မျက်စိသျှမ်းခြင်း
Vol. 96 Ch. 1339
ငါသာ သူ့နေရာမှာဆိုရင် ဘာလုပ်မှာလဲ…
ဝမ်ဝေ့က သူ့ကိုယ်သူ မေးလိုက်သည်။
စံပြတွေက တခြားအချိန်စက်ဝန်းကို ထွက်ပြေးနိုင်တယ်ဆိုပေမဲ့ ငါက အဲဒီလမ်းကြောင်းကို ပိတ်ဆို့ထားတယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာ ထွက်ပြေးချင်တဲ့ တခြားစံပြတွေဆိုတာ မရှိဘူး။ ပြီးတော့ မေတ္တယျက သူ့ကို အချိန်မြစ်ကြောင်းထဲ လုံးဝ ဝင်ရောက်စွက်ဖက်နိုင်အောင် ခွင့်ပြုပေးနိုင်လောက်အောင်အထိတော့ လုပ်ရည်ကိုင်ရည်မရှိပဲ နေလိမ့်မယ်လို့တော့ မထင်ဘူး…
ထို့အပြင် အချိန်မြစ်ကြောင်းက ထာဝရကောင်းကင်ဘုံများမှ ခုခံမှုကို ရှင်းထုတ်ဖို့ လိုအပ်ပေသည်။ ထိုအရာနှင့် ပတ်သက်ပြီး ဘာမှမမှားယွင်းကြောင်း ရှင်းပြနေသော်လည်း ကံကြမ္မာမြစ်ကြောင်းအတွက်မူ မည်သို့ ဖြစ်သွားမည်နည်း။
ဝမ်ဝေ့က အန္တိမသဟဇာတသည် ကံကြမ္မာ၏ ကိစ္စများကို ပါဝင်ပတ်သက်ဖို့ရာအတွက် လုံလုံလောက်လောက် အားမကောင်းဘဲ နေလိမ့်မည်ဟု မထင်ပေ။ လတ်တလောဖြစ်ရပ်များက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်များသည် မည်မျှအားကောင်းကြောင်း ပြသပြီးသား ဖြစ်၏။ အန္တိမသဟဇာတက အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ထို့နောက် သူက အခြေအနေကို သုံးသပ်ပြီးသည့်နောက်တွင် အကျိုးအကြောင်း သင့်သင့် တွေးတောကြည့်လိုက်သည်။
သတင်းအချက်အလက် ဝင်ရောက်စွက်ဖက်ခြင်း…
ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။
ငါက ငါ့ရဲ့ ဂမ္ဘီရအတွက် ကံကြမ္မာတာအိုကို အသုံးပြုခဲ့တယ်ဆိုတော့ အန္တိမသဟဇာတက လက်ခံရရှိတဲ့ သတင်းအချက်အလက်တွေကို ဝင်ရောက်စွက်ဖက်နိုင်ချေရှိတယ်။ ပြီးတော့ သူက အဲဒါတွေကို ပြုပြင်ပြီးတော့ ငါ့ကို အတုအယောင်တွေ ပေးတာလည်း ဖြစ်နိုင်တယ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ပါက သူသည် ဂမ္ဘီရနည်းလမ်းအားလုံးကို စွန့်ပစ်ရလိမ့်မည်။ သူက ယင်ယန်တွက်ချက်မှုကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။ ထိုနည်းလမ်းက မိုးမြေ၏ လျှို့ဝှက်ချက်များကို တွက်ချက်ခြင်းဖြစ်၍ အန္တိမသဟဇာတက မိုးမြေကို ထိန်းချုပ်ထားလေသည်။ ဝမ်ဝေ့အတွက် ကျန်ရှိသည့် တစ်ခုတည်းသောနည်းလမ်းက နည်းလမ်းဟောင်းမှ သတင်းအချက်အလက်ကို ရယူခြင်း သို့မဟုတ် ကောင်းကင်ဘုံတာအိုကို အသုံးပြုပြီး ကောင်းကင်တာအို၏ မှတ်တမ်းများကို ဝင်ရောက်ခြင်းတို့သာ ဖြစ်သည်။
ဒါပေမဲ့ ငါ့ရဲ့ ကျွမ်းကျင်မှုက ကောင်းကင်ဘုံတာအို မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက အန္တိမသဟဇာတက ငါ့ကို အတုအယောင်မှတ်တမ်းတွေ ပေးနိုင်ချေလည်း ရှိသေးတယ်…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သူက ကံကြမ္မာမြစ်ကြောင်းကို လက်မလျှော့လိုပေ။ သူ့အနေဖြင့် သတင်းအချက်အလက်ကို ရယူဖို့ အထူးကဲဆုံး နည်းလမ်းတစ်ခုကို လျှော့ချလိုက်ရသလို ဖြစ်နေလိမ့်မည်။
ဒီလိုသာဆိုရင် ငါ့အနေနဲ့ အပြင်ဘက်ကနေပြီးတော့ ဝင်ရောက်စွက်ဖက်မခံရတဲ့ စွမ်းအားအရင်းအမြစ်ကို လိုအပ်တယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
မူလစည်းတံဆိပ်ကုန်းမြေရဲ့ ကံကြမ္မာမြစ်ကြောင်း…
ဝမ်ဝေ့က ထိုနည်းလမ်းသည်လည်း သူ ထင်ထားသလောက် ယုံကြည်နိုင်ဖွယ်မရှိကြောင်း တွေးကာ မျက်မှောင်ကြုတ်လိုက်၏။ ပြောရမည်ဆိုလျှင် ဝူဟုန်က ထိုအရာကို ဖန်တီးခဲ့စဉ်အခါက စံပြတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အန္တိမသဟဇာတ၏ ကြိုးကိုင်လှုံ့ဆော်မှုမှ လွတ်မြောက်နိုင်ပါ့မလား အာမခံချက် မရှိပေ။
ဒီလိုဆိုရင် ငါ လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ငါ လုပ်နိုင်တဲ့ ဂမ္ဘီရတွေကို စစ်ပြီးတော့ မူလစည်းတံဆိပ်ကုန်းမြေကနေ တဆင့်ပြန်ပြီး စစ်ထုတ်ဖို့ပဲ။ ဒီသတင်းအချက်အလက်က သုံးဆယ်ရာခိုင်နှုန်းပဲ ယုံကြည်ရနိုင်တယ်။ ဘာမှမဟုတ်တာထက်စာရင်တော့ ကောင်းသေးတာပေါ့…
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ သူက ဤအခြေအနေကို သဘောမပေါက်လှပေ။ လွတ်လပ်ခွင့်ကိုရယူလိုသည့် တစ်ဦးအနေဖြင့် သူက လှောင်ချိုင့်များထက် မုန်းတီးသည့်အရာ မရှိပေ။ နှမြောစရာကောင်းလှစွာဖြင့် ဤကမ္ဘာက ထိုအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။
…………………………………………
ဝမ်ဝေ့က သူ့လူများ အခန်းအတွင်း ဝင်ရောက်လာသည်ကို သတိထားမိလိုက်၏။ သူက မုန့်ခယ်ကို ကြည့်လိုက်သည်။ ထိုသူ၏ အရှိန်အဝါက ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ဝမ်ဝေ့က သူ့အားနည်းနေသည့် သွေးစွမ်းအားကို ခံစားမိလိုက်သည်။ ဤသည်က သူ့အဓိကစိတ်ပူရသည့် အကြောင်းအရင်း ဖြစ်လေသည်။
“တားမြစ်တိုက်ခိုက်ရေးအဆင့်လား။ မင်းအောင်မြင်သွားပြီပေါ့”
“ခင်ဗျားကြောင့်ပါပဲ” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။
“နှမြောဖို့ကောင်းတာက အောင်မြင်မြင်ချင်း ဒဏ်ရာရလိုက်တယ်လေ”
လူရိုင်းဘုရင်ကို ကံကောင်းသည်ဟုလည်း ဆိုနိုင်သလို ကံဆိုးသည်ဟုလည်း ဆိုနိုင်သည်။ သူက လူ့ဘီလူးဂုဏ်သတ္တိအား သူ့တည်ရှိမှုထဲ ထည့်ပေါင်းလိုက်ပြီးပြီးချင်း ပြင်ပလောကက ပြောင်းလဲသွားကာ သူသည် မိုးကြိုးချက်မှ တိုက်ခိုက်ခံရပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့သည်။
“ဒါက သတင်းကောင်းပဲ” သူက ပြောလိုက်သည်။ သူက မုန့်ခယ် အောင်မြင်သွားခြင်းကို အံ့အားသင့်နေမိသည်။ အကြောင်းအရင်းကမူ အောင်မြင်မှုကြောင့် မဟုတ်ဘဲ သူ အလျင်အမြန် လုပ်နိုင်ခဲ့သည့် ကိစ္စကြောင့် ဖြစ်၏။ ထိုအစီအစဉ်အောင်မြင်ဖို့ရာအတွက် တည်ရှိမှုအပေါ် နက်နက်နဲနဲ နားလည်မှုများ လိုအပ်သည်ကို ထည့်မပြောရသေးပေ။ စံပြအဆင့် လူ့ဘီလူးနှလုံးသား ပိုမိုလိုအပ်ပေ၏။ မုန့်ခယ်အနေဖြင့် ယွမ်ခေတ်ကာလတစ်သောင်းအတွင်း ထိုအရာကို လုပ်နိုင်ဖို့ နည်းလမ်း မရှိပေ။ သူက အချိန်ဆယ်ဆမက ရှိနေလျှင်ပင် အောင်မြင်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူရိုင်းမျိုးနွယ်က သူ့အား လိုအပ်သည့် အရင်းအမြစ်များကို ထောက်ပံ့ပေးခြင်းဖြင့် ကူညီပေးခဲ့ကြောင်း ပြသနေလေ၏။
လူရိုင်းမျိုးနွယ်က စံပြအဆင့် လူ့ဘီလူးနှလုံးသား ရှိနေသည့်အချက်က သူတို့၏ အုတ်မြစ်ကို ပြသနေသည်။
ဝမ်ဝေ့က သုံးသပ်နေ၏။ လူ့ဘီလူးများက ပျက်သုဉ်းသွားသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် ကျန်ရှိနေသည်မှာ နည်းပါးလှသည်။ ထို့အပြင် သူတို့က ထိုသူ့အား မည်မျှတန်ဖိုးထားကြောင်း ပြသနေခြင်း ဖြစ်၏။
“မင်းရဲ့ စွမ်းအားအကုန်သုံးပြီး ငါ့ကို တိုက်ခိုက်” ဝမ်ဝေ့က ရုတ်တရက် ပြောလိုက်သည်။ မုန့်ခယ်က အံ့အားသင့်သွားသော်လည်း သူ့အမိန့်အတိုင်း လိုက်နာလိုက်၏။
ဝုန်း
ထိုတိုက်ကွက်က အမှန်တကယ် အားကောင်းလှသည်။ သို့သော်လည်း ဝမ်ဝေ့က အလွယ်တကူ တားဆီးနိုင်ရုံသာမကဘဲ ကျန်ရှိနေသည့် စွမ်းအားများကို ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ရှိခြင်းမှ တားဆီးနိုင်လိုက်သည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
“၈၅ ရာခိုင်နှုန်း ဒါပေမဲ့ အောက်ခြေပဲ ရှိသေးတယ်။ မင်းရဲ့ စွမ်းအားက ဒဏ်ရာပြန်လည်ကောင်းမွန်ပြီးရင်တော့ အထွတ်အထိပ် ရလာနိုင်တယ်။ ဒါပေမဲ့ အဲဒီကပ်ပါးတွေထဲက တစ်ယောက်ကို တားဆီးဖို့တော့ မလုံလောက်သေးဘူး”
“ကျုပ် ဇနီးကလည်း တိုးတက်မှုတချို့ရှိလာတယ်။ သူ့မရဲ့ ကောင်းချီးဆိုရင် ကျုပ်စွမ်းအားက အနည်းဆုံး တစ်ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ရာခိုင်နှုန်းအထိ တိုးမြင့်နိုင်တယ်” မုန့်ခယ်က ထပ်ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မင်းတို့ကို ရုပ်သေးရုပ် ငှားပေးမယ်။ မင်းတို့နှစ်ယောက် အတူတူတွဲပြီးတော့ လုပ်ကြပေါ့။ မင်းက အဲဒီလူတွေနဲ့ ငါ့ကို တိုက်ခိုက်”
“ မလိုတော့ဘူး။ မျိုးနွယ်က မတူညီတဲ့ ကာကွယ်မှုမျိုးကို ပေးထားတယ်” မုန့်ခယ်က ထပ်ပြောလိုက်သည်။
“အဲ့လိုဆိုရင် ပိုတောင်ကောင်းသေးတယ်။ သူဆိုရင် အဲဒီအဆင့်ထက်တိုက်ပွဲက ဘယ်လောက်ကွဲပြားတယ်ဆိုတာ မင်း သိသွားလောက်ပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“သိသွားပြီ။ မျိုးနွယ်က ကျုပ်ကို လေ့ကျင့်ပေးဖို့ အသုံးအဆောင်ပစ္စည်းတစ်ခုကိုပါ ပေးလိုက်သေးတယ်” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။
“ကြည့်ရတာ ငါ မင်းအကြောင်း စိုးရိမ်စရာ မလိုတော့တဲ့ပုံပဲ။ ဒါနဲ့ မဟာမြူတပ်ဖွဲ့ခေါင်းဆောင်က ဘယ်ရောက်သွားတာလဲ” ဝမ်ဝေ့က ဘေးပတ်လည်ကို ကြည့်ကာ မေးလိုက်သည်။
“ခေါင်းဆောင် သူက သေသွားပြီ။ ကျွန်တော် အဲဒါကို တင်ပြထားတယ်လေ” ဝမ်ချီက ပြန်ဖြေလိုက်သည်။
သူ ကျင့်ကြံရေးသို့ ဝင်ရောက်ပြီးသည့်နောက်တွင် အသုံးပြုဖို့ လိုအပ်နေသည့် သတင်းအချက်အလက် အဆောင်တချို့ရှိသေးကြောင်း အမှတ်ရလိုက်သည်။ ထိုအရာထဲတွင် ယခင်ယွမ်ခေတ်ကာလတစ်သောင်းမှ သူ့ကိုယ်ပွားဆီမှ ရရှိထားသည့် မှတ်ဉာဏ်များနှင့် တင်ပြချက်များပင် အပါအဝင် ဖြစ်၏။
“သူက ဖန်ဆင်းမှု စမ်းသပ်ချက်မှာ သေသွားတာလား” သူက အဆောင်များကို ဆင့်ခေါ်ပြီး ဆက်လက် စုပ်ယူလိုက်သည်။
“ဟုတ်ပါတယ်”
“ကြည့်ရတာ သူက သူ ပြောသလို တန်ဖိုးရှိတာတော့ မဟုတ်ဘူးပဲ”
သူက အဆောင်များမှ သတင်းအချက်အလက်ကို လက်ခံရရှိပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။
“ဟမ် သူက သွေးမျိုးဆက်အဖွဲ့ခေါင်းဆောင်ကို သတ်ဖို့ အစွဲအလမ်းကြီးပြီးတော့ တစ္ဆေတစ်ကောင် ဖြစ်လာတာလား။ ကြည့်ရတာ သူက အသုံးဝင်မှုတချို့ ရှိနေသေးတဲ့ပုံပဲ”
ဝမ်ဝေ့က စွဲလန်းမှုစွမ်းအားကို စိတ်ဝင်စားနေမိသည်။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်အရာများကိုပင် ဖန်တီးနိုင်စွမ်း ရှိ၏။ ကြည့်ရသည်မှာ မဟာမြူတပ်ဖွဲ့ခေါင်းဆောင်၏ အခြေအနေကို လေ့လာခြင်းဖြင့် တစ်စုံတစ်ခု သင်ယူနိုင်လောက်သည်။
“စလိုက်ကြရအောင်” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် လက်ရှိအခြေအနေအကြောင်း ပြောပြလိုက်သည်။ ထိုအရာက ဖြစ်လာမည့်အရာများကို လက်ရှိခန့်မှန်ချက်များပင် အပါအဝင် ဖြစ်၏။
အားလုံးက သူတို့ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့က မကျင့်ကြံနိုင်တော့သည့်အတွက် ကိစ္စများသည် ဆိုးရွားကြောင်း ထင်ထားခဲ့မိသော်လည်း အခြေအနေသည် ဤမျှဆိုးရွားနေလိမ့်မည်ဟု ယခုမှ သိခဲ့ရခြင်း ဖြစ်၏။
“ကျင့်ကြံသူ မဟုတ်တဲ့ သေမျိုးတွေကို သတ်ရမှာလား” တုကွန်းက မေးလိုက်သည်။
“အဲဒါက ထာဝရကောင်းကင်ဘုံအဆင့်တွေရဲ့ အစစ်အမှန်ကိုယ်ပွားတွေ အားလုံးကို ရှင်းထုတ်တာနဲ့ အတူတူပဲမဟုတ်ဘူးလား”
ဝမ်ဝေ့က ခေတ္တဆိုသလို တုံ့ဆိုင်းသွားလေ၏။
“ငါ အဲဒါကို မစဉ်းစားလိုက်မိဘူး”
သူက အခြေအနေကို တုံ့ပြန်ဖို့အတွက် အလုပ်ရှုပ်နေလေရာ အသေးစိတ်အချက်အလက်ကို လွတ်သွားလေသည်။ ပြောရမည်ဆိုလျှင် ထိုအရာက သူက ဒိုင်မေးရှင်းအနိမ့်အကြောင်း မစဉ်းစားမိသည့်အတွက် အသေးစိတ်အချက်အလက်တော့ မဟုတ်သေးပေ။
ဒိုင်မေးရှင်းအနိမ့်ရဲ့ လက်ရှိအခြေအနေကရော အတူတူပဲလား။ အဲ့လိုတော့ မဖြစ်နိုင်လောက်ဘူး။ ကောင်းကင်ဧကရာဇ်ခေတ်ကာလက ဒိုင်မေးရှင်းအနိမ့်အတွက် ပြိုင်ဘက်ကင်းစည်ပင်ကြွယ်ဝမှုတို့ကို ဆောင်ရွက်ပေးလာတာဆိုတော့ ကောင်းကင်တာအိုက အပြည့်အဝ ထိန်းချုပ်မှုရသင့်တယ်။ အဲဒါကြောင့် အန္တိမသဟဇာတကို ပြန်လည်တိုက်ခိုက်နိုင်မဲ့ အခွင့်အရေး ရှိနေသေးတာ…
ဝမ်ဝေ့၏ အကြည့်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။
အကယ်၍ ဒီဟာသာ အမှန်ဖြစ်မယ်ဆိုရင် ငါက အန္တိမသဟဇာတရဲ့ သတ်ဖြတ်မဲ့ စာရင်းထဲမှာ ရောက်နေလောက်တယ်…
ဝမ်ဝေ့က သူသည် ကောင်းကင်ဧကရာဇ်ခေတ်ကာလ၏ ဇစ်မြစ်ဖြစ်နေသည့်အတွက် သူ့သေဆုံးမှုက ထိုခေတ်ကာလ၏ ကြမ္မာကို ပြန့်ကျဲသွားနိုင်ပြီး အန္တိမသဟဇာတအတွက် ဒိုင်မေးရှင်းအနိမ့်ကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူသွားစေနိုင်သည်။
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို စိတ်အနေအထားကို ပြောင်းလဲလိုက်၏။ သူ့အနေနှင့် အန္တိမသဟဇာတသည် သူ့အား ပုရွက်ဆိတ်တစ်ကောင်ဟု မြင်သည်ဟုပင် မှတ်ယူခဲ့သည်။ သို့သော် ယခုတွင် သူ့ကဏ္ဍက ယခင်သုံးသပ်ထားသည့် ပိုမိုအရေးကြီးနေကြောင်း နားလည်သွားခဲ့၏။
သူက လက်ကိုမြှောက်ကာ အာကာပြင်မုခ်ဝတစ်ခုကို ဖွင့်လှစ်ပြီး သူ့ဆီမှ ကိုယ်ပွားအားလုံးကို ပို့ဆောင်လိုက်သည်။ အများစုက ဒိုင်မေးရှင်းအနိမ့်တွင်ရှိကြသော်လည်း တချို့က ဤနေရာတွင် ရှိ၏။
ငါ ဒါကို စောစော လုပ်ခဲ့သင့်တာ…
ဝမ်ဝေ့က ရုတ်ချည်း တွေးလိုက်မိသည်။ သူက မေတ္တယျနှင့် အန္တိမသဟဇာတတို့က အလွယ်တကူ အာရုံခံနိုင်သည့်အချိန်မျိုးတွင် သူ့ကိုယ်ပွားကို မည်သို့ အလွယ်တကူ ထားရှိနိုင်မည်နည်း။
ဝမ်ဝေ့က သူ့ကိုယ်ပွားများကို ကြည့်နေရင်း အားလုံးကို သတ်ပစ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက တစ်စုံတစ်ယောက်သည် သူတို့အား လျှို့ဝှက်ကြိုးကိုင်နေမည့် စွန့်စားမှုမျိုးကို မယူလိုပေ။ ထို့ကြောင့် သူက အားလုံးကို ပယ်ဖျက်ကာ အစမှစတင်ခဲ့ခြင်း ဖြစ်၏။ ကျင့်ကြံဆင့်ရှိနေသည့် အစစ်အမှန်ကိုယ်ပွားတချို့အတွက်မူ နှမြောမိနေသည်။ သူတို့၏ အန္တရာယ်ကမူ အကျိုးအမြတ်ထက် ပိုနေလေ၏။
ဝမ်ဝေ့က အဖွဲ့ကို အာရုံစိုက်လိုက်သည်။ ထင်ထားသည့်အတိုင်း တခြားသောသူများကလည်း သူတို့၏ အစစ်အမှန်ကိုယ်ပွားများကို ဆင့်ခေါ်လိုက်သည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ငါတို့က ခြိမ်းခြောက်မှုတချို့ကို ရှင်းထုတ်ပစ်ရမဲ့အချိန်ပဲ။ ငါတို့ရဲ့ တပ်ဖွဲ့ကရော ဘယ်လိုလဲ”
“ကျုပ်တို့တွေ အဆင်သင့်ဖြစ်ပါပြီ။ အရင်နှစ်ပိုင်းအတွင်းမှ ရုပ်သေးရုပ်နတ်ဆိုးက ရုပ်သေးရုပ်အများကြီးကို ထုတ်လုပ်ပြီးတော့ ကျုပ်တို့ကလည်း အဆင်သင့်ဖြစ်နေပါပြီ” ဝမ်ချီက ပြောလိုက်သည်။
“မင်းက ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က ရုပ်သေးရုပ်နတ်ဆိုးအား ချီးကျူးလိုက်သည်။
ထိုသူက မျက်နှာပူမိသွား၏။ ထိုသူက ဝမ်ဝေ့၏ စွမ်းအားကို အမြဲတမ်း ကြောက်ရွံ့ခဲ့မိသော်လည်း ယခု ဝမ်ဝေ့က မုန့်ခယ်ကို အလွယ်တကူဖြေရှင်းနိုင်သည်ကို မြင်သည့်အခါ ပိုမိုထိတ်လန့်သွားမိသည်။ ရုပ်သေးရုပ်နတ်ဆိုးသည် သူ့လက်ရှိအခြေအနေသည် သူ့ဘဝကို ပိုမိုကောင်းမွန်အောင်လုပ်နိုင်မည့် အနေအထားဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။
“မုန့်ခယ် မင်းက နေပြီးတော့ ဒဏ်ရာတွေကို ကုစားနေလိုက်။ အားလုံးက အဆင်သင့်ပြင်ထားကြ”
“ကျုပ် တိုက်ခိုက်နိုင်ပါသေးတယ်”
“မမောက်မာနဲ့။ မင်းရဲ့ ဒဏ်ရာတွေကို မကုစားဘူးဆိုရင် အခြေအနေက ပိုမိုဆိုးရွားနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူက တူညီသည့် အခြေအနေတွင်ရှိသော်လည်း သူက တတ်နိုင်သမျှ မြန်မြန်လှုပ်ရှားဖို့ လိုအပ်နေသည့်အတွက် မစောင့်ဆိုင်းနိုင်တော့ပေ။
“သူ့စကားနားထောင်လိုက်ပါ” တုကွန်းက ဖျောင်းဖျနိုင်သည့်အတွက် မုန့်ခယ်က ဝန်လေးလေးဖြင့် နာခံလိုက်ရသည်။