← Chapters

ကစားပွဲကို အဆင်သင့်ပြင်ခြင်း

Vol. 96 Ch. 1332

ကစားပွဲကို အဆင်သင့်ပြင်ခြင်း

Vol. 96 Ch. 1332

ဝမ်ဝေ့က အကြမ်းဖျင်း စဉ်းစားပြီးသည့်နောက်တွင် အောင်းရှန်၏ ရွေးချယ်မှုကို ထူးဆန်းသည်ဟု မထင်မိတော့ပေ။ ဦးနှောက်ရှိသည့်သူတိုင်းက ပင်ကိုနတ်ဆိုးနတ်ဘုရားတိုင်း၏ အခြေအနေကို သိထားကြလိမ့်မည်။ သူတို့သည် လမ်းစဉ်သုံးခုဖြစ်သည့် ကမ္ဘာဦး၊ ဧကရာဇ်နှင့် ကောင်းကင်ဘုံထဲ၌ တစ်ခုကို ကိုယ်စားပြု၏။ သို့သော်လည်း ရွှေရောင်ခေတ်ကာလ၌ နတ်ဆိုးမျိုးနွယ်က သူတို့နှင့် ယှဉ်လာနိုင်သည်။

အောင်းရှန်က ဉာဏ်ကောင်းသည့်အတွက် သူ့အနေဖြင့် နှစ်ခုထဲမှ လွှမ်းမိုးမှုအရှိဆုံးအဖွဲ့ကို ရွေးချယ်သည်က အဓိပ္ပာယ်ရှိပေသည်။ သူက တခြားသော စဉ်းစားစရာများလည်း ရှိလိမ့်မည်။ နမူနာအနေဖြင့် သူသည် နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးပြီး သူတို့၏ ကံကြမ္မာကို ကိုင်ဆောင်ထားလေသည်။ သူ့က ပင်ကိုနတ်ဆိုး ဖြစ်သော်လည်း နတ်ဆိုးမျိုးနွယ်နှင့် ပိုမိုဆက်နွယ်မှု ရှိ၏။

 ထို့အပြင် တခြားသော အကြောင်းအရင်းများစွာလည်း ရှိနေသေးသည်။ အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအနိမ့်ထဲတွင် ထူးကဲနေသည်မှာ သူတို့က ကံကြမ္မာဗဟိုချက်ဖြစ်နေ၍ ဖြစ်၏။ ဆိုလိုသည်မှာ ထိုနေရာတွင်ရှိသည့် နတ်ဆိုးမျိုးနွယ်က အတော်လေး အဖိုးတန်လှသည်။ ဝမ်ဝေ့၏ အုပ်စိုးမှုအတွင်း နတ်ဆိုးမျိုးနွယ်က ယခင်သမိုင်းကြောင်းတစ်လျှောက် မြင်တွေ့ဖူးသည့်အရာများနှင့် မတူညီသည့် ကြွယ်ဝသော အနေအထားတစ်ခုသို့ ရောက်ရှိခဲ့သည်။ ထိုအချက်က ဒိုင်မေးရှင်းအမြင့်ရှိ နတ်ဆိုးမျိုးနွယ်ကိုပင် အကျိုးကျေးဇူး ဖြစ်စေ၏။

နတ်ဆိုးမျိုးနွယ်၏ ယခင်ခေါင်းဆောင်ဟောင်း အောင်းရှန်က ကံကောင်းမှုနှင့် ကြမ္မာပမာဏတချို့ကို ကိုင်ဆောင်ထားလေသည်။ သူသာ ယွမ်ထီမူလဗိမာန်ဆီ ဝင်ရောက်မည်ဆိုပါက နတ်ဆိုးမျိုးနွယ်အတွက် ထိနှက်ချက်ကြီး ဖြစ်လာလိမ့်မည်။ အနှစ်ချုပ်အားဖြင့် သူသည် နတ်ဆိုးမျိုးနွယ်ကို ဝင်ရောက်လိုက်ခြင်းက သူတို့အား ဗိမာန်မှ ကံကောင်းမှုတချို့ကို ခိုးယူဖို့ လုံလောက်စေ၏။

အောင်းရှန်၏ ဇစ်မြစ်အတွက်မူ နတ်ဆိုးမျိုးနွယ်၌ ပြဿနာတချို့ဖြစ်လာစေမည်လား။

ထိုအရာက ဖြစ်လာစေနိုင်သော်လည်း လူအများထင်ထားသလိုမျိုး ကြီးမားနေမည် မဟုတ်ပေ။ ပင်ကိုနတ်ဆိုးနတ်ဘုရားများက သူတို့၏ မျိုးနွယ်ကို သစ္စာဖောက်ပြီး နတ်ဆိုးမျိုးနွယ်ကို ဝင်ရောက်ခြင်းက ပုံမှန်ကိစ္စ ဖြစ်၏။ အထက်မှလည်း ထိုသို့သော အပြုအမူမျိုးကို အားပေးအားမြောက်ပြုလေ့ရှိသည်။

ထို့အပြင် နတ်ဆိုးမျိုးနွယ်ဝင်များက ပင်ကိုသွေးမျိုးဆက် ရှိထားကြ၏။ သူတို့အတွက် ပင်ကိုနတ်ဆိုးနတ်ဘုရားများကို သူတို့၏ သွေးမျိုးဆက်အတွက် အမဲလိုက်ခြင်းက ပုံမှန်တွေ့ရလေ့ ရှိသည်။ သူတို့က ထိုအကြောင်းအရင်းကို မသိကြသော်လည်း နတ်ဆိုးမျိုးနွယ်၏ အကြွင်းမဲ့ ရည်မှန်းချက်ထဲက တစ်ခုကမူ ပင်ကိုနတ်ဆိုးနတ်ဘုရားများကို ဝါးမျိုပြီး ထိုသူ၏ ကြမ္မာကို ယူဆောင်ကာ သူတို့ နတ်ဆိုးမျိုးနွယ် အဖွဲ့ခွဲအဖြစ် လုပ်ဆောင်လိုခြင်း ဖြစ်၏။

ဒိုင်မေးရှင်းအနိမ့်ရဲ့ ကံကြမ္မာဗဟိုချက်လို့ သိတဲ့ အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအမြင့်မှာ ဖြစ်ပျက်လာမဲ့ ကိစ္စရပ်တွေမှာ ကြီးကြီးမားမား ကဏ္ဍကနေ ပါဝင်ပတ်သက်နေတယ်…

အောင်းရှန်က နတ်ဆိုးမျိုးနွယ်နဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားကြားက စစ်ပွဲကို ဖြစ်လာစေဖို့ အဓိကကစားသူတစ်ယောက်လား…

ရွေးချယ်မှုက ကံကြမ္မာက ဘယ်ဖက်ကို မျက်နှာသာပေးနေတယ်ဆိုတာကို ပြတဲ့ အရိပ်အမြွက်လား…

ထိုအရာက အမှန်ဖြစ်နိုင်ချေ ရှိ၏။ သို့သော်လည်း ဝမ်ဝေ့ကမူ သေချာလေ့လာစောင့်ကြည့်ဖို့ ဆုံးဖြတ်ထားသည်။ သူက ပင်ကိုနတ်ဆိုးနတ်ဘုရားများသည် ကောင်းကင်ဘုံလမ်းစဉ်မှ တရားဝင်ရှုံးနိမ့်သူ ဖြစ်ပျက်လာသည့်အခါ မည်သို့ဖြစ်လာမလဲသိချင်နေမိသည်။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ဟွင်သွမ်းစကြဝဠာရဲ့ ကံကြမ္မာဗဟိုချက်တစ်ပိုင်းလို့ မှတ်ယူလို့ရတယ်။ အဲဒါဆိုတော့ ကောင်းကင်လမ်းစဉ် ရှုံးနိမ့်သွားတာက ပင်ကိုနတ်ဆိုးနတ်ဘုရားတွေအတွက် ခေါင်းတလားထဲ နောက်ဆုံးသော သံမှို ဖြစ်သွားနိုင်တယ်။

သူတို့၏ အဆုံးသတ်က ဧကရာဇ်လမ်းစဉ်နှင့် ကမ္ဘာဦးလမ်းစဉ်ကြားမှ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမည်ဟု ဆိုလိုနေလေ၏။ မကောင်းဆိုးဝါးနတ်ဘုရားများက တိုက်ပွဲကို ရှုံးနိမ့်နေသော်လည်း သူတို့က ပြန်လည်မတိုက်ခိုက်ဘဲနဲ့ ရှုံးနိမ့်ခံမည်လား။

ထိုသို့ ဖြစ်ဟန်မပေါ်ပေ။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဟွင်သွမ်းစကြဝဠာကြီးကို သက်ရောက်မှုရှိသည့် ကိစ္စသည် ဖြည်းဖြည်းချင်း ဖြစ်ပေါ်နေကြောင်း သတိထားမိသွား၏။ ထင်ထားသည့်အတိုင်း မုန်တိုင်းက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ အစပျိုးလာသည်။

ငါ့ရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်က မူလစစ်ပွဲကိုတောင် ဦးဆောင်သွားနိုင်တယ်…

ဒီဖြစ်ရပ်တွေအကုန်လုံးက ဒါနဲ့ သက်ဆိုင်နေတာလား။ တကယ်တော့ ကြီးကြီးမားမား ဖြစ်ရပ်တွေက ရှေ့ပြေးပဲ။ တကယ့်စစ်ပွဲကျရင် ဘယ်လိုဖြစ်သွားမလဲ…

ဝမ်ဝေ့က သူသည် ထူးကဲသာလွန်မှုကို ရနိုင်ကြောင်း သိသော်လည်း သူ့အလိုလိုသိစိတ်နှင့် သူ စုဆောင်းထားသည့် သတင်းအချက်အလက်များအရ  ထိုအရာသည် ငြိမ်းချမ်းသည့် နည်းလမ်း မဟုတ်ကြောင်း ပြောပြနေ၏။

ထားလိုက်တော့။ ငါ အတွေးလွန်နေပြီ။ ငါက ကောင်းကင်ဘုံအဆင့်ပဲ ရှိသေးတယ်…

“ဟေး” အိမ်တော်ထိန်းက ပြောလိုက်သည်။

“ဘာလို့ အာရုံများနေတာလဲ။ လျှောက်မကြည့်ဖို့ ပြောမထားဘူးလား”

ဝမ်ဝေ့က စိုက်ကြည့်လိုက်စဉ် ထိုအမျိုးသားက အကြောက်တရားနတ်ဘုရား သူ့ကျောရိုးတစ်လျှောက် ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ သူက အလိုအလျောက် သူ့တကယ့်အသွင်ကိုပင် ပြောင်းလဲလုနီးပါးဖြစ်သွားလေ၏။

“ဘာတွေလုပ်နေတာလဲ။ ဒါက နတ်ဆိုးမျိုးနွယ်”

“ရှေ့ကနေ လမ်းပြ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ အိမ်တော်ထိန်းက သူ့ယခင်တုံ့ပြန်မှုကို မျက်နှာပူမိသွားသော်လည်း ထပ်မံ မပြောရဲတော့ပေ။ ထို့ကြောင့် သူက တိတ်တဆိတ်ဖြင့် ဝမ်ဝေ့အား သီးသန့်ပိုင်းခြားထားသည့် တောင်တစ်လုံးဆီ ခေါ်ဆောင်သွားလေသည်။ ထိုတောင်က တခြားသောအရာများနှင့် ယှဉ်လိုက်ပါက အတော်လေး ရိုးရှင်းလှသည်။ ထို့အပြင် သူက လူတစ်ယောက်၏ တည်ရှိမှုကိုသာ ခံစားမိလေ၏။

“ကြယ်ဝိဇ္ဇာက အထဲမှာ စောင့်နေတယ်”

ဝမ်ဝေ့က ဘာမှမပြောဘဲ အိမ်ငယ်လေးထဲ ဝင်ရောက်လိုက်သည်။ ထိုနေရာတွင် သူ့ကို စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ သူမက ရိုးရှင်းသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတော်လေး လှပသည်။ သို့သော် အကြောင်းအရင်းတချို့ကြောင့် မည်သူကမှ သူမ၏ အလှတရားကို သတိထားမိမည် မဟုတ်ပေ။ အကြောင်းအရင်းကမူ သူမ၏ ထူးထူးဆန်းဆန်း ဖြစ်တည်မှုကြောင့် ဖြစ်၏။

သူမက ငယ်ရွယ်ပြီး ၂၅ နှစ်ပင် ကျော်သေးဟန်မပေါ်ပေ။ သို့သော်လည်း သူမ၏ ဆံပင်များက အဖြူရောင်သန်းနေပြီး မိန်းမအိုကြီးတစ်ယောက်အသွင် ဖြစ်နေလေသည်။ သူမ၏ အရှိန်အဝါက ရှေးကျပြီး သူမ၏ အဖြူရောင်မျက်ဆံများက နက်နဲကာ ဝမ်ဝေ့လိုမျိုး စိတ်စွမ်းအားနှင့် ဝိညာဉ်ရှိထားသည့်သူကပင် စက္ကန့်ပိုင်းအတွင်း နစ်မြောသွားနိုင်သည်။

ဒီအမျိုးသမီးက မရိုးရှင်းဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။

သူက ထိုအကြောင်းအရာကို ယခင်ကတည်းက သိထားပြီးသား ဖြစ်၏။ နေမင်းနှစ်စင်း၏ လက်တုံ့ပြန်မှုမှ လွတ်မြောက်ဖို့အတွက် သူမ၏ တည်ရှိမှုကို ဖျက်ဆီးနိုင်သည့် သူက ရက်စက်ခြင်းများနှင့် ပြည့်နှက်နေသည်။ ထိုသို့သောသူများက မည်သို့ရိုးရှင်းမည်နည်း။ ထို့အပြင် သူမက စံပြတစ်ယောက်ဖြစ်ပြီး အကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်နေနိုင်သော်လည်း သူမက အကြွင်းမဲ့တားမြစ်ချက်ထဲ ပါဝင်ဆင်နွှဲခဲ့ခြင်း မရှိပေ။ ဤသည်က သံသယဖြစ်ဖို့ကောင်းသည့် အချက်တစ်ခု ဖြစ်၏။

“စီနီယာ” ဝမ်ဝေ့က ဦးညွှတ်လိုက်သည်။

ဖန်စွေ့ဟု ခေါ်ဆိုသည့် ကြယ်ဝိဇ္ဇာက ဝမ်ဝေ့အား စိုက်ကြည့်လာသည်။

“ကောင်းကင်တာအိုက ခုံအစား ရွေးချယ်ခဲ့တာ။ တကယ်လို့ ဉာဏ်ရှိတဲ့အရာတစ်ခုကို လုပ်ခဲ့တာပဲ”

ဒီအမျိုးသမီးက အများကြီးသိထားတာပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သိပ်မကြာခင် သူမက အများကြီးသိလွန်းသည်က မထူးဆန်းကြောင်း သဘောပေါက်သွားခဲ့၏။

“ကျေးဇူးပါ”

“ထိုင်ပါဦး။ သူက မင်းကို အမှတ်အသားပြား ပေးလိုက်တာလား။ ကြည့်ရအောင်” ဖန်စွေ့က ပြောလိုက်သည်။

ဝမ်ဝေ့က သူမအား အမှတ်အသားပြားကို လက်ဆင့်ကမ်းပြီးသည့်နောက်တွင် သူမက လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။ သူမက စိတ်ကို ပြန်လည်တွေးတောနေဟန်ပေါ်၏။

“မင်းက ဘာသိချင်တာလဲ”

“ကျုပ်ရဲ့ မိဘတွေက ပျောက်သွားလို့ပါ။ သူတို့က ဘယ်မှာလဲဆိုတာကို သိချင်ပါတယ်”

ဖန်စွေ့က ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်ဝန်းက စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ သူမက လက်ကို မြှောက်ကာ စာအုပ်တစ်အုပ်ကို ဆင့်ခေါ်ပြီး စာရွက်တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်လိုက်သည်။

သူမရဲ့ သတင်းအချက်အလက်က ဂမ္ဘီရကနေ ရောက်လာတာ မဟုတ်သလို မိုးမြေကနေ တွက်ချက်တာလည်း မဟုတ်ဘူး။ အဲဒီအစား သူက ကောင်းကင်တာအိုရဲ့ မှတ်တမ်းတွေကို ယူပြီး ကြည့်ရှုလိုက်တာ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ အကယ်၍ ဝမ်ဝေ့၏ သတင်းစုဆောင်းမှုက ကံကြမ္မာတာအို ကဏ္ဍအောက်တွင် ရှိနေပါက ဖန်စွေ့၏ နည်းလမ်းကမူ ကောင်းကင်ဘုံတာအို၏ အောက်တွင် ရှိလိမ့်မည်။

“မင်းအဖေနဲ့ အမေနဲ့က တက်လှမ်းလာပြီးပြီ။ ဒါပေမဲ့ မူမမှန်မှုတစ်ခု ဖြစ်သွားတယ်။ သူတို့နဲ့ ပတ်သက်တဲ့အရာအားလုံးက ပျောက်ကွယ်သွားတယ်။ သူတို့ရဲ့ ကံကြမ္မာ၊ ကြမ္မာနဲ့ ဆက်နွယ်မှုတွေရောပဲ။ သူတို့ဘယ်လိုဖြစ်သွားတယ်ဆိုတာ ငါတို့လည်း မသိရဘူး”

“ကျွန်တော် သိပြီ” ဝမ်ဝေ့က သက်ပြင်းချလိုက်၏။

“မင်းက မအံ့ဩဘူးလား။ ကြည့်ရတာ မင်း ထင်ထားပြီးသား ဖြစ်တဲ့ပုံပဲ”

“အဲ့လိုပြောလို့ရပါတယ်”

ဖန်စွေ့က ခေါင်းညိတ်လိုက်သည်။

“မင်းနဲ့ စကားပြောချင်သေးပေမဲ့ မင်းက စိတ်အခြေအနေ မကောင်းဘူးဆိုတော့ နောက်တစ်ခေါက်မှ တွေ့ကြတာပေါ့”

သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဒုတိယအမှတ်အသားပြားကို ဖွဲ့စည်းပြီး သူ့ကို ပေးလိုက်သည်။

“ပထမတစ်ခုကို သူ့ဆီ ပြန်ပေးလိုက်။ ဒီတစ်ခုကတော့ မင်းအတွက်။ မင်းဆီမှာ နောက်ကျရင် ပြဿနာရှိတဲ့အခါ ငါ့ကို လာတွေ့လို့ရတယ်”

ဝမ်ဝေ့က အံ့အားသင့်သွားလေ၏။ အထွေထွေသောင်းပြောင်းအရှင်၏ တုံ့ပြန်မှုနှင့် သူ ဖတ်ရှုထားသည့် ကိစ္စတချို့အပေါ် မူတည်ပြီး သူသည် ဤအမှတ်အသားပြားက မည်မျှတန်ကြေးရှိကြောင်း သိလိုက်သည်။ နတ်ဆိုးမျိုးနွယ်က ထိုအမှတ်အသားများကို ရောင်းချခြင်းဖြင့် ပိုက်ဆံပမာဏအမြောက်အများကို ရှာလေ့ရှိသည်။ ထိပ်တန်းအင်အားစုများကလည်း သူတို့၏ ချမ်းသာကြွယ်ဝမှုအများစုကို ရောင်းချပြီး သေချာသည့် လျှို့ဝှက်ချက်များကို လိုက်လံရှာဖွေ၏။ အထူးသဖြင့် သူတို့၏ မျိုးနွယ်၏ အနာဂတ်နှင့် ပတ်သက်နေသည့်အခါတွင် ဖြစ်သည်။

“စီနီယာကို ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ယဉ်ယဉ်ကျေးကျေးပြောလိုက်ပြီးသည့်နောက်တွင် ထွက်ခွာလာလိုက်သည်။ သူ့အား ထွက်ပေါက်သို့ လမ်းညွှန်ပြစဉ် ဖန်စွေ့ကမူ သူ ထွက်ခွာသွားသည်ကိုသာ တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။

“အခု စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေအားလုံးကို ချပြီးသွားပြီ။ ကစားသမားတွေက တရားဝင် လှုပ်ရှားတော့မဲ့အချိန်ပဲ။ နတ်ဆိုးမျိုးနွယ်က ရောက်ရှိလာမဲ့ ခေတ်ကာလမှာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ” ဖန်စွေ့က ရေရွတ်လိုက်သည်။ သူမ၏ မျက်ဝန်းက အဝေးတစ်နေရာကို ထိုးဖောက်သွားပြီး တရားထိုင်နေသည့် နဂါးတစ်ကောင်ဆီ ကျရောက်လာသည်။

အောင်းရှန် နတ်ဆိုးမျိုးနွယ်ရဲ့ အနာဂတ်က မင်းအပေါ် မူတည်နေတယ်။ စိတ်မပျက်စေနဲ့…

………………

ဝမ်ဝေ့က မူလစည်းတံဆိပ်ကုန်းမြေဆီ ပြန်လာလေ၏။ ထိုစဉ် ယန်းအိုက်၏ ပုံရိပ်က ထပ်မံထွက်ပေါ်လာသည်။

“အဲဒါဆိုတော့”

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။

“တကယ်လို့ သူမက မကူညီနိုင်ဘူးဆိုရင် ဖြစ်နိုင်တာက…”

“အဲဒါကို မပြောဘဲနေရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။ ယခုအခါ ပြောနေ၍ အဓိပ္ပာယ်မရှိပေ။

 ယန်းအိုက်က သူ့ကို ကြည့်ကာ ပြောလိုက်၏။

“ကောင်လေး။ စိတ်မကောင်းပါဘူး။ တကယ်လို့ စကားပြောစရာ လူလိုတယ်ဆိုရင် ငါရှိတယ်”

“ဘိုးဘေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ယောက်ထဲ နေချင်တယ်” ဝမ်ဝေ့က အခန်းအတွင်းဝင်ကာ တင်ပျဉ်ခွေထိုင်ပြီး အတွေးနက်နေမိသည်။

သူ မသိသည်ကား တစ်စုံတစ်ယောက်ကလည်း သူ့ကို အဝေးတစ်နေရာမှ ကြည့်နေလေ၏။

“ကိစ္စတွေက နည်းနည်းတော့ ထိန်းချုပ်မှု ကင်းလွတ်သွားပြီ။ သူ့အနေနဲ့ ပိုပြီးတော့ ဖိအားလိုတယ်” အသံတစ်သံက ပြောလာခဲ့သည်။

“အဲဒီလူတွေက ရောက်လာမဲ့ အဖြစ်အပျက်အတွက် မင်း ပြင်ဆင်ထားတာ မလုံလောက်သေးဘူး”

“နည်းနည်း အလျင်စလို နိုင်မနေဘူးလား။ သူ့ကို ပြောပြသင့်တယ်” နောက်ထပ် အသံတစ်သံက ပြောလိုက်သည်။

“သူ့ကို အမှန်အတိုင်း ပြောလိုက်တယ်ဆိုရင် ဖိအားပေးလို့ ရည်ရွယ်ချက်က ဘယ်လိုလုပ် အထမြောက်တော့ပါ့မလဲ။ တကယ်လို့ ငါ ဆိုတာကို မသိနေသရွေ့ သူက သူ့ကိုယ်သူ တိုးတက်ဖို့ နည်းလမ်းရှာလိမ့်မယ်” ပထမ အသံပိုင်ရှင်က ပြောလိုက်သည်။

“နည်းနည်းလေး အလျင်စလို နိုင်မနေဘူးလားဆိုတာက မင်းရော ငါရော ကိုယ့်ကိုယ်ကို ရက်စက်တာကနေပဲ ဒီအဆင့်ကို ရောက်နိုင်တယ်ဆိုတာကို နှစ်ယောက်လုံး သိကြတာပဲလေ”

All Chapters