← Chapters

ကယ်ဆယ်ခြင်း

Vol. 96 Ch. 1336

ကယ်ဆယ်ခြင်း

Vol. 96 Ch. 1336

ဝမ်ဝေ့က စည်းမျဉ်းမဲ့ဇုန်ကို ကြည့်ရင်း အခြေအနေကို ဘယ်လိုပြောင်းလဲရမလဲ တွက်ချက်နေသည်။ သူက အကြောင်းအရင်းများစွာကြောင့် တိုက်ပွဲကို ကိုယ်တိုင် ဝင်ရောက်မစွက်ဖက်နိုင်ပေ။ အဓိကအားဖြင့် သူသည် လက်ရှိ အခြေအနေ ဆိုးရွားနေ၍ ဖြစ်၏။ ကံကောင်းစွာဖြင့် သူ့တွင် နောက်ထပ် နည်းလမ်းတစ်ခု ရှိနေသည်။

သူက ကျိမင်နှင့် အရူးသူခိုးအဖွဲ့ခေါင်းဆောင်တို့ကို သံသယဖြစ်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ယခုအခါ သူ မှန်ကန်နေကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဤသည်က အဓိကအချက် မဟုတ်သေးပေ။ ဝမ်ဝေ့က စည်းမျဉ်းမဲ့ဇုန်ကို တိတ်တဆိတ် စောင့်ကြည့်နိုင်မည့် နည်းလမ်းများစွာကို ချန်ထားခဲ့၏။ ဆိုလိုသည်မှာ သူက ထိုနည်းလမ်းများကို အသုံးပြု၍ မည်သူ့ကိုမှ အသိပေးခြင်းမရှိဘဲ ထိုနေရာထဲ ဝင်ရောက်နိုင်သည်။

ဝမ်ဝေ့က ချက်ချင်း မလှုပ်ရှားသေးဘဲ စင်မြင့်ကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူက သွေးတစ်စက်ကို ထုတ်ကာ ကျန်းမာရေး လိုက်စားခြင်းနည်းလမ်းများအတွက် တာအိုစည်းချက်များဖြင့် ၁.၂၆၉ထရီလီယံတိုင်လုံးများကို ဖန်တီးပြီး လူများစွာအား ပိုမိုနားလည်လွယ်ကူစေခဲ့သည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းပြီးသည့်နောက်တွင် ထိုတိုင်လုံးများကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ နေရာအနှံ့သို့ ဖြန့်ဝေပေးလိုက်၏။

မလုံလောက်သေးဘူး…

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုကပ်ပါးများက ထိုတိုင်လုံးများအား သူတို့ပိုင်နက်ထဲ ရှိနေမည်ကို ခွင့်ပြုမည် မဟုတ်ကြောင်း သိထားလေ၏။ ထို့ကြောင့် သူတို့က သူတို့ကို ဖြန့်ဝေမည့် နည်းလမ်းကောင်းတစ်ခု လိုအပ်နေသည်။

ငါ အိပ်မက်ကမ္ဘာ စလိုက်သင့်ပြီလား…

ဝမ်ဝေ့က အိပ်မက်ကမ္ဘာကို ပြန်လည်မဖန်တီးခဲ့သည်မှာ ဒိုင်မေးရှင်းအမြင့်တွင် လေဟာနယ်ပုံရိပ်ယောင်ဟု ခေါ်ဆိုသည့် ထိုပုံစံအတိုင်း ရှိနေ၍ ဖြစ်သည်။ ထိုအရာက ယခု ပိတ်ဆို့ထားပြီဖြစ်သော်လည်း သူ့အနေဖြင့် ကုသိုလ်များကို လက်ခံရရှိမည် မဟုတ်သည့်အတွက် အိပ်မက်လောကကို တည်ဆောက်နေ၍ အဓိပ္ပာယ်မရှိပေ။

ဒါကို ပြန်လည်တည်ဆောက်ပြီးတော့ နည်းစနစ်ဖြန့်ဝေတာက ကုသိုလ်ရပြီး ကောင်းကင်တာအိုကို ကူညီဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲ။ ဒါပေမဲ့ တည်ဆောက်နိုင်ပါ့မလားဆိုတာပဲ…

အန္တိမသဟဇာတက သော့ခလောက်နှင့် ပတ်သက်ပြီး အရေးသာချက်များကို စဉ်းစားပြီးပြီဖြစ်သည့်အတွက် သူက အောင်မြင်နိုင်ပါ့မလား မသေချာပေ။

အရင်ဆုံး ကြိုးစားကြည့်ရအောင်…

ဝမ်ဝေ့က မူလစည်းတံဆိပ်ကုန်းမြေဆီ ပြန်လာလိုက်သည်။ ယခု အိပ်မက်လောကအတွက် အချိန် မဟုတ်သေးပေ။ အရာအားလုံးက ဦးစားပေးသည့်သူ ရှိသည့်အတွက် လက်တွေ့ကမူ စံပြကျိမင်ကို ကယ်ဆယ်ဖို့ရာ ဖြစ်၏။ ဝမ်ဝေ့က သူ့အခန်းအတွင်း ရောက်ရှိလာသည့်အခါ ဤနေရာမှ ထွက်ခွာသွားရမည့်အချိန် ကျရောက်လာတော့မည်ဖြစ်ကြောင်း သိလိုက်သည်။ ထိုသူများက သူ့နေရာကို သိထားပြီဖြစ်သည့်အတွက် သူ့လှုပ်ရှားမှုများအတွက် အနှောင့်အယှက် ဖြစ်လာသည်။

သူက ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ဆေးလုံးတချို့ကို သောက်သုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က အကောင်းဆုံးအခြေအနေတွင် မဟုတ်ပေ။ တာအိုဒဏ်ရာများကို ထည့်မပြောရသေးပေ။ သို့သော်လည်း သူက အလုပ်အများစုကို လုပ်ပြီးပြီဖြစ်သည့်အတွက် အနားမယူနိုင်သေးပေ။

သူက မျက်လုံးကို အသာမှိတ်ပြီး ဖွင့်လိုက်သည့်အခါ စည်းမျဉ်းမဲ့ဇုန်အတွင်းရှိ သီးသန့်ပုံရိပ်ယောင် တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုပုံရိပ်ယောင်က အဝေးတစ်နေရာတွင် ရှိနေသည့် တိုက်ပွဲကို ခံစားမိလေ၏။ ထိုအရာက ဘေးပတ်ဝန်းကျင်တွင်ရှိသည့် အစီအရင်ကို လက်ညှိုးထိုးကာ သူတို့က ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားလေသည်။ ဝမ်ဝေ့က အစီအရင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ ယခု လက်ရှိကျွမ်းကျင်မှုက ထိုအစီအရင်ထဲတွင် ဟာကွက်များစွာကို မြင်တွေ့ထားသော်လည်း သူ့အစီအရင်တာအိုက နိမ့်ကျနေသေးသည့်အတွက် မပြောင်းလဲနိုင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုနေရာကို ချက်ချင်းပြောင်းလဲပြီး မည်သူကမှ အာရုံမခံမိအောင် သေချာအောင် လုပ်ဆောင်လိုက်သည်။ သူ့ပြဿနာမရှိကြောင်း အတည်ပြုပြီးသည်နှင့် သူက ဖြည်းဖြည်းချင်း တိုက်ပွဲကွင်းပြင်ဆီ ကိုယ်ပျောက်လျက် ချဉ်းကပ်လိုက်သည်။

စံပြကျိမင်၏ အခြေအနေက အတော်လေး မဟန်လှပေ။ ဝူယွီ၊ ထာဝရဇာမဏီ၊ ချီတင်းနှင့် အချိန်စားသုံးသူတို့က သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေ၏။ သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြည့်ဖြစ်နေပြီး စက္ကန့်ပိုင်းနှင့်အမျှ ပိုမိုများပြားလာသည်။ သို့သော်လည်း သူက ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေဆဲသာ ဖြစ်၏။

သူ့တာအိုက ဒါက သူခိုးတာအိုလား…

ထူးဆန်းတဲ့ လမ်းစဉ်တစ်ခုပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ လူများစွာက ထိုသို့သော တာအိုမျိုးကို ရှုံ့ချမည် ဖြစ်လေသည်။ ပါရမီထူးကဲသူများက ထိုသို့သော တာအိုမျိုးကို ကျင့်ကြံမည် မဟုတ်ပေ။ ပါရမီ မထူးကဲသူများကလည်း ထိုမျှထိ ပေါ့ဆမည် မဟုတ်ပေ။ စံပြတစ်ယောက်ကို ထိုသို့သော တာအိုမျိုးနှင့် တွဲမြင်ရသည်က ထူးဆန်းလှ၏။

သူ့တာအိုက ဝါးမျိုခြင်းတာအိုနဲ့တူလားဆိုတာ ကြည့်ရမယ်။ ပြီးတော့ ဒါက ခိုးယူခြင်းလည်း ပါသေးတယ်။ အဲဒါဆိုတော့ သူက ရှုကျင်းယောင်ရဲ့ ကူးယူရေး  တာအိုနဲ့ တူညီနေသလိုမျိုး တခြားသူတွေရဲ့ တာအိုကို ခိုးယူနိုင်တာလား…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။

 သူက သူတို့ရဲ့ အသက်ကိုတောင် ခိုးယူနိုင်တဲ့ပုံပဲ…

ဝမ်ဝေ့က အံ့အားသင့်သွားလေ၏။ ထိုစွမ်းရည်ဖြင့် ဧကရာဇ်ကျိမင်က အလွယ်တကူ ခွဲခြား၍မရနိုင်သည့်  ဇစ်မြစ်များစွာ ရှိလာသည်။

တကယ်လို့ ငါ သူ့အသက်ခိုးယူခြင်းနည်းစနစ်ကိုသာ ရနိုင်မယ်။ ငါ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေရဲ့ ကံကြမ္မာခိုးယူခြင်း စွမ်းရည်ကို မြှင့်တင်လို့ရတယ်…

ဝမ်ဝေ့၏ အကြည့်များက တောက်ပလာလေ၏။ လက်ရှိအခြေအနေက ပြင်းထန်လွန်းလှသည်။ အနည်းဆုံးတော့ သူက သူတတ်နိုင်သမျှ အခွင့်ကောင်း ယူရမည်။ သူက တိုက်ပွဲကို ဆက်လက်စောင့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။

ဒီလူတွေရဲ့ တိုက်ပွဲအတွေ့အကြုံက ငါ ထင်ထားသလောက် မဆိုးပါဘူး…

သူက သေချာအကဲခတ်လိုက်သည်။ ယွမ်ခေတ်ကာလတစ်သောင်းအတွင်း သူက ရှုကျင်းယောင်အား ထိုတိုက်ပွဲမှ သူ့မှတ်ဉာဏ်များကို တောင်းဆိုကာ ပြန်လည်သုံးသပ်ခဲ့သည်။ သွေးနဂါးက အဖွဲ့ထဲတွင် အဆိုးရွားဆုံး တိုက်ပွဲဉာဏ်ရည် ရှိသည့်သူဖြစ်ဟန်ပေါ်သည်။

သူက အဆိုးဆုံးတော့ မဟုတ်ပေမဲ့ ဒီလူတွေက အရင်ယွမ်ခေတ်ကာလတစ်သောင်းအတွင်းမှာ အတော်လေး တိုးတက်လာပုံပဲ…

ရှေ့တန်းက နယ်ခြားများ ကျူးကျော်သည့် အန္တရာယ်နှင့် တွေ့ကြုံနေရသည့်အတွက် လေ့ကျင့်ဖို့ရာအတွက် နေရာကောင်းတစ်ခု ဖြစ်ပေသည်။ ရှေ့တန်းကို စဉ်းစားကြည့်လိုက်သည့်အခါ ဝမ်ဝေ့က တစ်စုံတစ်ခုကို အမှတ်ရသွားလေ၏။

သူက ဟုန်ကာကွယ်ရေးစနစ်ကို ကြည့်လိုက်သည်။

ဘယ်သူက ဒါကို အားဖြည့်ပေးနေတာလဲ။ တကယ်လို့ အန္တိမသဟဇာတဆိုရင်တော့ ကိစ္စမရှိဘူး။ တကယ်လို့ ကောင်းကင်တာအိုက စွမ်းအားဇစ်မြစ်အနေနဲ့ လောကအရင်းအမြစ်တွေကို သုံးဖို့ ဖိအားပေးခံရတယ်ဆိုရင်တော့ ဒါက အားနည်းစေမဲ့ နောက်ထပ် နည်းလမ်းတစ်ခုပဲ…

ဝမ်ဝေ့၏ အမူအရာက ပြောင်းလဲသွားလေသည်။ ပုံရိပ်ယောင်က စံပြများကို တားဆီးဖို့ ပြဿနာမရှိသော်လည်း ရှေ့အတားအဆီးကမူ နယ်ခြားထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များကို ထင်ထားသည်ထက် လှုပ်ရှားဖို့ ဖိအားပေးလာခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။

ကျစ် အန္တိမသဟဇာတ ခင်ဗျားက မီးနဲ့ ကစားနေတာလား။

ဝမ်ဝေ့က ကျိန်ဆဲလိုက်သည်။

ဒါက ခင်ဗျား လိုချင်တာ မဟုတ်သရွေ့ နယ်ခြားအင်အားစုကို သုံးပြီး ကောင်းကင်တာအိုကို အားနည်းအောင်လုပ်ပြီး ခင်ဗျားရဲ့ ဟာကွက်ကို ကာမိအောင် လုပ်တာ။ ပြီးတော့ မေတ္တယျ ခင်ဗျားက ဘာလို့ အဲ့လောက်တောင် အသုံးမကျဘဲ နေရတာလဲ။ ခင်ဗျားက သူနဲ့ မျှခြေညီသင့်တာ မဟုတ်ဘူးလား…

ဝမ်ဝေ့က အတွေးများကို လူသိရှင်ကြား ထုတ်မပြောမိအောင် ထိန်းချုပ်လိုက်ရသည်။ သူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် တိုက်ပွဲကို ဆက်လက် အာရုံစိုက်လိုက်သည်။ ရံဖန်ရံခါတွင် သူက ဉာဏ်ရည်ကို ကျိန်စာတစ်ခုအနေဖြင့်ပင် မြင်မိလေ၏။ သူ အလိုမရှိသည့်အရာများကိုပင် များစွာ သိနေမိသည်။

မရှိတော့ဘူး…

ဝမ်ဝေ့က တိုက်ပွဲကို ကြည့်ရင်း အာရုံစိုက်လိုက်သည်။ အထူးသဖြင့် အချိန်စားသုံးသူအပေါ် ဖြစ်၏။ ထိုသူက တခြားသူများနှင့် ကွဲပြားကြောင်း ပြောနိုင်လေသည်။ တကယ်တော့ ဝမ်ဝေ့က ထိုသူသည် သူ့လုပ်နိုင်စွမ်း အပြည့်အဝ ထုတ်သုံးမထားကြောင်း သိလေ၏။

လှည့်ကွက်များတဲ့သူ။ ဒါပေမဲ့ သူက ဘာလို့ ဒီလိုဖြစ်နေရတာလဲ…

ငါ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ သူက အဲ့လောက်ကြီး ထူးကဲနေတာမျိုးတော့ မဟုတ်ပါဘူး…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ခေတ်ကာလထဲတွင် အချိန်စားသုံးသူက ပါရမီထူးကဲသော်လည်း အထက်ပိုင်းကဏ္ဍအထိ မရောက်ရှိခဲ့ပေ။ ထို့အပြင် သူက ကြိုးကိုင်လှုံ့ဆော်သူဟု အရိပ်အမြွက်ပင် မပြသခဲ့ပေ။

သူက အန္တိမသဟဇာတလိုမျိုးဖြစ်ပြီးတော့ အမြဲတမ်း ဝှက်ထားခဲ့တာလား။ ဒါမှမဟုတ်ဘူးဆိုရင် တစ်စုံတစ်ခုက သူ့ကို ပြောင်းလဲသွားစေတာလား…

ဝမ်ဝေ့က ထိုအဖြေကို အမှန်တကယ် သိချင်နေမိသည်။

ငါ ဒီအခွင့်အရေးကို သုံးပြီး ကြယ်ဝိဇ္ဇာဆီ မေးကြည့်ရမယ်…

ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် လူအိုကြီးသိုက်ကို အာရုံစိုက်လိုက်သည်။ ထိုသူက လေဟာနယ်တွင် ရပ်နေပြီး သူ့အမူအရာတို့က ပြောင်းလဲနေလျက် ရှိ၏။ သို့သော်လည်း သူက စံပြကျိမင်ကို ကူညီဖို့ ပြေးထွက်လာခြင်း မရှိပေ။ သူ အလိုရှိလျှင်ပင် မလုပ်ဆောင်နိုင်ပေ။ အကြောင်းအရင်းကမူ အချိန်စားသုံးသူက သူ့အတွက် ကိုယ်ပွားတစ်ခုကို စီစဉ်ထား၍ ဖြစ်၏။

“ စံပြကျိမင် ခင်ဗျားနဲ့ လာပြီး ဖြေရှင်းတာ” ဝမ်ဝေ့က တိတ်တဆိတ် ဆက်သွယ်လိုက်သည်။

“ဒီအသံက …  ဝမ်ဝေ့လား”

“ကျုပ် ခင်ဗျားကို ကယ်မယ်…” သူက ပြောလိုက်သည်။

“မလိုဘူး” စံပြကျိမင်က ပြောလိုက်သည်။ ဝမ်ဝေ့က သူ့ကို အဝေးတစ်နေရာမှ စောင့်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

“အရူးပဲ” သူက ကျိမင်အား ပြောလိုက်သည်။

“ခင်ဗျားက လေလွင့်ကျင့်ကြံသူတစ်ယောက်ဆိုတော့ မထူးဆန်းတော့ဘူး”

“မင်းက ဘာကိုပြောတာတုန်း”

“အဲဒီသူတွေက ခင်ဗျားကို မနိုင်နိုင်တာက သူ့တို့တွေက စည်းမျဉ်းမဲ့ဇုန်ထဲမှာ အားနည်းတာကြောင့်လို့ ထင်နေတာလား။ ခင်ဗျားက အိပ်မက် မက်နေတာပဲ” ဝမ်ဝေ့က သူ့အသံ၌ လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ဒီလူတွေက ခင်ဗျားရဲ့ အချိန်အမှတ်အသားကို ရှာဖို့ အချိန်ဆွဲနေတာ”

အချိန်အမှတ်အသားလား…

ထိုစကားများကို ကြားသည်နှင့် ဧကရာဇ်ကျိမင်က ထိုသဘောတရား၏ အခြေခံအချက်အလက်များကို ရယူလိုက်သည်။

“ခင်ဗျားက စံပြဖြစ်လာကာစပဲရှိသေးတယ်။ အဲဒါဆိုတော့ အခြေခံအကြောင်းကို ဘာမှ သိဦးမှာ မဟုတ်ဘူး။  သူတို့တွေက အခုထိ မတွေ့သေးတာ ခင်ဗျားရဲ့ ကြမ္မာကြောင့်ပဲ။ ဒါပေမဲ့ အချိန်တစ်ခုပဲ ကြာလိမ့်မယ်။ အဲဒီအခါကျရင် ခင်ဗျားရဲ့ လွှမ်းမိုးမှုကို ကမ္ဘာဦးအချိန်စက်ဝန်းကနေ ခွဲထုတ်ပြီးတော့ ခင်ဗျားရဲ့ အတိတ်ကိုယ်ကို ဖယ်ရှားပစ်လိမ့်မယ်။ အဲ့လိုဖြစ်လာတာနဲ့ ခင်ဗျားက ဘယ်နည်းလမ်းပဲသုံးသုံး အဆုံးစွန်မဲ့ စံပြတစ်ယောက်အနေနဲ့ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး”

စံပြကျိမင်၏ ကျောထဲ ကြက်သီးဖျင်းဖျင်း ထသွားလေ၏။ သူ စံပြဖြစ်လာပြီးသည့်နောက်တွင် ရရှိလာသည့် ယုံကြည်မှုတို့ကလည်း ချက်ချင်းဆိုသလို ပြိုကွဲသွားလေသည်။ ကံကောင်းစွာဖြင့် သူက ယခုတွင် သတင်းကို လက်ခံရရှိလိုက်ရသည်။ မဟုတ်ပါက သူ့အနေဖြင့် မည်သို့သေသွားမှန်းပင် သိလိုက်မည် မဟုတ်ပေ။

“မင်းက ဘာလိုချင်တာလဲ” သူက ဝမ်ဝေ့ကို မေးလိုက်သည်။ သူ့စိတ်ထဲ ဖရိုဖရဲဖြစ်နေသော်လည်း စံပြကျိမင်က အပေါ်ယံ၌ ထုတ်ပြခြင်း မရှိပေ။ သူ ကမ္ဘာ၏ ဇစ်မြစ်များစွာဖြင့် အကောင်းဆုံးတစ်ခုအဖြစ် မှတ်ယူထားသူတစ်ယောက်အနေဖြင့် သူက ဟန်ဆောင်ရာ၌ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေသည်။

“ခင်ဗျားက ရုတ်တရက် ဒီလိုစွမ်းအားတွေ ရလိုက်တော့ ယုံကြည်ချက်တွေ နိုးထလာတဲ့ပုံပဲ။ ကောင်းပြီလေ။ ကျုပ်တို့ပြောကြတာပေါ့” ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မည်သူပင်ဖြစ်စေကာမူ သူတို့က စံပြတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် အနည်းငယ် မောက်မာလာနိုင်သည်။ အထူးသဖြင့် ယခင်အဆင့်နှင့် ကွာဟချက် ကြီးမားနေသည့်အခါတွင် ဖြစ်၏။

“ကျုပ်က နှစ်ခု လိုချင်တယ်။ ပထမဦးဆုံးက ခင်ဗျားရဲ့ အသက်ခိုးယူရေးနည်းစနစ်ကို လိုချင်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

All Chapters