ကောင်းကင် သော့ခလောက်
Vol. 96 Ch. 1333
ဝမ်ဝေ့က အခန်းထဲ တစ်ယောက်တည်းထိုင်ကာ အတွေးနက်နေမိသည်။ သူက သူမကို မြင်တွေ့လို၏။ သူမက ဘာမှမပြောလျှင်ပင် သူမ၏ တည်ရှိမှုတစ်ခုတည်းကပင် အခြေအနေကို တိုးတက်သွားစေလိမ့်မည်။ သူက အာရုံစိုက်ရင်း သက်ပြင်းချလိုက်၏။
သူ့မိဘများ ပျောက်ကွယ်သွားမှုအတွက် ဖြစ်နိုင်သည့် ရှင်းပြချက်နှစ်ခု ရှိသည်။ သို့သော် သူက တစ်ခုကိုမှ သဘောမကျပေ။ တစ်ခုက သူ့ရန်သူများက ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဒုတိယတစ်ခုကမူ သူ့အနာဂတ်ကိုယ်မှ ဖြစ်၏။ သို့သော် အမှန်တရားက မည်သို့ပင်ဖြစ်စေကာမူ သူက ဤသို့သော အခြေအနေမျိုး၌ ခံစားရသည့် အင်အားကင်းမဲ့နေမှုကို မုန်းတီးနေသည်။
သူ့လက်ဝါးကို ကြည့်ရင်း ဆုပ်လိုက်သည်။
“စံပြအဆင့်စွမ်းအားက မလုံလောက်သေးဘူး။ သမိုင်းမတိုင်မီခေတ်ကာလတုန်းက ဝတ္ထုတွေထဲမှာဆိုရင် ကမ္ဘာမြေက နာမည်ကျော် ဆိုရိုးတစ်ခုရှိတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အမြင်မှာ အားလုံးက ပုရွက်ဆိတ်ပဲတဲ့။ ဒီစကားက အဲဒီထူးကဲသာလွန်မှုသက်ရှိတွေအတွက်လည်း အတူတူပဲ နေမယ်”
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ရင်း အလျင်လိုမှုကို ခံစားမိလိုက်သည်။ သူက စံပြဖြစ်မလာခင် သိပ်ကြာမြင့်မည် မဟုတ်သော်လည်း သူ့အတွက် မကောင်းသေးပေ။ အထူးသဖြင့် သူတို့၏ ကျင့်ကြံဆင့် တစ်ရာခိုင်နှုန်း တိုးမြှင့်ဖို့အတွက် ယွမ်ခေတ်ကာလတစ်သန်း ကြာမြင့်မည်ဖြစ်ပြီး ထိုအရေအတွက်က အကောင်းဆုံး အရင်းအမြစ်များရရှိထားသည့် ပါရမီရှင်များအတွက် ဖြစ်လေသည်။ ထို့အပြင် ကျင့်ကြံဆင့်က ပိုမိုမြင့်မားလေလေ အချိန်က ပိုမိုလိုအပ်လာလေလေ ဖြစ်၏။
ငါ ဒီလောက်အကြာကြီးလည်း မစောင့်နိုင်ဘူး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ယခုအခါ ကျင့်ကြံရေးမှတ်တမ်းများကို စံချိန် ချိုးဖောက်ပြီးသွားပြီဖြစ်သော်လည်း သူက မပျော်သေးပေ။
ဒီကပ်ပါးတွေကို ဖျက်ဆီးလိုက်ရင် ငါ့အတွက် ကြီးမားတဲ့ ကံကောင်းမှု၊ ကြမ္မာနဲ့ ကုသိုလ်တွေကို ဆောင်ကြဉ်းပေးလာမှာဆိုတော့ စံပြအဆင့်ကို တက်လှမ်းသွားနိုင်တယ်။ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး။ ငါ့အနေနဲ့ ကိစ္စတွေကို အရှိန်မြှင့်တင်ဖို့ လိုအပ်နေတယ်…
အကယ်၍ ယခင်ကဆိုပါက ဝမ်ဝေ့၏ အတွေးများသည် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကျင့်ကြံရေးအဖွဲ့အစည်းက ထိပ်သီးသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဆိုလိုသည်မှာ အကောင်းဆုံး ဝမ်ဝေ့ လုပ်နိုင်သည့်အရာက ရွှေရောင်ခေတ်ကာလအတွင်းမှ ထိပ်တန်းပါရမီရှင်များ၏ ကျင့်ကြံနှုန်းကို အမှီလိုက်ဖို့ရာသာ ဖြစ်သည်။ ထိုအရာ ဖြစ်နိုင်ခြင်းမှာ သူကား မိစ္ဆာကပ်ဘေးနှင့် တူညီသည့် ခေတ်ကာလမျိုးဖြစ်သည့် ကံကောင်းမှုနှင့် ကြမ္မာပေါကြွယ်ဝနေသည့် ဖရိုဖရဲအချိန်ကာလတွင် နေထိုင်နေရ၍ ဖြစ်သည်။
လူအိုကြီးထျန်းကျိရဲ့ နည်းစနစ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ထိုနည်းစနစ်က ကျင့်ကြံနှုန်း မြှင့်တင်နိုင်လေ၏။ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှုရှိသည့် အဓိကဖြစ်ရပ်များတွင် အဓိကဖြစ်ရပ်များကို ဖန်တီးခြင်း သို့မဟုတ် ပါဝင်ဆင်နွှဲခြင်းမှတဆင့် သူသည် ကျင့်ကြံရေးကို အရှိန်မြှင့်တင်ပေးနိုင်သည့် သန့်စင်ကံကြမ္မာစွမ်းအားကို ရယူနိုင်လိမ့်မည်။
သီးသန့်ကျင့်ကြံနေစဉ်အတွင်း ဟုန်အာနဲ့ ငါက အဲဒီနည်းစနစ်ရဲ့ ရှေးပြေးပုံစံကို ဖန်တီးခဲ့ပေမဲ့ လိုချင်တဲ့အဆင့်ထိတော့ မရောက်သေးဘူးဆိုတော့ အဲဒါကို ပြီးမြောက်ဖို့ မုန့်ခယ်ရဲ့ တိုက်ပွဲမျှော်စင်မှာ ကိုယ်ပွားတစ်ယောက်ကို ချန်ထားခဲ့တယ်။ အခု စစ်ဆေးကြည့်ရအောင်…
ဝမ်ဝေ့က မျက်လုံးမှိတ်ကာ ကိုယ်ပွား၏ အခြေအနေကို အာရုံခံကြည့်လိုက်သည်။
အတော်လေး တိုးတက်လာသားပဲ…
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူတို့၏ ပုံစံနှင့် ယှဉ်ပါက ထိုတစ်ခုသည် သိသိသာသာ တိုးတက်လာခဲ့သည်။ ကိုယ်ပွားက ယခုအခါ တိုးတက်မှုကို ဆက်လက်တိုးမြှင့်ဖို့အတွက် တာအိုစည်းချက်များ၏ သက်ရောက်မှုကို လေ့လာနေလေ၏။
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ လက်ရှိ နည်းစနစ်က လူအိုကြီးထျန်းကျိဆီမှ ယူဆောင်ထားသော စွမ်းအား၏ ၅၀ ရာခိုင်နှုန်းမျှသာ သက်ရောက်မှုရှိသော်လည်း ထိုစွမ်းအားက ထူးကဲသာလွန်မှုအဆင့် လူအိုကြီးထျန်းကျိ သူ့ကို ဖန်တီးဖို့ ကျင့်ကြံပြီးသည့်အရာထက် အဆသန်းချီ နိမ့်ကျပေသည်။
ဝမ်ဝေ့က ခေါင်းအသာယမ်းပြီး အာရုံစိုက်ထားလိုက်သည်။ သူက သူ့ရှေ့လျှောက်ရမည့် ခရီးလမ်း အရှည်ကြီး ရှိနေသေးကြောင်း အမြဲလိုလိုသိထားပြီး သူ့ကို ဘယ်အရာကမှ စိတ်မပျက်စေပေ။
အဖွဲ့ကို ဆက်သွယ်ပြီးတော့ ရောက်ရှိလာမဲ့ အပြောင်းအလဲတွေအတွက် ပြင်ဆင်ဖို့ ပြင်းထန်ရမယ်…
ဝုန်း
ဝမ်ဝေ့၏ အတွေးကို အဆုံးသတ်သွားစဉ် တစ်စုံတစ်ခု ဖြစ်ပျက်လာလေသည်။ သူက ကုန်းမြေအပြင်ဘက်ကို လှမ်းကြည့်လိုက်စဉ် တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် ကြီးကျယ်သည့် အမြင်ရုပ်လွှာတစ်ခုကို မြင်လိုက်ရ၏။ ထိုနေရာတွင် ခရမ်းရောင်တိမ်တိုက်များ၊ ခရမ်းရောင်ချီများက အရှေ့ဖက်မှ ထွက်ပေါ်လာပြီး ရွှေရောင်ကြာပွင့်၊ တာအိုအသံများ၊ ကံကောင်းမှုသားရဲများနှင့် ဝိဇ္ဇာများကလည်း ဝမ်းမြောက်နေကြသည့်ဟန်ပေါ်သည်။
ဒါက…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် ထိုအမြင်ရုပ်လွှာ၏ ဇစ်မြစ်ကို တွေ့ရှိသွားလေသည်။
“တစ်စုံတစ်ယောက်က စံပြ ဖြစ်လာတာပဲ။ မဟုတ်သေးဘူး အဆုံးစွန်မဲ့ စံပြဖြစ်လာတာ။ ပြီးတော့ သူတို့က စည်းမျဉ်းမဲ့ဇုန်ထဲမှာ ပုန်းအောင်းနေတဲ့ပုံပဲ”
ဝမ်ဝေ့က တောက်ပနေသည့် အင်မော်တယ်အလင်းရောင် လွှမ်းခြုံထားသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ အမည်မသိစွမ်းအားတစ်ခုက သူ့အား စည်းမျဉ်းမဲ့ဇုန်၏ သက်ရောက်မှုမှ ပိုင်းခြားထားလေ၏။ ထိုစွမ်းအားက သူ့အား နောက်ဆုံးအသွင်ပြောင်းမှု ပြီးမြောက်စေဖို့ ကာကွယ်ပေးထားသည်။
သူက ဘာလို့ အဲ့လောက်ကြီး ရင်းနှီးနေပါလိမ့်…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုအမျိုးသား၏ မျက်နှာ သို့မဟုတ် အရှိန်အဝါကို သတိမထားမိသော်လည်း သူ့အလိုလိုသိစိတ်ကမူ ထိုသူကို သိကြောင်း ပြောပြနေ၏။ ဝမ်ဝေ့က ထိုသူ၏ ဇစ်မြစ်ကို ဂမ္ဘီရ တွက်ချက်ကြည့်လိုသော်လည်း ထိုသို့တုံးအအ အရာမျိုးလုပ်ခြင်းမှ ကိုယ့်ကိုယ်ကို တားဆီးလိုက်ရသည်။ ထိုသူက ကောင်းကင်တာအို၏ ကာကွယ်မှုအောက်တွင် ရှိနေသည့်အတွက် သူ့အပြုအမူများက စော်ကားမှုတစ်ခုအနေဖြင့် မှတ်ယူသွားနိုင်ပြီး ကြီးမားပြင်းထန်သည့် တန်ပြန်သက်ရောက်မှုတို့ကို တွေ့ကြုံခံစားရနိုင်သည်။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း လေ့လာစောင့်ကြည့်လိုက်၏။
ဒါက သူ များလား…
ဝမ်ဝေ့က မိနစ်ပိုင်းကြာ စောင့်ဆိုင်းနေပြီးသည့်နောက်တွင် ဖြစ်စဉ်ကို နားလည်သွားလေသည်။ ထို့နောက် ထိုအမျိုးသားက မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။
“ဒီနေ့ ကောင်းကင်ဘုံအရှင် ကျိမင်က စံပြကျိမင် ဖြစ်သွားပြီ။ ကမ္ဘာကြီးက ဝမ်းမြောက်သင့်တယ်”
သူ့အသံက အဆုံးမဲ့တက်လှမ်းခြင်းနေရာအနှံ့သို့ ပဲ့တင်ထွက်သွားလေသည်။
မည်မျှပင် အားနည်းစေကာမူ သက်ရှိတိုင်းက ထိုစကားကို ကြားနိုင်ကြ၏။ သေမျိုးများအတွက်မူ အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် မွေးဖွားလာရုံမျှသာ ဖြစ်၏။ သို့သော်လည်း ကျင့်ကြံသူများအတွက်မူ တခြားတစ်ခု ဖြစ်ပေသည်။ ထိုနေ့ရက်က မျှော်လင့်ချက်ကို ကိုယ်စားပြု၏။ ဤနေ့ရက်က ယွမ်ခေတ်ကာလ ၂၅၆ သန်းတွင် ယနေ့က ပထမဦးဆုံး စံပြအသစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အဲဒါက သူကိုး…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက တော်လှန်ရေးကို အခြေခံအားဖြင့် သိမ်းပိုက်ထားပြီဖြစ်သည့်အတွက် သူ့အတွက် သတင်းကောင်း မဟုတ်ပေ။ သူက သတိကြီးကြီးထားကာ ကောင်းကင်ဘုံအရှင်ကျိမင်၏ လူများကို လက်ရှောင်ခဲ့သော်လည်း သူက ထိုသူ၏ အုတ်မြစ်ကိုမူ သိမ်းပိုက်သည့်အချက်ကိုမူ မပြောင်းလဲခဲ့ပေ။ ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့လူများထံ တော်လှန်ရေးကို စွန့်ပယ်ဖို့ သတင်းစကား ပို့ဆောင်လိုက်၏။
သူက ကောင်းကင်ဘုံအရှင် မဟုတ်သေးဘူး … စံပြကျိမင်ကို ကြည့်လိုက်သည်။
ဒီလိုကြီးမားတဲ့ ကြမ္မာမျိုး…
သူက မှတ်ချက်ပေးလိုက်၏။ ဤခေတ်ကာလ၏ စံပြတစ်ယောက်အနေဖြင့် သူသည် ဤကမ္ဘာထံ မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးလာသည့်အတွက် ကောင်းကင်တာအိုက သူ့အား အမြောက်အများ ဆုချီးမြှင့်ခဲ့သည်။ ထိုကြမ္မာဖြင့် စံပြကျိမင်က ထိပ်သီးစံပြအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံဖို့ ပြဿနာ မရှိပေ။
ကမ္ဘာမှာ စံပြအသစ်တစ်ယောက်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
ကိစ္စတွေက ဒီလိုရိုးရှင်းပါ့မလား….
သူ့အတွေးက အမှန်တကယ် မှန်ကန်နေ၏။ ကောင်းကင်ယံရှိ အမြင်ရုပ်လွှာများက အဆုံးမသတ်ခင် နောက်ထပ် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်လာသည်။ တောက်ပနေသည့် လမင်းက မိုးမြေထက် ထွက်ပေါ်လာပြီး ကြောက်မက်ဖို့ကောင်းသည့် အရှိန်အဝါ ငါးခုလည်း ထွက်ပေါ်လာသည်။
လူငါးယောက်က ကောင်းကင်ယံတွင် ရပ်နေလေသည်။ ဦးဆောင်လာသူက ရုပ်ချောချော အမျိုးသားတစ်ဦး ဖြစ်ကာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဆံပင် ရှိလေသည်။ သူ့နားတွင် ထူးထူးဆန်းဆန်း အရှိန်အဝါတစ်ခု ရှိလေ၏။
အချိန်စားသုံးသူ…
ဝမ်ဝေ့က တွေးလိုက်သည်။
အချိန်စားသုံးသူက ကျိမင်ရှိရာဆီ အေးစက်စက်လှမ်းကြည့်သော်လည်း ချက်ချင်း မတိုက်ခိုက်သေးပေ။ ထိုအစား သူက ကောင်းကင်ယံကို ကြည့်ပြီး ပြောလိုက်သည်။
“အသက်သွင်းကြ”
ထို့နောက် ဥခွံနှင့်တူသည့် အဖြူရောင်အကာက ကောင်းကင်ယံအထက်တွင် ပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားလေသည်။ ကျင့်ကြံသူအများစုက ထိုအကြောင်း စိတ်ရှုပ်ထွေးနေကြသော်လည်း တချို့ကမူ ကြောက်ဖို့ကောင်းသည့် အစီအရင်ဖြစ်ကြောင်း ပြောနိုင်လေ၏။
ဟုန်ကာကွယ်ရေးစနစ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူက ဤအရာကို သိသည်မှာ အနာဂတ်ဇနီးလောင်းက တည်ဆောက်ထား၍ ဖြစ်၏။ သို့သော်လည်း သူမ၏ ပြောစကားအရ ထိုလူများသည် အပြည့်အဝထိန်းချုပ်နိုင်စွမ်း မရှိသင့်ပေ။
သို့သော် ယခုတွင်မူ…
အဲဒါဆိုတော့ ခင်ဗျားက နောက်ဆုံးတော့ လှုပ်ရှားလာပြီပေါ့…
ဝမ်ဝေ့က တွေးလိုက်သည်။ နှမြောဖို့ကောင်းလှစွာဖြင့် သူ့အလိုလိုသိစိတ်က မှန်ကန်နေလေ၏။ ထို့နောက် မိုးမြေတွင် မျက်လုံးတစ်စုံ ထွက်ပေါ်လာလေသည်။ အရှိန်အဝါက သူ့လို လူမျိုးအတွက်ပင် အတော်လေး ကြောက်ဖို့ကောင်းလှ၏။
အန္တိမသဟဇာတ…
ဝမ်ဝေ့က ကြည့်ကာ တွေးလိုက်သည်။
ထိုမျက်လုံးအစုံက ကမ္ဘာကြီးကို အေးစက်စက် ကြည့်လာလေ၏။ ထိုအရာက မိုးမြေ၏ လျှို့ဝှက်ချက်များကို ထိုးဖောက်မြင်ပြီး ဖုံးကွယ်ထားသည့် အမှန်တရားများကို တစ်ချက်တည်းဖြင့် မြင်တွေ့နေဟန်ပေါ်သည်။ ထို့နောက် စကားတစ်ခွန်းကို ပြောလာခဲ့သည်။
“ပိတ်ဆို့စေ”
ကောင်းကင်ယံမှ တစ်ကမ္ဘာလုံးဝန်းကျင်ထံ ရှုပ်ထွေးကာ ကြီးမားသည့် သံကြိုးများစွာ ဖွဲ့စည်းလာသည်။
“အော်မိသောဖော” နောက်ထပ် အသံတစ်သံကလည်း ထွက်ပေါ်လာပြီး သံကြိုးများဆီ ဦးတည်နေသည့် ရွှေရောင်လက်ဝါးချက်ကြီး ပေါ်လာသည်။ သို့သော်လည်း မျက်ဝန်းအစုံက မလှုပ်မယှက်ဖြစ်နေဆဲ ဖြစ်၏။ လမင်းများက သိသိသာသာ လှုပ်ရှားပြီး သက်ဆိုင်ရာ ပိုင်နက်မှ ကံကောင်းမှု အသုံးအဆောင်ပစ္စည်းများကို ဆင့်ခေါ်ကာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကံကောင်းမှုကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် မိုးမြေကြားတွင် ကြီးမားသည့် ခရမ်းဖြူ နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ တိုးဝင်သွားသည်။ ထိုနဂါးကြီးက အဖြူရောင်လက်ဝါးဆီ ပျံသန်းသွားပြီး ပါးစပ်ကို ဟကာ နှင်ထုတ်စေဟူသော သင်္ကေတပါဝင်သည့် စွမ်းအားဖြင့် ပစ်ခတ်လာသည်။ ရွှေရောင်လက်ဝါးချက်က ခုခံခဲ့သော်လည်း မပျောက်ကွယ်သွားခင် ခဏမျှသာ ကြာမြင့်ခဲ့သည်။ ထို့နောက် ထိုသူများက သူတို့၏ တာဝန်ကို ပြီးမြောက်အောင်လုပ်ကာ ကမ္ဘာကြီးကို ပိတ်ဆို့ခဲ့သည်။
ဒါက ဒါကိုး…
ဝမ်ဝေ့က အံကြိတ်ကာ တွေးလိုက်သည်။
သူက ကောင်းကင်တာအို အားနည်းတဲ့အချိန်ရောက်အောင် စောင့်ဆိုင်းနေခဲ့တာပဲ။ အဲဒီအချိန်ကလည်း စံပြအသစ်တစ်ယောက်အတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပတဲ့အချိန် …
စံပြအသစ်တစ်ယောက် မွေးဖွားလာခြင်းဖြင့် ကောင်းကင်တာအို၏ လုပ်ဆောင်မှုအရ ထိုအရာက စံပြထံ ကောင်းချီးများပေးမည် ဖြစ်ကာ ရက်ရက်ရောရော ဆုချီးမြှင့်လိမ့်မည်။ အကြောင်းအရင်းကမူ သူက ကမ္ဘာကြီးအတွက် မျှော်လင့်ချက်ကို ကိုယ်စားပြုနေ၍ ဖြစ်သည်။ သို့သော် အန္တိမသဟဇာတ လှုပ်ရှားဖို့ရာအတွက် အကောင်းဆုံးအချိန်လည်း ဖြစ်နေပြန်သည်။
ပိုပြီးအရေးကြီးတာက အဲဒီလူတွေက အန္တိမသဟဇာတနဲ့ တစ်ဖက်တည်း ဖြစ်သွားတာပဲ…
အခြေအနေက သူ ထင်ထားသည်ထက် ကျော်လွန်၍ ပြောင်းလဲသွားခဲ့သည်။ သို့သော် သူက တည်ငြိမ်နေဆဲသာ ဖြစ်၏။ ဝမ်ဝေ့က လမင်းများ စည်းမျဉ်းမဲ့ဇုန်အတွင်း ဝင်ရောက်သွားသည်ကို တည်တည်ငြိမ်ငြိမ် နေလိုက်သည်။ အထူးသဖြင့် လေးယောက်က ဝင်ရောက်သွားပြီး တစ်ယောက်က အဝင်ဝ၌ ကျန်နေ၏။
သူတို့က ငါ စည်းမျဉ်းမဲ့ဇုန်က ပါရမီရှင်တွေအားလုံးကို ခေါ်ဆောင်သွားတာ သိထားလောက်တယ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူများက သူတို့အနီးတွင် အဆုံးစွန်မဲ့ စံပြတစ်ယောက် ရှိနေသည်ကို မလိုလားကြပေ။ ထို့ကြောင့် သူတို့က သူ့အား ဝိုင်းဝန်းတိုက်ခိုက်ဖို့ စီစဉ်ထားကြသည်။
ယခု စည်းမျဉ်းမဲ့ဇုန်မှ ပါရမီရှင်အများစုက သွားပြီဖြစ်သည့်အတွက် စံပြကျိမင်က ဤကိစ္စ၌ အသက်ရှင်ဖို့ သူ့ကိုယ်သူသာ မှီခိုရလိမ့်မည်။
ငါ သူတို့ကို အောင်မြင်စေလို့ မဖြစ်ဘူး။ ဒါပေမဲ့ အခု ကောင်းကင်ဘုံ သော့ခလောက်ရဲ့ သက်ရောက်မှုကိုပဲ စိုးရိမ်ရမယ်။