ပျက်စီးနေသော အပြုအမူ
Vol. 96 Ch. 1334
ဝမ်ဝေ့က သေချာစဉ်းစားလိုက်သည်။ ပထမဦးစွာ သူက ဂမ္ဘီရသည် အလုပ်မဖြစ်ကြောင်း သိသော်လည်း ကြိုးစားကြည့်လိုက်သည်။ သို့သော်လည်း သူက တာအိုအသုံးပြုမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။
နည်းနည်း သဟဇာတမဖြစ်ဘူး ဖြစ်နေတယ်…
လူအများစုက ထိုကွဲပြားချက်သည် သေးငယ်လွန်းသည့်အတွက် သတိထားမိမည်မဟုတ်ကြောင်း သိသော်လည်း သူ့လိုမျိုး တာအိုကို ကောင်းကောင်းထိန်းချုပ်ထားသည့်သူမျိုးအတွက်မူ ထိုပမာဏက အမှောင်ခန်းအတွင်း တောက်လောင်နေသည့် ကြယ်တစ်လုံးနှင့် မကွဲပြားလှပေ။
“ဘာတွေဖြစ်နေတာလဲ”
ဝမ်ဝေ့က တွေးလိုက်သည်။ သူ၏ ဂမ္ဘီရက ကျရှုံးသွားသော်လည်း သူက သူ့တာအိုနှင့်ပတ်သက်သည့် ပြဿနာကို ပိုမိုစိုးရိမ်လာမိသည်။ သူက မျက်လုံးကို အသာမှိတ်ကာ နည်းစနစ်များကို ထုတ်သုံးဖို့ ကြိုးစားကြည့်လိုက်သည်။ ရလဒ်က အတူတူသာ ဖြစ်၏။ မည်သည့်နည်းစနစ်ကို ထုတ်သုံးစေကာမူ အနည်းငယ် နှောင့်နှေးမှု ရှိနေသည်။
နည်းစနစ်အသုံးပြုမှုကို ဖိနှိပ်လိုက်တာလား။ ဒီလိုမျိုး အကျိုးကျေးဇူးက ဘာတုန်း။ ဒီလိုမျိုး အသေးစားအဆင့်မျိုးမှာလေ။ မဟုတ်သေးဘူး။ ငါ မသိသေးတဲ့ တစ်စုံတစ်ခုတော့ ရှိရမယ်…
ဝမ်ဝေ့က စွန့်စားမှု ယူဖို့ ဆုံးဖြတ်လိုက်သည်။ သူက ပထမဦးစွာ အပေါ်မှ ကောင်းကင်သော့ခလောက်ဆီ သူ့အာရုံကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။ သူ့သတိတကြီး ချဉ်းကပ်မှုကြောင့် သူ့အနေဖြင့် အချိန်အနည်းငယ် ယူခဲ့ရပြီး ထို့နောက် သူက တီးတိုးသံကို ကြားလိုက်ရသည်။
တောက်(တာအို)ဘာသာဆိုတာ ဘာလဲ။ တချို့သူတွေ တောက်ဘာသာက တကယ့်တောက်ဘာသာလို့ ဖော်ညွှန်းလို့မရနိုင်တဲ့ အရာမျိုးလို့ ပြောကြတယ်။ တချို့သူတွေကတော့ တောက်ဘာသာဆိုတာက စကြဝဠာကြီးရဲ့ အရာအားလုံးရဲ့ သဏ္ဌာန်ပြမှုလို့ ပြောကြတယ်။ သဘာဝက ယင်ယန်နည်းလမ်းအတိုင်း လိုက်နာတယ်။ ယင်က မရှိဘူး…
ဝမ်ဝေ့က ထိုစကားများထဲတွင် စကြဝဠာကြီး၏ အမှန်တရား ကိန်းအောင်းနေသလို ခံစားရပြီး အားလုံးကို ချက်ချင်းနားလည်သွားလေသည်။ ထို့နောက် တာအိုက ဖြည်းဖြည်းချင်း ပြောင်းလဲသွားလေ၏။ အထူးသဖြင့် သူ့ယင်ယန်တာအို ဖြစ်ပေသည်။ ထိုတာအိုက သူ့ယခင် ကံကြမ္မာလွှမ်းမိုးရေးတာအိုနှင့် ဆက်နွယ်နေလေ၏။ ထို့ကြောင့် သူ့ ယင်ယန်တာအို၏ အနှစ်သာရက ကံကြမ္မာကို ထိန်းချုပ်ဖို့ လွတ်လပ်ခွင့်ကို ရယူဖို့ ဖြစ်သည်။ သို့သော်လည်း ဤဟောပြောပို့ချချက်ကို နားထောင်ပြီးသည့်နောက်တွင် သူ့ယင်ယန်တာအိုက တောက်ဘာသာ စည်းချက်များနှင့် အတွေးအခေါ်များ စတင်ထွက်ပေါ်လာသည်။
ဝမ်ဝေ့က သူသည် မိုးမြေကို လေးစားပြီး သဘာဝစည်းမျဉ်းများကို လိုက်နာနေသည်ကို တွေ့လိုက်ရ၏။ ဝမ်ဝေ့၏ ပုန်ကန်သည့် အတွေးအခေါ်အများစုက ယခုအခါ ဖြည်းဖြည်းချင်း စွန့်ပယ်သွားပြီး မိုးမြေ၏ အကြွင်းမဲ့အမှန်တရားကို သဘောပေါက်သွားခဲ့သည်။ သူ့အလိုလိုသိစိတ်က ဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး သူပင် သတိမထားမိလိုက်ပေ။ သူ့ကြောက်မက်ဖို့ ကောင်းသည့် စိတ်စွမ်းအားနှင့် လွတ်လပ်ခွင့်ကို ရယူလိုသည့် စိတ်စွမ်းအားတို့က ထိုအမှန်တရားရှေ့တွင် ဘာမှမဟုတ်တော့ပေ။ ထိုအမြန်နှုန်းဖြင့် သူသည် မိုးမြေ၏ အထွတ်အထိပ်ကို ယုံကြည်သည့် တောက်သူတော်စင်တစ်ယောက်ဖြစ်လာဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။
“နိုးထတော့” အသံတစ်သံက အော်ပြောလိုက်သည်။ ဝမ်ဝေ့က မျက်လုံးဖွင့်လာပြီး သွေးတစ်ပွက် အန်လိုက်ရ၏။ သူ့အသားအရည်ကပင် နှင်းထက်ပင် ဖြူစွတ်သွားလေသည်။ သူက ဝိညာဉ်ကုစားရေးဆေးလုံးကို သောက်သုံးပြီး ယင်ယန်တာအိုကို အတင်းအကြပ် ချိုးဖောက်လိုက်သည်။
ဝမ်ဝေ့၏ အရှိန်အဝါက အပြင်းအထန် လှုပ်ခတ်သွားပြီး သူ့ဒွာရများမှ သွေးများ စတင်စီးကျလာသည်။ ထို့အပြင် သူ့ကျင့်ကြံရေးက ၇၀ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး ထိုဒဏ်ရာက မည်မျှပြင်းထန်ကြောင်း ပြသနေလေ၏။ ထိုဒဏ်ရာက အနည်းဆုံး တာအိုဒဏ်ရာတစ်ခု ဖြစ်ကာ အဆိုးဆုံးအနေအထားဖြင့် သူ့တည်ရှိမှုအဆင့်ထိ ရောက်ရှိနိုင်သည်။
ကျစ် ငါ သတိလက်လွတ်ဖြစ်သွားတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ ဝမ်ဝေ့က ဆေးလုံးများကို သောက်သုံးပြီး သူ့အခြေအနေကို ကြည့်လိုက်သည်။ ဒိုင်မေးရှင်းအနိမ့်တွင် သူက ကံကြမ္မာမျိုးစေ့အနေဖြင့် ကဏ္ဍနှင့် ကိုက်ညီအောင် သူ့အကျင့်စရိုက်ကို ပြောင်းလဲခဲ့သည်ကို သဘောပေါက်ပြီးသည့်နောက်တွင် သူသည် အသိစိတ်ပင်လယ်ထဲ၌ သူ့ကိုယ်သူ စောင့်ကြည့်ဖို့ ကိုယ်ပွားတစ်ခုကို ထားရှိခဲ့သည်။ သူက ထိုတည်ရှိမှုကို မသိစေဖို့အတွက် ထိုမှတ်ဉာဏ်များကိုပင် ဖယ်ရှားပစ်ခဲ့သည်။
ယခု သူ့ကို ကယ်တင်လိုက်သည်မှာ ထိုကိုယ်ပွားသာ ဖြစ်၏။ မဟုတ်ပါက သူသည် အန္တိမသဟဇာတ၏ နောက်လိုက်ခွေးတစ်ကောင် ဖြစ်သွားလိမ့်မည်။
ဝမ်ဝေ့က ထိုအတွေးဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ သူက အံကြိတ်ကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက အခြေအနေမကောင်းသည့်အတွက် ပြန်လည်ကုစားဖို့ အာရုံစိုက်ထားလိုက်၏။
မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် သူ့အရှိန်အဝါက တိတ်ဆိတ်ငြိမ်သက်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိလာသည်။ ဝမ်ဝေ့က ကောင်းကင်မှ သံကြိုးများကို ကြည့်လိုက်သည်။ သူတို့က ထိုသို့လုပ်ရသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။ သူတို့က သူတို့၏ တာဝန်ကို နားလည်ဖို့ လူများအား တားဆီးထားခြင်း ဖြစ်သည်။ လူများက သူတို့၏ မဟာတာအိုအရင်းအမြစ်ကို ရယူနိုင်ကြသော်လည်း ထိုသံကြိုးများကမူ အဟန့်အတားအနေဖြင့် ရှိနေလိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့နည်းစနစ်များကို ထုတ်သုံးသည့်အခါက မူမမှန်မှုကို အာရုံခံမိခဲ့ခြင်း ဖြစ်၏။
အကယ်၍ ထိုပြဿနာတစ်ခုတည်းသာဆိုပါက သံကြိုးများသည် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ ပြဿနာကမူ မကျင့်ကြံနိုင်တော့သလို အဆင့်လည်း မမြှင့်နိုင်ကြတော့ပေ။ အန္တိမသဟဇာတ၏ သူ့တာအိုအပေါ် နားလည်ဖို့ ကြိုးစားသည့်သူများကမူ သူ့လက်အောက် ရောက်ရှိသွားလိမ့်မည်။
ငါ့လိုလူမျိုးက ဆွဲဆောင်မှုမျိုးကို မခုခံနိုင်ဘူးဆိုရင် တခြားသူတွေ ဘယ်လိုဖြစ်သွားမှာလဲ…
ဝမ်ဝေ့၏ အမူအရာက ပျက်ယွင်းသွားပြီး စည်းတံဆိပ်ကုန်းမြေ၏ လူများကို အမြန်အဆန် စစ်ဆေးကြည့်လိုက်သည်။ သူက လူတချို့သည် မနိုးထနိုင်ကြောင်း တွေ့ရှိသွားလေ၏။ ကျန်လူအများစုကမူ နိုးထပြီး ဒဏ်ရာရရှိထားကြသည်။
ဒါက ထောင်ချောက်တစ်ခုပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်၏။
သူက ငါ့ကို စောင့်နေတာပဲ…
သူက နှာခေါင်းရှုံ့လိုက်သည်။ သူက ဤကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်က သူ့ကို အာရုံစိုက်နေသည့်အတွက် ဂုဏ်ယူရမည်လား မပြောတတ်တော့ပေ။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ သူ့စိတ်ခံစားချက်များကို ထိန်းညှိပြီး ဝမ်ချီကို ဆက်သွယ်ကာ အားလုံးအဆင်ပြေရဲ့လား မေးလိုက်သည်။
ထို့နောက် သူက ကံကြမ္မာပြောင်းလဲရေးခန်းမမှ ကိုယ်ပွားဆီ အမိန့်ပေးကာ လူများကို စစ်ဆေးကြည့်ခိုင်းခဲ့၏။
ထိုကိစ္စအားလုံးကို ဖြေရှင်းပြီးသည့်နောက်တွင် သူက အခြေအနေကို စတင်သုံးသပ်လိုက်သည်။
လူတွေကို ကျင့်ကြံရာကနေ တားဆီးမဲ့ အကြောင်းကဘာလဲ။ ဒီလှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ ကြီးကြီးမားမား အကြောင်းအရင်းတစ်ခုတော့ ရှိတယ်…
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို တွေးမိသွားလေ၏။ သူက ပတ်ဝန်းကျင်ကမ္ဘာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူ့ရှေ့ လူနှစ်ယောက် ရောက်ရှိလာသည်။ ပြင်းထန်သည့် အကုသိုလ်ရှိသည့် မိစ္ဆာကျင့်ကြံသူများဖြစ်ပြီး နှစ်ယောက်လုံးက ကောင်းကင်ဘုံအဆင့် ဖြစ်ကြ၏။
ထိုသူများက မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့က သူတို့အား ထိန်းချုပ်ပြီး အတင်းအကြပ် ကျင့်ကြံခိုင်းခဲ့သည်။ သို့သော်လည်း သူတို့က သူတို့၏ မဟာတာအိုအရင်းအမြစ်ကို နားမလည်ကြဘဲ သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုသာ လေ့ကျင့်ကြ၏။
ဝုန်း
ဝမ်ဝေ့က ကောင်းကင်ယံမှ အနက်ရောင်လျှပ်စီး ကျဆင်းလာသည်ကို ကြည့်နေလိုက်သည်။ ထိုအရာက ကုန်းမြေပေါ်ရှိ အကာအကွယ်အားလုံးကို လျစ်လျူရှုထားပြီး ခန္ဓာကိုယ်လေ့ကျင့်နေသည့် မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို သုတ်သင်ပစ်လိုက်သည်။ ထိုစဉ် တခြားတစ်ယောက်ကမူ သူမ၏ ဝိညာဉ် ပြိုလဲသွားစေ၏။
ဝမ်ဝေ့၏ ဗဟုသုတနှင့် အတွေ့အကြုံများဖြင့်ပင် သူက ဘာဖြစ်သွားမှန်း မသိလိုက်ရပေ။
ဝမ်ဝေ့၏ မျက်ဝန်းထဲ ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက မိစ္ဆာကျင့်ကြံသူများကို ခေါ်ဆောင်ပြီး ကွဲပြားသည့် နည်းစနစ်များကို ကျင့်ကြံခိုင်းခဲ့သည်။ တချို့က သူတို့၏ သွေးမျိုးဆက်ကိုသာ ကျင့်ကြံသည့် တချို့ကမူ တာအိုနှလုံးသားလေ့ကျင့်ခြင်း သို့မဟုတ် သွေးစွမ်းအားလေ့ကျင့်ခြင်းကဲ့သို့ သမာသမတ်ကျသည့် လမ်းစဉ်များကို ကျင့်ကြံကြ၏။ သို့သော်လည်း ရလဒ်ကမူ အတူတူသာ ဖြစ်၏။
“ဒီကမ္ဘာက အခုလှောင်ချိုင့်တစ်လုံးဖြစ်လာပြီး ဘယ်သူကမှ မလွတ်မြောက်နိုင်တော့သလို ဘယ်သူကမှလည်း မတိုးတက်နိုင်တော့ဘူး” သူက ရေရွတ်လိုက်သည်။
သို့သော်လည်း သူက အတော်လေး တည်ငြိမ်နေလေ၏။ အခြေအနေက ဆိုးရွားလာလေလေ သူက ပိုမိုတည်ငြိမ်လာလေလေ ဖြစ်သည်။
“ဘာတွေဖြစ်နေတာလဲ” ယန်းအိုက်က အခန်းထဲဝင်လာကာ မေးလိုက်သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး သူမကလည်း အသေးစားဒဏ်ရာတချို့ တွေ့ကြုံခဲ့ရဟန်ပေါ်သည်။ သူမ၏ ပါးစပ်မှ သွေးများနှင့် ပုခုံးပေါ်ရှိ ဒဏ်ရာများက သက်သေပြနေလေ၏။
“ဘာဖြစ်သွားတာလဲ”
“ပြင်ပက အပြောင်းအလဲတွေကို မြင်လို့ မင်းနဲ့ စကားပြောဖို့ ပုံရိပ်ယောင်တစ်ခုကို စေလွှတ်စေချင်တာ။ ဒါပေမဲ့ မိုးကြိုးလျှပ်စီးက ငါ့ကို ရုတ်တရက် တိုက်ခိုက်လာတယ်လေ”
ဝမ်ဝေ့က အခြေအနေကို ရှင်းမပြခင် သက်ပြင်းချလိုက်သည်။
“ကမ္ဘာကြီးထဲမှာရှိတဲ့ ကျင့်ကြံသူတွေက အခု အဆုံးသတ်သွားပြီလို့ ပြောလိုက်တာလား။” ယန်းအိုက်က အံကြိတ်ကာ မေးလိုက်သည်။
“ကျစ် ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် အဲဒီခွေးကောင်ကို သတ်ပစ်ခဲ့သင့်တယ်”
ဝမ်ဝေ့က အလျင်အမြန် လက်ဝှေ့ကာ သူမ၏ ပါးစပ်ကို ပိတ်ဆို့လိုက်သည်။ သူက သူ့အမှားမှ သင်ယူပြီးပြီဖြစ်သည့်အတွက် ထိုပုဂ္ဂိုလ်များ၏ နာမည်ကို အလွယ်မပြောတော့ပေ။
သူမ၏ လျှာကို သုံးကာ ဓားချီကို ထုတ်လွှတ်ပြီး မန္တန်ကို ရွတ်ဖတ်လိုက်သည်။
“ဘာကို ကြောက်နေတာတုန်း”
“ဘိုးဘေး အခြေအနေကို ဆိုးရွားသွားအောင် မလုပ်ပါနဲ့” ဝမ်ဝေ့က မလုံမလဲပြုံးကာ ပြောလိုက်သည်။ သူက သူမ တစ်စုံတစ်ခု ပြောတော့မည်မှန်း သိသည့်အတွက် ထပ်မံ တားဆီးလိုက်၏။
“တစ်စုံတစ်ခု လွဲချော်နေတယ်ဆိုတာကို ခံစားမိလို့ ဘိုးဘေးရဲ့ စကားတွေက အဲဒါအတွက် သော့ချက်ပဲ”
“အဲဒါက ဘာလဲ”
သူက သူမ ပြောသည့်အရာအားလုံးကို သေချာစစ်ဆေးကြည့်ခဲ့သည်။
“ကျင့်ကြံသူအားလုံးလား ကျစ် သေမျိုးတွေ” သူ့အမူအရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
“သူတို့က ဘာလို့လဲ” ယန်းအိုက်က မေးလိုက်သည်။
ဝမ်ဝေ့က ပြန်မဖြေသေးဘဲ မိစ္ဆာကျင့်ကြံသူသုံးယောက်ကို ဆင့်ခေါ်ကာ သူတို့အား ကောင်းကင်အလိုဆန္ဒ၊ တာအိုမျိုးစေ့နှင့် အင်မော်တယ်ချီတို့ကို ပေးလိုက်သည်။ ထင်ထားသည့်အတိုင်း သူတို့က အဆင့်(၁၀)ကို ဝင်ရောက်ဖို့ ကြိုးစားရင်း သေဆုံးသွားကြ၏။
ယန်းအိုက်က အခြေအနေကို ကြည့်လိုက်သည်။ သူမက မတုံးအပေ။ အခြေအနေအားလုံးကို မြင်တွေ့ပြီးသည့်နောက် သူမက အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်သွားခဲ့၏။
တိုးတက်မည့် အခွင့်အရေးမရှိဘဲ အဆင့်(၁၀)အောက်ရှိ ကျင့်ကြံသူအားလုံးက သေဆုံးကာ အသက်ကြီးသွားရလိမ့်မည်။ တစ်ယွမ်ခေတ်ကာလမျှဖြင့် ကမ္ဘာရှိ ကျင့်ကြံသူ ၉၉ရာခိုင်နှုန်းက အသက်ကြီးရင့်ကာ သေဆုံးသွားကြမည် ဖြစ်၏။ ထိုသူအားလုံးကလည်း သေဆုံးသွားကြလိမ့်မည်။ သူတို့အနေဖြင့် အင်မော်တယ်ဆေးလုံးကို ရသည့်သူ သို့မဟုတ် တာအိုကလေးငယ်များကမူ ခြွင်းချက် ဖြစ်၏။
“သူ ကျင့်ကြံသူအားလုံးကို ဘာလို့ သတ်ချင်တာလဲ”
“ကောင်းကင်တာအိုကို အားနည်းအောင် လုပ်ပြီး သူ ထိန်းချုပ်နိုင်အောင်လို့ပေါ့” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ ကျင့်ကြံသူအားလုံး၏ သေဆုံးမှုက ကောင်းကင်တာအိုအပေါ် ထိနှက်ချက်ကြီး ဖြစ်လာမည်ဖြစ်ကာ အန္တိမသဟဇာတအတွက် ထိုသူ၏ စွမ်းအားကို သိမ်းပိုက်ဖို့ရာ အခွင့်ကောင်း ဖြစ်၏။
“အဲဒါဆိုတော့ အစီအစဉ်က ဘယ်လိုလဲ” ယန်းအိုက်က မေးလိုက်သော်လည်း ဝမ်ဝေ့က ပြန်မဖြေပေ။ သူက အခြေအနေကို သုံးသပ်ပြီးသည့်နေဆဲဖြစ်သည့်အတွက် နောက်ထပ်လှုပ်ရှားမှုကို စဉ်းစားနေသည်။
“ငါတို့က အားလုံးကို သေခွင့်ပြုပြီးတော့ ကျင့်ကြံသူ မဟုတ်တဲ့ သေမျိုးတွေနဲ့ ကျင့်ကြံသူလူမှုအဖွဲ့အစည်းကို ပြန်လည်စတင်ရမယ်ဆိုရင် သဘောလား” ယန်းအိုက်က မျက်မှောင်ကြုတ်လိုက်သည်။