← Chapters

ကပ်ဘေး

Vol. 96 Ch. 1331

ကပ်ဘေး

Vol. 96 Ch. 1331

ဝမ်ဝေ့က မူလစည်းတံဆိပ်ကုန်းမြေအထက် ပေါ်ထွက်လာပြီး သူ့တည်ရှိမှုက မြို့တစ်ခုလုံးထံ ရုတ်ရုတ်သဲသဲဖြစ်သွားစေပြီး အာရုံစူးစိုက်မှုအားလုံးက သူ့အပေါ် ကျရောက်လာ၏။ သို့သော်လည်း သူက ဂရုမစိုက်ပေ။ သူက အဝေးတစ်နေရာကို ကြည့်ရင်း အာရုံခံဖို့ ကြိုးစားလိုက်သည်။ သူ ကျရှုံးပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အအေးဓာတ်တစ်ခု ထုတ်လွှတ်လာလေ၏။ ထိုအရာက စွမ်းအားကြီးလွန်း၍ မြို့ထဲရှိ လူအများစုက ဒူးထောက်လျက် ဖြစ်သွားကြသည်။ ကံကောင်းစွာဖြင့် မြို့အရှင်က အလျင်အမြန် ပြုမူကာ အစီအရင်ကို အသက်သွင်းပြီး ထိုလူများအား ကာကွယ်ပေးခဲ့သည်။

ဝမ်ဝေ့က ထိုအပြောင်းအလဲများကို သတိမထားမိပေ။ သူ အလိုရှိသည့်အရာကို အာရုံခံဖို့ ကျရှုံးပြီးသည့်နောက်တွင် သူက သူ့လက်မှ သွေးတစ်စက်ကို ထုတ်ကာ သွေးမျိုးဆက်နှင့် ကံဆက်နွယ်မှု နောက်ယောင်ခံနည်းစနစ်ကို အသုံးပြုလိုက်သော်လည်း ဘာမှအသုံးမဝင်ခဲ့ပေ။

ကျစ် ငါ့မိဘတွေ တည်ရှိမှုက ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ…

သူက ပါရှန်းလိပ်ခွံကို မဆင့်ခေါ်ခင် တားမြစ်တိုက်ခိုက်ရေးအဆင့်ထဲ ဝင်ရောက်လိုက်ပြီး သူတို့၏ တည်နေရာကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ ဝမ်ဝေ့၏ အမူအရာက ပျက်ယွင်းသွားပြီး သူ့လက်ကို ဝှေ့ပြီး ကံကြမ္မာမြစ်ကြောင်းပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်၏။ သူက မူလစည်းတံဆိပ်ကုန်းမြေပေါ်ရှိ ထိန်းချုပ်မှုကို အသုံးပြုကာ လူလုပ်ကံကြမ္မာမြစ်ကြောင်း၏ စွမ်းအားကိုပင် ငှားယူခဲ့သည်။

“ဘာမှ မတွေ့ရဘူးလား” ဝမ်ဝေ့က အမူအရာ ပျက်ယွင်းစွာဖြင့် ရေရွတ်လိုက်၏။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီး တစ်စုံတစ်ခုကို စမ်းကြည့်တော့မည့်ဆဲဆဲတွင် သူ့အနောက်ဖက်၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်ကို ခံစားမိလိုက်သည်။

“ဘိုးဘေးလား” သူက ဓားဧကရီ၏ ပုံရိပ်ကို မြင်တွေ့ပြီးသည့်နောက်တွင် မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ” ယန်းအိုက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာကိုပြောတာလဲ”

“မင်းအဖေရဲ့ အကြွင်းမဲ့ဓားလမ်းစဉ် ဖြန့်ဝေမဲ့ ကံကြမ္မာက ဘာလို့ ငါ့ဆီ ရောက်လာတာလဲ”

ဝမ်ဝေ့၏ အရှိန်အဝါက ထပ်မံ လှုပ်ခတ်သွားသော်လည်း အလျင်အမြန် ထိန်းချုပ်ခဲ့သည်။ ထိုသတင်းအချက်အလက်က ဂိုဏ်းမှ သူ့အဖေ၏ တက်လှမ်းမှုကို တွေ့ရှိသွားကာ ဝှက်ထားသည့် အနေအထားကို ရှင်းထုတ်ပစ်နိုင်သွားသည်။ ယခု သူ့အနေဖြင့် ဂိုဏ်းက အကြွင်းမဲ့ဓားလမ်းစဉ်ပေါ်ရှိ ကြိုးကိုင်နိုင်ခြင်း မရှိသရွေ့ ထိုအရာသည် မဖြစ်နိုင်ကြောင်း သိလိုက်သည်။

ဝမ်ဝေ့က လက်ကိုမြှောက်ကာ တစ်ဖက်တွင် အဖြူရှိကာ တခြားတစ်ဖက်တွင် အနက်ရှိသည့် ကြေးပြားတစ်ပြားကို ဆင့်ခေါ်လိုက်သည်။ သူက ကြေးပြားကို လှည့်လိုက်ပြီးသည့်နောက်တွင် အလျင်အမြန် ဖမ်းယူလိုက်၏။ ထိုအရာက အဖြူပဲ ကျလာသည်။

“သတင်းကောင်းကတော့ သူတို့က အသက်ရှင်ရက် ရှိသေးတယ်။ ဒါပေမဲ့ သူတို့ကတော့ ရုတ်တရက် ပျောက်ကွယ်သွားတာ” သူက တည်ငြိမ်စွာ ပြောလိုက်သော်လည်း ယန်းအိုက်ကမူ ထိုတည်ငြိမ်မှုနောက်ကွယ်မှာ ရှိနေသည့် ကြောက်မက်ဖွယ် စိတ်ခံစားချက် အတက်အကျလှိုင်းကို ခံစားမိလေသည်။

“သူက ပျောက်ကွယ်သွားတာလား။ မင်း ဘာသတင်းအချက်အလက် တွေ့သေးလဲ”

“ဘာမှမတွေ့ရဘူး။ သူတို့တွေ တက်လှမ်းလာတော့မဲ့ ခံစားချက်ကို ရရုံပဲ ရှိသေးတာ။ ဒါပေမဲ့ သွေးမျိုးဆက် ဆက်နွယ်မှုက ဖြတ်တောက်ခံလိုက်ရတယ်။ ကျွန်တော် ဘယ်လိုပဲကြိုးစား ကြိုးစား သူတို့ကို ရှာမတွေ့ဘူး”

ယန်းအိုက်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ဘာဆက်လုပ်မှာလဲ”

“ကျွန်တော် လူတချို့နဲ့ တွေ့ဖို့လိုတယ်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် အချိန်မဖြုန်းဘဲ အာကာပြင်ဂိတ်ပေါက် တစ်ခုကို ဖွင့်လှစ်ကာ ထွက်ခွာသွားလေသည်။ ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်တွင်ရှိသည့် ပြင်းထန်လှသည့် ယင်စွမ်းအားကိုပင် လျစ်လျူရှုထားလေသည်။ ဝမ်ဝေ့ ရောက်ရှိလာသည်နှင့် ပြောလိုက်၏။

“အဘွား ကျွန်တော် အနှောင့်အယှက် မပေးချင်ပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့အရာ တစ်ခု ဖြစ်ပျက်သွားတယ်”

“မင်းအဖေကြောင့် ရောက်လာတာလား” ကြီးကျယ်ခမ်းနားသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။

“ဟုတ်ပါတယ်။ ဘာဖြစ်သွားတာလဲဆိုတာ သိလား” ဝမ်ဝေ့ကအလျင်အမြန် မေးလိုက်သည်။

“အဲဒါက ငါ မဟုတ်ဘူး”

ဝမ်ဝေ့က စိတ်ထဲ လေးလံသွားမိ၏။

“သူ ပျောက်ကွယ်သွားတဲ့ အခိုက်အတန့်မှာ သတိထားမိလိုက်တယ်။ ဒါပေမဲ့ သူ့ကို ရှာမတွေ့ဘူး။ ဒီလိုလှုပ်ရှားတဲ့သူက သဲလွန်စတောင် မကျန်ခဲ့ဘူး။ လူတချို့ကနေပဲ ငါ့ဆီကနေ အပြီးတိုင် ဖုံးကွယ်ထားနိုင်မှာ။”

“ကျွန်တော် နားလည်ပါပြီ” ဝမ်ဝေ့က ဦးညွှတ်လိုက်၏။ သူက မြေအောက်လောကတွင် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ အမြဲလိုလို လေးစားသမှု ပြလေ့ရှိသည်။ အကြောင်းအရင်းကမူ ဤနေရာတွင် တင်းကျပ်သည့် စည်းမျဉ်းများ ရှိထားကြောင်း သိထားသည့်အတွက် ဖြစ်၏။ သူ့အဘွားနှင့် ဆက်ဆံရေးက သူမအပေါ် အဆိုးဘက်မှ သက်ရောက်သွားနိုင်ချေ ရှိသည်။ ထို့ကြောင့် သူက အဖြေကို ရရှိပြီးသည်နှင့် ထွက်ခွာသွားဖို့ ပြင်လိုက်သည်။

“ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ဝမ်ဝေ့က ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် အသံတစ်သံ ပျံ့လွင့်လာလေ၏။

“မင်းကိုယ်မင်း ဂရုစိုက်။ မင်းအဘိုးအကြောင်းတော့ စိုးရိမ်စရာ မလိုဘူး”

ဝမ်ဝေ့က ခေတ္တမျှတုံ့ဆိုင်းပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။

သူက ဗုဒ္ဓဘုံကျောင်းတစ်ခုဆီ ပေါ်ထွက်လာပြီး သူ့မျက်ဝန်းများက နီရဲနေပြီး တွေးလိုက်သည်။

အန္တိမသဟဇာတ … ဒါနဲ့ ဘာမှမပတ်သက်တာ ကောင်းလိမ့်မယ်…

ဝုန်း

ထိုနယ်မြေအထက်ရှိ ကောင်းကင်ယံက တိမ်ထူပြီး အနီရောင်လျှပ်စီးချက်များက ရံဖန်ရံခါ လင်းလက်နေလျက်ရှိသည်။ လူများစွာက စောစောလေးကအထိ ကောင်းကင်ကြီးက ကြည်လင်နေသည့်အတွက် စိတ်ရှုပ်ထွေးနေမိသည်။ ဘာကြောင့် ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားရသနည်း။

ထိုကောင်းကင်ယံရှိ ပြင်းထန်သည့် အပြောင်းအလဲက အားကောင်းသည့် ကျင့်ကြံသူတစ်ဦးကြောင့် ဖြစ်ကြောင်း သိလိုက်ကြသည်။

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ပြီး တွေးလိုက်သည်။ ထိုသဘာဝဖြစ်ရပ်များကို ပယ်ဖျက်လိုက်သည်။ သူက ဘုံကျောင်းထဲ ချက်ချင်းဝင်မသွားသေးဘဲ မျက်လုံးအသာမှိတ်လိုက်သည်။ သူက သူ့စိတ်ခံစားချက်များကို ထိန်းချုပ်ပြီးသည့်အခါမှသာ ဝင်ရောက်လိုက်၏။

ကြေးဗုဒ္ဓရုပ်ထုဆီ ဦးတည်လိုက်ပြီး ဝမ်ဝေ့၏ လှုံ့ဆော်မှုအောက်တွင် အားလုံးက ထိုနေရာမှ ထွက်ခွာသွားကြသလို အနီးလည်း ချဉ်းကပ်လာခြင်းမရှိတော့ပေ။

ဝမ်ဝေ့က ကြာပွင့်သဏ္ဌာန်အမွေးတိုင်အိုကို ဖွဲ့စည်းကာ အမွှေးတိုင်သုံးချောင်းကို ထွန်းညှိလိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်၏။

“မာတာမေတ္တယျ အခု လမ်းညွှန်မှုကို လိုအပ်နေပါပြီ”

ဝမ်ဝေ့က ဘာတုံ့ပြန်မှုမှ မရှိသည့်အတွက် သူက မတ်တတ်ရပ်ကာ ငါးမိနစ်ကြာ ဦးညွှတ်လိုက်သည်။ ထို့နောက် အခန်းအတွင်းရှိ အရှိန်အဝါက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။

“မင်း… မိသားစု  … ဘာဖြစ်သွားတယ်ဆိုတာကို ငါလည်း … မသိဘူး”

ဝမ်ဝေ့က ခေါင်းမော့ကာ စကားပြောလာသည့် ရုပ်ထုကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက အတော်လေး တည်ငြိမ်နေလေ၏။

“သူ..  မလှုပ်ရှားဘူးဆိုတာကိုတော့ … သိတယ်”

ရုပ်ထုက ဆက်သွယ်ပြီး သတင်းစကားပါးဖို့ အတော်လေး အားယူနေရဟန်ပေါ်သည်။

“ဘယ်သူ လုပ်ခဲ့လုပ်ခဲ့ သဲလွန်စမကျန်ခဲ့ဘူး။ ကြည့်ရတာ ငါတို့ထက် … ပိုပြီး အားကောင်းနေတာ … ဖြစ်နိုင်တယ်”

“ကျွန်တော် နားလည်ပါပြီ” ဝမ်ဝေ့က ပြောလိုက်သည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ပုံမှန်ပြန်ဖြစ်သွားကာ ဝမ်ဝေ့က နောက်ထပ် ထွက်ခွာလာလိုက်သည်။

သူ့စိတ်က တွက်ချက်နေလေ၏။ သူက ခြေတစ်လှမ်းလှမ်းကာ မူလစည်းတံဆိပ်ကုန်းမြေဆီ ပြန်လည်ရောက်ရှိလာသည်။

“မင်း တစ်ခုခုတွေ့ခဲ့လား” ယန်းအိုက်၏ ပုံရိပ်ယောင်က သူ့အနီးတွင် ပေါ်ထွက်လာလေသည်။

“မတွေ့ခဲ့ဘူး” သူက ပြောလိုက်၏။

ယန်းအိုက်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် မျက်လုံးဖွင့်ပြီး အနက်ရောင်သတ္တုလုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။

“အထွေထွေသောင်းပြောင်း နင်နဲ့ အဲဒီမျိုးနွယ်အထွတ်အမြတ်တောင်က အမျိုးသမီးနဲ့ ဆက်ဆံရေးတစ်ခု ရှိတယ်မလား”

“စွေ့အာနဲ့ ငါ့ကြားက ဆက်ဆံရေးက တဏှာကင်းတယ်” အသံတစ်သံက အလျင်အမြန်ရှင်းပြလာသည်။

“ငါက ဘယ်သူ့ပြောတာလဲဆိုတာကို ဘယ်လိုလုပ် သိတုန်း။ ဘာမှအသေးစိတ်လည်း မပြောခဲ့ပါဘူး”

အထွေထွေသောင်းပြောင်းက မျက်နှာပူမိသွားကာ ချောင်းအသာဟန့်ပြီး ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။

“အဲဒီအကြောင်းကို ဘာလို့မေးတာလဲ”

“ကောင်လေးရဲ့ မိဘတွေက ပျောက်ကွယ်သွားတယ်။ ကြည့်ရတာ သူတို့ကို ရှာဖို့ အဲဒါက တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်တယ်”

“ကောင်လေးလား။ အို ငါ သိပြီ” ထို့နောက် ဘာမှပြန်ဖြေမှု မရှိတော့ပေ။

“အဲဒါဆိုတော့ရော” ယန်းအိုက်က မေးလိုက်သည်။

“သူမ ကြိုးစားကြည့်ရင်တောင် အသုံးမဝင်လောက်ဘူး”

“ကြိုးစားမကြည့်ဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ”

“သူမက တည်ရှိမှုကို ထိခိုက်ထားတော့ ကောင်းကင်ဘုံအဆင့်ကို ပြုတ်ကျသွားပြီ။ သူမ ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်က သူမကို အပြင်လူတွေ တွေ့ဖို့ ခွင့်ပြုမယ်လို့များ ထင်နေလား”

“တခြားသူတွေအတွက်တော့ ဟုတ်ရင်ဟုတ်မှာပေါ့။ ဒါပေမဲ့ သူမက နင့်ကို အမှတ်အသားပြား ပေးခဲ့တယ်ဆိုတာ သိတယ်။ အဲဒါဆိုတော့ အခွင့်အရေး ရှိသေးတယ်”

“ကောင်းပြီလေ။ ကြိုးစားကြည့်ပေါ့။ ဒါပေမဲ့ ငါ ပြောတဲ့အတိုင်းပဲ။ မျှော်လင့်ချက် များများစားစားတော့ မထားနဲ့”

အနက်ရောင်သတ္တုက တုန်ခါလာပြီးသည့်နောက်တွင် အမှတ်အသားပြားတစ်ခု ပေါ်ထွက်လာသည်။

“ဒါနဲ့ ဒါက ငါ ပြန်လာဖို့ ဘယ်လောက်တောင် နှောင့်နှေးသွားစေမှာလဲ”

အထွေထွေသောင်းပြောင်းအရှင်က ညည်းတွားလိုက်သည်။ မပြီးမပြတ်အခြေအနေတွင် ရှိနေစဉ် သက်ရှိကမ္ဘာနှင့် ဝင်ရောက်စွက်ဖက်ခြင်းက တန်ကြေးတစ်ခု ပေးနေရသည်။ သို့သော် ယန်းအိုက်က တောင်းဆိုသည့်အတွက် အထွေထွေသောင်းပြောင်းအရှင်က ပေးဆပ်လိုက်ရသည်။

ဝမ်ဝေ့က အမှတ်အသားပြားကို ယူလိုက်၏။

“ဒါက ဘာအတွက်လဲ”

“နတ်ဆိုးမျိုးနွယ်မှ ကြယ်သုံးလုံးအဆင့် ကြယ်ဝိဇ္ဇာ ရှိတယ်။ ဒီနေရာနဲ့ဆိုရင် မင်းမိဘတွေရဲ့ နေရာအကြောင်းကို သူမဆီ မေးလို့ရလောက်တယ်။ ဒါပေမဲ့ သိတဲ့အတိုင်း သူမရဲ့ အခြေအနေကလည်း ရှုပ်ထွေးတယ်”

ကြယ်သုံးလုံး ဝိဇ္ဇာတဲ့လား…

ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်တွင် ကြယ်ဝိဇ္ဇာဟု သိသည့် မျိုးနွယ်တစ်ခုကို ဖြေရှင်းခဲ့ဖူးသည်။ သို့သော်လည်း သူ သိထားသလောက် ဒိုင်မေးရှင်းအမြင့်တွင် အဆင့်ခွဲခြားထားသည်နှင့် ကွဲပြားနေသည်။ ဒိုင်မေးရှင်းအနိမ့်ရှိ အကောင်းဆုံး ကြယ်ငါးလုံးဝိဇ္ဇာက ဤနေရာတွင် ကြယ်တစ်လုံးမျှသာ ရှိလေသည်။ ဤနေရာတွင် ကြယ်သုံးလုံးဟူသော အဓိပ္ပာယ်ကောင်းကို ထိုသူသည် စံပြအဆင့်နှင့် ယှဉ်နိုင်သည့် သတင်းအချက်အလက်ကို ကူးယူနိုင်ကြောင်း ပြသနေလေ၏။

“ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို သိပြီ” ဝမ်ဝေ့က ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူက မေတ္တယျပြောပြီးသည့်နောက်တွင် ထိုဝိဇ္ဇာအပေါ် များများစားစား မျှော်လင့်ချက် မထားပေ။ သို့သော်လည်း သူက ထူးဆန်းအံ့ဖွယ် အရာတစ်ခုအနေဖြင့် စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ်ဝေ့က ဤကုန်းမြေမှ အဝေးတစ်နေရာဆီ ကူးသန်းသွားလာလိုက်၏။ ဤတစ်ကြိမ် အကွာအဝေးက သူ့ဦးတည်ရာကို ရောက်ရှိဖို့ ဆယ်မိနစ်ခန့် ကြာမြင့်လေသည်။

သိပ်မကြာခင်သူက ရှည်လျားကာ သာမန်တောင်နယ်နိမိတ်တစ်ခုအတွင်း ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရသည်။ သူက သူရောက်ရှိလာမှုကို အသိပေးချက်တစ်ခု ပို့ဆောင်ကာ စောင့်ဆိုင်းနေလိုက်သည်။ သိပ်မကြာခင် လူလတ်အရွယ်အမျိုးသားက သူ့ရှေ့ပေါ်ထွက်လာလေ၏။

ဝမ်ဝေ့က ထိုသူ၏ သွင်ပြင်သည် ခရမ်းရောင်မိုးကြိုး ပုရွက်ဆိတ်ဖြစ်ကြောင်း ပြောနိုင်လေသည်။

“မင်းက ဘယ်သူလဲ။ ဒီမှာ ဘာလာလုပ်တာလဲ”

“ကျုပ်က အထွေထွေသောင်းပြောင်းစံပြရဲ့ မျိုးဆက်ပါ။ ဒီနေရာကို စီနီယာကြယ်ဝိဇ္ဇာကို လာပြီးတွေ့တာပါ။ ကျုပ်ဆီမှာ အမှတ်အသားပြား ရှိပါတယ်”

အိမ်တော်ထိန်းက ဝမ်ဝေ့၏ တောင်းဆိုချက်ကို ငြင်းဆန်တော့မည့်ဆဲဆဲတွင် အမှတ်အသားပြားကို မြင်လိုက်ရသည်။ သူက ထိုအရာကို ခေတ္တမျှ လေ့လာကြည့်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ဒီမှာ ခဏလောက်စောင့်ပါဦး” ထိုအမျိုးသားက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တစ်နာရီခန့်ဝင်ပြီးသည့်နောက်တွင်ပင် ပြန်ရောက်မလာသေးပေ။

“ကျုပ်နောက် လိုက်ခဲ့ပါ” အိမ်တော်ထိန်းက ပြောလိုက်သည်။

“ဘာကိုမှ မကြည့်နဲ့။ ဘာကိုမှမထိနဲ့ ဘယ်ကိုမှ လျှောက်မသွားနဲ့။ ဒီကိစ္စနဲ့ ပြီးတာနဲ့ တတ်နိုင်သမျှ မြန်မြန်ထွက်သွားပေးပါ”

ဝမ်ဝေ့က ထိုအမျိုးသား၏ သဘောထားကို စိတ်ထဲမထားပေ။ လူသားနှင့် နတ်ဆိုးကြားမှ ဆက်ဆံရေးက ဒိုင်မေးရှင်းအနိမ့်လောက် မဆိုးရွားသော်လည်း သူတို့က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးဖော်ရွေနေခြင်း မရှိပေ။ ထို့အပြင် ဤသည်က ထိလွယ်ရှလွယ် အချိန်ကာလမျိုးဖြစ်သည့်အတွက် နတ်ဆိုးမျိုးနွယ်က သူ့တည်ရှိမှုကို ကြိုဆိုကြမည်မ ဟုတ်ပေ။

ဝမ်ဝေ့က သူ့နောက်မှ လိုက်ကာ အာကာပြင်မုခ်ဝတစ်ခုထဲ ဝင်ရောက်သွားသည်။ သူက နောက်ထပ်ကမ္ဘာတစ်ခုထဲ ရောက်ရှိသွားသည်ကို တွေ့ရှိသွားလေ၏။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် သူ့အနေဖြင့် ထိုအရာကို ဖော်ပြနိုင်သည့် တစ်ခုတည်းသောအရာက တောင်တန်းကမ္ဘာဟုပင် ဖြစ်၏။ ဤနေရာတွင် ကမ္ဘာအနှံ့ တောင်တန်းများရှိနေပြီး တိမ်တိုက်ကြားတွင် ထိုးထောင်ထွက်နေသည်။ သူက ထိုတောင်တန်းများပေါ်တွင် တည်ရှိမှုများစွာကို ခံစားမိလိုက်သည်။ အထူးသဖြင့် တောင်ထိပ်များတွင် ဖြစ်၏။

ဟမ် ဒါက အောင်းရှန်လား။ သူက ပင်ကိုနတ်ဆိုးနတ်ဘုရားအစား နတ်ဆိုးမျိုးနွယ်ကို ရွေးချယ်ခဲ့တာလား…

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

All Chapters