ လိုက်ပို့ခဲ့သည်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲက တစ်ယောက်ယောက်က ရုတ်တရက် ထပြောလိုက်သည်။
“အရိပ်၊ အန်တီဆီမှာ အရိပ်မရှိဘူး!!! အန်တီဆီမှာ ဘာအရိပ်မှ မရှိဘူး!!!”
ဤစကားသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ရုတ်တရက် ကျသွားသော ကျောက်တုံးကြီးနှင့်တူနေခဲ့ပြီး ထောင်နှင့်ချီသော လှိုင်းလုံးများလည်း မြင့်တက်လာခဲ့သည်။
ထို့နောက် ပရိသတ်အားလုံးက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းရှိ မီးအိမ်အောက်ရှိ အမျိုးသမီးအား စိုက်ကြည့်နေခဲ့ကြသည်။
သူမက အသက်ငါးဆယ်ကျော်ပြီးတော့ ဆံပင်အနည်းငယ်ဖြူနေသော်လည်း ထိုနေရာတွင် ရပ်နေချိန်တွင် သူမ၏ ရောင်ဝါသည် ကျက်သရေ အပြည့်ရှိနေခဲ့သည်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူမမျက်နှာက ဖြူဖျော့လာခဲ့တယ်။
ပြီးတော့ မီးရောင်အောက်တွင် သူမတွင် အရိပ်တကယ်ရှိမနေခဲ့ပေ!